Thursday, July 11, 2013

ထိုင်းနိုင်ငံတွင် ရခိုင် ၁၇ ဦးရောင်းစားခံရာမှ ၃ ဦးလွတ်မြောက်

Posted by drmyochit Thursday, July 11, 2013, under | No comments


ထိုင်းနိုင်ငံ ပါတနီမြို့တွင် ရခိုင်အမျိုးသား ၁၇ ဦး ငါးဖမ်းလှေသို့ ဇန္န၀ါရီလ ၁၅ ရက်နေ့က ရောင်းစားခံရပြီး ၄င်းအ ထဲမှ ၃ ဦးမှာ ဇူလိုင်လ ၈ ရက်နေ့က ပြန်လွတ်မြောက်လာကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသား ၃ ဦးမှာ ရခိုင်ပြည် ကျောက်တော်မြို့နယ် သာဒါဆိပ်ကျေး ရွာမှ ကိုသိန်းထွန်း အသက် ၂၆ နှစ်၊ ကိုအောင်တင်ဝင်း အသက် ၂၃ နှစ်နှင့် ကိုထွန်းထွန်းလှ အသက် ၂၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။

သူတို့သည် ရောင်းစားခံခဲ့ရချိန်အတွင်း အလုပ်ရှင် သူဌေးထံမှ ပေးသော အပိုသုံးငွေများကို စု၍ ရရှိ ထား သည့် ဘတ် ၁၀၀၀ ဖြင့် မလေးရှားနိုင်ငံသို့ ထွက်ပြေးလာရာ မလေးရှားနိုင်ငံရှိ ရခိုင် လူမှု ကယ်ဆယ် ရေး အဖွဲ့များမှ ကူညီဆောင်ရွက်ပေးမှုကြောင့် ယခုလို ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သ ည်ဟု လွတ် မြောက် လာ သူအထဲမှ တစ်ဦးဖြစ်သူ ကိုသိန်းထွန်းက ပြောသည်။

" ပွဲစားက ကျနော်တို့ကို ခေါ်တဲ့အချိန်မှာ ရေခဲစက်ရုံမှာ အလုပ်လုပ်ရမယ်။ အဲဒီစက်ရုံမှာ မလုပ်ရဘူးဆိုရင် ဝပ်ရှော့ပ်တစ်ခုခုမှာ ထည့်ပေးမယ်လို့ ပြောပြီးတော့ ခေါ်လာတာပါ။ ထိုင်းနိုင်ငံ ပါတနီမြို့ကိုလည်း ရောက်တော့ ငါးဖမ်းလှေမှာ တခါတည်းတန်းပြီးတော့ ထည့်လိုက်တာပဲ။ ကျနော်တို့ အင်ဒိုရီမှာ ၅ လ ကျော်ရောင်းစား ခံခဲ့ရပါတယ်။ အဲဒီကမှ တဆင့် သူဌေးဆီကနေ အပိုသုံးဖို့ပေးထားတဲ့ ပိုက်ဆံတွေ ကို စုပြီးတော့ မလေးမှာ ရှိနေတဲ့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းပြီးတော့ သူတို့ ကကယ် လိုက်တဲ့ အတွက် ကျနော်တို့ အခုလိုလွတ်မြောက်လာတာ ဖြစ်ပါတယ်။ " ဟု သူက ပြောသည်။

အဆိုပါ ၁၇ ဦးကို ရောင်းစားလိုက်သော ပွဲစားမှာ ရခိုင်ပြည် ကျောက်တော်မြို့နယ် ရွက်မှိုင်းကျေးရွာက ကိုမောင် လှဖြစ်ပြီး ၃ ယောက်ကို ၇ သိန်း၊ တစ်ယောက်ကို ဘတ် ၁၅၀၀၀ စီတောင်းစားခဲ့သည်ဟု ကိုသိန်း ထွန်းက ဆိုသည်။

" ကျနော်တို့ကို ၃ ယောက်ပေါင်းရင် ပိုက်ဆံ ၇ သိန်းပေးရမယ်။ ၁ ယောက်တည်းဆိုရင် ဘတ် ၁၅၀၀၀ စီပေးရ မယ်လို့ ကတိနဲ့ခေါ်ယူခဲ့တာပါ။ အားလုံးက ၁၇ ယောက်ပေါ့နော်။ ကျနော်တို့ ၃ ယောက်ကတော့ လွတ်မြောက် လာတယ်။ ကျန်တဲ့ ၁၄ ယောက်ကတော့ အခုထိ ရောင်းစားခံနေရတုန်းပါပဲ။ သူတို့ကို အင်ဒို ရီမှာ တွေ့ ခဲ့ပါတယ်။ သူတို့ရဲ့ နေရပ်လိပ်စာနဲ့ နာမည်ကိုတော့ အတိအကျမသိပါဘူး။ ဒါပေမယ့် သံတွဲ၊ ကျောက်ဖြူ ဘက်ကတော့ ပါတယ်။ ကျနော်တို့ လွတ်မြောက်သွားပေမယ့် ကျန်ခဲ့တဲ့ လူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ " ဟု သူကပြောသည်။

ကျန်ရှိနေသော ရခိုင်အမျိုးသား ၁၄ ဦးကို မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံမှ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်း ကာ အမြန်ဆုံးကယ်ဆယ်နိုင်အောင် ကြိုးစားဆောက်ရွက်နေကြသည်ဟု မလေးရှားနိုင်ငံရှိ ရခိုင် အရေးဆောင် ရွက်နေသူ ကိုမောင်ယေက ပြောသည်။

Arakan times

သင်္ဃန်းဝတ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား တရားမ၀င် မလေးရှားနိုင်ငံသို့ ပို့ဆောင်သူများအား အရေးယူ

Posted by drmyochit Thursday, July 11, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁၁

၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့နယ်(၈)ရပ်ကွက်၊ အနော်ရထားလမ်း အမှတ် ၂၄၀ ရှိ Polo Guest House တွင် သင်္ဃန်းဝတ်ဖြင့် လာရောက်တည်းခိုပြီး အရပ်ဝတ်ဖြင့် နေထိုင်ကာ လမ်းဘေး ထမင်း ဆိုင်တွင် ထမင်း ထွက်စားသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များဖြစ်သည့် Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး/ဗုဒ္ဓဘာသာ၊ (ဘ) Rjon Barua နှင့် Antar Barua (၂၉)နှစ်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး /ဗုဒ္ဓ ဘာသာ၊ (ဘ) Dulal Barua တို့နှစ်ဦးအား စစ်ဆေးရာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေး ရှားနိုင်ငံ သို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ရန် တဆင့်လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင် ငံ ရှိ မင်းနိုင် (၃၅)နှစ်၊(ဘ)ဦးအာဇီဇူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ ဇနီးဖြစ်သူ မရင်ရင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးမာမတ်ဆူလတန်၊ သာကေတမြို့နယ်နေသူတို့ နှစ်ဦးမှ တရားမ၀င်ပို့ပေးမည်ဖြစ်ပြီး ပို့ပေးခ အဖြစ် တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီအား ပေးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့နှစ်ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရ မင်းနိုင်နှင့်မရင်ရင်ဝင်း တို့နှစ်ဦးအား ၎င်းတို့ နေအိမ်မှ ဖမ်းဆီး ရ မိစစ်ဆေးရှာဖွေခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးအား ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ မာမတ်ဆူလတန်(ခ)တင်ဝင်းနှင့် မရွှေလုံးတို့မှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင် မည်ဖြစ် ကြောင်းနှင့် နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း(၁)လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် (၆)ရွက်၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ သုံးငွေ ၅၀၀ တန် (၁)ရွက်၊ ၁၀၀ တန် (၂) ရွက်၊ ၅၀ တန် (၁)ရွက်၊ မြန်မာငွေ စက္ကူရောရာ ၃၅၈၀၀၀ ကျပ်၊ Mr. Antar Barua အမည်ဖြင့်Air Banglaလေယာဉ် လက်မှတ်နှင့် ပတ်သက်သည့် စာရွက် (၆)ရွက်၊ Mr. Parsujit Barua အမည် ဖြင့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သည့် စာရွက် (၇)ရွက် တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့ သိမ်းဆည်းကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ် ဦးအား မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟု သွေးဆောင်ပြောဆို၍ တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ သုံး ငွေများ အားရယူပြီး တရားမ၀င် လမ်းကြောင်းမှ သယ်ယူပို့ဆောင်သူ မင်းနိုင်၊ ရင်ရင် ၀င်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေသူမာမတ်ဆူလတန်(ခ) တင်ဝင်း၊ မရွှေလုံးတို့ (၄)ဦးအား ၁၀.၇.၂၀၁၃ရက်နေ့၀၈၃၅အချိန် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၀၅/၂၀၁၃ ပုဒ်မ ၃၆၇/၃၇၀ ဖြင့်အမှုဖွင့် အရေး ယူ ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန် ထားပါသည်။ 

