Monday, August 26, 2013

Facebook ပေါ်က ကျောင်းသားများကို မြှူဆွယ်သည့် ဆရာမအား ဖမ်းဆီး

Posted by drmyochit Monday, August 26, 2013, under | No comments

ဖလော်ရီဒါ၊ သြဂုတ် ၂၅

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်သည့် Facebook ကွန်ရက်ပေါ်က တစ်ဆင့် ကျောင်းသား များအား လိင်ကိစ္စ မြှူဆွယ်သော ဆရာမ တစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း USA Today သတင်းတွင် ဖော်ပြ ထားသည်။

ဖလော်ရီဒါ တောင်ပိုင်း အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက် ၃၁ နှစ် အရွယ်ရှိ စတီဗီဂလပ်စ်ပူး ဆိုသူသည် ဖလော်ရီဒါ ဘိုကာရေတန်ရှိ မိမိ နေအိမ်တွင် ကျောင်းသားများ မိမိနှင့်အတူ လာရောက် အိပ်စက်ရန် Facebook ပေါ်ကတစ်ဆင့် ဖိတ်ခေါ်ခဲ့သည့်အပြင် မိမိထံတွင် ဆေးခြောက်များကိုလည်း သုံးစွဲနိုင်ကြောင်း ရေးသားထားသဖြင့် ထိုသို့ ဖမ်းဆီး အရေးယူရခြင်း ဖြစ်ကြောင်း ဘရိုးဝပ် ရဲစခန်း တာဝန်ခံ အရာရှိက ပြောကြား သည်။

Facebook ပေါ်ရှိ သူမ၏ စာမျက်နှာပေါ်တွင် ဆရာမက အသက် ၁၅ နှစ်မှ ၁၇ နှစ် အတွင်းဖြစ်ရမည် ဟူသော ရေးသားထားချက်များကို တွေ့ရပြီး ရဲစခန်းက လာရောက် ထိန်းသိမ်းလိုက်ရခြင်း ဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။

သူမသည် ကလေးသူငယ်များကို ပြည့်တာဆာဆန်ဆန် မြှူဆွယ်မှုဖြင့် လည်းကောင်း၊ လိင်ကိစ္စ မြှူဆွယ်လိုစိတ်ဖြင့် ကွန်ပျူတာ အင်တာနက်ကို သုံးစွဲသည့်အတွက် လည်းကောင်း လက်ရှိဒေါ်လာ ၂၅,၀၀၀ အာမခံဖြင့် နေထိုင်ရမည် ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသား တစ်ယောက်က မိမိထံ ဆရာမက ပို့လိုက်သော လိင်အသားပေး အရေးအသားများကို မိဘများထံ သွားရောက် ပြသလိုက်ပြီး မိဘများက တစ်ဆင့် အာဏာပိုင်များထံ ဆက်လက် တိုင်ကြားရာမှ ယခုကဲ့သို့ ကျော်မကောင်း ကြားမကောင်း သတင်းများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းသား တစ်ယောက်ထံသို့လည်း “မင်းငါ့ကို ပြန်ချစ်ဖို့ မမျှော်လင့်ပါဘူး။ ဒီလို ပြန်မချစ် လို့လည်း မင်းကို ရိုက်မှာ မဟုတ်ပါဘူး၊ စိတ်လည်း မဆိုးပါဘူး” ဟု ရေးသားထားသည့် စာများကိုပါ Facebook ကတစ်ဆင့် ပေးပို့ထားသည့် အထောက်အထားများ ရရှိခဲ့ကြသည်။

ဂလပ်စ်ပူးသည် မားဗရစ် အထက်တန်းကျောင်းက ဆရာမတစ်ဦး ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် မေလ ကတည်းက အလုပ်မှ အထုတ်ခံထားရသူ ဖြစ်သည်။ ယခုလက်ရှိ သူမသည် ဟောလီးဝုဒ် ဝိဇ္ဇာသိပ္ပံ အကယ်ဒမီ ကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခုကိစ္စကို ကျောင်းဖွင့် သည့် စာသင်နှစ်အစ ကျောင်းလေးရက်သာ တက်ရသေးချိန်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းက သတင်း ထုတ်ပြန်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်