Friday, November 30, 2012

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

Posted by drmyochit Friday, November 30, 2012, under | No comments

“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှု အဖွဲ့ အစည်းတွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပ အခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့်...

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်။

Posted by drmyochit Friday, November 30, 2012, under | No comments

အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက်ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။  စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာများသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒီတာ တစ်ဦးကပြောသည်။ အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင်...

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

Posted by drmyochit Friday, November 30, 2012, under | No comments

သူမသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထိြု့ပင် ၁၄ နှစ်သာ ရှိသေးသော ကလေးငယ် တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမသည် သူတို့ အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော် ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေး ကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့် အစား ဆူဝေ ပူလောင်လာသည်။ ဒီကလေးမလေး ဘာဖြစ်လို့ သူတို့ကို စိန်ခေါ်နေခဲ့ပါသနည်း။ အားနွဲ့ နုနယ်သူလေးက ဘာဖြစ်လို့ သူတို့လို သူရဲကောင်းကြီးတွေကို အန်တုရဲရ ပါသနည်း။ ဒါတွေ သိပ်နားလည်စရာ မလိုပါ။ သူ့တာဝန် က ဒီကလေးမလေး ကိုလုပ်ကြံရန်သာ ဖြစ်သည်။ ကိုယ့်သမီးအရွယ်၊ နှမလေး...

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း

Posted by drmyochit Friday, November 30, 2012, under | No comments

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေး အဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော် များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်း သာအောင်နေ ကြပါ " ဟု မိန့်ကြားသွားခဲ့သည်။ အဆိုပါ ဆေးရုံကြီးတွင် သဃာတော် ၂၆ ပါးနှင့် အမျိုးသားတစ်ဦး ဆေးကုသမှု ခံယူနေပြီး မီးလောင်ဒဏ်ရာ များဖြစ်ကြောင်းကို ဆေးရုံအုပ်ကြီးက အတည်ပြု...

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးမဒမ်မိုင်သီဟိုက် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊...

"မုံရွာကြေးနီစီမံကိန်းမရပ်ဖို့ တရုတ်သံရုံး ပြောပြီ"

Posted by drmyochit Friday, November 30, 2012, under | No comments

မုံရွာကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ လက်ပံတောင်းတောင်ဒေသနဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ် ခဲ့ကြပြီး ရုပ်ဆိုးတဲ့ နှိမ်နင်းမှုများ လက်ပံတောင်းတောင် သပိတ်စ ခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့ တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ ကြေးနီစီမံကိန်းကို ဆက်လုပ်ပါ ဆိုတဲ့ သဘောကို အဲဒီသတင်း ထုတ်ပြန်ချက်မှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ မြန်မာလို ထုတ်ပြန်ရာမှာလည်း အဲဒီသဘောကို တွေ့ရပါတယ်။ တရုတ်သံရုံးရဲ့ မြန်မာလို ထုတ်ပြန်ချက်က...

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ်ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ဟောပြော

Posted by drmyochit Friday, November 30, 2012, under | No comments

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့်တွင် ချင်းတွင်းမြစ်အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်) တွင် နာရီဝက်ကျော်အကြာ ဟောပြော သွားကြောင်း သိရသည် ။ အဆိုပါ ဟောပြောပွဲတွင် ဒေသခံများ အနေဖြင့် အချိန်မှီ ရောက်လာသူ နည်းပါးသောကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက် မှပေးပို့သည်။ “ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော်...

နျူပစ္စည်းတွေ ကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော် အမတ် စာရေးမေးမြန်း

Posted by drmyochit Friday, November 30, 2012, under | No comments

မြန်မာနိုင်ငံကို တရားမ၀င်တင် ပို့မယ်လို့ယူဆရတဲ့ နူကလီယားအနုမြူ အစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်း တချို့ ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား  သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့ သတင်း ပေါ်ထွက် လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် တစ်ယောက်က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ -  ပြီးခဲ့တဲ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ...

