Friday, July 25, 2014

MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

Posted by drmyochit Friday, July 25, 2014, under | No comments

ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ဂျာဇီ ဒစ်ဇင်စကီးနှင့် အန်ဂျလာ ဒစ်ဇင်စကီးတို့ နှစ်ဦးက မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် သမီးဖြစ်သူ ဖာတီမာသည် ယူကရိန်းတွင် အသက်ရှင်လျက် ရှိနေဆဲဟု အလေးအနက် ယုံကြည်နေကြသည်။ ယခုအခါ ဇနီးမောင်နှံ နှစ်ဦးလုံးသည် နယ်သာလန်နိုင်ငံ၊...

ရိုက်ကူးနေဆဲ Dragon Bladeသည် ၎င်းစိတ်ကြိုက်အတွေ့ဆုံး ရုပ်ရှင်ဟု ဂျက်ကီချန်း မှတ်ချက်ပြု

Posted by drmyochit Friday, July 25, 2014, under | No comments

လက်ရှိ ရိုက်ကူးနေသည့် Dragon Blade ဇာတ်ကားသည် မိမိဘဝတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ဂျက်ကီချန်းက ပြောကြားခဲ့သည်။ ဟောင်ကောင် အက်ရှင်မင်းသား ချန်းသည် (၂၀၁၅)ခုနှစ်တွင် ရုံတင်မည့် ရုပ်ရှင်မှာ ၎င်း၏ဘဝ တစ်လျှောက်လုံး လက်တွေ့ရိုက်ကူးရန် မျှော်လင့်ထားသည့် ဇာတ်ကားမျိုးဟု မှတ်ချက်ပြုခဲ့သည်။ ချန်းသည် Dragon Blade ရိုက်ကူးရေးအတွက် တရုတ်နှင့် အိန္ဒိယ နယ်နိမိတ်အနီး အက်ဆိုင်းသို့ ရောက်ရှိနေပြီး ယခုသီတင်းပတ် အစောပိုင်းက မီဒီယာများနှင့် ရိုက်ကွင်းတွင်...

တွစ်တာပေါ်တွင် ရေပန်းစား ခဲ့သည့် သြစတြေးလျ ဟော်ကီသမ နှစ်ဦး၏ Selfie ဓာတ်ပုံ

Posted by drmyochit Friday, July 25, 2014, under | No comments

စကော့တလန် နိုင်ငံမှာ ကျင်းပနေတဲ့ ဓနသဟာယ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် နေတဲ့ သြစတြေးလျ အမျိုးသမီး ဟော်ကီ အသင်းက ကစားသမား နှစ်ဦးရဲ့ Selfie ဓာတ်ပုံဟာ မထင်မှတ်ပဲ လူမှု ကွန်ယက်တွေ ပေါ်မှာ ထင်ပေါ် ကျော်ကြား သွားခဲ့ ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ မလေးရှား အသင်းကို သြစတြေးလျ အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသမီး ဟော်ကီပွဲ အပြီးမှာ သြစတြေးလျ  ဟော်ကီမယ် နှစ်ယောက် ဟာ ဂိုးပေါက် ရှေ့မှာ selfie ဓာတ်ပုံ ရိုက်ကူးခဲ့ ကြရာမှာ ဂိုးတိုင် နောက်ဖက်မှာ ရှိနေတဲ့...

မြန်မာအမျိုးသမီးတွေ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာကို အစိုးရ ဘာပြောပြီလဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ဧည့်သည်တွေကို ဘုရင်လို ခံစားရအောင်လို့ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာတွေကို မလုပ်ဖို့ Vintage Luxury Hotel အမည်ရှိ ရေပေါ်ဟိုတယ် တာဝန်ရှိသူတွေကို အစိုးရက ခေါ်သတိပေးလိုက်ပါတယ်။ ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းတွေက ဧည့်သည်တွေကို ဒူးထောက် ဝန်ဆောင်မှု ပေးတာလို လွန်ကဲတဲ့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမရှိတဲ့ ဝန်ဆောင်မှုတွေကို မပေးဖို့ ဟိုတယ်တာဝန်ရှိသူတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ခေါ်ယူ သတိပေးလိုက်တာပါ။ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အနေနဲ့ ဧည့်ကြို၊...

ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး

Posted by drmyochit Friday, July 25, 2014, under | No comments

ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါ တယ်။ လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။ဒီညွှန်ကြားချက်ဟာ မကြာသေးခင် အွန်လိုင်းမှာ လူပြောများခဲ့တဲ့ ပုံတပုံကြောင့် ဖြစ်ပါလိမ့်မယ်။ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင်...

RCSS/SSA အဖွဲ့အတွက် SNDP ပါတီဝင်မှ ဒေသခံရွာသား(၅)ဦးအား လိမ်လည်၍ လူသစ်စုဆောင်းခြင်း

Posted by drmyochit Friday, July 25, 2014, under | No comments

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပါတီဝင် တစ်ဦး သည် ဇူလိုင် ၂၀ ရက်နေ့က ဒေသခံရှမ်းအမျိုးသား(၅)ဦးအား လူသစ်အဖြစ် လိမ်လည်စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ကျိုင်းလပ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်၊ ၀မ်လုံရွာနေ ဦးအိုက်ပန်းနှင့် မောင်အိုက်ကျန် တို့ (၂)ဦးအား တစ်ရွာတည်းနေ SNDP ပါတီဝင်တစ်ဦးဖြစ်သူ ဦးမိုင်ခမ်းမှ အလုပ်လုပ်ရန်ဟု လိမ်လည်ပြောဆိုကာ ဇူလိုင်(၂၀)ရက်...

အက ကောင်းတဲ့ ထိုင်းနိုင်ငံက ရဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ထိုင်း နိုင်ငံက ရဲတဦးက လူထု ဆက်ဆံရေး ကောင်းမွန်မှုကို ပြသတဲ့အနေနဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ တွေ့ဆုံပွဲ တခုမှာ အခုခေတ် လူငယ်တွေ အကြိုက် က ပြဖျော်ဖြေခဲ့ပါတယ်။ ထိုင်းရဲ ကပြဖျော်ဖြေသွားတဲ့ ကကွက်တွေက ယူနီဖောင်းဝတ်နဲ့ ကပြတာဖြစ်ပြီး ခက်ခဲတဲ့ ကကွက်တွေ လည်းဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေက လည်း သူရဲ့ ကပြဖျော်ဖြေမှုကို အားပေးမှုက တခဲနက်ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ အခုလို လူထုဖျော်ဖြေရေး လုပ်ငန်းတွေအနေနဲ့ အစိုးရ ဝန်ထမ်းတွေက အလျဉ်းသင့်သလို ဖျော်ဖြေ...

ဒိုင်လူကြီးများကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးပြီး လုပ်ပွဲ လုပ်စားသူ ထောင် ၃ နှစ်ကျ

Posted by drmyochit Friday, July 25, 2014, under | No comments

လက်ဘနွန်နိုင်ငံသား ဘောလုံးဒိုင်လူကြီး ၃ ဦးအား ပြည့်တန်ဆာများဖြင့် ဖျော်ဖြေပေးပြီး၎င်းတို့တာဝန်ယူမည့် ဘောလုံးပွဲကို လုပ်ပွဲလုပ်ခိုင်းသူ စင်္ကာပူနိုင်ငံသား အသက် ၃၂ နှစ်ရှိ Eric Ding (ပုံ - နေကာမျက်မှန် တတ်လျက်) ကို ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ် မနေ့က ချမှတ်ခဲ့သည်။ Eric Ding သည် ၂၀၁၃ ခုနှစ်က စင်္ကာပူကလပ် တန်းပနိစ်ရိုဗာ Tampinese Rover နှင့် အိန္ဒိယ ကလပ်အသင်း East Bengal တို့ ကစားမည့် AFC ဖုလားပွဲစဉ်တခုအတွက် တာဝန်ကျဒိုင် ၃ ဦးကို လိင်ဖျော်ဖြေမှုဖြင့်...

