Monday, August 26, 2013

Files တွေကို ဓာတ်ပုံအတွင်း ဖွက်ထား ( Hide ) လုပ်ပေးထားနိုင်မယ့် Software ( Files Hide To Photo )

Posted by drmyochit Monday, August 26, 2013, under | No comments

မည်သည့်ဖိုင်တွေကိုမဆို ဓာတ်ပုံအတွင်း Hide လုပ်ပေးထားနိုင်မယ့် Software ဖြစ်ပါတယ်..သုံးရတာလဲ လွယ်ကူပါတယ်...ဒီလို Software ကို Hacker တွေအများဆုံးအသုံးပြုကြပါတယ်..Virus ဖိုင်ကို ဓာတ်ပုံထဲကိုထည့်..ပြီးရင် ပစ်မှတ်ကို လှမ်းပေးလိုက်မယ်..ပစ်မှတ်ထားခံရသူက အဲဒီဓာတ်ပုံကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ဓာတ်ပုံကတော့ပေါ်လာတယ်..ဒါပေမယ့် ဓာတ်ပုံထဲမှာ ကပ်ထည့်ထားတဲ့ Virus က ပစ်မှတ်ကိုထိသွားပြီ..:) ကဲဒါဆိုရင်ဘယ်လိုသုံးရလဲ သဘောပေါက်ကြမှာပါ..မိမိရဲ့ အရေးကြီးတဲ့ဖိုင်တွေကိုလည်း...

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

Posted by drmyochit Monday, August 26, 2013, under | No comments

ဖလော်ရီဒါ၊ သြဂုတ် ၂၅ နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။ ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း...

Autorun Virus Remover 3.3 Build 0328 Full Version ( 4 MB )

Posted by drmyochit Monday, August 26, 2013, under | No comments

ကဲ..လာပြီနော်.. USB Sitck ထဲကနေ ကွန်ပျူတာထဲသို့ Virus ၀င်မှာကြောက်သူများအတွက် အထူးစပါယ်ရှယ်ပါ..အရင် Version တွေနဲ့မတူဘဲ အခု Version အသစ်မှာ Tools အသစ်တွေပါဝင်လာပါတယ်.. ကွန်ပျူတာမှာ USB Stick တွေသုံးမရအောင် Lock ချထားချင်လား...ကွန်ပျူတာအတွင်းသို့ ထိုးလိုက်တဲ့ Virus ပါနေတဲ့ USB Stick ကို အန္တရာယ်ကင်းကင်းနဲ့ Safe Mode ကနေဖွင့်ကြည့်ချင်လား..USB Stick အတွင်း Virus ကိုက်သွားလို့ သုံးမရ..ဖွင့်မရ..ပျက်သွား ပျောက်သွားတဲ့ဖိုင်တွေကို ပြန်လည်ဖော်ထုတ် Repair...

ဓာတုလက်နက် ပြဿနာကြောင့် ဆီးရီးယားအရေး ပိုမိုရှုပ်ထွေးလာ

Posted by drmyochit Monday, August 26, 2013, under | No comments

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစိုးရနှင့် သူပုန်တပ်များ အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဒမတ်စကက် မြို့တော်အနီးတွင် လူပေါင်းရာနှင့်ချီ သေဆုံးစေသည့် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု တစ်ခုကို သမ္မတ ဘာရှာအာဆက်ဒ်၏ သစ္စာတော်ခံ တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြောင်း သူပုန်တပ်ဖွဲ့များက စွပ်စွဲခဲ့သည်။ ကုလသမဂ္ဂက အဆိုပါ အခြေအနေကို အလွန်စိုးရိမ်ကြောင်းနှင့် စုံစမ်းမှုများ...