ဖားကန့်တွင် ရေကြီး၍ နေအိမ်များနစ်မြုပ်

Posted by drmyochit Thursday, July 11, 2013, under | 1 comment


ရန်ကုန်၊ ဇူလိုင် ၁၀

ကျောက်စိမ်းများ အဓိကထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇူလိုင် ၁၀ ရက်နေ့က မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ဥရုချောင်းရေကြီးကာ မြို့ပေါ်ရပ်ကွက်အချို့နှင့် နေအိမ်များ နစ်မြုပ် ခဲ့ကြောင်း ဒေသခံ များက The Voice သို့ ဆက်သွယ်ပြောကြားသည်။

ဖားကန့်မြို့ပေါ်တွင် ဥရုချောင်းရေသည် မြို့လယ်တံတားနှစ်ခုကို ကျော်လွန်ခဲ့ပြီး မြို့မရပ်ကွက်နှင့် မရှီ ကတောင်ရပ် ကွက်တို့ရှိ နေအိမ်အချို့ နစ်မြုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရရသူနှင့် သေဆုံးသူ မရှိသေးကြောင်း ငှက်ပျောတော ရပ်ကွက်ရှိ ကျောက်စိမ်းဝယ်ရောင်းတစ်ဦးက ဇူလိုင် ၁၀ရက်နေ့ နေ့လယ်၁ နာရီခန့်တွင် ဖားကန့်မြို့ အခြေအနေကို ပြောပြသည်။
"လုံးခင်း၊ ဆိုင်းတောင်(ဆိပ်မူ) ဘက်လည်း အိမ်တွေမြုပ်ကုန်ပြီလို့ ကြားတယ်" ဟုလည်း ၄င်းကဆိုသည်။

လုံးခင်ကျေးရွာတွင်မူ ရွာလယ် လမ်းမကြီးတစ်လျှောက် ရေလျှံခဲ့သော်လည်း ယခင်နှစ် ရေကြီးမှုစံချိန်ထိ မရောက်သေးကြောင်း၊ ဥရုချောင်းကမ်းတွင် နေထိုင်သည့် နေအိမ်အချို့ ရေလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းထားကြကြောင်း လုံးခင်ရပ်ကွက် (၄)တွင် နေထိုင်သူ အမျိုးသမီးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြစ်ကြီးတစ်ခုဖြစ်သော ချင်းတွင်းမြစ်၏ မြစ်ဖျား ဥရုချောင်းသည် ဖားကန့်မြို့နယ် အတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်များကြောင့် နုန်းပို့ချမှု မြင့်မားလာသည့်အပြင် ကျောက်မျက်ကုမ္ပဏီ အချို့က နွေရာသီတွင် ဥရုချောင်းကိုပိတ်ကာ ကျောက်မျက်တူး ဖော်ကြ သည့်အတွက် ရေစီးလမ်းပြောင်းလာမှု တို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ရေကြီးရေလျှံ ဖြစ်နေသည်မှာ ဆယ်စုနှစ်ကျော်လာပြီ ဖြစ်သည်။

The Voice Weekly

ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်တင်

Posted by drmyochit Thursday, July 11, 2013, under | No comments

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြည့်တန်ဆာအဖြစ် အတင်း အကျပ် ခိုင်းစေခံနေ ရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ဇူလိုင်လ ၁၀ ရက်နေ့ ညက ထိုင်း-မြန်မာပူးပေါင်းပြီး ကယ်ထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ် နန်းယန်းလှေဆိပ်က  အိမ်ခန်း ၅ ခုမှာ  မြန်မာမိန်းကလေးတွေ  ပြည့်တန်ဆာအဖြစ် အတင်း အကျပ် ခိုင်းစေ ခံနေရတယ်ဆိုတဲ့ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ အထူး မှုခင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ဖန်ငအခြေစိုက် ပညာရေး ဖောင်ဒေးရှင်း အဖွဲ့ဝင်တွေ၊ ထိုင်းရောက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေ ပူးပေါင်း ကယ်တင် လိုက်တာ ဖြစ်ပါတယ်။

ကူညီကယ်ထုတ်ပုံခဲ့ပုံကို မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “မနေ့က ကျနော်တို့ ည ၈ နာရီလောက်မှာ ဒေသခံ ရဲတွေနဲ့ သွားဝိုင်းတဲ့အခါမှာ အလုပ်ရုံ ၅ ခုစလုံး အားလုံး ပိတ်လိုက်ပြီးတော့ မြန်မာ ပြည့်တန် ဆာတွေကို အကုန်လုံး တောထဲကို ခနရှောင်နေကြဆိုပြီးတော့ ရှောင်ခိုင်းထားတယ်တဲ့။ သွားဝိုင်း တဲ့ အခါ ကျနော်တို့ တယောက်မှ မတွေ့တော့ ကျနော်တို့ အဖွဲ့ထဲက တယောက်က ဟိုသွားဒီသွား ရှာနေ တယ်။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲနဲ့ ထားဝယ်က အမျိုးသမီး  အသက် ၂၂ နှစ်လောက်၊ နောက် ၁၇ နှစ် အရွယ် ကောင်းမလေးတယောက်က ထွက်လာတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့နဲ့ တွေ့ပြီးတော့ ကျနော်တို့က တိုးတိုးတိတ်တိတ် ပြောတယ်။ သမီးတို့ကို လာဖမ်းတာ မဟုတ်ဘူး၊ သမီးတို့ မိဘတွေဆီ ပြန်ပို့မှာ သမီးတို့ ဒီဘ၀က မလွတ်မြောက်နိုင်တာ ဦးတို့ သိလို့ လာကယ်ထုတ်တာ သမီးဆိုတော့ သူတို့ ယုံကြည်သွားတယ်။ သူတို့ ထလိုက်ကြတယ်။ ကျနော်တို့ရှေ့မှာ ဟေး ဒီဘ၀က လွတ်ပြီး လွတ်ပြီး လွတ်ပြီး အသံထွက်အော်ပြီးတော့ ကကြတာဗျ။ ဒါနဲ့ ကျနော်တို့ တနာရီလောက်ကြာအောင် ပတ်ပြီးတော့ ရှာကြတယ်။ နောက်ဆုံးကြတော့ သူတို့ တဖြည်းဖြည်း ထွက်လာကြတယ်၊ ဆိုတော့ ကျနော်တို့ စုစုပေါင်း ၁၀ ယောက် အောင်အောင်မြင်မြင်ပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တောထဲ ရှောင်းတိန်းခိုင်းထားတဲ့အထဲမှာ မြန်မာမိန်းကလေး စုစုပေါင်း ၅၀ ရှိပြီး ၁၀ ယောက်ပဲ ထွက်လာတာလို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေဟာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား အရွယ်တွေဖြစ်ပြီး ရန်ကုန်နဲ့ တနင်္သာရီတိုင်းက ဖြစ်ကြောင်း၊ သူတို့ထဲမှာ ပြည့်တန်ဆာလုပ်သက် ၃ လကနေ ၈ နှစ်အထိ သက်တမ်းရှိ သူတွေပါဝင်ကြောင်း၊ ၁၆ နှစ်ရွယ် မိန်းကလေးမိန်းကလေး ၁ ဦးဟာ အဲဒီကို စရောက်တုန်းက အပျိုဖော်မ၀င်သေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