သာပေါင်းမြို့နယ် ကျေးရွာအုပ်စုလေးစုအတွင်း လေပြင်းတိုက်၍ အိမ် ၁၇လုံး ပျက်စီး

Posted by drmyochit Friday, July 25, 2014, under | No comments

ပုသိမ်၊ ဇူလိုင် ၂၄ - ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိကျေးရွာအုပ်စုလေးအုပ်စု အတွင်း ဇူလိုင် ၂၁ရက် ည ၁ဝ နာရီ ခန့်၌ မိုးသက်လေပြင်း ကျရောက်ခဲ့ ခြင်းကြောင့် နေအိမ်၁၃လုံး ပြိုလဲခဲ့ ပြီး နေအိမ်လေးလုံးမှာ အမိုးနှင့်အ ကာများပျက်စီးသွားခဲ့သည်ဟု သာ ပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်ခံရ သော ကျေးရွာများမှာ သာပေါင်းမြို့ နယ်အတွင်း၌ရှိသည့် ထန်းကြိုကုန်း၊ ပျဉ်းမထုန်း၊ ငဝန်ထောင့်ကြီးနှင့်အုတ် ရှစ်ကုန်းရွာတို့ဖြစ်သည်။ ''ညပိုင်းရုတ်တရက်ကြီး တဖြည်း ဖြည်းလေက ပြင်းထန်လာပြီး အိမ်တွေ ပြိုကုန်တာပါပဲ။ နေရေးစားရေး...

AH5017၏ အပျက်အစီးများ ရှာဖွေတွေ့ရှိပြီဟု ကြေညာ

Posted by drmyochit Friday, July 25, 2014, under | No comments

ပျက်ကျသွားကြောင်း အတည်ပြုခဲ့သည့် အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ် AH5017၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီဟု သတင်းရရှိသည်။ Air Algerie လေကြောင်းလိုင်း၏ MD-83 လေယာဉ်သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်၍ မြောက်ဘက်စူးစူးသို့ ပျံသန်းရင်း မာလီနိုင်ငံ ပိုင်နက်အတွင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လေကြောင်းလိုင်းက ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားသည့် လေယာဉ်သည် ပျက်ကျသွားခြင်းဟု အတည်ပြု ကြေညာခဲ့သည်။...

ချောင်းရေလျှံစဉ် ကြိုးတံတားပြတ်ကျရာ ပါသွားသူလေးဦး ပျောက်ဆုံးနေဆဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေလျှံသောကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျရာ လူ ၂၀ ခန့် ချောင်းအတွင်းပါ သွားပြီး လေးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာ နှင့် ရှင်လုံကျိုင်းကျေးရွာကို ဆက် သွယ်ထားသည့် သံလွင်မြစ်နှင့် ဆက်စပ်နေသော  နမ့်လင်း ချောင်းကူးကြိုးတံတားသည် ဇူလိုင် ၂၂ ရက်က ပြတ်ကျခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသူများကို ဇူလိုင် ၂၄ ရက်အထိ ပြန်မတွေ့သေးကြောင်း ကွမ်းလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘တံတားပေါ်မှာ လူနှစ်ဆယ် လောက်ဖြတ်နေတဲ့အချိန်...

ဘာသာပြောင်းမှုကြောင့် သေဒဏ်ချမှတ် ခံရဖူးသည့် ဆူဒန်အမျိုးသမီး နိုင်ငံမှ ထွက်ခွာခွင့်ရရှိ

Posted by drmyochit Friday, July 25, 2014, under | No comments

ဘာသာကူးပြောင်း ကိုးကွယ်မှုကြောင့် သေဒဏ်ချမှတ် ခံခဲ့ရပြီးမှ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် ဆူဒန်အမျိုးသမီးသည် ယခုအခါ နိုင်ငံအတွင်းမှ ထွက်ခွာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ မီရိုင်ယမ် ယာဟီရာ အီဘရာဟင်မ် အစ်ရှက်နှင့် သူမ၏ မိသားစုတို့သည် အီတလီ အစိုးရ စီစဉ်ပေးသည့် လေယာဉ်တစ်စီးဖြင့် ဇူလိုင်(၂၄)ရက်တွင် ဆူဒန်မှ အီတလီသို့ ထွက်ခွာခဲ့သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အီတလီ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် လာပိုပစ္စတယ်လီလည်း လိုက်ပါသွားကြောင်း သိရသည်။ မီရိုင်ယမ်သည် သေဒဏ်စီရင်ချက်...