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီနေချိန်တွင် ဘာမှမကူညီပဲ ပိတ်ဆို့မှုအမျိုးမျိုးလုပ်ခဲ့သည့် ဂျော့ခ်ျဘုရှ် ဆေးရုံရောက်နေ

Posted by drmyochit Friday, November 30, 2012, under | No comments

အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်သည် ချောင်းဆိုးရင်ကျပ်ရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။  အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ်သည် ချောင်းဆိုးရင်ကျပ်ကြောင့် ဆေးရုံတွင် ကုသမှုခံ ယူနေရသည်မှာ ၆ ရက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ဂျော့ဂ်ျဒဗလျူဘုရှ်သည် အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။  Myanmar Expres...

နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်သမ္မတ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ် မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုတိုးမြှင့်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ...

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

Posted by drmyochit Friday, November 30, 2012, under | No comments

လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာနက်ခများ ပြောင်းလဲ ကောက်ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ်တစ်ခု မျက်နှာဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင်ခဲ့သူမှာ နေမျိုးဇင် ဆိုသူဖြစ်ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။ 100 KB...

KIA ရဲ့ မိုင်းကြောင့် ပြည်သူလူထုသာမက သံဃာတော်တွေပါ ဒဏ်ရာရနေကြလို့ ဒေသတွင်း စိုးရိမ်လျက်ရှိ

Posted by drmyochit Friday, November 30, 2012, under | No comments

      နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ရွှေကူမြို့နယ် ၊ မြို့လှမြို့နယ်ခွဲ ၊ အမတ်ကြီးကုန်း ကျေးရွာအုပ်စု၊ ရွှေငြိမ်းချမ်း ကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဇနနဲ့ ရွာသား (၃) ဦးတို့အား မြို့လှမြို့နယ်ခွဲမှာ ပြုလုပ်တဲ့ စုပေါင်း ဘုံကထိန်ကို ဆိုင်ကယ်နဲ့အသွားမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဆရာတော်နဲ့ ရွာသား တစ်ဦးဒဏ်ရာရရှိခဲ့ ပါတယ်။            ဒါ့အပြင် နိုဝင်ဘာလ (၅) ရက်နေ့မှာ ကာမိုင်းမြို့နယ်၊ ကပ်မှော်ဇွပ် ကျေးရွာမှာနေတဲ့ ဦးလဂျာနဲ့ ဒေါ်ထုနန်တို့ (၂) ဦးဟာ သူတို့ပိုင်တဲ့ ဒညင်းခြံသွားရောက်ရှင်းလင်းရာမှာ KIA...

မောင်တော မြို့နယ် ကျေးရွာများ၌ နယ်မြေခံ ဆေးတပ်ဖွဲ့ ဝင်များက ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်

Posted by drmyochit Friday, November 30, 2012, under | No comments

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၆ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာ မူလတန်း ကျောင်း၌ နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး နေမှု အခြေအနေကို အားပေး ကြည့် ရှုပြီး ဒေသခံ တိုင်းရင်းသားများနှင့် အခြေခံပညာ မူလတန်းကျောင်းအတွက် ထောက်ပံ့ရေး ပစ္စည်း များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။...

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

Posted by drmyochit Friday, November 30, 2012, under | No comments

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်း ပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလိုကြောင်း ပြောဆိုသွားသည်။ ဤ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ “သိက္ခာရှိတဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲဒီ့အတွက် ပြည်သူတွေကနေ ဝိုင်းပြီး ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်၊ ကံ့ကုန်းရွာတွင် ဒေါ်အောင်ဆန်း စုကြည် က မိန့်ခွန်းပြောသည်။ “ပြည်သူတွေလည်း သက်သာ၊...

လက်ပန်းတောင်းတောင်အရေးထိန်းသိမ်းခံသံဃာ၇ပါးပြန်လွှတ်

Posted by drmyochit Friday, November 30, 2012, under | No comments

မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံး အခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း ခဲ့တဲ့အခါမှာ ကိုသိန်းထိုက်ဦးက အခုလိုပြောပါတယ်။ ကိုသိန်းထိုက်ဦး- “ဟုတ်ကဲ့ခင်ဗျာ။ မနေ့က ကျနော် မုံရွာက မထွက်ခွာခင်၊ မုံရွာဆေးရုံကြီးကို ခဏဝင်ခဲ့ပါတယ်။ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ သံဃာတော်တွေကို ခဏတွေ့ခဲ့ရပါတယ်။ လူတော်တော်များများက...