၁၂ နှစ်သမီးကို ခိုးပြေးမိ၍ အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

Posted by drmyochit Monday, August 26, 2013, under | No comments

အသက် ၁၂ နှစ်အရွယ်ကလေးငယ်အား ခိုးပြေးသူကို အရေးယူပေးရန် မိန်းကလေးငယ်၏ ဖခင်က တိုင်တန်းမှု တစ်ခုကို သင်္ဃန်းကျွန်းရဲစခန်းက သြဂုတ် ၂၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ မိန်းကလေးငယ်သည် တောင်ဥက္ကလာပမြို့နယ်ရှိ ဦးထုပ်ချုပ်လုပ်ငန်းတစ်ခုတွင် အလုပ် လုပ်ကိုင်နေ သူဖြစ်ပြီး သြဂုတ် ၇ ရက်က နေအိမ်မှ အလုပ်သို့ ထွက်ခွာသွားသော်လည်း ညဘက်တွင် အလုပ်ရှင်က သူမ အ လုပ်လာမဆင်းကြောင်း မိဘများထံ ဖုန်းဖြင့်အကြောင်းခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင်...

ကျောင်းထိုင်သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံး

Posted by drmyochit Monday, August 26, 2013, under | No comments

ရွှေပြည်သာ၊ သြဂုတ် ၂၆။ ရွှေပြည်သာမြို့၊ (၆)ရပ်ကွက်၊ ချင်းတွင်းလမ်းရှိ သဲချောင်း ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က သံဃာတော်တစ်ပါး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။ ယင်းကျောင်းတွင် တစ်ပါးတည်း သတင်းသုံး နေထိုင်သော ဝါတော် ဆယ်ဝါရှိ ကျောင်းထိုင်ဆရာတော် ဦးဗုဒ္ဓဝံသ၊ အသက်(၃၀)သည် ကျောင်းတိုက်အောက်ထပ်၊ ၎င်းနေထိုင်သည့် အခန်းအတွင်း အမြင့်ရှစ်ပေကျော်ရှိ ထုတ်တန်းတွင် အရှည်ကိုးပေခန့်ရှိသော အေကသီ သင်္ကန်းစအား ကြိုးအဖြစ် အသုံးပြု၍ မတ်တပ်ရပ်ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်ကြောင်း သေမှုသေခင်း မှတ်တမ်းများအရ သိရသည်။ အဆိုးပါရုပ်ကလပ်အား အင်းစိတ်ဆေးရုံတွင်...

အိန္ဒိယ ဓာတ်ပုံ သတင်းထောက် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများ အကုန် ဖမ်းမိ

Posted by drmyochit Monday, August 26, 2013, under | No comments

အိန္ဒိယနိုင်ငံမှ အမျိုးသမီးများ၏ ဘဝ လုံခြုံရေးနှင့် ပတ်သက်ပြီး မကျေနပ်မှုများ မြင့်တက်လာစေသည့် နောက်ထပ် လိင် အကြမ်းဖက်ခြင်း ရာဇဝတ်မှု တစ်ခုဖြစ်သော ဓာတ်ပုံ သတင်းထောက် အမျိုးသမီး ငယ် တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်သူများ အားလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ “ကျွန်တော်တို့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဌာနက နယူးဒေလီကနေ ငါးယောက်မြောက် ပြစ်မှု ကျူးလွန်သူကို ဖမ်းမိပြီ ဖြစ်လို့ မွန်ဘိုင်းကို ပြန်ခေါ်လာပြီ...

ကွန်ပြူတာပညာအခမဲ့ သင်ပေးမည့် ပရဟိတသူရိယဖောင်ဒေးရှင်းစလှုပ်ရှား

Posted by drmyochit Monday, August 26, 2013, under | No comments

မိုးညှင်း၊ သြဂုတ် ၂၆။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာ ဆရာတော် ဒေါက်တာအရှင်ကစ္စာယနမှ ဦးစီးသော သူရိယပညာရေး ဖောင်ဒေးရှင်းမှ လရွယ်၊ လူငယ်များ ကွန်ပျူတာ အခမဲ့ သင်ကြားနိုင်ရန် စတင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းမှ သိရသည်။ အသက်(၃၀)အောက် အိမ်ထောင်မရှိသော လူငယ်များ(၁၀၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး ဆင်းရဲသား၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအားလုံး ကွန်ပြူတာ အခမဲ့ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ကြောင်း ၎င်းဖောင်းဒေးရှင်းမှ တာဝန်ရှိသူ...

