Thursday, July 11, 2013

မိတ္တီလာ အရေးခင်းမှာ ပါဝင်သူ မွတ်စလင် ၄ ဦး ထောင်ဒဏ်ကျ

Posted by drmyochit Thursday, July 11, 2013, under | No comments

မြန်မာ နိုင်ငံ အလယ်ပိုင်း မိတ္ထီလာ မြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိ ပက္ခကြောင့် ဖမ်းဆီး ခံထား ရတဲ့ မွတ်စလင်လူမျိုး လေးဦးကို တရားရုံးက မနေ့က ထောင်ဒဏ်ချမှတ် လိုက်တယ်လို့ သိရပါတယ်။

မိတ္တီလာ မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခကြောင့် လူပေါင်း ၄၄ ယောက် သေဆုံးခဲ့ ရပြီး နေအိမ်နဲ့ ဘာသာရေး အဆောက် အဦးတွေ မီးရှို့ ဖျက်ဆီး ခံခဲ့ ရပါတယ်။ (Credit: AFP)

သူတို့ကို ထောင်ဒဏ် ခုနှစ်နှစ် ကနေ တစ်သက် တစ်ကျွန်း အထိ ချမှတ် လိုက်တာ ဖြစ်ပါတယ်။

လူလေး ဦးကို လူသတ် မှုနဲ့ အင်္ဂါနေ့မှာ ထောင်ဒဏ် ချမှတ် လိုက်တယ်လို့ မိတ္ထီလာခရိုင် ဥက္ကဌ ဦးတင်မောင်စိုးက အေအက်ဖ်ပီ သတင်း ဌာနကို ပြောပါတယ်။ ပြီးတော့ အဲဒီ လူလေးဦးဟာ မွတ်စလင် လူမျိုးတွေ ဖြစ်တယ် လို့လည်း အတည်ပြု ပြောပြ သွားခဲ့ ပါတယ်။ ဒါပေမယ့် သေဆုံး သွားတဲ့ သူတွေက ဘယ် ဘာသာ ၀င်လည်း ဆိုတာကို ပြောဆိုဖို့ ငြင်းဆို ခဲ့ပါတယ်။ 

သူတို့ လေးဦး စလုံးဟာ မိထ္တီလာ မြို့ပဋိ ပက္ခ အတွင်း ကျောင်းသား တစ်ဦးကို သတ်ဖြတ် ခဲ့မှုနဲ့ ပစ်ဒဏ် ချမှတ် ခံခဲ့ ရတာ ဖြစ်ပြီး သူတို့ လေးဦး ထဲက သုံးဦး ကတော့ ဒေသခံ အမျိုးသား တဦးကို သတ်ခဲ့ မှုနဲ့ပါ ပစ်ဒဏ် ချမှတ် ခံခဲ့ ရတာ ဖြစ်ပါတယ်။

မကြာ သေးခင် ကပဲ ပထမ ဦးဆုံး အကြိမ် အဖြစ် ဗုဒ္ဓ ဘာသာဝင် အမျိုးသား နှစ်ဦးကို မိထ္တီလာ ပဋိပက္ခ အတွင်း လူသတ်မှုနဲ့ ထောင်ဒဏ် ၇နှစ် နှစ်စီ ချမှတ် ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ အတွင်းမှာလည်း မိထ္တီလာ ပဋိ ပက္ခနဲ့ ဗုဒ္ဓ ဘာသာ သံဃာတော် တစ်ပါးကို သတ်ခဲ့တဲ့ အမှုနဲ့ မွတ်စလင် လူမျိုး ၇နှစ်ဦးကို ထောင်ဒဏ် ၂နှစ်ကနေ ၂၈နှစ်အထိ ချမှတ် ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း ရွှေဆိုင် ပိုင်ရှင် အပါအ၀င် မွတ်စလင် လူမျိုး သုံးဦးကို ထောင်ဒဏ် ၁၄နှစ် ချမှတ်ခဲ့ ပါတယ်။

မွတ်စလင် လူမျိုး ရွှေဆိုင် ပိုင်ရှင်နဲ့ ဗုဒ္ဓ ဘာသာဝင် ရွှေ လာဝယ် သူတို့ အကြား အခြေ အတင် စကား ပြောဆို ငြင်းပွား မှုတွေ ကနေ စပြီး လူ ၄၄ဦး သေဆုံး ခဲ့တဲ့ ပဋိပက္ခ အထိ ဖြစ်ပွား ခဲ့တာ ဖြစ် ပါတယ်။ အစိုးရ သတင်း မီဒီယာရဲ့ အဆိုအရ မိထ္တီလာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ အနေနဲ့ လူပေါင်း ၄၉ဦးဟာ လူသတ် မှုနဲ့ တရားရုံး တင်ခံ နေရ တယ် လို့ ဆိုပါတယ်။


ပဋိပက္ခ အတွင်း ဖမ်းဆီး ပြစ်ဒဏ် ချမှတ် မှုနဲ့ ပတ်သက်ပြီး မွတ်စလင် လူမျိုး တွေကို ဗုဒ္ဓ ဘာသာဝင် တွေထက် ပိုမို နှစ်ရှည် ထောင်ဒဏ် ချမှတ် နေတယ်လို့ လူ့ အခွင့် အရေး အဖွဲ့တွေက ဝေဖန် သုံးသပ် နေကြ ပါတယ်။

From:  ABC Radio

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်