Thursday, July 11, 2013

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုး သမီးတွေ လိုလား

Posted by drmyochit Thursday, July 11, 2013, under | 1 comment


၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ   ​နှိပ်ကွပ်ရေး အက်ဥပဒေကို ​ပြန်လည် ပြင်ဆင် ရေးဆွဲဖို့ ​မရှိဘူး လို့ ​ပြည်ထဲရေး ​ဒုဝန်ကြီးက ​ပြောခဲ့ပေမယ့် ​ပြည်သူ့ ​လွှတ်တော်က ​အမျိုးသမီး ​လွှတ်တော် ကိုယ်စားလှယ် ​အများစုက ​ဒီဥပဒေကို ​ပြင်ဆင်ဖို့လိုလား နေကြ ပါတယ်။

ပြည်သူ့ ​လွှတ် ​တော် ​ကိုယ် ​စား ​လှယ် ​ဒေါ်စန္ဒာမင်း ​ကတော့ ​ပြည်တွင်းက ​ပြည့်တန်ဆာ ​လုပ်ငန်း လုပ်ကိုင် နေတဲ့ ​အမျိုး သမီး တွေကို ​ကာကွယ် ပေးဖို့ ​လိုတယ်လို့ ​ပြောလိုက်တဲ့ အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ ဝေစန္ဒာကျော်က ​သတင်းပေးပို့ ​ထားပါ တယ်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ​ဒုတိယဝန်ကြီး ​ရဲချုပ် ကျော်ကျော် ထွန်းက ​  ၁၉၄၉ ​ခုနှစ် ​ပြည့် ​တန်ဆာ ​နှိပ် ​ကွပ်ရေး ​အက် ​ဥပဒေကိုပြင် ​ဆင် ​ရန် ​မလို ​အပ်ဘူး ​လို့ ​လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆို ​ရှင် ​ဒေါ် ​စန္ဒာ ​မင်းကတော့ ​ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေရတဲ့ ​အမျိုး သမီး တွေ​ကို ​အကာ အကွယ် ပေးပို့ ​ဥပဒေ တစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော် ​က ​ပြဌာန်း နိုင်အောင် ​ကြိုးစား သွားမယ်လို့ ​ပြောပါတယ်။

ဒိတော့ ​တကယ် ​တမ်း ​ပြောချင်တာက ​ရဲ ​ချုပ်က ​ပြင်သည် ​ဖြစ်စေ ​မပြင် ​သည်ဖြစ်စေ ​လွှတ်တော် ​ကိုယ်စား ​လှယ် ​ဆိုတာက ​ဥပေး ​ပြုနိုင်တဲ့ ​အာဏာ ​ရှိပါတယ်။သူက ​မပြင် ​ဘူးဆို ပေမဲ့ ​ကျွန်မ ​တို့ ​က ​လွှတ်တော် ​ထဲ ​မှာ ​ဒီ ​ဥပဒေကို ​ပြင် ​နိုင်အောင် ​ကျွန်မ ​တို့ ​အနေနဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​ဥပဒေ ​အသစ် ​ရေးဆွဲ ​နိုင်အောင် ​ကြိုးစားသွားမှာပါ။ 

မြန်မာ နိုင်ငံမှာ  ​ပြည့် ​တန်ဆာ ဆိုတာ ​တရားဝင် ​လုပ်ကိုင် ​ရတာ ​မဟုတ်တဲ့ ​အတွက်  ​သူတို့ ​ရဲ့ ​ကျန်းမာရေး စောင့်ရှောက်မှု ကို​လည်း ​လုပ်မပေး နိုင်သလို ​သူတို့ ​မှာ ​အိပ်အိုင် ​ဗီ ​ရောဂါ ​ကူးစက် ​သူဟာ ​ဘယ်လောက် ရှိနေတယ် ​ဆိုတဲ့ ​အရေ ​အတွက်ကိုလည်း ​အတိအကျ ​မသိရပါဘူး။ ​လက်ရှိ ​၇ှိနေတဲ့ ​ဥပဒေဟာဆိုရင် ​ပြည့်တန်ဆာ ​တိုးပွားလာတာကို ​မဟန့်တား နိုင်သလို ​ကျန်းမာရေး ​ရှု ​ထောင့်အရလည်း ​ထိရောက် လုပ်ဆောင် ချက်မျိုး ​မရှိတဲ့ ​အတွက် ​ဒီဥပဒေကို ​ပြင်ဖို့ ​လိုတယ်လို့ ​အခိုင်အမာ ​ယုံကြည်တဲ့ ​အကြောင်း ​ဒေါ်စန္ဒာမင်းက ပြောပါ တယ်။ ​အဆိုးရွား ဆုံးကတော့ ​၁၃၊ ​၁၄ ​နှစ်ကလေးငယ်တွေ  ​ပြည့် ​တန်ဆာ ​ဖြစ်နေကြ ​ရ ​တာတွေ ​ကို ​အမြန်ဆုံ ​ကာကွယ် ​ထိန်းသိမ်း ​ဖို့ ​လို ​တဲ့ ​အတွက် ​ပြည်တန် ​ဆာ ​ဥပဒေ ​အသစ် ​တစ် ​ခု ​တကယ် ​လို ​အပ် ​နေပါပြီ ​လို့ ​GENERATION ​WAVE ​အဖွဲ့မှ ​ကို ​မိုးသွေး ​ကပြော ပါတယ်။