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ

Posted by drmyochit Friday, July 25, 2014, under | No comments

မလေးရှားလေကြောင်း MH17 မှ သေဆုံးသူများ၏ရုပ်ကလာပ်များသယ်ဆောင်လာသောယာဉ်တန်း အင်ဒိုဗင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်ကို တွေ့ရစဉ် (REMKO DE WAAL/REUTERS) ဒိုနက်စ်− ရုရှားနိုင်ငံတွင် ထုတ် လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြောကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။ ဇူလိုင်...

တရုတ်နိုင်ငံရောက် တရားမ၀င် အလုပ်သမားများကို လူငှား၍ ရိုက်နှက်မှုများရှိသည်ဟုဆို

Posted by drmyochit Friday, July 25, 2014, under | No comments

တရုတ်နိုင်ငံသို့ တရားမ၀င်အလုပ်လုပ်ရန် သွားရောက်ခဲ့သော မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ လစာငွေအပြည့်အ၀ မပေးခြင်းတို့အပါအ၀င် အလုပ်ပျက်ပါက လုပ်ငန်းရှင်က လူငှား၍ ရိုက်နှက် နှိပ်စက်ခြင်းများ ရှိခဲ့သည်ဟု တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများက ပြောသည်။ “ပွဲစားက ပြောတာတော့ တရားဝင်သွားတာလို့ ပြောတယ်။ ဟိုရောက်မှသိတာက ကျွန်တော်တို့ အညာခံရပြီဆိုတာ သိရတယ်။ အလုပ်မှာ ခွင့်ယူလို့လည်း မရဘူး။ ခွင့်ယူရင် ထမင်းမကျွေးတော့ဘူး။ အဆိုးဆုံးကတော့ လူမိုက်တွေခေါ်ပြီး ရိုက်တာတွေရှိတယ်။ ဒါကြောင့် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်ချင်ပေမဲ့...

နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့

Posted by drmyochit Friday, July 25, 2014, under | No comments

သက္ကရာဇ် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အသက် ၂⁠၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ Christine Tallady ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။ ငွေကြေး အားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူးခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက...

ကြက်ခြေနီ အရာရှိတစ်ဦးအား ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့

Posted by drmyochit Friday, July 25, 2014, under | No comments

အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထ မ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက် လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့မှုကြောင့် ပြည်သူအများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုအခါ ၄င်း၏ သတင်းဌာနဖြစ်သော DVB သတင်းဌာနကပါ ထိုကဲ့သို မပြုလုပ်ရန်နှင့် ၄င်းရေးသားခဲ့သည်များကို ပြန်လည်ဖျက်ပစ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ photo>> Nulled Byte MMDailyS...

စုန်းကား ၂ ကား ဆက်တိုက် သရုပ်ဆောင်မယ့် ရွှေမှုံရတီ

Posted by drmyochit Friday, July 25, 2014, under | No comments

ရွှေမှုန်ရတီက ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ အချစ်စုန်း ဗီဒီယိုဇာတ်ကားမှာ နေမင်းနဲ့ တွဲဖက်ပြီး စုန်းမအဖြစ် သရုပ်ဆောင်ခဲ့ရသလို၊ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးမယ့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားမှာလည်း မှော်အတတ်ပညာရှင်၊ စုန်းကဝေမအဖြစ် သရုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။ အချစ်စုန်းမှာက စုန်းမ ဖြစ်ပေမဲ့ သူက ပါးစပ်စီးတဲ့စုန်း ဖြစ်ပြီး သူပြောသမျှအကုန်ဖြစ်တဲ့ စုန်းမ အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး၊ မှော်ကျောက်စာ ဇာတ်ကားမှာတော့ တကယ့် မှော်အတတ်ပညာရှင်၊ ၀မ်းတွင်းစုန်းအဖြစ်...

အနောက်ဘက်ကမ်းခြေမှာ အဓိကရုဏ်းတွေ ဖြစ်

Posted by drmyochit Friday, July 25, 2014, under | No comments

အနောက်ဘက်ကမ်းခြေ ကာလန်ဒီယာ စစ်ဆေးရေးဂိတ် အနီးက အဓိကရုဏ်း အစ္စရေး နဲ့ ဟားမတ်စ်အဖွဲ့ နှစ်ဘက်စလုံး ကို၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘဲန်ကီမွန်းက၊ ကိုယ့် ပြည်သူတွေကို ကိုယ်ပြန် သတ်နေ ကြတာဟာ မလုပ်သင့် မလုပ်အပ် တဲ့ အရာဖြစ်တယ် ဆိုပြီး၊ ရှုံ့ချ ပစ်တင်လိုက်ပြီး၊ ဂါဇာမှာ အပစ်အခတ် ရပ်စဲကြကာ၊ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး ကြဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။ မစ္စတာ ဘဲန်ဟာ၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့၊ စကားပြောဆို...