အရွယ်မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ

Posted by drmyochit Monday, August 26, 2013, under | No comments

ဒဂုံဆိပ်ကမ်း၊ သြဂုတ် ၂၆။ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက် ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီး ကားသမား သုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသဖြင့် မိခင်ဖြစ်သူက သမီးဖြစ်သူအား သွေးဆောင်၍ အခကြေးငွေဖြင့် ကာမစပ်ယှက်ခိုင်းသူများအား အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော...

ယမန်နေ့က အရက်အလွန်အကျွံသောက်၍ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးသူ(၃)ဦးရှိ

Posted by drmyochit Monday, August 26, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၆။ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်သုံးခုတွင် အရက်အလွန်အကျွံ သောက်၍ ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးသူ (၃)ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး မှုခင်းမှတ်တမ်းများအရ သိရသည်။ မြောင်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ဆိုက်ကားတဲ အနောက်ဘက်တွင်တစ်ဦး၊ ရွှေပြည်သာမြို့နယ်၊ (ထ/၁၆)ရပ်ကွက်၊ မဟာဗန္ဓုလမ်းဘေးရှိ ရေမြောင်းအတွင်းတစ်ဦးနှင့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရိပ်သာ (၆)လမ်းနှင့် မြို့အုပ်စာ(၁)လမ်းထောင့်ရှိ ရေးမြောင်းအတွင်းတွင်တစ်ဦး အရက်အလွန်အကျွံ သောက်သုံး၍ သေဆုံးနေကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ ယင်းသို့သေဆုံးသော အလောင်းများအား...

လက်မထပ်နိုင်ကြောင်းငြင်းသောအမျိုးသမီး၏ ရင်အုံကို ရည်းစားဟောင်းက ဓားဖြင့်ထိုး

Posted by drmyochit Monday, August 26, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၆။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး၏  ဝဲဘက်ရင်အုံကို ရည်းစား ဟောင်းဖြစ် သူက ဓားဖြင့်ထိုးခဲ့သော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး မှုခင်းမှတ်တန်း များအရ သိရသည်။ ကမာရွတ်မြို့နယ် (၃)ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား တစ်ရပ်ကွက်ထဲနေသူ ယခင်ရည်း စားဟောင်း ဖြစ်ခဲ့ဘူးသူက အရေးကြီးစကား ပြောစရာရှိ၍ ၎င်းအိမ်သို့လိုက်ခဲ့ရန် ခေါ်ပြီးနောက် ပတ္တမြားလမ်းနှင့် မီးရထား လမ်းကြားတွင် စကားပြောစဉ် လက်ထပ်ရန်ပြောသဖြင့် အဆိုပါအမျိုးသမီးက ငြင်းလိုက်ရာ ရည်းစားဟောင်းဖြစ်သူက ဝဲဖက်ရင်အုံအောက်သို့ စာရွက်ဖြတ်သော...

ကမ္ဘာတစ်ဝန်း အင်တာနက် အသုံးပြုနိုင်မည့် Internet.org အဖွဲ့ကို Zuckerberg ဖွဲ့စည်း

Posted by drmyochit Monday, August 26, 2013, under | No comments

ကမ္ဘာပေါ်တွင် နေထိုင်သူမည်သူမဆို အင်တာနက်အသုံးပြုရန်အတွက် Samsung Electronics, Nokia, Qualcomm နှင့် အခြားကုမ္ပဏီများ ပူးပေါင်းပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ကြောင်း Facebook အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mark Zuckerberg က ၎င်း၏ Facebook profile တွင်ကြေညာပြောကြားခဲ့သည်။  Internet.org ဟုခေါ်သည့် အဆိုပါ အဖွဲ့ကို ကမ္ဘာပေါ်တွင် အင်တာနက် အသုံးမပြုနိုင်သည့် လူဦးရေ ၅ ဘီလီယံအတွက် ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သာ အင်တာနက်...

