Thursday, September 27, 2012

ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ သဘောထားထုတ်ပြန်

Posted by drmyochit Thursday, September 27, 2012, under | No comments





မနေ့ ညက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကျင်းပခဲ့တဲ့ရခိုင်ဒေသလူထုအစည်းအဝေးကြီးပြီးဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။


အဆိုပါလူထုအစည်းကြီးမှ အတည်ပြု ဆုံးဖြတ်ချက်များကို ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ထောက်ခံကြိုဆိုကြောင်း ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အကြံပြု တိုက်တွန်းချက်များအား ALPမှ အလေးနက်ထား လုပ်ဆောင်သွား မည်ဖြစ်ကြောင် ရခိုင် လွတ်မြောက်ရေး ပါတီ(ALP)မှ အဆိုပါကြေငြာချက်တွင်ဖော်ပြ ထားပါတယ်။

 
From: ရွှေမြန်မာမီဒီယာဂရု

နှစ်မျိုးတက်တဲ့ KIA

Posted by drmyochit Thursday, September 27, 2012, under | No comments



တနိုင်းမြို့နဲ့ ပက်ဝန်းကျင်မှာ အစာရေစာရှားပါးနေပြီး ဆန်ဈေး တွေ အဆမတန် တက်နေကြောင်းနဲ့ ဆန်တစ်အိတ်လျှင် (၇၀၀၀၀ ခုနှစ်သောင်းကျပ် အထိရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးတွေအဆမတန် တက်နေရတဲ့အကြောင်းကတော့ မြစ်ကြီးနား - တနိုင်း ကားလမ်းပေါ်တွေမှာ ဗွက်တန်းတွေဖြစ်နေလို့ သွားလာမှုခက်ခဲခြင်း ၊ KIA မှ လမ်းပေါ်တွင်ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ခြင်း ၊
တိုက်ပွဲများဖြစ်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောနေကြပါတယ်။
(၂၄) ရက်နေ့တွင် ဒွန်ဘုံခ အနီး မြစ်ကြီးနား - တနိုင်း ကာလမ်းပေါ်၌ ဗွက်တန်းများဖြစ်နေလို့ လမ်းပြင်နေတဲ့  ယုဇနကုမ္ပဏီက အင်ဂျင်နီယာကို KIA တပ်မဟာ (၂) တပ်ရင်း (၁၄) က လမ်းမပြင်ဖို့ တားခဲ့တယ်လို့လည်းသိရပါတယ်။ ထိုသို့ ဆန်ဈေးများ အဆမတန်တက်၍ အစာရေစာ ရှားပါးနေမှုမှာ KIA မှ စစ်ရေးကို အကြောင်းပြ၍ လမ်းပန်းဆက်သွယ်ရေးအား ဖျက်ဆီးခြင်း ၊ လမ်းများအား ပိတ်ဆို့ထားခြင်း ၊ လမ်းပေါ်တွင် မိုင်းထောင်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း တနိုင်းမြို့ခံတစ်ဦးက KIA အားစွပ်စွဲပြောဆိုပါတယ်။
“ KIA  လုပ်နေတာတွေက ပြောတော့ ကချင်လူထုအတွက်ဆိုပြီး လက်ရှိလုပ်နေတာတွေကတော့ ကချင်တွေ ငတ်သေအောင် လုပ်နေသလိုဘဲ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ” ဟု KDN ကိုပြောပါတယ်။

From: ကချင်နေ့စဉ်သတင်း

KIA ၏လုပ်ဆောင်ချက်များကိုမထောက်ခံသော ကချင်စစ်သည်များထွက်ပြေး

Posted by drmyochit Thursday, September 27, 2012, under | No comments



KIA ခေါင်းဆောင်များဟာ သူတို့ရဲ့စစ်သည်တွေကို ကချင်ပြည်နယ် လွတ်လပ်ရေးအတွက်ဟု အကြောင်းပြကာ စည်းရုံးထားပေမယ့်လည်း လက်ရှိမြေပြင်တွင် နေ့ရောညပါ တိုက်ခိုက်နေရမှုများနှင့် ကချင်ပြည် သူများအပေါ် ဆက်ကြေးကောက်ခြင်း ၊ အတင်းအဓမ္မလူသစ် ဖမ်းဆီးခြင်း ၊ ကချင်ပြည်နယ်အတွင်းရှိ လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်မြို့သော ကချင်စစ်သည် များသည် KIAအားကျော်ခိုင်းထွက်ပြေးမှုများရှိလာခဲ့ရာ စက်တင်ဘာ (၁၉)မှ (၂၆) ရက်နေ့အထိ  တစ်ပတ်အတွင်း ထွက်ပြေးသူစုစုပေါင်း (၁၆) ဦးနှင့်အထက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
(၁၆) ဦးမှာ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅)မှ တပ်သားလွမ်းချစ် နှင့် လထောင်ဂွမ် အပါအ၀င် (၃) ဦး၊ တပ်ရင်း (၂၆) မှ (၂) ဦး ၊ တပ်ရင်း (၆) မှ (၂) ဦး ၊ တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း (၁) မှ (၁) ဦး ၊ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း (၃၀) မှ (၂) ဦး ၊ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၁) မှ (၄) ဦး ၊ တပ်ရင်း (၁၄)မှ (၂) ဦး စုစုပေါင်း (၁၆)ဦး ရှိပြီဖြစ်ကြောင်းနှင့်  ထို့ထက်ပို၍ ရှိနိုင်သေးကြောင်း ထွက်ပြေးသူများမှာ တပ်မဟာ (၂) (ဖားကန့်) ဘက်မှများကြောင်း လိုင်ဇာဌာနချုပ်မှ အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးမှ ၎င်းသိရှိသည်များကို KDN သို့ပြောကြားခဲ့ပါတယ်။

အစိုးရတပ်စခန်း လုံခြုံရေး အရပ်သားများ ယူပေးနေရ

Posted by drmyochit Thursday, September 27, 2012, under | No comments


ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားရာ ရထားလမ်း တလျောက်ရှိ အစိုးရ တပ်စခန်း တခုတွင် အရပ်သားများအား လုံခြုံရေး ယူခိုင်းနေ ကြောင်း ဒေသခံများက ပြောသည်။
မိုးကောင်းမြို့နယ် တောင်နီကျေးရွာ ထုံးရေပေါက်တံတား အနီးရှိ တပ်စခန်းတွင် တာဝန် ထမ်းဆောင်ရန် တရက်လျင် အနည်းဆုံး ရွာ သား (၅) ယောက် ပို့ပေးရမည်ဟု ဒေသအခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၂၁) တာဝန်ရှိသူက ပြောဆိုကြောင်း ဒေသခံ တ ဦးက အခုလို ပြောသည်။

“ထုံးရေပေါက် စခန်းက ကျနော်တို့ရွာ နားမှာပဲ ရှိတာဗျ။ အဲဒီစခန်းထိုင်တွေက ခေါ်ပြီး ခိုင်းနေတာ။ နေ့ဆိုင်းညဆိုင်းနဲ့ သွားနေရတယ်။ အခုတိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်ကစလို့ပဲ။ အခုဆိုရင် တနှစ်ကျော် သွားပြီဗျ။ ဟိုကလာပစ်ရင် အလကားနေရင်း အသေခံရမှာ။”
အဆိုပါ တပ်စခန်းသည် မိုးကောင်းမြို့တောင်ဖက် ၁၅ မိုင်ခန့်အကွာ မင်းကုန်းနှင့် ကညှင်မြိုင် ကျေးရွာအကြား မန္တလေး မြစ်ကြီးနားသွားသည့် ရထားလမ်းဘေးတွင် တည်ရှိပြီး ရွာသားများ အလှည့်ကျစံနစ်ဖြင့် သွားနေရကြောင်း ၎င်းက ဆက်ပြောသည်။
အလှည့်ကျ မသွားနိုင်သူများက ကျေးရွာတွင်း ဆင်းရဲသားများနှင့် မူးယစ်ဆေး သုံးစွဲသူများအား တဦးလျင် ကျပ်ငွေ (၂၀၀၀) နှုန်းဖြင့် ငှားရမ်း စေလွတ်ရကြောင်းနှင့် နေ့ခင်းပိုင်းတွင် စခန်းတွင်း လိုအပ်သည့် အထွေထွေလုပ်ငန်းများ လုပ်ကိုင်ပေးရသလို ညပိုင်းတွင် ကင်းစောင့်ခိုင်းကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA က ရထားလမ်းတလျောက်ရှိ တံတားများကို မကြာခန မိုင်းဖြင့်ဖောက်ခွဲနေသလို ၀င်ရောက် ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် မှားယွင်း ပစ်ခတ် ခံရမည်ကို စိုးရိမ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ယင်းကိစ္စ ဟုတ်မှန်ကြောင်း မိုးကောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင် ဒေါ်ခင်ကြည်က အတည်ပြု ပြောဆိုလိုက်ပြီး လက်ရှိဖြစ်ပေါ်နေမှုများကို ပါတီ ခေါင်းဆောင်ပိုင်းထံ တင်ပြမည်ဟု ဆိုသည်။
ထို့အပြင် “အရပ်သားတွေမှာ ဘာလက်နက်မှ ရှိတာမဟုတ်ဘူးလေ။ အန်တီတို့က ဘာလဲဆိုတော့ ဟိုဖက်ကိုလည်း ကြောက်ရ၊ ဒီဖက်ကိုလည်းကြောက်ရနဲ့ နှစ်ဖက်ကို ပြည်သူလူထုက ကြောက်နေရတဲ့ အဖြစ်မျိုး ဖြစ်နေတာ။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စပါ။” ဟု ဒေါ်ခင်ကြည်က ဆက်ပြောသည်။
အစိုးရတပ်နှင့် KIA တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်း ယင်းစခန်းတွင် အစိုးရတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားခြင်း မရှိတော့ဘဲ ဒေသခံ ပြည်သူ့စစ်များနှင့် အစားထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရနှင့် KIA တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်တွင် အစိုးရတပ်နှင့် အတူ အရပ်သားများအား ခေါ်ယူ စောင့်ခိုင်းခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အတွင်း ရထားလမ်း တလျောက်ရှိ ဒေသခံများ အနေဖြင့် ယခင် မဆလ၊ န၀တ အစိုးရ လက်ထက် ကတည်းက မကြာခန ရထားသံလမ်းကင်း စောင့်ပေးခဲ့ရသလို အစိုးရတပ်စခန်း ပြုပြင်ရေး လုပ်ငန်းများတွင်လည်း အဓမ္မလုပ်အားပေး စေခိုင်းခြင်း ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်မာ အစိုးရနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO တို့ ယခုနှစ် ဇွန်လလယ်ပိုင်းက လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်အရောက်တွင် လုံးဝ ပျောက်ကွယ်သွားရန် လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း အောက်ခြေတွင် ဆက်လက် ဖြစ်ပွားနေဆဲဟု အလုပ်သမားရေး ဆောင်ရွက်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုကြသည်။