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်

Posted by drmyochit Friday, November 30, 2012, under | No comments

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။  မူလထုတ်ပြန်ခဲ့သော အချက်(၆)ချက်ပါ ထုတ်ပြန်ချက်တွင် "ထိုသို့ဆောင်ရွက် ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။" ဟု ဖေါ်ပြပါရှိခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့် ...

ဒေါ်အောင် ဆန်းစုကြည် လာမယ့်နှစ် ဆန်းမှာ တောင် ကိုရီယား သွားမယ်

Posted by drmyochit Friday, November 30, 2012, under | No comments

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာသွားဖို့ ရှိပါတယ်။  ၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့...

ဘိန်းစီးပွားရေးကို ဆောင်ရွက်ခဲ့သည့် ကေအိုင်အေ၏ ကချင်လူမျိုး ကောင်းစားရေး သမိုင်း

Posted by drmyochit Friday, November 30, 2012, under | No comments

ကေအိုင်အေများကလည်း ဗကပနှင့်မခြား၊ ကျောက်စိမ်းမှောင်ခို လုပ်ငန်းသာမက ဘိန်းကုန်ကူးခြင်း၊ ဘိန်း စိုက်ပျိုးထုတ် လုပ်ခြင်းများကိုပါ အထူး အလေးထား လုပ်ဆောင် ခဲ့ကြသည်။ ကေအိုင်ေ အခေါင်းဆောင် ဇော်ဆိုင်းနှင့်ဇော်တူး ညီနောင် တို့ရှိစဉ် ကကျောက်စိမ်းနှင့် ဘိန်းများကိုမြင်း၊ လားများဖြင့် သယ်ဆောင်၍ ထိုင်း -မြန်မာနယ်စပ်ရှိ ကေအိုင်အေနိုင်ငံခြား ဆက်သွယ်ရေးစခန်း (OFFICE OF THE KACHIN FOREIGN AFFAIR,OKFA)သို့ ပို့ဆောင်ပြီး တစ်ဖက်နိုင်ငံ တွင်ရောင်းချကြသည်။ ရရှိသောငွေများဖြင့်...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ မစ္စတာကျုံးသန်စန်းနှင့် တွေ့ဆုံဆွေးနွေး

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။ ဧည့်သည်တော်...

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Posted by drmyochit Friday, November 30, 2012, under | No comments

သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။ အဆိုပါ ဂြိုဟ်တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိလင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊...

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်

Posted by drmyochit Friday, November 30, 2012, under | No comments

ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။ ကျဆုံးခဲ့ကြရသော ရခိုင် အမျိုးသား ၆၁ ဦးကို ရခိုင်အာဇာနည် သူရဲကောင်းများ အဖြစ် သတ်မှတ်ပြီး ရည်စူးကုသိုလ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရတပပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်...

သာသနာ့ဝန်ထမ်းဟာ သာသနာ့အရေးထက် ဘယ်အရေးကိုမှ ဦးစားပေးလို့ မရဘူး

Posted by drmyochit Friday, November 30, 2012, under | No comments

ခေါင်းထဲမှာ စဉ်းစားမိတာတွေကို ဘုန်းကြီးစာချ လုပ်သလို ဖြစ်မှာစိုးရိမ်လို့ ထပ်ခါ ထပ်ခါ စဉ်း စားပြီးမှ ရေး ချလိုက်တာပါ။ ကျွန်မ မိရိုးဖလာ ဗုဒ္ဓဘာသာ တစ်ယောက်ဘဝကို စွန့်လွှတ်ပြီး ထေရ ဝါဒဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်လာတာ အချိန် ကာလအားဖြင့် တိုင်းတာမယ်ဆိုရင် ၄နှစ်တာ အတိုင်းအတာ ကို ရောက်ရှိ ခဲ့ပါပြီ။ ဒီလို ရောက်ရှိခဲ့တာက သံဃာတို့ရဲ့ ကျေးဇူးတရားကြောင့်ပါ။ ငယ်စဉ်တည်းက မိဘတွေ ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် တိုက်အုပ် ဆရာေ တာ် အရှင်တိလောကဘိဝံသ...