သူတို့ ၁၀ ဦးထဲက  ၁ ဦးကို  ခင်ပွန်းသည်ထံ အပ်နှံခဲ့ပြီး မြန်မာပြည်ကို ၂ ဦး ပြန်သွားသလို ကျန် ၇ ဦးကိုတော့ ကရပူရီခရိုင် အမျိုးသမီး ကယ်ဆယ်ရေးဂေဟာမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

မိန်းကလေးအများစုဟာ ရောင်းစားခံရလို့ ရောက်လာတာဖြစ်ပြီး ဧည့်သည်တွေကို ငြင်းခွင့်မရှိ၊ ရွေးခွင့်မရှိ၊ ငြင်းရင် ထမင်းဖိုးမရကြောင်း၊ မိန်းမကိုယ်မှာ ဒဏ်ရာရသူ ၃ ဦးရှိပြီး အလုပ်ရှင်က မကုသပေးတဲ့အတွက် အခုအပြင်မှာ ကုသနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည့်တန်ဆာခန်းပိုင်ရှင်ကို လိုအပ်သလို စစ်ဆေးအရေး ယူပေးဖို့ ဒီကနေ့မနက်ဘဲ ကရပူရီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း၊ ရဲစခန်းက မန်နေဂျာ ၂ ယောက်ကို ဖမ်းထားပြီး ပိုင်ရှင်ကိုတော့ မမိသေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

မိန်းကလေးတွေ သွားရောက်ကူညီဖို့ လိုအပ်တဲ့ စရိတ်တွေကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံမှူး ဦးနိုင်ထွန်းက ကူညီပြီး အခြားလိုအပ်တဲ့ စရိတ်တွေကိုတော့ နီးစပ်ရာ အလှူရှင်တွေဆီက ကောက်ခံနေတယ်လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ မိန်းကလေးတဦးက “သမီးကို ခေါ်လာတုန်းကတော့ လေယာဉ်နဲ့ ခေါ်လာတယ်။ ခေါ်လာတဲ့ ပွဲစားမက ဇင်မျိုး။ သမီးကို ထိုင်းနိုင်ငံမှာ အထည်ရောင်း၊ အထည်ဆိုင်ပေါ့။ မြန်မာငွေ ၁ လကို ၁ သိန်းရမယ်ပေါ့နော်။ သမီးကလည်း အိမ်မှာ ဒုက္ခရောက်တယ်ဆိုတော့ အဲဒါဆို သမီးလိုက်မယ်၊ လမ်းစရိတ်ကတော့ တလပဲ လုပ်ရတယ် သမီးရယ်တဲ့။ ဒီဘက်ရောက်ရော ရနောင်းမှာ သမီးကို အပြင်လည်း ပေးမလွှတ်ဘူး၊ တယောက်ကတော့ အဲဒီလိုမျိုး ဧည့်သည်နဲ့ ထွက်ပြေးသွားလို့ မိသွားတော့ အသတ်ခံလိုက်ရတယ်လို့ ပြောတာပဲ။ အခုအချိန်အထိ ပြန်မပေါ်လာတော့ဘူး။ တယောက်ကတော့ သမီးနဲ့ ပြေးရင်းနဲ့ ဟိုရောက်ဒီရောက်နဲ့ မလေးကို တယောက်က ရောက်သွားတယ်။ ကျန်တဲ့တယောက်ကတော့ ရနောင်းမှာ ကျန်ခဲ့တယ်။ ဘာမှ အစအန ရှာမတွေ့ဘူး။ တယောက်ကတော့ သေသွားပြီ ဓာတ်ပုံလည်းပါလာတယ်။ သမီးသူငယ်ချင်းအကြောင်း သမီးလည်း ၀မ်းနည်းတယ်။ သမီးကတော့ လွတ်မြောက်သွားပေမယ့် သူကတော့ ဒီထိုင်းနိုင်ငံမှာ အသက် စတေးခဲ့ရတယ်ဆိုတော့ သမီးအရမ်းဝမ်းနည်းတယ်၊ သမီးသူငယ်ချင်းဆိုတော့ သမီးတော်တော် စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုကြောင့် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား သုံးသန်းကျော်လောက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖော်အလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

 by နန်းမြနဒီ (ဒီဗွီဘီ)

(ဒေါ်ဇင်မာအောင်+ဒေါ်ရွှေဇီးကွက်+ဒေါ်စူဇန်နာလှလှစိုးအမှူးရှိသောအမျိုးသမီးအဖွဲ့များအတွက်")

Posted by drmyochit Thursday, July 11, 2013, under | No comments

"ပူပူနွေးနွေး ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်"။
=======================================

ကောင်မလေး နာမည်က မဂျူးဂျူး အသက် (၁၉) နှစ် (၁၀)တန်းကျောင်းသူ မန္တလေး၊ မဟာ အောင်မြေ မြို့နယ် မာလကာခြံ ရပ်ကွက် မှာနေတယ်။

အဖ ဦးဂျော်နီ အမိ ဒေါ်ဝင်းကြည်၊ မိဘနှစ်ပါးလုံး ဆုံးပါးသွားလို့ အဖွား ဒေါ်အမာနှင့် အတူ နေထိုင်တယ်။

မာလကာခြံ ရပ်ကွက် ဆိုတာ ပန်းဆက် ဗလီရဲ့ နောက်ကျောမှ ကုလား ရပ်ကွက် ဖြစ်ပါတယ်။
ကုလား ကိုသန်းမင်းဦး (ခ) ရှာဗန်မှာ မယားလည်း ရှိပါတယ်။ သားသမီးလည်း ရှိပါတယ်။ သား မယားက တစ်နေရာမှာ နေပြီး ရှာဗန်က ဂျူးဂျူးတို့ ရပ်ကွက် ထဲက သူ့ မိဘ အိမ်မှာ နေပါတယ်။
တစ်ရပ်တည်း သားတွေ ဖြစ်လို့ ခင်မင် တယ်လို့ ဆိုပါတယ်။ အထက(၂၄) တက်တုန်းက တစ်ခေါက်စ နှစ်ခေါက်စ ကျောင်းလိုက်ပို့ ပေးတာ ကလွဲလို့ ချစ်ရေး ဆိုဖူးတာလည်း မရှိသလို မူဆလင် မှန်းလည်း မသိရပါ ဘူးတဲ့။

လွန်ခဲ့တဲ့ တစ်နှစ် ခန့်က ည 8:00 နာရီ ကျူရှင် သွားဖို့ မဂျူးဂျူးက အိမ်က ထွက် အလာ ရှာဗန်က လမ်းကြုံ တာနဲ့ ကျူရှင် လိုက်ပို့ ပေးမယ် ပြောလို့ မဂျူးဂျူးက ဆိုင်ကယ် နောက်မှ ထိုင်လိုက် လာပြီး ကျူရှင် သွားခဲ့ တာပါ။ ဆရာမ မရှိလို့ ကျူရှင် ပိတ် ထားကြောင်း သိရလို့ အိမ်ပြန် လာတဲ့ အခါ ရှာဗန်က ကန် ပတ်လမ်းမှ ပတ်မောင်းကာ မဂျူးဂျူးကို ခိုးပြေး ပါတော့တယ်။
၂၁- မိုင် ရောက်လို့ ကောင်မလေးက အိမ်သွားတဲ့ လမ်းလည်း မဟုတ်ဘူး။