ကချင်စစ်ဘေးကြောင့် ပြည်နယ်အစိုးရ တာဝန်ယူ ကျောင်းထားပေးရသူ ၈ဝဝဝ ခန့်ရှိပြီ

Posted by drmyochit Thursday, September 27, 2012, under | No comments


၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစ၍ စစ်ကြောင့် ကချင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် တာဝန်ယူကျောင်းထားပေးခဲ့ရမှုမှာ ကျောင်းသား၊ ကျောင်းသူ ၈ဝဝဝ နီးပါးခန့်ရှိနေ ပြီဖြစ်ကြောင်း ပညာရေးဌာနစာရင်းများအရ သိရသည်။
နိုင်ငံတော်သို့ ငွေကြေးပေးသွင်းကာ ကျောင်းထားပေးခဲ့မှုမှာ စစ်ရှောင်စခန်းသို့ ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူတို့ ဖြစ်ကြောင်းကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။ ”ဒီဘက်ကို ပြေးမလာတဲ့ စာရင်းတော့မသိဘူး။ ဒီကလေး တွေကိုစစ်ရှောင်စခန်းတွေမှာနဲ့ မြို့ ပေါ်ကကျောင်းတွေမှာထားပေး ပါတယ်”ဟု ၄င်းကပြောသည်။ ကချင်အရေး လှုပ်ရှားနေသူ တို့က စစ်ကြောင့် ပညာသင်နှစ် နှစ်လုံး၌ ပညာသင်ယူခွင့် ဆုံးရှုံး နေရသော ကျောင်းသားအရွယ် ကလေးတို့နှင့် မဖွင့်လှစ်နိုင်သော ကျောင်း တို့အရပ်မှာအမြောက် အများရှိနေနိုင်သေးကြောင်း သုံးသပ်ကြသည်။
ကချင်ပြည်နယ်လူမှုရေးဝန်ကြီးက စာရင်းအတိအကျသိရှိနိုင်ရန် အနှစ်ချုပ် အစီအရင်ခံစာ တင်ခိုင်းထားပြီး ဖြစ်ရာ စာရင်းပေါ် အခြေခံကာ ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသည်။ ရခိုင်အရေးကြောင့် ပညာသင်ယူခွင့် အခွင့်အလမ်းဆုံးရှုံးခဲ့ရသော် လည်းလပိုင်းအတွင်းပင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကချင်မှာမူ ထိုသို့မဟုတ်ဘဲ နှစ်ချီကာ ကလေးသူ ငယ်တို့ ပညာသင်ယူခွင့် ဆုံးရုံးနေရ သည်ဟု အခြေခံပညာအသိုင်းအ ဝိုင်းက ထောက်ပြကြသည်။  ”ဒီဘက်ကို ပြေးမလာတဲ့ စာရင်းတော့မသိဘူး။ ဒီကလေး တွေကိုစစ်ရှောင်စခန်းတွေမှာနဲ့ မြို့ ပေါ်ကကျောင်းတွေမှာထားပေး ပါတယ်”ဟု ၄င်းကပြောသည်။ ကချင်အရေးလှုပ်ရှားနေသူ တို့က စစ်ကြောင့် ပညာသင်နှစ် နှစ်လုံး၌ ပညာသင်ယူခွင့် ဆုံးရှုံး နေရသော ကျောင်းသားအရွယ် ကလေးတို့နှင့် မဖွင့်လှစ်နိုင်သော ကျောင်း တို့အရပ်မှာအမြောက် အများရှိနေနိုင်သေးကြောင်း သုံးသပ်ကြသည်။
ကချင်ပြည်နယ်လူမှုရေးဝန်ကြီးက စာရင်းအတိအကျသိရှိနိုင်ရန် အနှစ်ချုပ် အစီအရင်ခံစာ တင်ခိုင်းထားပြီး ဖြစ်ရာ စာရင်းပေါ် အခြေခံကာ ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောသည်။ ရခိုင်အရေးကြောင့် ပညာသင်ယူခွင့် အခွင့်အလမ်းဆုံးရှုံးခဲ့ရသော် လည်းလပိုင်းအတွင်းပင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကချင်မှာမူ ထိုသို့မဟုတ်ဘဲ နှစ်ချီကာ ကလေးသူ ငယ်တို့ ပညာသင်ယူခွင့် ဆုံးရုံးနေရ သည်ဟု အခြေခံပညာအသိုင်းအ ဝိုင်းက ထောက်ပြကြသည်။ 
ကချင်ပြည်နယ် အစိုးရအဖွဲ့ မှ တာဝန်ရှိသူက ”၂ဝ၁၁ ဇွန်လ ၁၅ ရက်နေ့ကနေ ၂ဝ၁၂ သြဂုတ်လ ၁၈ ရက်နေ့အထိကို တာဝန်ယူ ကျောင်းထားပေးခဲ့ရတဲ့ စာရင်းက ၇၉၇၂ ဦးရှိသွားပြီး’ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံဆွေးနွေး

Posted by drmyochit Thursday, September 27, 2012, under | No comments





မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းခွင့်ပိတ်ပင်ထား မှုတွေကို လျော့ပေါ့ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ပြောကြား လိုက်ပါတယ်။
 
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက သမ္မတ တည်းခိုနေတဲ့ New York မြို့ ၇၇ လမ်းပေါ်က The Mark Hotel မှာ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မစ္စ ဟီလာရီ ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဟီလာရီ ကလင်တန်နဲ့ မတွေ့ဆုံခင် နေ့လည်ပိုင်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ The Mark Hotel မှာ တစ်နာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ သမ္မတဟာ အမေရိကန်သမ္မတဟောင်းနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားတို့နဲ့ တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
 
သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ သမ္မတဟာ Asia Society မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီမှာ သမ္မတ ဦးသိန်းစိန်ဟာ နယူးယောက်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း အချက် ၁၆ ချက် ပြင်ဆင်၍ လွှတ်တော်သို့ သမ္မတပြန်လည်ပေးပို့