ဆီရီးယား ပြည်တွင်းစစ် ဓာတုဗေဒ စစ်လက်နက်တွေ ပါကုန်ပြီ

Posted by drmyochit Monday, August 26, 2013, under | No comments

မနေ့ညလေးတင် Resident Evil အမည်ရ ဂိမ်းအခြေခံ Animation ရုပ်ရှင် ကို ကြည့်ဖြစ်ခဲ့ ပါတယ်။ ရုပ်ရှင်ထဲမှာ ဆိုဗီယက်ကွဲထွက်နိုင်ငံ တစ်ခုရဲ့  ပြည်တွင်းစစ်ကို အခြေခံပြီးဓာတုဗေဓ လက်နက် အသုံးပြု နေကြတာကို မြင်တွေ့ရခြင်း ဖြစ်ပါတယ်။ ယခု တကယ့် အပြင်မှာ သုံးနေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က စပြီး ဆီရီးယား ပြည်တွင်းစစ်မှာ ဓာတုဗေဒ စစ်လက်နက်တွေ အသုံးပြုနေပြီ ဖြစ် ပါတယ်။ သုံးတာမှ နယ်စွန်မှာမဟုတ်ပဲ မြို့ တော် Damascus အနီးတစ်ဝိုက်မှာ ဖြစ်ပြီး တစ်ရက်တည်း အပြစ်မဲ့...

လူမျိုးတုန်းသတ်ဖြတ်မှူ(Genocide )

Posted by drmyochit Monday, August 26, 2013, under | No comments

လူမျိုးတုန်း သတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊ သေနတ်နဲ့ပစ်၊ ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ ကျုပ်တို့ကို မသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင် မြင်ကြည့်ကြရအောင်။ လူမျိုးတုန်းသတ်ဖြတ်နေတာ၊ ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကို မတားဆီး၊ မပိတ်ပင်နိုင်ရင်တော့ မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေနဲ့ မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို ..... အခုဆိုရင် မြန်မာနိုင်ငံဟာ...

ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန် (အမျိုးသမီးတိုင်း ဖတ်သင့်သော စေတနာ့ဆောင်းပါ)

Posted by drmyochit Monday, August 26, 2013, under | No comments

မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်) လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ ခံစားရတာ၊ ခေါင်းကိုက်တာနဲ့ ညောင်းညာကိုက်ခဲမှု စတဲ့ဝေဒနာတွေကို ခံစားရလေ့ရှိပါတယ်။...

Mozilla Firefox 24.0 Beta 5

Posted by drmyochit Monday, August 26, 2013, under | No comments

ပြီးခဲ့တဲ့ အပတ်က Mozilla Firefox 23.0.1ဗားရှင်းကို တင်ဆက်ပေးပြီးတဲ့နောက် အခု Myanmar Forward ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Mozilla Firefox 24.0 Beta 5ကို တင်ဆက်ပေးလိုက် ပါတယ်။ ဖိုင်အရွယ်အစား 21.7MBရှိပြီးတော့ Myanmar Forward မှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Windows, Mac, Linux 32-bit, Linux 64-bitစတဲ့ OSတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဗားရှင်းအသစ်မှာတော့ OS X 10.7နဲ့အထက် တွေအတွက် Retina Displayထောက်ပံ့ ပေးထားပြီး WebRTCအတွက် Supportလုပ်ထားတာတွေပါ...

ပိုင်ဆိုင်ကြောင်း လက်မှတ်ပြနိုင်ရင် သိမ်းထားသည့်မြေများ ပြန်ပေးမည်

Posted by drmyochit Monday, August 26, 2013, under | No comments

အစိုးရ၀န်ကြီးဌာနအချို့က သိမ်းထားသည့် လယ်ယာမြေများကို ပိုင်ဆိုင်ကြောင်း လက်မှတ်ပြနိုင်ပါက ယခုနှစ် အောက်တိုဘာတွင် ပြန်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သြဂုတ် ၂၃ ရက်က ပြောကြား လိုက်သည်။ နေပြည်တော် စက်မှုဝန်ကြီးဌာနအတွင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၀န်ကြီးကယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပိုင်ရှင်များ အမှန်တကယ် ပြန်လည်ရရှိရန် အစီအစဉ်နှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်မှတ်ရှိ သူများကို ပထမဦးစားပေး ပြန်ပေးမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ အစီအစဉ်များအတွက် စီစစ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်...