၁၃၊ ​၁၄ ​နှစ် ကလေး ငယ်တွေ အများကြီး တွေ့ရတယ်။ ဒါတွေက ​ဥပဒေတစ်ရပ်နဲ့ ​သေသေ ချာချာ ​ထိန်းသိမ်းဖို့လိုအပ် နေပြီ။ ​မှတ်ပုံတင် ​ဥပဒေ ​လုပ်မယ် ​ဆိုရင် ​ဒါတွေကို ​အများကြီး ​လျှော့ချ နိုင်လိမ့်မယ် ​လို့မြင်ပါတယ်။ ​ကျန်းမာရေး ​ရှုထောင့် ​အရရော ​အကျင့် ​စာရိတ္တ ​ရှုထောင့် ​အရရော ​ဒီ ​ဥပဒေ ​လိုအပ် ​တယ် ​လို့ ​မြင်ပါတယ်။

ပြည့်တန်ဆာ ​တွေ ​အပေါ်မှာ ​ခေါင်းပုံဖြတ်မှု ​တွေ၊ ​အတင်း အဓမ္မ ​ခိုင်းစေတာတွေ ​ကို ​အလိုမတူပဲ ​ခိုင်းစေလာတာတွေ ​ရှိရင် ​ထိထိ ရောက်ရောက် ​အရေးယူနိုင်ဖို့ ​နဲ့ ​ပြည်တန့် ဆာတွေ ​အခွင့်အရေး ​ကို ​ကာကွယ်နိုင်ဖို့ ​အတွက် ​ခိုင်မာတဲ့ ​ဥပဒေ ​တစ်ရပ် ​ပြဌာန်း ​ဖို့ ​လိုတယ် ဆိုတာ ​ထောက်ခံကြောင်း ​လူ့ အခွင့် အရေး လှုပ်ရှားသူ ​မဇင်မာအောင်က ပြောပါတယ်။


ဒီ ​ပြည့် ​တန်ဆာ ​ဥပဒေ ​ကို ​ပြင် ​ဆင် ​ပေး ​ဖို့ ​အဆိုကို ဆဌမ အကြိမ် ​ပြည်သူ့ ​လွှတ်တော် ​အစည်း ဝေးမှာ လည်း ​တင်ပြ ​ခဲ့တာ ​ကိုလည်း ​ရဲချုပ် ​ကျော်ကျော်ထွန်းက ​အခု ​လိုပဲ ​ပြင်ဆင်ဖို့ ​မလိုအပ်ဖူးလို့  ​ငြင်းဆိုခဲ့ ဘူးပါတယ်။

From: ABC Radio 

1 comments:

သူတို့ကစာသိပ်မတတ်ကြဘူး
၁၀ တန်းအောင် ပြီးပါတိတ်။ဘလက်လေဘယ်ပေးပြီး
ဗိုလ်ဖြစ်လာကြတာ ပေမမှီဒေါက်မမှီငပုတွေကပါသေး
ကျွန်လက်ထက်က ဥပဒေေ တွေနဲ့ပျော်မွေ့နေကြတာ
ခေတ်နဲ့ကိုက်ညီအောင် ပြင်၇ကောင်းမှန်းမသိဘူး

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်