ဘယ် မောင်း နေတာလည်း မေးမှ ခိုးပြေးကြောင်း ပြောပါတယ်တဲ့။

သမီး ရည်းစားလည်း မဟုတ်၊ အသက် အရွယ်ကလည်း ကွာလို့ ငြင်းတဲ့ အခါ ရှမ်းပြည်ကို ဇွတ်မောင်း ပြေးပါ တော့တယ်။ ငိုယို တောင်းပန်ပေမယ့် မရပါဘူး။ ရှက်လည်းရှက် ကြောက်လည်း ကြောက်နှင့် ကောင်မလေး ဘ၀ကို ကုလားလက်ထဲ အဆုံး ခံလိုက် ရပါ တော့တယ်။

နန့်ခမ်းမြို့မှာ တစ်လခွဲလောက် နေပြီး ပြန်လာတဲ့ အခါ အဖွား ဒေါ်အမာ ဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက် ရပါတယ်။

ရှာဗန်ရဲ့ အိမ်မှာ မိခင်ကြီး ဒေါ်လှမြင့်နှင့် အတူ နေထိုင် ပါတယ်။

ဗမာ လိုလည်း ဆောင် မပေး နိုင်ဘူး မင်္ဂလာဆောင် အခမ်း အနားလည်း လုပ်မ ပေးနိုင်ဘူး။ ကုလားလို ဆောင်မယ် ဆိုရင်တော့ ဆောင်ပေးမယ်လို့ ရှာဗန်တို့ သား အမိက ပြောတော့ ကုလားလို ဆောင်တာ မမြင်ဖူးဘူး။ ဘယ်လို ဆောင်တယ် ဆိုတာ သိရရင် ဆောင်မယ်လို့ ကောင်မလေးက ပြန်ပြောတဲ့ အခါ ပန်းဆက် ဗလီနောက် ကျောက ဓမ္မာရုံလို အဆောက် အအုံ ထဲမှာ ကျင်းပတဲ့ မင်္ဂလာဆောင် အခမ်းအနားကို လေ့လာ ခိုင်းပါတယ်။

ဗမာ မလေးနှင့် ကုလား ထီလေး မင်္ဂလာ ပွဲပါ။ နှစ်ယောက် လုံးကို ကန့်လန့် ကာကြီး ခြားထား ပါတယ်။ ဗလီ ဆရာ သုံးယောက်က ကောင်မလေးကို "ဘုရား၊ ဘုန်းကြီး မကန်တော့ ရဘူး။ မိဘ ကိုလည်း မကန်တော့ ရဘူး " စတာ တွေကို သင်ပေး နေပါတယ်။

ဗမာ မလေးက ခေါင်းမြီး မခြုံ တတ်ဘူး ပြောတော့ မျက်နှာသုတ် ပုဝါရှည်ကို ခေါင်းခြုံ ခိုင်းထား ပေးပါတယ်။ မခြုံမှီ နွားနို့နဲ့ ခြေတွေ လက်တွေ ဆေးပေး ပါသေးတယ်။ ပြီးတဲ့အခါ ကောဇော ပြာကြီးပေါ် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် ခိုင်းပါတယ်။ သုံးခေါက် လမ်းလျှောက် တာကို ပရိသတ်က ၀ိုင်းအုံ အားပေး ငေးမော ကြည့်ရှု့ နေကြပါ တယ်။ အားလုံး မူဆလင် ကုလားတွေ ချည်းပါပဲ။

ကောင်မလေး ဘတ်မှ ဆွေးမျိုး မိတ်သင်္ဂဟ မပြောနှင့် အသိ သက်သေ တစ်ယောက် တလေ တောင် မပါပါဘူး။ ကောင်မလေးက မုံရွာ ဇာတိ ဖြစ်ပြီး ဈေးချိုမှာ အထည် ရောင်း စာရေးမ အလုပ် လုပ်ပါတယ်။ ကောင်လေးက ဈေးချို အထည် အလိပ်ထမ်း အလုပ် သမား လေးပါ။

ကောင်လေးကို ယူရင် ရွှေ တစ်ဆင်စာ ပေးမယ် ဆိုလို့ ကုလားလို မင်္ဂလာဆောင် လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကောင်မလေး လမ်းလျှောက်ပြီးတဲ့ အခါ ဗလီ ဆရာ သုံးယောက်က ကြမ်းခင်း ပေါ်က ကော်ဇော ပြာကို လိပ်ပြီး ပြလိုက် ပါတယ်။ ကော်ဇောအောက်မှာ ရွှေတိဂုံ၊ မဟာ မြတ်မုနိ၊ ကျိုက်ထီးရိုး၊ ဆူးလေ စေတီပုံ ရုပ်ပွားတော် ပုံတွေ ကိုးပုံ ဆယ်ပုံလောက် ဖြန့်ခင်း ထားတာ တွေ့လိုက်ရပါတယ်။
ကောင်မလေး ကိုလည်း ပြပါတယ်။ ပရိသတ်ကိုလည်း ပြပါတယ်။ ကောင်မလေးက မျက်နှာကို လက်ဝါးနှင့် အုပ်ပြီး ငိုပါတော့တယ်။

ငိုပြီးတဲ့ အခါကျတော့ "ပြီးမှတော့ မထူးဘူး သူနဲ့ပဲ လက်ထပ်မယ်" လို့ ပြောတဲ့ အခါ ဗလီ ဆရာ သုံးယောက်က ဆွဲကြိုး တစ်ကုံး လက်ကောက် တစ်ကွင်း နားကပ် တစ်ရံ ဆင်ပေး ပါတယ်။
ဒါကြီးကို မြင်လိုက်တော့ မဂျူးဂျူး ထိန့်လန့် သွားပါတယ်။ ဒီလိုကြီး ဆောင်ရမှာ ဆိုရင် မဆောင် ဘူးလို့ ပြောလိုက် ပါတယ်။

အဲဒီ ညမှာပဲ ယောက္ခမကြီး ဒေါ်လှမြင့် ကလည်း နှင်ချ၊ ကုလား ရှာဗန်ကလည်း လက်မခံလို့ မဂျူးဂျူးလေး ဆင်းပြေး လာခဲ့ ရပါတယ်။

(မင်္ဂလာ အခမ်း အနား ကျင်းပတဲ့ သတိုးသားနှင့် သတိုးသမီးတို့ နာမည်ကို သိခွင့် မရခဲ့ ဘူးလို့ ဆိုပါတယ်)။

အဲဒီ မင်္ဂလာ အခမ်းအနား မပြခင်မှာလည်း ဘာသာ ကူးပြောင်း ခိုင်းတာ မရလို့ ရေပိုက်နဲ့ ခါးတွေကို ရိုက်နှက် ညှဉ်းဆဲတာ မကြာခဏ ပါပဲတဲ့ မဂျူးဂျူးလေး အိမ်ကဆင်း လာတော့ နေ စရာ မရှိလို့ မြရည်နန္ဒာမှ (၁၀)တန်းတုန်းက သူငယ်ချင်း အိမ် အကူ အညီများ တောင်းရင်း အ၀တ်လျှော် စားပါတယ်။ ဖုန်းဆိုင် မှာလည်း ဆိုင်စောင့် လုပ်ပြီး ၀မ်းစာ ရှာခဲ့ပါတယ်။