ဆိုက်ရောက်ခရီးသည် ကားကွင်းအတွင်း Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးမည်

Posted by drmyochit Monday, August 26, 2013, under | No comments

ယခုလမှစတင်ကာ စမ်းသပ်ဖွင့်လှစ်လိုက်သော ဆိုက်ရောက်ခရီးသည်ကားကွင်း (Aung Mingalar High - Way Bus Arrival)တွင် ဝိုင်ဖိုင်အခမဲ့ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း Myint and Paing ကုမ္ပဏီမှ ဒါ ရိုက်တာ ဦးသော်ဇင်အောင်က ပြောသည်။ လက်ရှိတွင် ခရီးသည်များပြားသော အချိန်ကို ဦးစားပေးကာ ဝိုင်ဖိုင်အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေး လျက်ရှိ သည်ဟု သိရပြီးနောက်ပိုင်းတွင် အချိန်ပြည့်အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “လက်ရှိ အချိန်ပိုင်း ဝိုင်ဖိုင် အခမဲ့အသုံးပြုခွင့်ပေးနေတာဖြစ်ပါတယ်။...

ပခုက္ကူမှာ ပြန့်နေတဲ့ NLD အကြောင်း လက်ကမ်းစာစောင်

Posted by drmyochit Monday, August 26, 2013, under | No comments

ဗျို့ME မကွေးတိုင်းဒေသကြီး ပခုက္ကူမှာမနေ့က ““ဒေါ်အောင်ဆန်းစုကြည် nld နှင့် ကျွန်ုပ်တို့၏အနာဂတ်များ”” ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေကို သံဃာတော်တွေနဲ့ လူငယ်တစ်ချို့က လိုက်လံဖြန့်ဝေနေတဲ့သတင်း ရြ့ပီးပြီလား။ ကျွန်တော့်ဆီမှာ အေဖိုးဆိုဒ်သုံးရွက် လက်ခံရရှိထားတယ်ဗျ။ အကျဉ်းချုပ်လေး နည်းနည်းပြောပြမယ်ဗျာ။ စာစောင်မှာဖော်ပြထားတာက- ““ ဒေါ်စု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့အခါ အများနည်းတူ သံဃာတွေကလည်း လိုလားထောက်ခံခဲ့ကြောင်း၊ ဒေါ်စုနဲ့ nld အပေါ် သံဃာတွေဘယ်လောက် ထောက်ခံခဲ့တယ်ဆိုတာကို ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ...

မိုဘိုင်းလ် ဆင်းမ်ကတ်များ အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချမည်

Posted by drmyochit Monday, August 26, 2013, under | No comments

အခြေခံ အဆောက်အဦများ တည်ဆောက်ပြီးစီးပါက လိုအပ်ချက်နှင့်အညီ ဖြန့်ချိပေးမည်ဟု ဆိုထားသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များကို လက်ရှိရောင်းချထား ပေးနေသည့်အတိုင်း အရေအတွက် အကန့်အသတ်ဖြင့်သာ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် လစဉ်ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ချိနေခြင်းဖြစ်ပြီး...

အသက် ၉ဝ အရွယ် အဘွားအို တစ်ဦးအား အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦး သေနတ်နှင့် ပစ်သတ်

Posted by drmyochit Monday, August 26, 2013, under | No comments

Monday, August 26, 2013 အမေရိကန် ပြည်ထောင်စုတွင် အသက် ၈နှစ်အရွယ် ကလေးငယ် တစ်ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများ ပါဝင်သည့် ဗီဒီယို ဂိမ်းခွေ တစ်ခွေအား ကြည့်ရှု ခဲ့ပြီးနောက် ၎င်းအား ထိန်းကျောင်းသည့် အသက် ၉ဝ နှစ်အရွယ် အဘွားအို ကြီးအား သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း လူဝီစီယားနား ပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုသည် လူဝီစီယားနားပြည်နယ် Country Breeze Mobile Home Park၌ သြဂုတ် ၂၂ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်းကလေးသည် အဘွားအို ရုပ်မြင်သံကြား ကြည့်ရှုစဉ် သူမ၏ ဦးခေါင်း အနောက်အား သေနတ်ဖြင့် တစ်ချက်တည်း ပစ်သတ်ခဲ့ခြင်း...