Posted by drmyochit Thursday, September 27, 2012, under | No comments


From :ခေတ်လူငယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၆ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်ဟု ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ၄င်းဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့သည်။ အဆိုပါ ဥပဒေကို နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး ၁၄ ရက်မြောက်နေ့တွင် အလိုအလျောက် အတည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ရက်မတိုင်မီ နိုင်ငံတော်သမ္မတမှ ပြင်ဆင်ချက် သဘောထားများဖြင့် ပြန်လည်ပေးပို့လာခြင်း ဖြစ်သည်။ ထိုပြင်ဆင်ချက် သဘောထားများသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ထပ်မံဆွေးနွေးသွားမည် မဟုတ်ဘဲ ဥပဒေကြမ်း ပူးပေါင်းကော်မတီကသာ လေ့လာသွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ပြီး ၄င်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသော်လည်း ၄င်းဥပဒေမူကြမ်းကို လွှတ်တော်၏ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စု လွှတ်တော်မှ ပြင်ဆင်သည့် အချက်ကို သဘောမတူပါက သမ္မတ ပြင်ဆင်မပေးမီ ယခင်ပြဋ္ဌာန်းထားသည့် အတိုင်းသာ အတည်ဖြစ်သွားမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် သဘောထားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတစ်ခုလုံး၏ အခန်း ၁၉ အပိုဒ် ၅၆ တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက်၊ စုစုပေါင်း ၁၆ ချက်ဖြစ်ပြီး အချက်အလက်များကို အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။ ပြည်ထောင်စုမှ အတည်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံခြားသားမှာ ၄၉ ရာခိုင်နှုန်းနှင့် နိုင်ငံသား ၅၁ ရာခိုင်နှုန်း မြှုပ်နှံခွင့် ရှိသည်ဆိုသည့် အချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တွန့်ဆုတ်သွားစေနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ ယင်းအချက်ကို ၅၀ အချိုး ၅၀ အဖြစ် ပြောင်းလဲ အတည်ပြုခဲ့ကြောင်း၊ ထို့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဆိုသည့် အချက်ကိုပါ ပယ်ဖျက် အတည်ပြုခဲ့ပြီး အချို့သော အချက်များစွာကိုပါ ပြင်ဆင်အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းဥပဒေသည် ပြန်လည်ပြင်ဆင်မည်ဆိုပါက အသေးစိတ် ပြန်လည်ပြုလုပ်ရမည် မဟုတ်သောကြောင့် လာမည့်ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် အမှန်တကယ် အတည်ပြုသွားနိုင်မည်ဖြစ်ကြောင်း လက်ရှိတွင် ယင်းဥပဒေအား အတည်မပြုနိုင်သေးသောကြောင့် နိုင်ငံ၏ အကျိုးရလဒ်များကို ရရှိရန် နှောင့်နှေးစေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း အချက် ၁၆ ချက် ပြင်ဆင်၍ လွှတ်တော်သို့ သမ္မတပြန်လည်ပေးပို့

Posted by drmyochit Thursday, September 27, 2012, under | No comments


From :ခေတ်လူငယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၆ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်ဟု ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ၄င်းဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့သည်။ အဆိုပါ ဥပဒေကို နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး ၁၄ ရက်မြောက်နေ့တွင် အလိုအလျောက် အတည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ရက်မတိုင်မီ နိုင်ငံတော်သမ္မတမှ ပြင်ဆင်ချက် သဘောထားများဖြင့် ပြန်လည်ပေးပို့လာခြင်း ဖြစ်သည်။ ထိုပြင်ဆင်ချက် သဘောထားများသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ထပ်မံဆွေးနွေးသွားမည် မဟုတ်ဘဲ ဥပဒေကြမ်း ပူးပေါင်းကော်မတီကသာ လေ့လာသွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ပြီး ၄င်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသော်လည်း ၄င်းဥပဒေမူကြမ်းကို လွှတ်တော်၏ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စု လွှတ်တော်မှ ပြင်ဆင်သည့် အချက်ကို သဘောမတူပါက သမ္မတ ပြင်ဆင်မပေးမီ ယခင်ပြဋ္ဌာန်းထားသည့် အတိုင်းသာ အတည်ဖြစ်သွားမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် သဘောထားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတစ်ခုလုံး၏ အခန်း ၁၉ အပိုဒ် ၅၆ တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက်၊ စုစုပေါင်း ၁၆ ချက်ဖြစ်ပြီး အချက်အလက်များကို အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။ ပြည်ထောင်စုမှ အတည်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံခြားသားမှာ ၄၉ ရာခိုင်နှုန်းနှင့် နိုင်ငံသား ၅၁ ရာခိုင်နှုန်း မြှုပ်နှံခွင့် ရှိသည်ဆိုသည့် အချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တွန့်ဆုတ်သွားစေနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ ယင်းအချက်ကို ၅၀ အချိုး ၅၀ အဖြစ် ပြောင်းလဲ အတည်ပြုခဲ့ကြောင်း၊ ထို့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဆိုသည့် အချက်ကိုပါ ပယ်ဖျက် အတည်ပြုခဲ့ပြီး အချို့သော အချက်များစွာကိုပါ ပြင်ဆင်အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းဥပဒေသည် ပြန်လည်ပြင်ဆင်မည်ဆိုပါက အသေးစိတ် ပြန်လည်ပြုလုပ်ရမည် မဟုတ်သောကြောင့် လာမည့်ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် အမှန်တကယ် အတည်ပြုသွားနိုင်မည်ဖြစ်ကြောင်း လက်ရှိတွင် ယင်းဥပဒေအား အတည်မပြုနိုင်သေးသောကြောင့် နိုင်ငံ၏ အကျိုးရလဒ်များကို ရရှိရန် နှောင့်နှေးစေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

လူသားက မွေးဖွားလိုက်တာ မြင်းလို သတ္တ၀ါ ဖြစ်နေ

Posted by drmyochit Thursday, September 27, 2012, under | No comments



နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦးဟာ ခရစ်ယာန်ဘုရားကျောင်းကို အလည်လာစဉ်အခိုက် မြင်း တိရိစ္ဆာန်နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။
နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စုဝေးမှုမှာ ဧ၀ံဂေလိ ဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာ အမည် မဖော်ပြတဲ့ အမျိုးသမီးက ကိုယ်ဝန်ပျက်ကျတဲ့ သဘော ဖြစ်ခဲ့ပါတယ်တဲ့။
မျက်မြင်သက်သေတွေ က ပြောတာကတော့ အဆိုပါ အမျိုးသမီးဟာ ထိုဒေသက အသီးအရွက်ရောင်း သူဖြစ်ပြီး ဘုန်းတော်ကြီးက သူ့ရဲ့ အမြုံဖြစ်နေမှုကို ဂရုစိုက်ကုသပေးနိုင်စေဖို့ ဘုရားကျောင်း အစည်း အဝေးကို တက်ရောက်ခဲ့ တာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က မွန်းစတား အွန်လိုင်း သတင်းစာမျက်နှာ တခုမှာ ဖော်ပြထားပါတယ်။
ဘုန်းတော်ကြီး Silva Wealth ကလည်း ထိုအမျိုးသမီးကို ဆီလိမ်းပြီး ဘာသာရေး အရ ချီးမြောက်ပေးခဲ့ ပါတယ်။ ပြီးတော့ သူ့ရဲ့ အမြုံဖြစ်နေရမှုအတွက် သက်ဆိုင်ရာ ကျမ်းစာကို ရွတ်ဆိုဆုတောင်းမှု လုပ်ပေး ခဲ့ကြပါတယ်။
အဲဒီလို ကျမ်းစာကို ရွတ်ဖတ် ပူဇော်ဆုတောင်းနေစဉ်မှာဘဲ ထိုအမျိုးသမီးရဲ့ ရေမွှာပေါက်ပြီး သွေးတွေ ဆင်းလာခဲ့ပါတယ်တဲ့။ သူနာပြု တဦးဖြစ်သူ Veronica Egiebor တကယ့် ဇာတ်လမ်းဆန်ဆန် အဖြစ် အပျက်ပဲလို့ သူ့မျက်မြင်ကို ပြောခဲ့ပါတယ်တဲ့။
“သူလည်း ကလေးထွက်လာဖို့ ခက်ခက်ခဲခဲ ညှစ်နေတုန်း အ၀တ်တွေနဲ့ ခြေထောက်ကို ချီထုတ်ခဲ့ကြတာ။ ပြီးတော့ တခုခု ပြုတ်ကျခဲ့ပြီး သူလည်း လဲ ကျသွားတယ်။ ကျလာတဲ့ဟာက တချို့က ဆိတ်လို့ ပြောတာပဲ၊ ဒါပေမယ့် မြင်းနဲ့ တူတယ်။ လည်ပင်းနဲ့ နားရွက်ကလည်း ရှည်တယ်”လို့ အဲဒီသူနာပြုက ဆိုပါတယ်။
“အတိအကျပြောရရင် မြင်းတကောင်းနဲ့တူတယ်။ မြင်းပေါက်စလေးပုံလိုပေါ့” လို့ သူနာပြုဆရာမ Egiebor က ဆိုတယ်။
ဘုန်းတော်ကြီး Wealth ကလည်း “ကျနော်တော့ ဒီဟာကို ဘယ်လိုမှ ပုံဖော်မပြောတတ်ဘူး။ ကျနော်တို့ ဆုတောင်းမှု ပေးတဲ့ အချိန် လူတချို့ ပစ္စည်းတွေ အန်ချတာမျိုးတော့ မြင်ဖူးတ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး” လို့ ပြောပါတယ်။
အခုလို သတ္တ၀ါလေး မွေးပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီး Wealth က သူ့နောက်လိုက်တွေကို ကျမ်းစာကို ရှင်းလင်းယုံကြည်စွာ ဆက်ရွတ်ဖတ်ပူဇော်ဖို့ သတိပေးခဲ့ပါတယ်။
သဘာဝလွန်တွေကို ယုံကြည် တဲ့ တောသူတောင်သားတွေလည်း အရင်က သူတို့ နာခံယုံကြည် လက်ခံ ထားခဲ့ပေမယ့် ဖြစ်ရပ်ဆန်းကြောင့် တချို့လည်း ဒီဘုရားကျောင်းက ထွက်ပြေးခဲ့ကြတယ်။
သားမွေးမိခင်ကိုတော့ ဆေးကုဖို့ ခေါ်လာခဲ့ပြီး မြင်းလိုသတ္တ၀ါကိုတော့ ဘုရားကျောင်းက ကြမ်းပြင်ပေါ်မှာပဲ ထားခဲ့လိုက် တယ်။ ဘယ်သူကမှလည်း မွေးလာတဲ့ သတ္တ၀ါကလေးကို ဂရုမစိုက်ခဲ့ကြဘူး။
ဒါပေမယ့် အဲဒီဒေသက သတင်းသမားတွေ က ဓာတ်ပုံလာရိုက်တဲ့အချိန်ကျတော့ ကလေး လေး က သေနေခဲ့ပါပြီ။ အဲဒီ လူကမွေးတဲ့ မြင်းလိုသတ္တ၀ါလေးကို ဘုရား ကျောင်းမှာ အဲဒီညနေထိ ရှိနေ ခဲ့သေးပေမယ့် နောက်နေ့ မနက်မှာတော့ ဘုရားကျောင်းလူကြီးတွေက မြင်လို့ မကောင်းလို့ လွှင့်ပစ် လိုက်တယ်တဲ့။
ဘုန်းတော်ကြီး Wealth ကပြောပြတာတွေကမှော်ဆန်ဆန် အသွင်ပြောင်းသွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီး တချို့ နှလုံး အား မကောင်းသူတွေ ပျို့ချင် အန်ချင်စရာ ဖြစ်နေတဲ့ တချိန်တည်းမှာ အခုလို ထူးခြား ဆန်းကျယ်ဖြစ်ရပ်တွေကတော့ World Liberation Ministry ဆိုတဲ့ ကမ္ဘာ့ လစ်ဘရေးရှင်း ဘုန်းတော်ကြီး ဂိုဏ်းမှာတော့ သာမန်အဖြစ်အဖြစ်ပါပဲတဲ့။
“ကျနော်တို့ ပိုက်ဆံကနေ လိပ်ဖြစ်သွားတာမျိုး မြင်ဖူးတယ်”လို့ ကိုယ်ပိုင် ဘုရားကျောင်းပိုင်သူ တဦးက ပြောပါတယ်။
ဘန်နင်မြို့ ဗဟိုဆေးရုံကြီးက ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် မျိုးဗီဇဆိုင်ရာ gynaecologist ဖြစ်သူ Dr. Jerry Uwaifo က လူသား အမျိုးသမီးတဦးက မြင်း တကောင် မွေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ မေးမြန်းရာမှာ သူက မှတ်ချက်ပေးပြောဆိုတာက ရှင်းပါတယ်။
“ဘုရားသခင်ကတော့ ဒီလိုနည်းနဲ့ ထူးခြားဆန်းကျယ်မှုကို ဖန်ဆင်းမပြပါဘူး။ သူလည်း လူသား အမျိုးသမီး က မြင်းတကောင် မွေးဖွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”လို့ Dr. Uwaifo က ပြောပါတယ်။
http://www.themorningstarr.co.uk/2012/09/14/woman-gives-birth-to-a-horse/ သတင်းကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။

မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်

Posted by drmyochit Thursday, September 27, 2012, under | No comments



 ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင်အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်လ်မှာပဲ ဗွီအိုအေ မြန်မာပိုင်းက သွားရောက်ပြီးတော့ သတင်းယူနေတဲ့ ဦးရော်နီညိမ်းကို မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦးရော်နီရေ့- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို ဦးရော်နီမြင်ရ သိရတာတွေ ပြောပြပေးပါ အုံးရှင်။


ဖြေ။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးတွေ့ဆုံမှုကတော့ အရေးအကြီးဆုံးပဲပေါ့နော်။ အဲဒီကနေပဲ စပြော လိုက်ပါမယ်။ အခု မိနစ်ပိုင်းကလေးကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြန်လည် ထွက်ခွာ သွားခဲ့ပါပြီ။ သူက ဝန်ကြီးလေးဦးပါဝင်တဲ့ သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ မိနစ် လေးဆယ်လောက် ဆွေးနွေး သွားပါတယ်။ အဲဒီတော့ ပြီးလို့ရှိရင် ဘာတွေ ပြောလဲဆိုတာ အကျဉ်းချုပ်ပြောပြမယ်ဆိုပြီး သံ အမတ်ကြီး ဦးသန်းဆွေက ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြပါတယ်။

သူ ပြောတဲ့ အဓိက နှစ်ချက်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိ အမှတ်ပြု ချီးကျူးတယ်၊ နောက်တခုက လူ့အခွင့်အရေးတိုးတက်မှု ရှိလာတာတွေလည်း အသိ အမှတ်ပြု ချီးကျူးတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Workshop ကြီးတခုကို အမေရိကန် အစိုးရကနေပြီးတော့မှ ကမကထပြုပြီး မြန်မာနိုင်ငံမှာ လာကျင်းပပေးချင်တယ် ဆိုတာကို ပြောတယ် ဆိုပြီးတော့ သံအမတ်ကြီး ဦးသန်းဆွေက ကျနော်တို့ကို ပြန်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးဟီလာရီကလင်တန်နဲ့အတူ လိုက်ပါလာတဲ့ နိုင်ငံခြားသတင်း ဌာ နတွေ ပြန် ပြောပြတာကတော့ အရေးအကြီးဆုံးအချက်ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ အမေရိ ကန် ပြည်ထောင်စုကို ရောင်းချဖို့ ပိတ်ပင်ထားတဲ့ ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ရုပ်သိမ်း လိုက်တော့ မယ် ဆိုတာကို နိုင်ငံခြားသတင်းထောက်တွေဆီကနေ တဆင့် ပြန်သိရပါတယ်။

 အဲဒါ ကတော့ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတို့ကတော့ ကျနော်တို့ကို မပြော သွားပါဘူး။ အဲဒါကတော့ အကြောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုက်တာအပါအဝင် တခြားသတင်းဌာနတွေ ကတော့ ပြောသွားပါပြီ။
မေး။ ။ ဟုတ်ပါပြီ။ ဦးရော်နီ-

ဖြေ။ ။ အဲဒါကတော့ ဟီလာရီကလင်တန်နဲ့ပတ်သက်ပြီး သိရတဲ့ ကိစ္စပါ။

မေး။ ။ ဟုတ်ပါပြီ၊ ဦးရော်နီ။ အဲဒီတော့ ဟီလာရီကလင်တန်နဲ့တွေ့တဲ့အခါမှာ ဒီလိုမျိုး တိုးတက်မှုတွေ ကိုတော့ သိရပြီပေါ့လေ။ ဒီကနေ့ကတော့ အမေရိကန်မှာ အခုလောလောဆယ်က ဗုဒ္ဓဟူးနေ့ပဲ ရှိသေး တယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့သူတွေထဲမှာ အခုနက ဦးရော်နီညိမ်း ပြောသွား သလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါတယ်၊ တခါ ထိုင်းဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့တယ်…..

ဖြေ။ ။ အဲဒီမတိုင်ခင်မှာ ပထမဆုံးပေါ့နော်- နေ့လည်နှစ်နာရီမှာ သမ္မတဟောင်း ဘီလ် ကလင် တန် ရောက်လာပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဦးသိန်းစိန်နဲ့ တနာရီ နီးပါး တွေ့ ဆုံဆွေးနွေး သွားပါတယ်။ ဘာတွေ ဆွေးနွေးသွားတယ်ဆိုတာတော့  ကျနော်တို့ မသိရပါဘူး၊ နောက် တခါ နေ့လည် သုံးနာရီလောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း…

မေး။ ။ ဟင်နရီ ကစ်ဆင်းဂျားနဲ့….

ဖြေ။ ။ ဟင်နရီကစ်ဆင်ဂျာ မလာခင်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အရင်လာပါတယ်။ 
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်လာတဲ့အခါမှာ သူကလည်း သမ္မတဦးသိန်းစိန်နဲ့ မိနစ် သုံး ဆယ် လောက် ဆွေးနွေးသွားပါတယ်။ နောက်ပြီးတော့မှ တတိယမြောက် ရောက်လာတဲ့ ပုဂ္ဂိုလ် ကတော့ ဟီလာရီကလင်တန်မတိုင်ခင် ရောက်လာတဲ့ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာပါ။ သူကတော့ အသက်အရွယ် ထောက်နေပြီဆိုတော့ တုတ်ကောက်လေး တချောင်းနဲ့ ရောက်လာပါတယ်။ အဲဒီတော့ ဒီကနေ့မှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော်- အပါအဝင် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင် နှစ်ယောက် လို့ ပြောရမယ့် မစ္စ်ရှင်နာဝပ်နဲ့ မစ္စက် ကလင်တန် အပါအဝင် ဟင်နရီကစ်ဆင်ဂျာတို့၊ ဘီလ်ကလင်တန် တို့နဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဒီဟိုတယ်လ်က အစည်းအဝေး ခန်းမထဲမှာ ဆွေးနွေးကြပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ အဲဒီတော့ တွေ့ဆုံတာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာက ဟီလာရီ 
ကလင်တန်တို့၊ ယင်းလပ်တို့ဆိုတာကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပေါ့လေ။ ဒါပေမဲ့ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်းဂျာတို့ကတော့ လက်ရှိ တာဝန်ယူသူတွေ မဟုတ်တော့ သူတို့နဲ့တွေ့တာကရော ဘယ်လိုကြောင့်လို့ ဦးရော်နီ အနေနဲ့ သိရပါလဲရှင့်။

