ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်မရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို အဆိုပါကိစ္စရပ်အား ပြည်ထောင် စုလွှတ်တော် ကျင်းပမည့်ရက်တွင် ဆွေးနွေးနိုင်ရန်အတွက် မိမိတို့အား ပေးဝေထား ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်းနုဝါက ဆိုသ...