Friday, November 30, 2012

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်

Posted by drmyochit Friday, November 30, 2012, under | No comments



အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။  မူလထုတ်ပြန်ခဲ့သော အချက်(၆)ချက်ပါ ထုတ်ပြန်ချက်တွင် "ထိုသို့ဆောင်ရွက် ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။" ဟု ဖေါ်ပြပါရှိခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ရှိနေကြောင်း စုံစမ်း သိရှိရပါသည်။  အစိုရသတင်း ထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ (၂၉)ရက် ညနေ ၄နာရီတွင် အစိုရ ရုပ်မြင်သံကြား (MRTV) မှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြေညာချက် ထုတ်ပြန်အပြီး နာရီပိုင်းအကြာ ည (၈) နာရီခန့်တွင် ယင်းထုတ်ပြန်ချက်အား ပြန်လည် ပယ်ဖျက်ကြောင်း သမ္မတရုံးဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ပယ်ဖျက် သည်ကိုမူ မသိရှိ ရသေးပါ။
from -EMG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်