ဖြေ။ ။ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်ဂျာတို့ကျတော့ သူတို့လက်ရှိ အစိုးရတာဝန်တွေ 

ထမ်းဆောင်နေသူတွေ မဟုတ်ပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်း၊ ကစ်ဆင်ဂျာရဲ့ Think Tank လို အဖွဲ့တွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ ဖွယ်ရှိတယ် လို့ မှန်းဆရပါတယ်။ အဲလိုလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် သိရပါတယ်။


မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ နောက်ဆုံးသိချင်တာကတော့ မနက်ဖြန် အမေရိကန်ရဲ့ ကြာသာ ပတေးနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ဦးရော်နီသိထားတာ ပြောပြပေးပါအုံးရှင့်။


ဖြေ။ ။ ဟုတ်ကဲ့။ မနက်ရှစ်နာရီခွဲရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံခေါင်းဆောင်အနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ 

ညနေ လေး နာရီ ကျရင်တော့ Asia Society က ကျင်းပတဲ့ ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ အကြောင်းတွေကို တက်ရောက် ဟောပြောပြီးတော့ သူ့ကိုလည်း တက်ရောက်လာတဲ့ ပရိသတ် က မေးခွန်းမေးတာ၊ သူက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။


မေး။ ။ ဟုတ်ပါပြီ ဦးရော်နီရေ၊ အခုလိုမျိုး ဟိုတယ်လ်မှာတင် စောင့်ကြည့်နေပြီး သတင်းပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဖားကန့်မှစစ်ဘေးရှောင်သူများ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်တွေ့နေ

Posted by drmyochit Thursday, September 27, 2012, under | No comments


Photo: ဖားကန့်မှစစ်ဘေးရှောင်သူများ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်တွေ့နေ
Thursday, September 27, 2012

စက်တင်ဘာ(၂၄) ဖားကန့်မြို့နယ် သံတောင်စစ်ပွဲအပြီး ဖားကန့်တွင် စစ်ဘေးတိမ်းရှောင်သူများ ပိုမိုများပြား လာကြောင်း ဒေသခံများထံက သိရှိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်ဘေးရှောင်မည့် ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် စစ်ဘေးတိမ်းရှောင်ရန် မလွယ်ကူပဲ စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများ
ထံက သိရသည်။

စက်တင်ဘာ(၂၂)ရက်မှ (၂၄)ရက်နေ့အထိ ဖားကန့်မြို့နယ် သံတောင်တောင်တွင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ(၃)ဦး   သေဆုံးခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်သူပိုမိုများပြားလာကြောင်း NLD အဖွဲ့မှ ဦးလဆိုင်းထံက သိရသည်။

“ကျွန်တော်တို့ဆီက စစ်ဘေးရှောင်ဖို့အများစုက မြစ်ကြီးနားကို ရှောင်ကြတာများတယ်။ အဲဒီကို သွားမယ်ဆိုရင် (၁၀) နာရီလောက် မောင်းရတယ်။ ကားတစ်စီးကို အထုတ်အပိုးတွေနဲ့ လူ(၃)(၄) ယောက် လောက်ပဲ စီးနိုင်တယ်။ ထွက်တဲ့ ကားတွေလည်း သိပ်မရှိဘူး။” ဟု 
ဖားကန့်မှ ဒေသခံ တစ်ဦးက ပြောသည်။

ဖားကန့်စစ်ဘေးရှောင်သူများသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ရိုးရာယဉ်ကျေးမှုရုံး များတွင် လာရောက် ခိုလှုံကြပြီး ငွေကြေးတတ်နိုင်သူအချို့သာ မိမိဇာတိ ရပ်ရွာသို့ ပြန်သွားလေ့ရှိ ကြောင်းကိုလည်း သိရှိရသည်။

“မနက် ဖားကန့်ကနေထွက်ရင် ကိုးနာရီလောက် မောင်းရမယ်ထင်တယ်။ နွေရာသီဆိုရင်တော့   ခြောက်နာရီလောက်   မောင်းရတယ်။ မိုးတွင်းဆိုတော့ လမ်းတွေက ချိုင့်ခွက်တွေ များတယ်။ မုန့်လင်မယားအိုးလို ဖြစ်တဲ့အချိန် ကျွန်တော်တို့ ကားမောင်းရတာ ခက်တယ်။ ဖြည်းဖြည်းချင်းပဲ မောင်းလို့ရတယ်။”ဟု ဒေသခံ ဦးလဆိုင်းက ပြောသည်။ 

ဖားကန့်မှ ထွက်သည့်ကားအများစုမှာ ဘန်ကား၊ ပါချဲရိုးကားများဖြစ်ကြပြီး ဘန်ကားတွင် လူချည်းသတ်သတ် ဆိုလျှင် (၈)ယောက်ခန့် စီးနိုင်ပြီး အထုတ်ပိုးများကို ကားအမိုးပေါ်နှင့် ဖင်ထိုင်ခုံအောက်များတွင် ထည့်ကာသွားရကြောင်း ၄င်းက ဆက်ပြောသည်။

“မြစ်ကြီးနားရောက်အောင်ဆိုရင် (၁၀) နာရီ မောင်းရပါတယ်။ အများငှားစီးနိုင်တဲ့ ကားလေး တွေကလည်း ဘန်ကားလေးတွေပါ။ အဲဒီကားလေးတွေက လူသုံးယောက်နဲ့ ပစ္စည်းတွေနဲ့ ဆိုရင်ပြည့်သွားပြီ အထုတ်အပိုးနဲ့ ပြေးကြရတာကိုး ကားတွေကလည်း သိပ်မရှိဘူး။ မပြေးနိုင်ပဲ ငုတ်တုတ်ကြီး နေနေရတာများတယ်။”ဟု ဖားကန့်သို့သွားရောက်ခဲ့သူ (၈၈)မျိုးဆက်   ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။   

မိုင် (၆၀)ခရီးအား ကုမ္ပဏီ(၃၀)မှ တစ်ခုကို(၂)မိုင်ခန့် တာဝန်ယူကာ လမ်းများပြုပြင်လျှင် လမ်းခရီး ကောင်းသွားနိုင် မည်ဖြစ်ကြောင်း ကိုလည်း  ၎င်းက အကြံပြုပြောကြားခဲ့သည်။

“မိုင်(၆၀)ခရီးကို (၁၀)နာရီမောင်းရတယ်။ တစ်နာရီကို (၆) မိုင်ပဲရှိတယ်။  ပြေးသွားရင်တောင် ဒီထက်ပိုပြီးတော့မြန်ဦးမယ်။ လမ်းတွေက ဒီဘက်ချိုင့်ကိုရှောင်ရင် ဟိုဘက်ကပိုနက်တဲ့ ချိုင့်ထဲကို ကျတယ်။ ဒါကမိုးတွင်းမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး  ၊ နောက် အန္တရာယ်လည်း တော်တော် များပါတယ်။”ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။

(၈၈)မျိုးဆက်ကျောင်းသားများ၏ ဖားကန့်ခရီးစဉ်တွင် သတင်းထောက်များစီးနင်းလာသည့်ကားမှာ တိမ်းမှောက်
ခဲ့ကြောင်းကိုလည်း သိရသည်။

ထွန်းနေအောင်(မြစ်မခ)
Myit Makha Mediagroup 


စက်တင်ဘာ(၂၄) ဖားကန့်မြို့နယ် သံတောင်စစ်ပွဲအပြီး ဖားကန့်တွင် စစ်ဘေးတိမ်းရှောင်သူများ ပိုမိုများပြား လာကြောင်း ဒေသခံများထံက သိရှိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ စစ်ဘေးရှောင်မည့် ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် စစ်ဘေးတိမ်းရှောင်ရန် မလွယ်ကူပဲ စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း
ဒေသခံများထံက သိရသည်။

စက်တင်ဘာ(၂၂)ရက်မှ (၂၄)ရက်နေ့အထိ ဖားကန့်မြို့နယ် သံတောင်တောင်တွင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ(၃)ဦး သေဆုံးခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်သူပိုမိုများပြားလာကြောင်း NLD အဖွဲ့မှ ဦးလဆိုင်းထံက သိရသည်။

“ကျွန်တော်တို့ဆီက စစ်ဘေးရှောင်ဖို့အများစုက မြစ်ကြီးနားကို ရှောင်ကြတာများတယ်။ အဲဒီကို သွားမယ်ဆိုရင် (၁၀) နာရီလောက် မောင်းရတယ်။ ကားတစ်စီးကို အထုတ်အပိုးတွေနဲ့ လူ(၃)(၄) ယောက် လောက်ပဲ စီးနိုင်တယ်။ ထွက်တဲ့ ကားတွေလည်း သိပ်မရှိဘူး။” ဟုဖားကန့်မှ ဒေသခံ တစ်ဦးက ပြောသည်။

