Thursday, July 11, 2013

သင်္ဃန်းဝတ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား တရားမ၀င် မလေးရှားနိုင်ငံသို့ ပို့ဆောင်သူများအား အရေးယူ

Posted by drmyochit Thursday, July 11, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁၁

၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့နယ်(၈)ရပ်ကွက်၊ အနော်ရထားလမ်း အမှတ် ၂၄၀ ရှိ Polo Guest House တွင် သင်္ဃန်းဝတ်ဖြင့် လာရောက်တည်းခိုပြီး အရပ်ဝတ်ဖြင့် နေထိုင်ကာ လမ်းဘေး ထမင်း ဆိုင်တွင် ထမင်း ထွက်စားသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များဖြစ်သည့် Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး/ဗုဒ္ဓဘာသာ၊ (ဘ) Rjon Barua နှင့် Antar Barua (၂၉)နှစ်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး /ဗုဒ္ဓ ဘာသာ၊ (ဘ) Dulal Barua တို့နှစ်ဦးအား စစ်ဆေးရာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေး ရှားနိုင်ငံ သို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ရန် တဆင့်လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင် ငံ ရှိ မင်းနိုင် (၃၅)နှစ်၊(ဘ)ဦးအာဇီဇူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ ဇနီးဖြစ်သူ မရင်ရင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးမာမတ်ဆူလတန်၊ သာကေတမြို့နယ်နေသူတို့ နှစ်ဦးမှ တရားမ၀င်ပို့ပေးမည်ဖြစ်ပြီး ပို့ပေးခ အဖြစ် တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီအား ပေးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့နှစ်ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရ မင်းနိုင်နှင့်မရင်ရင်ဝင်း တို့နှစ်ဦးအား ၎င်းတို့ နေအိမ်မှ ဖမ်းဆီး ရ မိစစ်ဆေးရှာဖွေခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးအား ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ မာမတ်ဆူလတန်(ခ)တင်ဝင်းနှင့် မရွှေလုံးတို့မှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင် မည်ဖြစ် ကြောင်းနှင့် နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း(၁)လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် (၆)ရွက်၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ သုံးငွေ ၅၀၀ တန် (၁)ရွက်၊ ၁၀၀ တန် (၂) ရွက်၊ ၅၀ တန် (၁)ရွက်၊ မြန်မာငွေ စက္ကူရောရာ ၃၅၈၀၀၀ ကျပ်၊ Mr. Antar Barua အမည်ဖြင့်Air Banglaလေယာဉ် လက်မှတ်နှင့် ပတ်သက်သည့် စာရွက် (၆)ရွက်၊ Mr. Parsujit Barua အမည် ဖြင့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သည့် စာရွက် (၇)ရွက် တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့ သိမ်းဆည်းကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ် ဦးအား မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟု သွေးဆောင်ပြောဆို၍ တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ သုံး ငွေများ အားရယူပြီး တရားမ၀င် လမ်းကြောင်းမှ သယ်ယူပို့ဆောင်သူ မင်းနိုင်၊ ရင်ရင် ၀င်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေသူမာမတ်ဆူလတန်(ခ) တင်ဝင်း၊ မရွှေလုံးတို့ (၄)ဦးအား ၁၀.၇.၂၀၁၃ရက်နေ့၀၈၃၅အချိန် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၀၅/၂၀၁၃ ပုဒ်မ ၃၆၇/၃၇၀ ဖြင့်အမှုဖွင့် အရေး ယူ ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန် ထားပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်