မင်္ဂလာ အခမ်း အနား မတိုင်မီ ရှာဗန်က ငွေသွား ထုတ်အုံးမယ် ပြောပြီး ပန်းဆက် ဗလီကို သွားကြောင်း ငွေငါးသိန်း ရခဲ့ကြောင်းပဲ ပြောပါတယ်။ ဘယ် အတွက် ငွေထုတ်တယ် ဆိုတာ မသိရပါဘူး။

အ၀တ်လျှော်တဲ့ အခါ ရှာဗန် အိတ်ကပ် ထဲက ပြေစာတွေ့ရမှ အကြောင်းစုံ သိရတာပါ။ ဗမာ မိန်းကလေး တွေကို ကြေး သတ်မှတ် ပေးထား တာပါ။ (၁၀) တန်းကျောင်း သူရရင် (၅) သိန်း ရိုးရိုးဘွဲ့ရ မိန်းကလေး ဆိုရင် (၁၀) သိန်း ဆရာဝန်မ ရရင် (၁၅) သိန်း စတာတွေ ရေးထားပြီး ရှာဗန်အား (၁၀) တန်း ကျောင်းသူ (မြန်မာ/ဗုဒ္ဓ) ကို ရအောင် ယူနိုင်လို့ (၅)သိန်းကျပ် ဆုချ လိုက်ကြောင်း ဂုဏ်ပြု ထားတာကို တွေ့လိုက် ရပါတယ်။ ဒီတော့မှ ဗလီ ငွေသွား ထုတ်အုံးမယ် ပြောသွားတဲ့ ရှာဗန်ရဲ့ စကားကို ဂျူးဂျူး သဘော ပေါက်သွား ခဲ့တာပါ။ (ဗမာရုပ် ပေါက်နေလို့ ကုလားမှန်း မသိခဲ့ ရခြင်း ဖြစ်ပြီး အိမ်က ဆင်းတဲ့ နေ့ကျမှ မယားကြီးနှင့် သားသမီး တွေရှိမှန်း သိခဲ့ ရတာ ပါတဲ့)။

ဒီလိုနဲ့ ယမန်နေ့ (8.7.2013) မှာ ကိုယ်ဝန် ပြဖို့ ဗဟို အမျိုး သမီးဆေးရုံကို သူငယ်ချင်းက လိုက်ပို့ ပါတယ်။

အာထရာဆောင်း ရိုက်ကြည့်တဲ့အခါ "ရိုက်နှက် ခံရလို့ ကလေးက ကန့်လန့် ခံနေတယ်။ ခွဲစိပ် မွေးရမယ်" ပြောလို့ ကြောက်ပြီး ပြန်လာခဲ့ ပါတယ်။

မခွဲဘဲ မွေးရင်တောင် ငွေ မရှိပါဘူး။ ခွဲပြီးမှ မွေးရရင် ပိုဆိုး မယ်ထင်ပြီး ငွေမရှိလို့ ဆေရုံ မတက်ဘဲ ပြန်လာခဲ့ တာပါ။

ဒီကနေ့ ဦးဝီရသူ ထံရောက်တော့ ဝေဒနာ ပြင်းထန် နေပါပြီ။ ချမ်းမြသုခ (နာရေး အသင်း)ကို ခေါ်ပြီး ဗဟို အမျိုး သမီး ဆေးရုံကို ပို့ခိုင်း လိုက်ပါတယ်။ ငွေ တစ်သိန်း ကျပ်လည်း လှူလိုက် ပါတယ်။

အိမ်က ဆင်းလာတော့ ငွေတစ်ကျပ် တစ်ပြား မပြောနဲ့ မှတ်ပုံတင် တောင် ပါမလာခဲ့သူ တစ်ကောင် ကြွက်မလေးပါ။ ဒါပေမယ့် "ဘုရားပုံ နင်းရမယ် ဆိုရင် ကုလားလို မင်္ဂလာ မဆောင်နိုင်ဘူး" ဆိုပြီး ကျေကျေ နပ်နပ်ကြီး ဆင်းလာခဲ့တဲ့ သူတော်ကောင်း မလေးပါ။

သူမရဲ့ မီးဖွား စရိတ်နှင့် သူမတို့ သားအမိ ဘ၀ရှေ့ ရေး အတွက် အမျိုး သမီးများ အဖွဲ့ကို အကူ အညီ တောင်းပါ ရစေ။

နောက်ပြီး အမျိုးစောင့် ဥပဒေသာ ပေါ်ထွက် ခဲ့ရင် သူမလို ဒုက္ခမျိုး မြန်မာ တိုင်းရင်းသားတွေ မတွေ့ကြုံ ရတော့ ဘူးပေါ့ဗျာ။

တကယ်တော့ အမျိုးစောင့် ဥပဒေဟာ အမျိုး သမီးတွေ လူ့ အခွင့် အရေး အပြည့် အ၀ ရအောင်၊ အမျိုး သမီး အခွင့် အရေးတွေ အပြည့် အ၀ ရအောင်၊ အိမ်ရှင်မ အခွင့် အရေး အပြည့် အ၀ ရအောင် ဆောင်ကြဉ်း ပေးမယ့် မျက်ရည် သိမ်း တရား ဥပဒေပဲ ဖြစ်တယ်ဆိုတာ အားလုံး ( အားလုံး) ကို သိစေချင်ပါတယ်ဗျာ။

(မဂျူးဂျူးကို 9.7.2013 ည 8:00 နာရီမှာ ဆေးရုံတင်သည်။ ဝေဒနာပြင်း ထန်းနေ တဲ့ကြားက သူ့ဘ၀ကို ပြန်ပြော ပြထားတဲ့ ရုပ်သံ ဖိုင်လ် လေးကိုလည်း မျှဝေ ခံစား ကြည့်စေ ချင်ပါ တယ်ဗျာ။

စုံစမ်းရန်-ဦးအဂ္ဂ (၉၆၉ -အဖွဲ့) 09-400301809
ဒေါ်မော်- (ကူညီလူနာစောင့်) 0933039722
ကိုထိုက်(ချမ်းမြသုခ) 09402696683

From: Wirathu









မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မရှိသည့် တရုတ်ဆေးဆရာ အများအပြား ထိုးဖောက်ဝင်ရောက်နေ

Posted by drmyochit Thursday, July 11, 2013, under | No comments

ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

မြန်မာ့တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ အသိအမှတ်ပြု ဆရာဝန်များ မဟုတ်ဘဲ လိုင်စင်မဲ့ တ ရုတ်ဆေး ဆရာများ ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေ သက်ခင်က ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း၏ ဆေးကု ခန်း များနှင့် ဆေးဝါးများ၏ ကြော်ငြာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ အနေဖြင့် ဆေးကုထုံး မှန်ကန် မှု ရှိမရှိ၊ ကြော်ငြာကဏ္ဍများတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံ၍ တရား ၀င်ကြော်ငြာ ခွင့်ပြုချက် ပေးမှုကို သိရှိလိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။ တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။ ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ် . . . . .