ဖားကန့်စစ်ဘေးရှောင်သူများသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ရိုးရာယဉ်ကျေးမှုရုံး များတွင် လာရောက် ခိုလှုံကြပြီး ငွေကြေးတတ်နိုင်သူအချို့သာ မိမိဇာတိ ရပ်ရွာသို့ ပြန်သွားလေ့ရှိ ကြောင်းကိုလည်း သိရှိရသည်။

“မနက် ဖားကန့်ကနေထွက်ရင် ကိုးနာရီလောက် မောင်းရမယ်ထင်တယ်။ နွေရာသီဆိုရင်တော့ ခြောက်နာရီလောက် မောင်းရတယ်။ မိုးတွင်းဆိုတော့ လမ်းတွေက ချိုင့်ခွက်တွေ များတယ်။ မုန့်လင်မယားအိုးလို ဖြစ်တဲ့အချိန် ကျွန်တော်တို့ ကားမောင်းရတာ ခက်တယ်။ ဖြည်းဖြည်းချင်းပဲ မောင်းလို့ရတယ်။”ဟု ဒေသခံ ဦးလဆိုင်းက ပြောသည်။

ဖားကန့်မှ ထွက်သည့်ကားအများစုမှာ ဘန်ကား၊ ပါချဲရိုးကားများဖြစ်ကြပြီး ဘန်ကားတွင် လူချည်းသတ်သတ် ဆိုလျှင် (၈)ယောက်ခန့် စီးနိုင်ပြီး အထုတ်ပိုးများကို ကားအမိုးပေါ်နှင့် ဖင်ထိုင်ခုံအောက်များတွင် ထည့်ကာသွားရကြောင်း ၄င်းက ဆက်ပြောသည်။

“မြစ်ကြီးနားရောက်အောင်ဆိုရင် (၁၀) နာရီ မောင်းရပါတယ်။ အများငှားစီးနိုင်တဲ့ ကားလေး တွေကလည်း ဘန်ကားလေးတွေပါ။ အဲဒီကားလေးတွေက လူသုံးယောက်နဲ့ ပစ္စည်းတွေနဲ့ ဆိုရင်ပြည့်သွားပြီ အထုတ်အပိုးနဲ့ ပြေးကြရတာကိုး ကားတွေကလည်း သိပ်မရှိဘူး။ မပြေးနိုင်ပဲ ငုတ်တုတ်ကြီး နေနေရတာများတယ်။”ဟု ဖားကန့်သို့သွားရောက်ခဲ့သူ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။

မိုင် (၆၀)ခရီးအား ကုမ္ပဏီ(၃၀)မှ တစ်ခုကို(၂)မိုင်ခန့် တာဝန်ယူကာ လမ်းများပြုပြင်လျှင် လမ်းခရီး ကောင်းသွားနိုင် မည်ဖြစ်ကြောင်း ကိုလည်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

“မိုင်(၆၀)ခရီးကို (၁၀)နာရီမောင်းရတယ်။ တစ်နာရီကို (၆) မိုင်ပဲရှိတယ်။ ပြေးသွားရင်တောင် ဒီထက်ပိုပြီးတော့မြန်ဦးမယ်။ လမ်းတွေက ဒီဘက်ချိုင့်ကိုရှောင်ရင် ဟိုဘက်ကပိုနက်တဲ့ ချိုင့်ထဲကို ကျတယ်။ ဒါကမိုးတွင်းမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ၊ နောက်အန္တရာယ်လည်း တော်တော် များပါတယ်။”ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။

(၈၈)မျိုးဆက်ကျောင်းသားများ၏ ဖားကန့်ခရီးစဉ်တွင် သတင်းထောက်များစီးနင်းလာသည့်ကားမှာ တိမ်းမှောက်ခဲ့ကြောင်းကိုလည်း သိရသည်။

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

Posted by drmyochit Thursday, September 27, 2012, under | No comments





အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ် သွားသောအမှုကို ယနေ့တိုင်စုံစမ်းလျက် ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။ အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန် သာလမ်းသွယ် ခြံအမှတ်(၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ် ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေး အထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်းအမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်း လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးက အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း ပြောဆိုခဲ့သည်။


ဖားကန့်မြို့နယ်သို့ သွားလာသည့် အဓိကလမ်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအလာ ပိတ်ပင်

Posted by drmyochit Thursday, September 27, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့်မြို့ နယ်သို့ ဆက်သွယ်သွားလာရာ အဓိ ကလမ်းပိုင်းဖြစ်သော မိုးကောင်း-ဖားကန့် လမ်းတွင် ကားအသွား အလာကိုပိတ်ပင်လိုက်ကြောင်း သတင်း ရရှိပါသည်။ "မိုးကောင်းကနေ ရှစ်မိုင် လောက်ဝေးတဲ့ ရှစ်မိုင်လမ်းဆုံမှာ တပ်မတော်က အတက်ကားတွေကို ပိတ်လိုက် တယ်၊ ဖားကန့်ကနေ ၁၀ မိုင်ဝေးတဲ့ နန့်တိန်မှာ ကေအိုင်အေ က အဆင်းကားတွေကို ပိတ်လိုက် တယ်လို့ သိရပါတယ်" ဟု ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင် ခဲ့ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။ အဆိုပါတိုက်ပွဲများ ဖြစ်ပွားမှု ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ် များတွင် ဒေသခံများသည် နေရပ် မှ တိမ်းရှောင်ရမှု များရှိနေသည်။ ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းများ အဓိက လုပ်ကိုင်ရာ စီး ပွားရေးမြို့ဖြစ်သည့် ဖားကန့်မြို့ နယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ က တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ် ဩဂုတ်လကုန် ပိုင်းတွင် တပ်မတော်နှင့် ကေအိုင် အေတို့အကြား တိုက်ပွဲများပြန်လည် ဖြစ်ပွား လာကာ စက်တင်ဘာလကုန် ပိုင်းရောက်ရှိသည်အထိ နယ်မြေအ ခြေအနေ အေးချမ်းမှုမရှိသေး ကြောင်းဒေသခံများထံမှ သိရှိရပါ သည်။ ဖားကန့်ဒေသတွင် ယခင်က လူဦးရေ သုံးသိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်းအောက်သာ ကျန်ရှိနေကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၁၀ဝ၀ဝ ဝန်းကျင်ခိုလှုံလျက်ရှိကာ လူမှုရေး အကူ အညီများ လိုအပ်နေကြောင်း သိရသည်။
 
From: ကချင်နေ့စဉ်သတင်း 


အမေရိကန် နိုင်ငံအနေဖြင့် အီရန် နိုင်ငံအပေါ် သံတမန် ရေးနည်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိသော်လည်း အချိန် ကန့်သတ်ချက် ရှိသည်ဟု အိုဘားမားက ပြောကြားခဲ့ခြင်း

Posted by drmyochit Thursday, September 27, 2012, under | No comments





Photo: အမေရိကန် နိုင်ငံအနေဖြင့် အီရန် နိုင်ငံအပေါ် သံတမန် ရေးနည်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိသော်လည်း အချိန် ကန့်သတ်ချက် ရှိသည်ဟု အိုဘားမားက ပြောကြားခဲ့ခြင်း

http://www.myawady.com.mm/index.php/all-news/international-news/2012-09-26-06-55-12

အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ သံတမန်ရေး နည်းလမ်းဖြင့် ဖြေ ရှင်း ဆောင်ရွက်သွားရန် ဆန္ဒရှိသော်လည်း အချိန် ကန့်သတ်ချက် ရှိကြောင်း သမ္မတ အိုဘားမားက ကုလသ မဂ္ဂ အထွေထွေ ညီလာခံ၌ ကျင်းပ ပြုလုပ်သည့် အထွေထွေ ဆွေးနွေးပွဲ တစ်ရပ်တွင် စက်တင်ဘာလ ၂၅ရက် နေ့က ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ အီရန်နိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြု နိုင်သည့် အခွင့်အရေး ရှိသော်လည်း အီရန်နိုင်ငံတွင် နျူကလီးယားလက်နက် ပိုင်ဆိုင် လာပါက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး တည်ငြိမ်မှု အပါအဝင် ပင်လယ်ကွေ့ နိုင်ငံများနှင့် အစ္စရေး နိုင်ငံအပေါ် ခြိမ်းခြောက် လာနိုင် သည်ဟု ယုံကြည် ထားကြောင်း သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့ကြောင့် မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

Posted by drmyochit Thursday, September 27, 2012, under | No comments



From : voa

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အားတက်စကား ပြော ဆိုသွားပါတယ်။

မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထု အနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။


အမေရိကန်သမ္မတ အိုဘားမားသည် ကျင်းပလျက်ရှိသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ယမန်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာ လစ်ဗျားတွင် သံရုံးစီးနင်းခံရမှု၌ သေဆုံးခဲ့ရသော အမေရိကန်သံအမတ်ကြီး ခရစ် စတီဗင်အကြောင်း၊ ဒီမိုကရေစီသို့ ပြောင်းလဲခဲ့သော အာရပ်နွေဦးအကြောင်းနှင့် မြန်မာတွင်လည်း သမ္မတ၏ နိုင်ငံရေး
အကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့မှုတို့အကြောင်း ထည့် သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အိုဘားမားက မာလာဝီ၊ ဆီနီဂေါနှင့် မြန်မာတို့တွင် ဖြစ်ပေါ်ခဲ့သော ငြိမ်းချမ်းသည့် အသွင်ကူးပြောင်းမှုများကို အသိအမှတ်ပြုပြောခဲ့တာဖြစ်ပါတယ်။

