Monday, January 28, 2013

မလေးကို လှေဖြင့် ခိုးထွက်မည့်သူ ၃၇ ဦးကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ဖမ်းဆီး

Posted by drmyochit Monday, January 28, 2013, under | No comments

မလေးရှားနိုင်ငံကို မော်တော်ဘုတ် တစ်စီးဖြင့် ခိုးထွက်မည့်ဆဲဆဲ လူအုပ်စု တစ်ခုကို မြန်မာနယ်စပ် အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ယခင်က မလေးသွားရာတွင် လှေနစ်၍ အသက်မသေဘဲ ကျန်ခဲ့သူများ ကုန်းပေါ်တက်လာစဉ်။

ဖမ်းဆီးခံရသူများသည် မလေးရှားနိုင်ငံသို့ ခိုးထွက်ရန် ကော့စ်ဘဇားမြို့ရှိ ဟိုတည် တစ်ခုတွင် တည်းခိုနေစဉ် ဘင်္ဂလာဒေခ်ျ မူခင်းနှိမ်နှင်းရေး အထူး တပ်ဖွဲ့ (RAB) က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၃၇ ဦးထဲတွင် မြန်မာနိုင်ငံမှ သူတို့အဆို ရိုဟင်ဂျာ မွတ်ဆလင် ရှစ်ဦးပါဝင်ပြီး ကျန်လူများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်သည်ဟု ဆိုသည်။

အသက်အရွယ် အလယ်အလတ်ရှိသူ (၃) ဦးအား အဆိုပါ ခရီးစဉ်နှင့် ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးလိုက်သည်ဟု ရဲက ပြောသည်။ ဖမ်းဆီးခံရသူများမှာ အမ်းဒီ ကမဲလ်၊ အဘဒူလ် ဂေါ့ဖားနှင့် ဟိုတည် မန်နေဂျာ နုရ်အာလန်တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံခဲ့ရသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသားအများစုမှာ ဘိုဂရာ၊ ဆတ်ကီရာ၊ ဂျီဆိုး၊ကုခ်ျတီယာ၊ စစ်တကောင်းနှင့် ကော့စ်ဘဇား မြို့များမှ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူ ဘိုဂရာမှ အာတူယာ ရာဟမန်က သူအား ပွဲစားဖြစ်သူ ဟာရှိမ်းမှ တာကာငွေ နှစ်သိန်း နှစ်သောင်း ပေးပါက မလေးရှားသို့ အလုပ်ကောင်းကောင်း ရရန် ပို့ပေးမည် ပြောသဖြင့် မလေးရှားသို့ သွားရောက်ရန် ရောက်ရှိလာကြောင်း ပြောကြားသည်ဟု ဆိုသည်။

သူတို့အား ဟိုတည်ရှိ အခန်း (၃) ခန်းတွင် ဇန္န၀ါရီလ အလယ်လောက်ကပင် စုဆောင်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ဖမ်းဆီးခံရသူများနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တချို့ကို RAB မှ ကော့စ်ဘဇား ရဲစခန်းသို့ ယမန်နေ့ နေ့လည်က လွဲပြောင်းပေးလိုက်သည်ဟု ဆိုသည်။


နိရဉ္ဇရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်