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က "ကျွန်တော်တို့မှာ ဆေးကုသခွင့် ပေးထားတာက လိုင်စင် က အနောက်တိုင်း ဆေးပညာဘက်က တစ်အုပ်စုရှိတယ်။ တိုင်းရင်းဆေးပညာဘက်က တစ်အုပ်စု ရှိတယ်။ အနောက် တိုင်း ဆေးပညာဘက်က ဆရာဝန်ဆိုရင် ဆရာဝန်မှတ်ပုံတင်ရယ်၊ ဆေးကုသခွင့် လိုင်စင်ရယ် နှစ်မျိုး ပါ။ အရင်တုန်းကတော့ လူတွေက တစ်မျိုးတည်း ရောထွေးပြီး သုံးနေကြတာ။ ဆမဆိုတာ ဆေးကု သခွင့် လိုင်စင်ဖြစ်ပါတယ်။ Licence of Practice  ဖြစ်ပါတယ်။ Registration ဆိုတာက ဆရာဝန် မှတ်ပုံ တင်ထား တာ ဖြစ်ပါတယ်။ တချို့တွေက ဆရာဝန်တော့ ဆရာဝန်ဆေးကုသခွင့် လိုင်စင်ကို ယာယီ ရုပ်သိမ်း ထားတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်။ ဒီလိုပဲ သခ လို့ခေါ်တဲ့ သွားဆရာ ၀န်၊ သွားနဲ့ခံတွင်း ဆရာဝန်များမှတ်ပုံတင် ရှိပါတယ်။ သူနာပြုတွေ ဘာတွေကတော့ သားဖွားတွေမှာ သူတို့ ရဲ့ မှတ်ပုံတင်ကောင်စီက ပေးထားတာ ရှိပါတယ်။ တိုင်းရင်းဆေးမှာလည်း တဆလို့ခေါ်တဲ့ မြန်မာ့ တိုင်းရင်းဆေး က ပေးထားတဲ့မှတ်ပုံတင် ရှိပါတယ်။ အခုရန်ကုန်မှာ စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ကြည့်မြင် တိုင် မြို့နယ်တို့မှာ အဓိက ဖြစ်နေတာက တရုတ်ဆေးဆရာလို့ခေါ်တဲ့ ဆေးဆရာတွေကို။

အဲဒါတွေ က အနောက်တိုင်း ဆေးဆရာဝန် မဟုတ်တဲ့ အတွက်လည်း ဆမ၊ ခုနကလိုပေါ့။ Registration မှာက Common Registration,Temporarily Registration, Limited  Registration စသည်ဖြင့် ရှိတဲ့အခါမှာ အနောက်နိုင်ငံက ဆရာဝန်ကြီးတွေ ကျွန်တော်တို့နိုင်ငံက မြန်မာဆရာဝန်များနဲ့ ပူးပေါင်းပြီး ကုမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က သူတို့ရဲ့ CV တွေ၊ ဘာတွေကို စစ်ဆေးပြီး ဘယ်ကျောင်းက အောင်တယ်ဆိုတာတွေရယ် စစ်ဆေးပြီးတော့ Limited Registration ပေါ့။ အချိန်ကို ကန့်သတ်တယ်။ နေရာကို ကန့်သတ်တယ်။ Field ပေါ့နော်။ ကလေးဆိုလည်း ကလေးပေါ့။ လူကြီးဆိုလည်း လူကြီးပေါ့။

ကလေးဆိုလည်း ခွဲစိတ်တဲ့အခါမှာ ကန့်သတ်တယ်။ နောက်ပြီးတော့ မြန်မာဆရာဝန်ကြီးများနဲ့ ပူးပေါင်း၍ သို့မဟုတ် မြန်မာဆရာဝန်များရဲ့ ကြီးကြပ်မှု အောက်တွင်ဆိုပြီး ဒါမျိုးကန့်သတ်တဲ့ အခါမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာလည်း မထိခိုက်ဘူး။ ကျွန်တော်တို့နိုင်ငံက နိုင်ငံသားတို့ရဲ့ အခွင့်အရေး ဆိုတာကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်။ ဒီလိုကျွန်တော်တို့က တစ်ဖက်က ကျင့်သုံးနေတဲ့ အချိန်မှာ ခုနကလို အနောက်တိုင်း ဆေးပညာအရလည်း Registration ထုတ်ပေးလို့မရ။

တိုင်းရင်းဆေးလည်း မဟုတ်ဘဲ ဒီဆေးပညာရှင်လို့ ခေါ်တဲ့သူတွေကို ၀င်လာပြီးတော့ ကုနေတဲ့အခါမှာ အဲဒီဟာလေးကို ကျွန်တော်တို့ အနေနဲ့ Enforce လုပ်ရတာ တိုင်းရင်းဆေးကို ပြောတော့လည်း သူနဲ့အကြုံးမ၀င်ဘူး ပြောတယ်။ ဆေးကောင်စီနဲ့လည်း အကြုံးမ၀င်ဘူး။ ကျွန်တော်တို့က အဲဒီအခါမှာ ကျွန်တော်တို့ ထုတ်ပေးလိုက်တာက ဒီဆေးခန်းမှာ ဆေးခန်းကလည်း ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကော်မတီကလည်း ဆေးခန်းလိုင်စင်လည်း ထုတ်ပေးမထားဘူး။ ဆေးကုနေတဲ့ ဆရာဝန်ကလည်း အနောက်တိုင်း ဆရာဝန်လည်း မဟုတ်ဘူး။

တိုင်းရင်းဆေးဆရာဝန်လည်း မဟုတ်တဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားတဲ့အခါမှာ အလွန်လည်ပါတယ်။ ဆိုင်းဘုတ်ကို အ၀တ်စလေးနဲ့၊ ဗီနိုင်းတို့ ဘာတို့နဲ့ ဖုံးလိုက်တယ်။ ဖုံးလိုက်ပြီးတော့ သူတို့ရဲ့ ဆေးခန်းတွေက ဆေးခန်းလည်း မကဘူး။ ရုံးလည်းရှိတယ်။ လူတွေက ဆက်ပြီးတော့ ၀င်ထွက်နေတယ်။ ဆေးခန်းတော့ ပိတ်လိုက်ပါပြီ ဆိုပေမယ့် ကျိတ်ပြီးတော့ ဆက်ကုနေကြတယ်။ အဲဒါကို ကျွန်တော်တို့က မြို့နယ်ဆရာဝန်တွေနဲ့ ဆက်ပြီးထောက်လှမ်းတဲ့အခါမှာ ရုံးခန်းတွေက Apartment  တွေ အများကြီးရှိတဲ့ နေရာကြီးတွေမှာ ဖွင့်ထားတဲ့ အခါကျတော့ လှေကားက တက်သွားရင် သူ့ဆေးခန်းကို သွားတာလား၊ တခြားရုံးခန်းကို သွားတာလား သိဖို့ခက်တယ်။ ရုံးခန်းလို့ ပြောပြီးတော့ အဲဒီဆေးခန်းတွေကို သွားပြီးကုနေတာကျတော့ သိဖို့ခက်တယ်။ အဲဒီတော့ ကျွန်တော်တို့က တစ်ခါရန်ကုန်တိုင်းဒေသကြီးနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ထပ်ပြော။ ထပ်ပြီးတော့ သွားကြည့်ပါဦး။ ပိတ်ချင်ယောင်ဆောင်ပြီးတော့ ဆက်ဖွင့်နေတယ်။

ဆိုလိုတဲ့သဘောက Laws တွေ By law တွေ ဘယ်လိုပဲရှိရှိ Enforcement က အားနည်းလို့ရှိရင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ Enforcement ဆိုတာကလည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ကတော့ ဒီဟာတွေသည် စည်းကမ်းနဲ့ မညီပါဘူး။ အရေးယူပေးပါလို့၊ ကျွန်တော်တို့မှာ ဖမ်းပိုင်ခွင့်၊ ဆွဲထုတ်ပိုင်ခွင့်တို့ ဘာမှမရှိပါဘူး။ ဒီလိုပဲEnforcement လို့ပြောတဲ့အခါမှာ တစ်ဖက်ကလည်း Public Education က လိုပါတယ်။ ကျွန်တော်တို့ လူတွေသည် စနစ်တကျနဲ့ မှန်မှန်ကန်ကန် ကုဖို့သူ့ထက်ကို ဆေးတစ်လုံးတည်းနဲ့ ၉၆ ပါးသော ရောဂါတစ်ခါတည်းနဲ့ တစ်သက်စာပျောက်တယ် ဆိုတာမျိုးကိုပဲ လိုချင်နေကြတဲ့ လူကများတော့ ဒီထဲမှာပညာတတ်တွေလည်း ပါနေကြတဲ့ကိစ္စ ဖြစ်ပါတယ်" ဟု  ပြောကြားသည်။