၎င်းက "မြန်မာပြည်မှာဆိုရင် သမ္မတဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးဟာလည်း လွှတ်တော်မှာ ရွေး ကောက်တင်မြှောက်ခံခဲ့ရပါပြီ။ ပြည်သူတွေဟာလည်း နောက် ထပ် ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် မျှော် ကြည့်နေကြပါတယ်"လို့ ပြောခဲ့ပါတယ်။

Google ၏ ရှယ်ယာများ စံချိန်တင်အောင် အမြင့်ဆုံးသို့ ရောက်ရှိ

Posted by drmyochit Thursday, September 27, 2012, under | No comments




From :MRTV4

နိုင်ငံတကာတွင် Apple ကုမ္ပဏီထုတ်  iPhone 5 များ ရောင်းအား မြင့်တက်နေရသော်လည်း အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့်
Google မှာ ၎င်း၏ သရဖူကို ဆောင်းမြဲပင် ဖြစ်ကာ ကမ္ဘာ့ အလွှမ်းမိုးနိုင်ဆုံး နည်းပညာ ကုမ္ပဏီကြီး အဖြစ် ဆက်လက်ပြီး ရှိနေဆဲပင် ဖြစ်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ တနင်္လာနေ့ နံနက်ပိုင်းက ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အဖြစ် ၇၄၇.၂၈ ဒေါ်လာသို့ ရောက်ရှိခဲ့ကာ ယခင်က စံချိန်တင် အမြင့်ဆုံး ဈေးဖြစ်သည့်  ၂၀၀၇ နိုဝင်ဘာတွင် တင်ထားခဲ့သည့် စံချိန်ကို ချိုးလိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Google တို့အနေဖြင့် ၎င်းတို့၏ အွန်လိုင်း ရှာဖွေရေး ဈေးကွက်ကို ဆက်လက်ပြီး စိုးမိုးထားနိုင်မှုနှင့်အတူ Android မိုဘိုင်း ပလက်ဖောင်းကလည်း ဆက်လက် ကြီးထွားလာခြင်းကြောင့် ကုမ္ပဏီ ရှယ်ယာများမှ ယခုနှစ် အတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။ Apple ၏ စမတ်ဖုန်း ပြိုင်ဘက်ဖြစ်သည့် Google မှာ ၎င်းတို့၏ Andriod စနစ်ဖြင့် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်၏ ၆၈ ရာနှုန်းကို စိုးမိုးထားကာ ယခုလို စတော့ ရှယ်ယာဈေးများ စံချိန်တင် မြင့်တက် လာမှုမှာ ၎င်းတို့၏ ၁၄ နှစ်မြောက် စတင် ထူထောင်သည့် နေ့ရက် မတိုင်မီ အနည်းငယ်သာ လိုသည့် အချိန်တွင် ပေါ် ထွက်လာခြင်းလည်း ဖြစ်သည်။

source : CNN   

အစ္စရေး နိုင်ငံနှင့် စစ်ပွဲ ဖြစ်ပွားပါက အမေရိကန် အခြေစိုက် စခန်းများကို တိုက်ခိုက်သွားမည်ဟု အီရန်နိုင်ငံ က ခြိမ်းခြောက် ပြောကြားခြင်း

Posted by drmyochit Thursday, September 27, 2012, under | No comments





From :မြဝတီ


Photo: အစ္စရေး နိုင်ငံနှင့် စစ်ပွဲ ဖြစ်ပွားပါက အမေရိကန် အခြေစိုက် စခန်းများကို တိုက်ခိုက်သွားမည်ဟု အီရန်နိုင်ငံက ခြိမ်းခြောက် ပြောကြားခြင်း

http://www.myawady.com.mm/index.php/all-news/international-news/2012-09-26-07-11-58

အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသ ရေးရာဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး အာမီယာ အလီဟာဂျီဇာဒက်က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၂၄ရက်နေ့ AP သတင်းတစ်ရပ်အရ သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီး ယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေပြီး အီရန် နျူကလီးယား စက်ရုံများကို မိမိတစ်နိုင်ငံတည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း အစ္စရေး၏ ပြောကြားချက် ထွက်ပေါ်လာ လျက်ရှိစဉ် ဗိုလ်ချုပ်ကြီး အမ်မိုင်အလီဟာဂျေဇက်၏ ပြောကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး နိုင်ငံ အနေဖြင့် ၄င်း၏ အရေးပါ ဆုံးသော မဟာမိတ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ အကူအညီ မရှိဘဲ မတိုက်ခိုက် နိုင်ကြောင်းနှင့် အီရန်နိုင်ငံသည် ဘာရိန်း၊ ကာတာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဘက် တပ်ဖွဲ့ဝင် အမြောက်အမြားကို တပ်စွဲ ထားသည့်အပြင် အမှတ်(၅) ရေယာဉ်စုကိုလည်း ဘာရိန်းနိုင်ငံ တွင်အခြေစိုက် ထားကြောင်း သိရှိရပါသည်။

အီရန် နိုင်ငံသည် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားပါက အရှေ့ အလယ်ပိုင်း ဒေသရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသ ရေးရာဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး အာမီယာ အလီဟာဂျီဇာဒက်က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၂၄ရက်နေ့ AP သတင်းတစ်ရပ်အရ သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီး ယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေပြီး အီရန် နျူကလီးယား စက်ရုံများကို မိမိတစ်နိုင်ငံတည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း အစ္စရေး၏ ပြောကြားချက် ထွက်ပေါ်လာ လျက်ရှိစဉ် ဗိုလ်ချုပ်ကြီး အမ်မိုင်အလီဟာဂျေဇက်၏ ပြောကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး နိုင်ငံ အနေဖြင့် ၄င်း၏ အရေးပါ ဆုံးသော မဟာမိတ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ အကူအညီ မရှိဘဲ မတိုက်ခိုက် နိုင်ကြောင်းနှင့် အီရန်နိုင်ငံသည် ဘာရိန်း၊ ကာတာနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ရှိ အမေရိကန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဘက် တပ်ဖွဲ့ဝင် အမြောက်အမြားကို တပ်စွဲ ထားသည့်အပြင် အမှတ်(၅) ရေယာဉ်စုကိုလည်း ဘာရိန်းနိုင်ငံ တွင်အခြေစိုက် ထားကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၀န်ကြီးချုပ်ယင်လပ် နှင့် နယူးယောက်တွင် တွေ့ဆုံမည်ဟုဆို

Posted by drmyochit Thursday, September 27, 2012, under | No comments


From : hot news


 

(၆၇)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သို့တက်ရောက်ရန်အတွက် ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် စက်တင်ဘာ ၂၅ ရက်နေ့ တွင် နယူးယောက်သို့ ရောက်ရှိ သည်။ အစီအစဉ်အရ နိုင်ငံတော် သမ္မတကြီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ တွင် အီရန်သမ္မတ အာမက်ဒီနီ ဂျက်၊ အီဂျစ်သမ္မတမော်စီတို့ မိန့် ခွန်းပြောကြားကြမည်ဟု သိရ သည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်နှင့် နယူး ယောက်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး ကြမည်ဟု ဆိုသည်။
မစ္စယင်လပ်သည် ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် နှစ် ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ အီတာ လီယန်ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရှိပြီး စက်မှုဇုန်ဧရိယာ အကျယ် အ၀န်းမှာ စတုရန်းကီလိုမီတာ ၂၀၀ ကျယ်ပြီး စီမံကိန်းတစ်ခုလုံး အတွက် ကုန်ကျမည့်ငွေပမာဏ မှာ အမေရိကန်ဒေါ်လာ ၅၈ ဘီ လီယံ ခန့်ကုန်ကျမည်ဖြစ်ကြောင်း နေးရှင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင် ၅၀ လျှင် လူနာတင်ယာဉ်စခန်းတစ်ခု ထားရှိရန် စီစဉ်

Posted by drmyochit Thursday, September 27, 2012, under | No comments





ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင် ၅၀ လျှင် လုံခြုံရေးစခန်း တစ်ခုနှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းချုပ်နှင့် ပူးပေါင်း၍ လူနာတင်ယာဉ်စခန်း ထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် သြစတြေးလျနိုင်ငံ College of Emergency Medical မှ အဖွဲ့များနှင့် ပူးပေါင်း၍ Accidence Emergency ကို သီးခြားဘာသာရပ် တစ်ခုအနေဖြင့် အရေးပေါ် လူနာတင်ယာဉ်တွင် လိုက်ပါမည့်သူများကို လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ လူနာတင်ယာဉ် ယာဉ်မောင်းများကိုလည်း နိုင်ငံ တကာအဆင့်မီ ရှေးဦးသူနာပြုစု စောင့်ရှောက်နည်းများ တတ်ကျွမ်းအောင် လေ့ကျင့် သင်ကြား ပေးရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။ ဆေးရုံမရောက်မီကာလ အရေး ပေါ်လူနာ ကယ်တင်ပို့ဆောင်ရေးသည် အရေးကြီးသော လုပ်ငန်းရပ်ဖြစ်၍ အရေးပေါ်လူနာတင်ယာဉ် ကားများ ပေါ်တွင် အသက်ကယ်တင်ရေး ပစ္စည်းများ စုံလင်စွာ ပါရှိရေးနှင့် လိုက်ပါဆောင်ရွက်မည့် ပုဂ္ဂိုလ်များကို စနစ်တကျ သင် တန်းများ ပို့ချ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

