Thursday, June 27, 2013

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

Posted by drmyochit Thursday, June 27, 2013, under | No comments



မန္တလေး၊ ဇွန် ၂၆

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။

ဇွန်လ ၂၂ ရက်နေ့ညက ကျည်တောက်ပေါက် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ပိုင်ဆိုင်သည့် ရွှေမန္တလေး ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ကို လူတစ်စုက ခဲများဖြင့် လာရောက် ပစ်ပေါက်ခဲ့ရာမှ အမျိုးမျိုးသော ကောလာဟလ သတင်းများ ထွက်လာပြီး နှစ်ဖက်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွားမည် စိုးသောကြောင့် ကျည်တောက်ပေါက်ကျေးရွာမှ သံဃာတော်များနှင့် အာဏာပိုင် များက ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရကြောင်းလည်း ကျည်တောက်ပေါက်ကျေးရွာမှ ဆရာတော် တစ်ပါးက မိန့်ကြားခဲ့သည်။

ယင်းဖြစ်စဉ်အတွက် ၎င်းကျေးရွာနှင့် အနီးနားတွင် နေထိုင်နေသော အစ္စလာမ် ဘာသာဝင်များမှာ ကြောက်ရွံ့ ထိတ်လန့်သဖြင့် လက်ပန်လှကျေးရွာသို့ တိမ်းရှောင် နေကြကြောင်း လက်ပံလှကျေးရွာရှိ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများကလည်း ၎င်းတို့ကို လက်ခံထားရသည်မှာ စိုးရွံ့ကြောင်းနှင့် တစ်ခုခု ဖြစ်ပွားလာမည်ကို စိုးရိမ်မိသောကြောင့် မန္တလေးတိုင်းဒေသကြီး ပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီသို့ အကြောင်းကြားခဲ့ရာ အာရှအလင်းရောင် ဆရာတော်၊ ဘုရားကြီးအလယ်တိုက် ဆရာတော်၊ တိုင်း သံဃနာယက ဆရာတော်နှင့် ဥယျာဉ်တော် ပရိယတ္တိ စာသင်တိုက် နာယကဆရာတော် ဘုရားကြီးများသည် ကျည်တောက်ပေါက်ကျေးရွာနှင့် လက်ပန်လှကျေးရွာမှ သံဃာတော်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းကြရန်နှင့် အစ္စလာမ် ဘာသာဝင် မိသားစုများကို မာလဲ ကျေးရွာ ရွှေမာလဲကျောင်းတိုက်တွင် ထားရှိရန် ညှိနှိုင်းပေးခဲ့ကြောင့် ပဋိပက္ခ ဖန်တီးမှုများ ကြိုတင် ကာကွယ်တားဆီးရေး ကော်မတီ (မန္တလေး) မှ ဦးဆောင် ကော်မတီဝင် ဦးမြင့်သွင်က ပြောကြားသည်။

“ကျည်တောက်ပေါက်ကျေးရွာ ငြိမ်းချမ်းရေး၊ အဓိကရုဏ်း မဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့အင်အား အလုံအလောက် ချထားပေးထားပါတယ်။ ၂၂ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” ဟု စဥ့်ကူးမြို့နယ် ရဲမှူး ဦးစိုးအောင်ကပြောကြားသည်။

ကျည်တောက်ပေါက်ကျေးရွာ အ.ထ.က ကျောင်းတွင် ဇွန်၂၅ရက် နေ့လယ် ၁ နာရီအချိန်က ဘာသာခြားများ ဝင်သည်ဟု ကောလာဟလသတင်း ဖြစ်ပေါ်သဖြင့် ကျောင်းသား/သူမိဘ ၁၅၀ ဦးခန့်မှ သား၊ သမီးများကို လာရောက် ခေါ်ယူခဲ့ကြကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲကမှူးရုံး ထံမှ သိရသည်။

ကျည်တောက်ပေါက် ကျေးရွာနေ ဦးမျိုးခိုင် (၃၀) နှစ်ဆိုသူသည် ဇွန်လ ၂၅ ရက်တွင် ယင်းရွာ အ.ထ.က မှ ကျောင်းစောင့် ဦးကျော်အေး ၅၀ နှစ်ကို ကျောင်းတံခါး ဖွင့်ပေးရန် ပြောကြားကြောင်းနှင့် “ကျောင်းအတွင်း ဘာဖြစ်နေလဲဆိုတာ ခင်ဗျားသိလား၊ ကျောင်းသား/သူတွေရဲ့ အသက် အန္တရာယ် ခင်ဗျားတာဝန် ယူမလား” ဟု ပြောဆိုကာ အရိုးအသွား ကိုးလက်မခန့်ရှိ တစ်ဖက်ငါးမန်းသွားပါ ဓားဦးချွန် တစ်ချောင်းကို ကိုင်ဆောင်ကာ ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့နေ စည်သူ (၄၀) နှစ် အတူ ဝင်ရောက်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ ထိတ်လန့် ထွက်ပြေးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ကောလာဟလ သတင်းနှင့် ပတ်သက်၍ ကျည်တောက်ပေါက်ကျေးရွာ တစ်ဝိုက်တွင် လုံခြုံရေးအင်အား အပြည့်ချ၍ ဆောင်ရွက်ထားလျက် ရှိကြောင်း ကျည်တောက်ပေါက်ကျေးရွာ နွယ်ရုံရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်