Friday, November 30, 2012

ကိုယ့်ကိုကိုယ် မီးလောင်ခံ မီးရှို့ခဲ့ကြသော လက်ပံတောင်း ဘုန်းကြီးများ

Posted by drmyochit Friday, November 30, 2012, under | 1 comment


လာင်ဗုံးဟု ဖော်ပြသူက ဖော်ပြ၊ ဓာတုဗေဒ ဗုံးဟု ဖော်ပြသူက ဖော်ပြ စိုင်းသိန်းဝင်းကလည်း ကြားဖူး နားဝ ၀င်ပြောပြီးသည့်နောက် မြန်မာပြည် သူများအကြား ဗုံးပြဿနာသည် ရှင်းမရသည့် ပုစ္ဆာတစ်ပုဒ် ဖြစ် ခဲ့သည်။ သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့မှ မီးသတ်ပိုက်၊ မီးခိုးဗုံးသာ သုံးပါသည် ဟု ဖြေရှင်း ထားပြီး ဖြစ် သည်။ ထိုအချိန် တွင် အဆိုပါ ကိစ္စအား မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ အဖြေ တစ်ခုထွက် လာချေပြီ။
ရဲတပ်ဖွဲ့မှ လူစုခွဲရန် မီးသတ်ပိုက်ဖြင့် စတင်သည်နှင့် ဘုန်းကြီးများသည် ယခင်ကကဲ့သို့ ကန်တော့ တောင်းပန်ကြရန် ဒူးထောက်ထိုင်ခဲ့ကြသည်။ စောင်များ၊ သင်္ဃန်းများနှင့် တဲများမှ မီးလောင်သည်နှင့် ချက်ချင်း မီးကူး စက်ရန် အလွယ်ဆုံး ပစ္စည်းများ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များကို ဘုန်းကြီး မပီသစွာ ကန်တော့တောင်းပန်ပြီး စက်တင်ဘာကဲ့သို့ လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။
ထိုအချိန်တွင် မီးတောက်များ တောက်လောင်နေလေပြီ။ မီးစတင် လောင်ကျွမ်း ခံရသော ဦးဇင်းတစ်ပါးမှ ထို ထိုင်ကန်တော့နေသော ဘုန်းကြီးများ အနားရောက်သည်။ မျက်လုံးမှိတ်ကာ ဆုတောင်းနေသည့် ဘုန်းကြီးများ သည်လည်း မမြင်ကြ။ နောက်ဆုံးတော့ လောင်ကျွမ်းခံ ရသူများသည် ထိုထိုင်ကန်တော့ဖို့ ကြိုးစားခဲ့ကြသော ဘုန်းကြီးများသာ ဖြစ်ခဲ့သည်။
မီးလောင် ဘုန်းကြီးများကို ၀င်ဆွဲသော လူ တစ်ဦး ၂ ဦးမှ လွဲ၍ မီးလောင် ဒဏ်ရာရသူအားလုံးမှာ ဘုန်းကြီးများသာ ဖြစ်သည်။ ကံကံ ၏ အကျိုးပင် ဖြစ်ပေတော့သည်။

1 comments:

မင်းကဘုန်းကြီးတွေမကောင်းကြောင်းပဲရေးနေတာမင်း အမေမင်းနှမတွေကိုဘုန်းကြီးတွေက- - - -နေလို့လား

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်