ကိုယ့်ကိုကိုယ် မီးလောင်ခံ မီးရှို့ခဲ့ကြသော လက်ပံတောင်း ဘုန်းကြီးများ

Posted by drmyochit Friday, November 30, 2012, under | 1 comment

လာင်ဗုံးဟု ဖော်ပြသူက ဖော်ပြ၊ ဓာတုဗေဒ ဗုံးဟု ဖော်ပြသူက ဖော်ပြ စိုင်းသိန်းဝင်းကလည်း ကြားဖူး နားဝ ၀င်ပြောပြီးသည့်နောက် မြန်မာပြည် သူများအကြား ဗုံးပြဿနာသည် ရှင်းမရသည့် ပုစ္ဆာတစ်ပုဒ် ဖြစ် ခဲ့သည်။ သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့မှ မီးသတ်ပိုက်၊ မီးခိုးဗုံးသာ သုံးပါသည် ဟု ဖြေရှင်း ထားပြီး ဖြစ် သည်။ ထိုအချိန် တွင် အဆိုပါ ကိစ္စအား မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ အဖြေ တစ်ခုထွက် လာချေပြီ။ ရဲတပ်ဖွဲ့မှ လူစုခွဲရန် မီးသတ်ပိုက်ဖြင့် စတင်သည်နှင့် ဘုန်းကြီးများသည် ယခင်ကကဲ့သို့ ကန်တော့ တောင်းပန်ကြရန် ဒူးထောက်ထိုင်ခဲ့ကြသည်။ စောင်များ၊ သင်္ဃန်းများနှင့် တဲများမှ မီးလောင်သည်နှင့်...

ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကျင်းပမည်

Posted by drmyochit Friday, November 30, 2012, under | No comments

Myanmar Tourism Federation (MTF) ၏ ဦးဆောင်မှုဖြင့် MTS Group မှ စုစည်းကျင်းပမည့် ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကို ၁၁-၁-၂၀၁၃ ရက်မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် နံနက် ၉း၀၀ နာရီမှ ညနေ ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲကြီးတွင် Travel Zone အနေဖြင့် ပြည်တွင်းပြည်ပသို့ ဝန်ဆောင်မှုပေးနေသော ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ...

မီးလောင် ဒဏ်ရာရသူများအား ပြည်ခိုင်းဖြိုးပါတီမှ ထောက်ပံ့ကြေးပေးအပ်

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့် သည် (၁၀-၁၁-၂၀၁၂) နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ကန့်ဘလူမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆီတွဲရထား တိမ်းမှောက် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ကြသော မီးဘေးသင့်လူနာ...

လက်ပန်းတောင်းသပိတ်စခန်းဖြိုခွဲရာမှာ မီးလောင်ဗုံး အသုံးပြုခြင်းမရှိ

Posted by drmyochit Friday, November 30, 2012, under | No comments

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေသည့် သပိတ်စခန်းများကို ဖြိုခွဲရာတွင် ဓာတုဗေဒဗုံးနှင့် မီးလောင်ဗုံးများ အသုံးပြုခဲ့ခြင်း မရှိဘဲ၊ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်များကို နှိမ်နှင်းရာတွင် အသုံးပြုသည့် သာမန် မျက်ရည်ယိုဗုံး ကိုသာ အသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက RFA နှင့်ဆက် သွယ်မေးမြန်းချက်တွင် ဖြေကြားခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်း...

လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များ ပြန်ဖျက်မည်ဆိုက ကတိ စကားနှင့်တန်ရာတန်ကြေး ထည့်တွက်ရန်လိုဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Posted by drmyochit Friday, November 30, 2012, under | No comments

  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်ပစ်မည်ဆိုပါက တန်ရာတန်ကြေးနှင့် ကတိစကားများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ "အခု လက်ပံတောင်းတောင် စီမံကိန်းက စာချုပ်တွေက ချုပ်ပြီး သားတွေ ပြန်ဖျက်ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့် စဉ်းစားဖို့ လိုတယ်။ ကတိစကား တည်ရမယ်။ ဒီနိုင်ငံက ကတိစကားမတည် ဘူး။ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်စီးသွားနိုင်တယ်လို့ တွေးရင် ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မ၀င် စားနိုင်တော့ဘူး။...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ (၃)နာရ်ီမိနစ် (၅ဝ) တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်