
'သမီးလေ၊ မိန်းကလေးဖြစ်ရတာ အရမ်းစိတ်ညစ်တာပဲ အန်တီ'
'ဘာဖြစ်လို့လဲ သမီးရဲ့'
'သမီးသွေးမဆင်းချင်ဘူး။ အဲဒီလိုဖြစ်ရင် သမီး ဗိုက်နာတယ်၊ ပြီးတော့ စိတ်ညစ်တယ်၊ ဘာဖြစ်လို့ မိန်းကလေးတွေက အဲဒီလိုဖြစ်တာလဲ မသိဘူး၊ အဲဒါကြောင့် သမီး မိန်းကလေး မဖြစ်ချင်တာပေါ့ အန်တီ၊ ယောက်ျားလေးဆိုရင် အဲဒီလို မဖြစ်ဘူးတဲ့'
'သြော် ဒါကြောင့် သမီးက စိတ်ညစ်နေတာကိုး။ ကဲ ဒီလိုဆို သမီးနဲ့ အန်တီတို့ ဆွေးနွေးလိုက်ကြတာပေါ့။ လောကကြီးမှာ မိန်းမနဲ့ ယောက်ျားဆိုတဲ့ လူသားနှစ်မျိုးအကြောင်းကိုဘဲ
အရင်ပြောကြတာပေါ့နော်။...