Thursday, September 27, 2012

KIA ၏လုပ်ဆောင်ချက်များကိုမထောက်ခံသော ကချင်စစ်သည်များထွက်ပြေး

Posted by drmyochit Thursday, September 27, 2012, under | No comments



KIA ခေါင်းဆောင်များဟာ သူတို့ရဲ့စစ်သည်တွေကို ကချင်ပြည်နယ် လွတ်လပ်ရေးအတွက်ဟု အကြောင်းပြကာ စည်းရုံးထားပေမယ့်လည်း လက်ရှိမြေပြင်တွင် နေ့ရောညပါ တိုက်ခိုက်နေရမှုများနှင့် ကချင်ပြည် သူများအပေါ် ဆက်ကြေးကောက်ခြင်း ၊ အတင်းအဓမ္မလူသစ် ဖမ်းဆီးခြင်း ၊ ကချင်ပြည်နယ်အတွင်းရှိ လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်မြို့သော ကချင်စစ်သည် များသည် KIAအားကျော်ခိုင်းထွက်ပြေးမှုများရှိလာခဲ့ရာ စက်တင်ဘာ (၁၉)မှ (၂၆) ရက်နေ့အထိ  တစ်ပတ်အတွင်း ထွက်ပြေးသူစုစုပေါင်း (၁၆) ဦးနှင့်အထက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
(၁၆) ဦးမှာ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅)မှ တပ်သားလွမ်းချစ် နှင့် လထောင်ဂွမ် အပါအ၀င် (၃) ဦး၊ တပ်ရင်း (၂၆) မှ (၂) ဦး ၊ တပ်ရင်း (၆) မှ (၂) ဦး ၊ တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း (၁) မှ (၁) ဦး ၊ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း (၃၀) မှ (၂) ဦး ၊ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၁) မှ (၄) ဦး ၊ တပ်ရင်း (၁၄)မှ (၂) ဦး စုစုပေါင်း (၁၆)ဦး ရှိပြီဖြစ်ကြောင်းနှင့်  ထို့ထက်ပို၍ ရှိနိုင်သေးကြောင်း ထွက်ပြေးသူများမှာ တပ်မဟာ (၂) (ဖားကန့်) ဘက်မှများကြောင်း လိုင်ဇာဌာနချုပ်မှ အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးမှ ၎င်းသိရှိသည်များကို KDN သို့ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်