လက်ရှိ iPhone 5ထက် မြန်ဆန်တဲ့ Processor

Posted by drmyochit Monday, August 26, 2013, under | No comments

Appleရဲ့ မကြာခင်ထွက်ရှိတော့မယ့် iPhoneအသစ်နဲ့ ပတ်သက်ပြီး သတင်းတွေကတော့ ထပ်မံထွက်ရှိ လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ အဆိုပါ ဖုန်းအသစ်ရဲ့ Processorနဲ့ ပတ်သက်ပြီး သတင်းထွက်လာတာ ဖြစ်ပါတယ်။ ရုပ်သံအစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်တဲ့ Clayton Morrisကတော့ သူ့ရဲ့Twitter စာမျက်နှာမှာ iPhoneအသစ်ရဲ့ A7 Chip Processorဟာ လက်ရှိ iPhoneတွေမှာ သုံးနေတဲ့ A6ထက် ၃၁%ပိုမို မြန်ဆန်တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ 9to5Macဆိုတဲ့ ၀က်ဘ်ဆိုဒ်က Appleဟာ ၎င်းတို့ရဲ့ 64-bit A7 Processorကို...

ဝေဟင်ထက်တွင် ရဲရင့်စွာ စတန့်ထွင်လှုပ်ရှားပြခဲ့သည့် ၉ နှစ်သမီးလေးများ

Posted by drmyochit Monday, August 26, 2013, under | No comments

အသက်(၉)နှစ်အရွယ် မိန်းကလေးငယ် (၂)ဦးသည် အံ့မခန်း စွန့်စားမှု တစ်ခုကို တက်ညီလက်ညီ လုပ်ဆောင်ပြခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပါဝင်ရန် စိတ်လှုပ်ရှားစွာ စောင့်မျှော် နေပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဝမ်းကွဲညီအစ်မ နှစ်ဦးဖြစ်သည့် ဖလိမ်းဘရီဝါနှင့် ရို့စ်ပါဝဲလ်တို့သည် တစ်နာ ရီလျှင် မိုင်(၁၀၀)နှုန်း ပျံသန်းနေသည့် လေယာဉ်ငယ်များ ၏ တောင်ပံထက်တွင် ရဲဝံ့စွာဖြင့် စတန့်ပြ ကွက်များ လှုပ်ရှားပြခဲ့သည်။ ဗြိတိန်မှ လူစွန့်စား မိန်းကလေးငယ် (၂)ဦးသည် မြေမျက်နှာပြင်...

မန္တလေးတွင် တန်ဖိုးနည်း Tablet များနှင့် ဟန်းဆက်များ ရောင်းအားကျ

Posted by drmyochit Monday, August 26, 2013, under | No comments

မန္တလေးမြို့ မိုဘိုင်းဈေးကွက်အတွင်းမှ အရောင်းဆိုင်များ ပြောကြားချက်အရ ယခုရက်ပိုင်းအတွင်း တန်ဖိုးသက်သာသော တရုတ်နိုင်ငံလုပ် Tablet များနှင့် တန်ဖိုးနည်း ဟန်းဆက်များ ရောင်းအားကျဆင်းနေကြောင်းသိရသည်။ စတုတ္ထအကြိမ်မြောက် ကျပ်၁၅၀၀ တန် ဖုန်းဆင်းကတ်များ ရောင်းချမပေးခင်အချိန်အထိ မိုဘိုင်းဈေးကွက်အတွင်း ရောင်းအားသာမန်ရှိနေခဲ့သော်လည်း ယခုရက်ပိုင်းတွင်း ရောင်းအားကျဆင်းလာကြောင်း သိရသည်။ “အရင်အခေါက် ကျပ် ၁၅၀၀ တန် ဆင်းကတ်တွေ မဲနှိုက်ချပေးတုန်းကဆို ဟန်းဆက်ရောင်းအားက...