From: Eleven

သာယာဝတီ အင်းရွာကျေးရွာမှ မိန်းကလေးများ တစ်နှစ် တစ်ယောက် ပျောက်ဆုံးနေ

Posted by drmyochit Thursday, July 11, 2013, under | No comments

သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စုမှာ တစ်နှစ်ကို မိန်းကလေးတွေ ပျောက်ဆုံးနေတာကြောင့် မိမိတို့ရဲ့ သားသမီးတွေအတွက် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
“ကျွန်တော့် ညီမလေးပျောက်သွားတာ အိမ်နဲ့စိတ်ဆိုးတာ စကားများတာလဲ လုံးဝမရှိဘူး၊ ညနေပိုင်းကျမှ ပျောက်သွား တာ၊ သူနဲ့ပတ်သက်ဖူးတဲ့ ယောကျာ်းလေး ဆိုတာလဲ မရှိဘူး၊ ကြားလဲမကြားမိပါဘူး၊ မိုးချုပ်တဲ့ အချိန် အထိ ပြန်မလာတော့ ကျွန်တော်တို့ တစ်ညလုံး လိုက်ရှာကြတယ်၊ မတွေ့ဘူး၊ နောက်နေ့ တစ်နယ် လုံး ရှာတော့လဲ မတွေ့ဘူး”လို့ ပျောက်ဆုံးသွားတဲ့ မိန်းကလေးရဲ့အစ်ကိုဖြစ်သူ ကိုစောဉာဏ်ထွန်းက ပြောပါ တယ်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ်ရှိ အဆိုပါကျေးရွာမှာ တစ်နှစ်တစ်ကြိမ် မိန်း ကလေးတွေ ပျောက်ဆုံးနေတာပါ။ စတင် ပျောက်ဆုံးသူမှာ ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၆ ရက်နေ့မှာ ပျောက် ဆုံးသွားတဲ့ မတင်တင်အေး (၃၅ နှစ်၊ အဖ ဦးကျော်မြင့်၊ အင်းရွာကျေးရွာ အုပ်စု) ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ၉ လပိုင်း ၂၈ ရက်နေ့မှာတော့ မသက်သက်ခိုင် (၂၈ နှစ်၊ အဖ ဦးလှကြည်၊ အင်းရွာကျေးရွာအုပ်စု) ထပ်မံ ပျောက် ဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ၃ လ ပိုင်း ၂ ရက်နေ့မှာ မနှင်းပွင့်ဖြူ (အသက် ၂၃ နှစ် အဖ ဦးစိုးဝင်း အင်း ရွာ ကျေးရွာအုပ်စု) ပျောက်ဆုံးသွားကြောင်း အင်းရွာကျေးရွာအုပ်စု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးကြီး ထံက သိရတယ်။

ယခုလို တစ်နှစ်တစ်ကြိမ် မိန်းကလေးတွေ ပျောက်ဆုံးနေပြီး ပျောက်ဆုံးမိန်းကလေးတွေနဲ့ ယနေ့အထိ ဆက် သွယ် မှု မရရှိသလို လိုက်လံရှာဖွေကြပေမဲ့ ယနေ့အထိ တွေ့ရှိခြင်းမရှိသေးဘူးလို့ သိရတယ်။

သက်ဆိုင်ရာ ရဲစခန်းတွေကို လူပျောက်တိုင်တန်းထားပေမဲ့ ထူးခြားမှုမရှိကြောင်း၊ ပျောက်ဆုံးမှုနဲ့ ပတ် သက်ပြီး ဒေသခံ မိန်းကလေးတွေ နောက်ထပ် ပျောက်ဆုံးမှုတွေရှိလာကြမှာကို စိုးရိမ်နေကြကြောင်း သာယာ ဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

Kumudra

ကုလားမယား(၁)

Posted by drmyochit Thursday, July 11, 2013, under | 3 comments


ကောင်မလေးက အခု ဆိုရင်တော့ အသက်(၂၀) ပြည့်ပြီး ရောပေါ့။ ဘင်္ဂါလီအမျိုး သားနဲ့ စတင် ချစ်ကြိုက် တယ်လို့ ဆိုရမယ့် အရွယ်ကတော့ မနူးမနပ်(၁၆)နှစ်လောက် ရှိပြီလို့ ပြောပါတယ်။ အခုနေ တာ ကတော့ ရန်ကုန်၊ ရွှေပြည်သာ၊ အိမ်မဲကြီးဘက်မှာ နေတယ်လို့ သိရပါတယ်။

သူမကို လိုက်ပြီး ပိုးပန်း တုန်းက သူမက ရေလိုက် ငါးလိုက် သဘော လောက်ပဲ နေခဲ့ တာပါ..တဲ့။ ရဟန်း သံဃာရဲ့ အဆုံး အမနဲ့လည်း နီးစပ်၊ မိဘတွေ ကိုယ်တိုင် ကလည်း ဘာသာရေး သမားတွေ ဖြစ်တဲ့ အတွက် နီးစပ် နေပေမယ့် လိုက်လိုက် လျောလျော မနေခဲ့ ဘူးလို့ ဆိုပါတယ်။

နောက်ပြီး ကောင်မလေးက သူ့ကို ချစ်ကြိုက် နေတဲ့ ဘင်္ဂါလီ အမျိုးသား အပေါ်မှာ သိပ်ပြီး အနိုင်ယူ တယ်လို့ ဆိုတယ်။ ဒါကို တချို့သော သူမရဲ့ မိန်းကလေး သူငယ်ချင်း များက သဘော မကျ ကြဘူး။ အကြောင်းပြ တာက တော့ ကိုယ့် အပေါ် ဒီလောက် ကောင်းနေတာ နင် မရက်စက် သင့်ဘူးလို့ မြင်လို့ ပါတဲ့။
တစ်နေ့ သူမ အလုပ် လုပ်တဲ့ အထည်ချုပ် စက်ရုံကို ဘင်္ဂါလီ အမျိုးသား ရောက်လာ ပါတယ်။ သူမကတော့ စိတ်ကတောက် ကဆ ဖြစ်နေတဲ့ အတွက် ထွက်ပြီး မတွေ့ခဲ့ ပါဘူး။ မိုးတွေ ကလည်း ရွာနေ ပါတယ်။ မိုးရေတွေ ထဲမှာ တမနက်လုံး ရပ်နေတဲ့ ဘင်္ဂါလီ အမျိုး သားကို သူမရဲ့ သူငယ်ချင်းတွေက သနား သွားကြတယ်။

''နင် မချစ်ဘူး ဆိုရင်လည်း ပြတ်ပြတ် ပြောလိုက်၊ အခုလို လုပ်နေတာ ငါ့တို့စိတ်ထဲ မခံစား နိုင်တော့ဘူး'' လို့ ပြောပါ တယ်။

နောက်ဆုံး ဘင်္ဂါလီ အမျိုး သားဟာ ရွှံ့တွေ ထဲမှာ လူလှိမ့်ပြီး အော်ဟစ် တယ်လို့ တောင် ဆိုပါတယ်။ ထားပါတော့..ရှင်။ ဒါနဲ့ပဲ မနှစ်က (၂၀၁၂) နှစ် ကုန်ခါ နီးမှာ သူတို့ လက်ထပ် လိုက်ကြတယ်။ လက်ထပ်ပြီး နောက်ပိုင်း မှာတော့ စက်ရုံကို သူမ မလာတော့ဘူး။ အိမ်ရှင်မ ဖြစ်သွား ခဲ့တာကိုး။
သူငယ်ချင်း မတွေက-
''င့ါတို့ သူငယ်ချင်းတော့ ရွှေပေါ်မြတင် ဖြစ်နေ လောက်ပြီ၊ မတွေ့ တာလည်း ကြာပြီ၊ မင်္ဂလာ ဆောင်လည်း မဖိတ်ဘူး၊ သွားလည်ရအောင်'' ဆိုပြီး ရောက်သွားခဲ့ကြတယ်။

