Monday, August 26, 2013

ပါကစ္စတန်စစ်သွေးကြွများငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းမှုတွင် ဘက်ကွဲမှုဖြစ်

Posted by drmyochit Monday, August 26, 2013, under | No comments


ပက်ရှဝါ၊ သြဂုတ် ၂၅။

ပါကစ္စတန်တာလီဘန်အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းမှုကို ကြိုဆိုသော အကြီးတန်းတပ်မှူးတစ်ဦးအား ဘေးဖယ်ထားခဲ့ပြီဖြစ်ကြောင်း ၎င်းအဖွဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရှာဟီဒူလာရှာဟစ်က စနေနေ့တွင် ပြောကြားသည်။

ယခုဖယ်ထုတ်ခံရသည်ဆိုသည့် တပ်မှူးကမူ ၎င်းတို့အဖွဲ့သည် သီးခြားတပ်ဖွဲ့ဖြစ်သောကြောင့် အမှုဆောင်ကောင်စီအနေနှင့် ၎င်းကို ဖယ်ရှား၍မရကြောင်း ပြောကြားပြီး ၎င်းတို့တွင် ခေါင်းဆောင်မှုနှင့် အခြားကိစ္စများအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချသည့် အဖွဲ့ရှိကြောင်း ပြောကြားသည်။

တပ်မှူး အက်မာတူလာမူအာဝီယာသည် အစိုးရတို့၏ကမ်းလှမ်းမှုကို တုံ့ပြန်နိုင်သည့် အခွင့်အာဏာမရှိကြောင်း ၎င်းကိုလ်ညး ပန်ဂျပ်ပြည်နယ်အလယ်ပိုင်းရှိ ပါကစ္စတန် တာလီဘန်တပ်ခွဲမှ ခေါင်းဆောင်နေရာမှ ထုတ်ဖယ် လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဇွန်လအတွင်း ရာထူးစတင် ထမ်းဆောင်သည့် ဝန်ကြီးချုပ် နာဝတ်ရှာရစ်သည် လွန်ခဲ့သော နှစ်များအတွင်း ထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် သူပုန်ထမှုကို အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းသည် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ခြင်းဖြစ်ကြောင်း ပြောကြား မဲဆွယ်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားသော မိန့်ခွန်းတွင် ငြိမ်းချမ်းဆွေးနွေးပွဲကျင်းပလိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ပါကစ္စတန်အစိုးရတပ်သည် သူပုန်များကို လွန်ခဲ့သည့် နှစ်များအတွင်း တိုက်ခိုက်ခဲ့သော်လည်း သူပုန်များဘက်မှ ခံနိုင်ရည်ရှိမြဲဖြစ်ကာ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
ဝန်ကြီးချုပ်သည် အစောပိုင်းကမ်းလှမ်းမှုတွင် မေလအကုန်က အမေရိကန် မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ အုပ်စုဘက်မှ ဒုတပ်မှူး သေဆုံးပြီးနောက် တာလီဘန်တို့က ကမ်းလှမ်းမှုကို ငြင်းပယ် ခဲ့သော်လည်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ဆက်လက် တွန်းအားပေးနေခဲ့သည်။

Ref:AP
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်