  

ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ဗဟိုညီလာခံ ကျင်းပမည်

Posted by drmyochit Thursday, September 27, 2012, under | No comments





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံကို အောက်တိုဘာလ ဒုတိယပတ်၌ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုအချိန်တွင် ပါတီညီလာခံများကို မြို့နယ်အဆင့် ကျင်း ပ နေပြီဖြစ်ပြီး ပြည်နယ်/တိုင်းအဆင့် ညီလာခံများကို အောက်တိုဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဗဟိုညီလာခံတွင် ပါတီဖွဲ့စည်းပုံကို ပြန်လည်အတည်ပြုမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို တစ်ဦးချင်း ပြန်လည်ရွေးချယ်ပြီး ခန့်အပ်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သိန်းလင်းက ပြောသည်။ ထို့ပြင် ပါတီက လုပ်ဆောင်ခဲ့သည့် အလုပ်များကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း၊ ပါတီညီလာခံကိုလည်း ငါးနှစ်တစ်ကြိမ် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက ယှဉ်ပြိုင်ဘက် ပါတီဟု ဆိုနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ပါတီဗဟိုညီလာခံကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ် နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သတင်းရရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ရပ်ကွက် ကျေးရွာအဆင့် ပါတီညီလာခံများကို စက်တင်ဘာလ ၁၉ ရက်မှစ၍ စတင်ကျင်းပခွင့် ပြုလိုက်ပြီဖြစ်၍ အဆင့်ဆင့် ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ပြည်နယ်/တိုင်းအဆင့် ညီလာခံ၊ဗဟိုညီလာခံတို့ကိုဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်တွင် အမတ်နေရာ အများဆုံး ရရှိထားသော အာဏာရပါတီတစ်ခု ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ပြန် လည်မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သည် လာမည့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီ၏ အဓိက ယှဉ်ပြိုင်ဘက် ပါတီတစ်ခု ဖြစ်လာမည်ဟု ပြည်သူများ ယူဆကြကြောင်း သိရှိရသည်။
  

အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက တတိယကမ္ဘာစစ်ဖြစ်နိုင်

Posted by drmyochit Thursday, September 27, 2012, under | No comments




မိမိ၏နိုင်ငံကို အစ္စရေးနိုင်ငံက တိုက်ခိုက်လာမည်ဆိုပါက တတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အီရန်အထက်တန်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။ အကယ်၍ စစ်မက်ဖြစ်ပွားလာမည်ဆိုပါက အခြေအနေကို ထိန်းချုပ်၍ ရနိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေကြောင်း အာကာသဌာနတပ်မှူး ဗိုလ်မှူးချုပ် အမီယာအလီဟာဂျီဇာဒါက ပြောကြားသည်။ စစ်မက်ဖြစ်ပွား လာမည်ဆိုက အခြားသော နိုင်ငံများပါ စစ်အတွင်းသို့ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အီရန်နိုင်ငံ အပေါ် စစ်ဆင်တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်သော်လည်း မည်သည့်အချိန်နှင့် မည်သည့် နေရာ တို့တွင် စစ်ဖြစ်ပွားမည်ကို အတိအကျ မသိနိုင်ကြောင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ပြောကြားသည်။ အီရန်နိုင်ငံသည် စစ်ပွဲဖြစ်ပွား လာနိုင်မှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း ၄င်းက ပြောကြားသည်။ အီရန် လေတပ် သည် မဝေးသောကာလတွင် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်မည်ဖြစ်သည်။

From: Myanmar Express 

အစိုးရတပ်စစ်ကြောင်း လှည့်စဉ် ဗုံးကွဲ လူထုအပါအဝင်သုံးဦးသေ

Posted by drmyochit Thursday, September 27, 2012, under | No comments


 
 
တနလာင်္နေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် ဒေသခံ တပ်ရင်းတရင်းက စစ်ကြောင်းလှည့်စဉ်ဗုံးတလုံးကျကွဲသော
ကြောင့် ချောဆွဲခံရသည့် ဒေသခံ လူထုတဦးပါအဝင် သုံးဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ သည်ဟု ဆိုသည်။ “ခမရ ၃၂၄ က နမ္မတူကနေ ကျနော်တို့ ဆိုင်းခေါဝ်ဘက် စစ်ကြောင်းလှည့်တယ်။ ကျနော်တို့ဒေသအတွင်း သျှမ်းသူပုန်လုံးဝ သွား လာတာမရှိ အောင်ရှင်းလင်းတာတဲ့၊  ပန်ဝိုးရွာမရောက်ခင် ပြောင်းဖူးခြံတခု နားမှာ အဲဒီစစ်ကြောင်း နားကြ တယ်၊ အဲချိန်မှာ သူတို့ရဲ့ လက်ပစ်ဗုံးတလုံးကွဲသွားတယ်၊ ချောဆွဲခံရသူတဦးလဲ ပွဲချင်းပြီး သေသွားဘဲ ” - ဟု အမည်မဖေါ်လိုသူ နမ္မတူရောက်ဒေသခံတဦးကပြောပါသည်။

စက်တင်္ဘာ ၂၄ နံနက် ၈ နာရီခန့် နယ်လှည့်သည့် အစိုးရတပ် ခမရ ၃၂၄ ရွာအတွင်း ဆိုင်းခေါဝ် ကျေးရွာအုပ်စု ပန်ဝိုးကျေးရွာအတွင်းဝင်ကာ ကျေးရွာသားတဦးအား ပေါ်တာ လမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း၊ နံနက် ဆယ်နာရီအချိန် ပန်ဝိုးနှင့် ကောင်းမော့ခန် ရွာအကြား ပြောင်းဖူးခြံအတခုအနီး ခရီးတထောက်နား စဉ် ဗုံးတလုံးကျကွဲခဲ့ကြောင်း၊

ဗုံးကွဲမှုကြောင့် ဗုံးကိုင်သူတပ်သားတဦးနှင့် လမ်းပြရွာသား စိုင်းပီး အသက် ၅၀  ပွဲချင်းပြီးသေဆုံးကြောင်း၊ နမ္မတူဆေးရုံ၌ တဦးထပ်မံသေဆုံးပြီး ကျန်ရှိဒဏ်ရာရလူနာ ၂ ဦးအား နမ္မတူလူမှု ကူညီရေးအသင်းကားဖြင့် ယမန်နေ့က လားရှိုးစစ်ဆေးရုံ သို့ပို့ဆောင်ကုသနေကြာင်း တပ်မိသားစုနှင့် နီးစပ်သူ တဦးက ပြောပါသည်။အတည်မပြုနိုင်သေးသည့် သတင်းအရ ပေါက်ကွဲသော ဗုံးသည် သျှမ်းပြည်တပ်မတော်မှ ထောင်ထားသော မိုင်းဗုံးဖြစ်ကြောင်း ဒေသခံများကပြောကြသည်။

“ရွာထဲဝင်လာတော့ ရွာသားတွေ အကုန် ထွက်ပြေးကြတယ်။ ရွာအရှေ့ကနေဝင်လာရင် ရွာအနောက်ဘက်ကို တိမ်းရှောင်ကြတယ်။ တွေ့တဲ့သူကို လမ်းပြ ခေါ်သွားတာလေ။ သုံးလေးယောက်ပါသွားတယ်။ သေဆုံးတဲ့ စိုင်းပီးကို အဲဒီမှာဘဲမြှုပ်လိုက်တာ်။ တပ်က ထောက်ပံ့ကြေးလာပေးမယ်ပြောတာဘဲ။ အခုထက်ထိ ဆွမ်းသွတ် တရားနာလဲ မလုပ်ပေးရသေးဘူး။” - ဟု အမည်မဖေါ်လိုသည့် ဒေသခံနောက်တဦးကပြောပါသည်။ ဗုံးပေါက်ကွဲစဉ် ၎င်းတို့နားနေသည့် နေရာအနီး ပြောင်းဖူးခြံ၌ အလုပ်လုပ်နေသော ရွာသား စိုင်းနောင့်ယိုင် အသက် ၁၈ နှင့် စိုင်းနောင့်အွန် အသက် ၁၆ (ညီအစ်ကို)က ဗုံးသံလန့်၍ ထွက်ပြေးသဖြင့် အစိုးရတပ်က သေနတ် ပစ် ခြိမ်းခြောက်ကာ
၎င်းနှစ်ဦးအား SSPP/SSA တပ်အဆက်အသွယ်ဟူ၍ ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းတို့ညီအစ်ကိုနှစ်ဦးအား လက်ပြန်ကြိုး တုတ်ပြီး  ၎င်းတို့တပ်ကုန်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင် များက ပြောပါသည်။

From:  ရွှေမြန်မာမီဒီယာဂရု

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်