သူတို့ ရောက်သွားတဲ့ အချိန်မှာတော့ သူတို့ ချစ်တဲ့ သူငယ်ချင်း မရဲ့မျက်နှာ၊ နောက်ကျော၊ လက်မောင်း၊ ပေါင်စတဲ့ ခန္ဓာကိုယ် နေရာ အနှံ့အပြားမှာ အညိုအမဲ စွဲနေတာကို သူငယ်ချင်း မတွေ ၀မ်းနည်းစွာနဲ့ မြင်ခဲ့ ရတယ်လို့ ပြောကြ ပါတယ်။ '' ဘယ်လို ဖြစ်တာလည်း သူငယ်ချင်း ရယ် '' လို့ မေးတော့ သူမက ပါးစပ်ကို လက်ညိုး ကလေးနဲ့ ထောင်ပိတ်ပြီး '' ရှူး တိုး တိုး '' လို့ ပြောလိုက်ပါ သတဲ့။ ။

မှတ်ချက်။ ။ သူမက ရွှေဘိုနယ်သူလို့ သိရပါတယ်။
သူငယ်ချင်းခင်မာမြင့်သတင်းပေးပို့ပါသည်။

ငြိမ်းချမ်းခင်(အလ္လာဟ်အမွေပြတ်အဖွဲ့)

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုး သမီးတွေ လိုလား

Posted by drmyochit Thursday, July 11, 2013, under | 1 comment


၁၉၄၉ ခုနှစ် ပြည့်တန်ဆာ   နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲဖို့ မရှိဘူး လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောခဲ့ပေမယ့် ပြည်သူ့ လွှတ်တော်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အများစုက ဒီဥပဒေကို ပြင်ဆင်ဖို့လိုလား နေကြ ပါတယ်။

ပြည်သူ့ လွှတ် တော် ကိုယ် စား လှယ် ဒေါ်စန္ဒာမင်း ကတော့ ပြည်တွင်းက ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် နေတဲ့ အမျိုး သမီး တွေကို ကာကွယ် ပေးဖို့ လိုတယ်လို့ ပြောလိုက်တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် ဝေစန္ဒာကျော်က သတင်းပေးပို့ ထားပါ တယ်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော် ထွန်းက   ၁၉၄၉ ခုနှစ် ပြည့် တန်ဆာ နှိပ် ကွပ်ရေး အက် ဥပဒေကိုပြင် ဆင် ရန် မလို အပ်ဘူး လို့ လွှတ်တော်မှာ ပြန်လည် ဖြေကြား အပြီးမှ အဆို ရှင် ဒေါ် စန္ဒာ မင်းကတော့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေရတဲ့ အမျိုး သမီး တွေကို အကာ အကွယ် ပေးပို့ ဥပဒေ တစ်ရပ် ပြဌာန်းဖို့ လွှတ်တော် က ပြဌာန်း နိုင်အောင် ကြိုးစား သွားမယ်လို့ ပြောပါတယ်။

ဒိတော့ တကယ် တမ်း ပြောချင်တာက ရဲ ချုပ်က ပြင်သည် ဖြစ်စေ မပြင် သည်ဖြစ်စေ လွှတ်တော် ကိုယ်စား လှယ် ဆိုတာက ဥပေး ပြုနိုင်တဲ့ အာဏာ ရှိပါတယ်။သူက မပြင် ဘူးဆို ပေမဲ့ ကျွန်မ တို့ က လွှတ်တော် ထဲ မှာ ဒီ ဥပဒေကို ပြင် နိုင်အောင် ကျွန်မ တို့ အနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေ အသစ် ရေးဆွဲ နိုင်အောင် ကြိုးစားသွားမှာပါ။

မြန်မာ နိုင်ငံမှာ  ပြည့် တန်ဆာ ဆိုတာ တရားဝင် လုပ်ကိုင် ရတာ မဟုတ်တဲ့ အတွက်  သူတို့ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိုလည်း လုပ်မပေး နိုင်သလို သူတို့ မှာ အိပ်အိုင် ဗီ ရောဂါ ကူးစက် သူဟာ ဘယ်လောက် ရှိနေတယ် ဆိုတဲ့ အရေ အတွက်ကိုလည်း အတိအကျ မသိရပါဘူး။ လက်ရှိ ၇ှိနေတဲ့ ဥပဒေဟာဆိုရင် ပြည့်တန်ဆာ တိုးပွားလာတာကို မဟန့်တား နိုင်သလို ကျန်းမာရေး ရှု ထောင့်အရလည်း ထိရောက် လုပ်ဆောင် ချက်မျိုး မရှိတဲ့ အတွက် ဒီဥပဒေကို ပြင်ဖို့ လိုတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အကြောင်း ဒေါ်စန္ဒာမင်းက ပြောပါ တယ်။ အဆိုးရွား ဆုံးကတော့ ၁၃၊ ၁၄ နှစ်ကလေးငယ်တွေ  ပြည့် တန်ဆာ ဖြစ်နေကြ တာတွေ ကို အမြန်ဆုံ ကာကွယ် ထိန်းသိမ်း ဖို့ လို တဲ့ အတွက် ပြည်တန် ဆာ ဥပဒေ အသစ် တစ် ခု တကယ် လို အပ် နေပါပြီ လို့ GENERATION WAVE အဖွဲ့မှ ကို မိုးသွေး ကပြော ပါတယ်။

၁၃၊ ၁၄ နှစ် ကလေး ငယ်တွေ အများကြီး တွေ့ရတယ်။ ဒါတွေက ဥပဒေတစ်ရပ်နဲ့ သေသေ ချာချာ ထိန်းသိမ်းဖို့လိုအပ် နေပြီ။ မှတ်ပုံတင် ဥပဒေ လုပ်မယ် ဆိုရင် ဒါတွေကို အများကြီး လျှော့ချ နိုင်လိမ့်မယ် လို့မြင်ပါတယ်။ ကျန်းမာရေး ရှုထောင့် အရရော အကျင့် စာရိတ္တ ရှုထောင့် အရရော ဒီ ဥပဒေ လိုအပ် တယ် လို့ မြင်ပါတယ်။

ပြည့်တန်ဆာ တွေ အပေါ်မှာ ခေါင်းပုံဖြတ်မှု တွေ၊ အတင်း အဓမ္မ ခိုင်းစေတာတွေ ကို အလိုမတူပဲ ခိုင်းစေလာတာတွေ ရှိရင် ထိထိ ရောက်ရောက် အရေးယူနိုင်ဖို့ နဲ့ ပြည်တန့် ဆာတွေ အခွင့်အရေး ကို ကာကွယ်နိုင်ဖို့ အတွက် ခိုင်မာတဲ့ ဥပဒေ တစ်ရပ် ပြဌာန်း ဖို့ လိုတယ် ဆိုတာ ထောက်ခံကြောင်း လူ့ အခွင့် အရေး လှုပ်ရှားသူ မဇင်မာအောင်က ပြောပါတယ်။


ဒီ ပြည့် တန်ဆာ ဥပဒေ ကို ပြင် ဆင် ပေး ဖို့ အဆိုကို ဆဌမ အကြိမ် ပြည်သူ့ လွှတ်တော် အစည်း ဝေးမှာ လည်း တင်ပြ ခဲ့တာ ကိုလည်း ရဲချုပ် ကျော်ကျော်ထွန်းက အခု လိုပဲ ပြင်ဆင်ဖို့ မလိုအပ်ဖူးလို့  ငြင်းဆိုခဲ့ ဘူးပါတယ်။

From: ABC Radio 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်