မိတ္ထီလာတွင် လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်

Posted by drmyochit Friday, July 25, 2014, under | No comments

မိတ္ထီလာ ဇူလိုင် ၂၄ မိတ္ထီလာတွင် လူကုန်ကူးသူအမျိုးသမီးနှစ်ဦးအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဇူလိုင် ၂၂ ရက်က ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်က မိတ္ထီလာမြို့နယ် ရေငံအနောက် ကျေးရွာနေ ဦး....၏ သမီး မ... နှင့် ဦး ....၏ သမီး မ..... တို့အား သရက်တန်းကျေးရွာနေ ဒေါ်အုန်းငွေမှ မူဆယ်မြို့ရှိ စတိုးဆိုင်တွင် အလုပ်လုပ်လျှင် တစ်လကျပ်တစ်သိန်းရမည်ဖြစ်ကြောင်း စည်းရုံး၍ သီးကုန်း ၂၈၅ မိုင် ကားဂိတ်တွင် မဖြိုးဖြိုးသိန်းထံ လွှဲအပ်ခဲ့ပြီး ငွေကျပ်တစ်သိန်းရရှိကြောင်း၊ မဖြိုးဖြိုးသိန်းမှ ၎င်းတို့နှစ်ဦးအား...

ဂါဇာကမ်းမြောင်ရှိ ကုလသမဂ္ဂ စာသင်ကျောင်း အစ္စရေးတိုက်ခိုက်မှုခံရ

Posted by drmyochit Friday, July 25, 2014, under | No comments

ဂါဇာ ကမ်းမြောင်တွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြားတိုက်ခိုက်မှုများအတွင်း ကုလသမဂ္ဂက ဖွင့်လှစ်ထားသည့် စာသင်ကျောင်း တစ်ကျောင်းမှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စာသင်ကျောင်းမှာ ကြာသပတေးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ကျောင်းအတွင်း အမျိုးသမီးနှင့် ကလေးငယ် အများစု အပါအဝင် လူ ၈၀၀ ဝန်းကျင် ရှိနေပြီး ၎င်းတို့မှာ တိုက်ခိုက်မှုများကို...

နိုင်ငံ့ဝန်ထမ်းများ အသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြောကြား

Posted by drmyochit Friday, July 25, 2014, under | No comments

နိုင်ငံ့ဝန်ထမ်းများအသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။ ဥက္ကဋ္ဌဦးကျော်သူက နေပြည်တော်တွင် ဇူလိုင် ၂၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေ၏မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မဲဆန္ဒနယ်မှ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေက "နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူခြင်းအပိုင်းမှာ သက်ပြည့်ပင်စင်ယူရမယ့်...

အယ်ဂျီရီးယား လေယာဉ်ပျက်ကို တွေ့ပြီ

Posted by drmyochit Friday, July 25, 2014, under | No comments

ကမ္ဘာတခွင် ၇ ရက်အတွင်း တတိယမြောက် ပျက်ကျသွားတဲ့ အယ်ဂျီးရီးယား လေယာဉ် အပျက်အစီးတွေ ကို တွေ့ရှိပြီလို့ Burkina Faso အာဏာပိုင်တွေက ပြောပါပြီ။ မနေ့တုန်းက Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ AH5017 လေယာဉ် အပျက်အစီးကို မာလီနိုင်ငံ Boulikessi ရွာအနီး၊ Burkina Faso နယ်စပ်နဲ့ ၃၁ မိုင် ( ၅ဝ ကီလိုမီတာ ) အကွာနေရာမှာ တွေ့ရ တာဖြစ်တယ်လို့ Burkina Faso အာဏာပိုင်တွေက ဒီကနေ့ အတည်ပြု ပြောပါတယ်။ မာလီအစိုးရနဲ့...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်