ပေါ့ပါးပြီးစမတ်ကျစေမယ့် smart laucher new version

Posted by drmyochit Monday, August 26, 2013, under | No comments

အရမ်းကိုပေါ့ပါးပြီး စမတ်ကျတဲ့ laucher လေးပါ........... စမ်းသုံးကြည့်ကြပါ.........သုံးရတာစမတ်ရှိတဲ့အပြင်ပေါ့ပါးမှုပါရှိလို့ အသုံးပြုသင့်တဲ့ laucher လေးဆိုလည်းမမှားပါဘူး............ ပုံလေးကိုတော့ အောက်မှာလေ့လာကြည့်ပါ........ အားလုံးပဲ ဒီlaucher လေးသုံးပြီးလန်းနိုင်ကြပါစေ............. စိတ်ဝင်စားတယ်ဆိုရင်တော့ Download Here မောင်စွယ်စုံး ...

ပါကစ္စတန်စစ်သွေးကြွများငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းမှုတွင် ဘက်ကွဲမှုဖြစ်

Posted by drmyochit Monday, August 26, 2013, under | No comments

ပက်ရှဝါ၊ သြဂုတ် ၂၅။ ပါကစ္စတန်တာလီဘန်အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုကို ကြိုဆိုသော အကြီးတန်းတပ်မှူးတစ်ဦးအား ဘေးဖယ်ထားခဲ့ပြီဖြစ်ကြောင်း ၎င်းအဖွဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှာဟီဒူလာရှာဟစ်က စနေနေ့တွင် ပြောကြားသည်။ ယခုဖယ်ထုတ်ခံရသည်ဆိုသည့် တပ်မှူးကမူ ၎င်းတို့အဖွဲ့သည် သီးခြားတပ်ဖွဲ့ဖြစ်သောကြောင့် အမှုဆောင်ကောင်စီအနေနှင့် ၎င်းကို ဖယ်ရှား၍မရကြောင်း ပြောကြားပြီး ၎င်းတို့တွင် ခေါင်းဆောင်မှုနှင့် အခြားကိစ္စများအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချသည့်...

ဆက်ဆံရေးတိုးတက်လာစေရန် အိန္ဒိယထောင်သားများကို ပါကစ္စတန်လွှတ်ပေး

Posted by drmyochit Monday, August 26, 2013, under | No comments

ဝါဂါ၊ပါကစ္စတန်၊ သြဂုတ် ၂၄။ ပါကစ္စတန် အစိုးရသစ်အနေနှင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာရေး အမှတ်အသားတစ်ခုအဖြစ် ဖမ်းဆီးထားသည့် အိန္ဒိယမှအကျဉ်းသား ၃၃၇ ဦးကို စနေနေ့တွင် လွှတ်ပေးလိုက်သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားတွင် အငြင်းပွားနေကြသည့် ကက်ရှ်မီးယားဒေသတွင် နယ်စပ်တစ်လျှောက် ယခုလအတွင်း တိုက်ခိုက်မှုအများအပြား ရှိခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ရှာရစ်က အိန္ဒိယနှင့်ဆက်ဆံရေးသည် စီးပွားရေးကိုပြန်လည်း အဖတ်ဆည်ရာတွင် အဓိကကျကြောင်း ပြောကြားသော်လည်း...

မိဘများ စဉ်းစားကြဖို့ပါ

Posted by drmyochit Monday, August 26, 2013, under | No comments

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန် ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ... " ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ...

ကန့်ဘလူ ပဋိပက္ခ အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ခု မီးလောင်

Posted by drmyochit Monday, August 26, 2013, under | No comments

သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား     အမျိုးသမီးတစ်ဦး ကာယိနြေ္ဒပျက်ပြား အောင်ပြုလုပ်ခံရမှုမှအစပြု၍ စတင်ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်မှ လူအုပ်စုဖြင့် အကြမ်းဖက်သည့် ပဋိပက္ခများကြောင့်အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း သြဂုတ် ၂၅ ရက်ည ၈ နာရီကျော်တွင် အစိုးရကသတင်း ထုတ်ပြန်သည်။     ကနဦးသတင်းထုတ်ပြန်ချက်များတွင် မီးလောင်ကျွမ်းခြင်းမရှိသော်လည်း ဖျက်ဆီးခံရသည့် အိမ်သုံးလုံးနှင့် ဆိုင်သုံးဆိုင်ရှိကြောင်း ပါရှိခဲ့သည်။     ထိုပဋိပက်္ခများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးနှင့်...

ကန့်ဘလူ မြန်မာ-ကုလား အဓိကရုဏ်း နောက်ဆုံးရ သတင်း နှင့် ဓာတ်ပုံများ

Posted by drmyochit Monday, August 26, 2013, under | 1 comment

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ကာအိန်ဒြေ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျနေပ်သူ လူအုပ်စုက ဈေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး မီးရှို့ဖျက်ဆီးသူဟု ယူဆရသူများအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိ ရသည်။ ယမန်နေ့...

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

Posted by drmyochit Monday, August 26, 2013, under | No comments

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံ များရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်း အဖျက် အမှောက် လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမား များ စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေး အထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တဆင့်အကြမ်းဖက်သမားများ ၀င်ရောက် လာမည့် သတင်းကို...

ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းမရှိကြောင်း သမ္မတရုံးဝန်ကြီး ပြောကြားပြီး သည့်နောက် ဒလမြို့နယ်ရှိ မြေကွက်များ ၀ယ်လက်များလျော့နည်း

Posted by drmyochit Monday, August 26, 2013, under | No comments

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အတွင်းပိုင်း မြေနေရာအား တွေ့ရစဉ် ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း မရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်ကာ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့သည်။ ဒလဘက်ခြမ်းရှိ မြေဈေးနှုန်းများမှာ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကြောင့်...

ရေလွှမ်းမိုးမှုကို ကာကွယ်ပေးမည့် လန်ဒန်မှ ဒေါင်လိုက်ဥယျာဉ်

Posted by drmyochit Monday, August 26, 2013, under | No comments

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် နိုင်ငံ၏ အရွယ်အစား အကြီးမားဆုံး ဒေါင်လိုက်ဥယျာဉ် တစ်ခုကို ဖန်တီးစိုက်ထူထားကြောင်း သိရှိရသည်။ ဗစ်တိုးရီးယား ဘူတာအနီးတွင် ထားရှိပြီး Living Wall ဟု အမည်ပေးထားသော ဒေါင်လိုက် ဥယျာဉ်သည် မြင့်မားသော နံရံချပ်ကြီးတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ (၆၈)ပေ အမြင့်ရှိသော ဒေါင်လိုက် ဥယျာဉ်ကြီးတွင် အပင်ပေါင်း (၁၀၀၀၀)ကျော်ကို စိုက်ပျိုးထားသည်။ ထို့အပြင် သဘာဝ ရေစုပ်ယူ စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ထားပြီး ယင်းသည် သစ်ပင်လေးများ...

ကန့်ဘလူ ပဋိပက္ခ အိမ်ခြေ ၅၀ ပျက်ဆီး

Posted by drmyochit Monday, August 26, 2013, under | No comments

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာက အမျိုးသမီးတဦးကို မွတ်ဆလင် အမျိုးသား တဦးက ဆွဲလား ရမ်းလား လုပ်ခဲ့တဲ့ အတွက် လူမျိုးရေး ဘာသာရေး နွယ်တဲ့ ပဋိပက္ခတခု မနေ့က ဖြစ်ပွားရာ၊ အိမ်ခြေ ၅၀ လောက် ပျက်စီး သွားခဲ့ပါတယ်။ ဒေါ်သဖြစ်နေတဲ့ ရာနဲ့ချီတဲ့ လူအုပ်တွကနေ မွတ်ဆလင် နေအိမ်တွေ ဆိုင်ခန်းတွေကို ဖျက်ဆီးမီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲကနေ သေနတ်ပစ်ဖေါက် လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။ မီးရှို့သူ ၁၁ ဦးကို ရဲက ဖမ်းဆီးထားပြီး၊ အမျိုးသမီးကို ဆွဲလား ရမ်းလား လုပ်ခဲ့တဲ့...

မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီနိုင်ငံသားကတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုခြင်း ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်

Posted by drmyochit Monday, August 26, 2013, under | No comments

၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနေသူ အချို့ကို တွေ့ရစဉ် မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီနိုင်ငံသားကတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါ တီထောင်ခွင့်ပြုခြင်း ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင် သည်ဟု နယ်ပယ် အသီးသီးမှ ဝေဖန်မှုများ ရှိနေသည်။ အဆိုပါ ၀ှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင် စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်