Thursday, November 29, 2012

ယနေ့ လက်ပံတောင်း အခြေအနေများအား အချိန်နဲ့ တစ်ပြေးညီ ဖော်ပြနေသည့် သတင်းဂျာနယ်များမှ ဖော်ပြချက်များ

Posted by drmyochit Thursday, November 29, 2012, under | No comments

သည်နေ့မနက် ၃း၀၀လောက်မှာ ရဲတပ်ဖွဲ့ဝင်များ မီးသတ်ပိုက်နဲ့ စတင်လူစုခွဲပြီးတဲများကို မီးရှို့ တာတွေေ ကြာင့် သပိတ် စခန်း၆ခုလုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၇၀ ၀န်းကျင် ရှိပြီး သည်လူတွေကို မုံရွာနဲ့ မန္တလေး ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ပုသိမ်-မုံရွာ လမ်းကို ရဲတပ်ဖွဲ့ဝင် များက ပိတ်ထား ပါတယ်။ လက်ပံတောင်းတောင် ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ညနေမှာ စစ်ကိုင်း တိုင်းဒေ သကြီး ၀န်ကြီးချုပ်၊ ၀မ်ဘောင် ကုမ္ပဏီနဲ့ ဦးပိုင်မှ တာဝန်ရှိသူ တွေ နဲ့တွေ့ဆုံဖို့ ခွင့်ပြုချက်တောင်း ထားတာ မှာ ခုထိအကြောင်းပြန်ချက် မရသေးဘူးလို့ အခင်းဖြစ်ပွားရာမှာ သတင်းယူနေတဲ့...

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

Posted by drmyochit Thursday, November 29, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်  ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့...

ကေအိုင်အေက မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် အကျဉ်းသားပို့ ယာဉ်တန်းကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့

Posted by drmyochit Thursday, November 29, 2012, under | No comments

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား...

ရုရှားနိုင်ငံမှ လေယာဉ်တင် သင်္ဘော ၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယသို့ ပေးပို့မည်

Posted by drmyochit Thursday, November 29, 2012, under | No comments

ရုရှား နိုင်ငံက အသစ် ပြန်လည် မွမ်းမံ တည်ဆောက် ထားသော ဆိုဗီယက် ခေတ်က လေယာဉ်တင် သင်္ဘော တစ်စင်းကို ၂ဝ၁၃ ခုနှစ် စတုတ္ထ လေးလပတ်တွင် အိန္ဒိယ နိုင်ငံသို့ ပေးပို့ လိမ့်မည် ဖြစ်ကြောင်း  အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန် တိုနီက ပြောကြား ခဲ့သည်။ အဆိုပါ သင်္ဘောကို "INS Vikra- maditya"ဟု အိန္ဒိယ နိုင်ငံက အမည်ပေး ထားပြီး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရုရှားနိုင်ငံက လွှဲပြောင်းပေးမည် ဖြစ်ကြောင်းဖြင့် အောက်လွှတ်တော် အစည်းအဝေးတွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန်ရှိ

Posted by drmyochit Thursday, November 29, 2012, under | No comments

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီ ကာလအတွင်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ ထိုသို့ သွားရောက်ရန် အစီအစဉ် ရှိကြောင်းကို ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်းနှင့် ထိုခရီးစဉ်များသို့ လိုက်ပါသတင်း ရယူလိုက...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကမ္ဘာ့ဒုတိယ သြဇာအကြီးဆုံး ငြိမ်းချမ်းရေးဆု ရရှိ

Posted by drmyochit Thursday, November 29, 2012, under | No comments

ကမ္ဘာပေါ်တွင် နိုဘယ်ဆုပြီးလျှင် သြဇာ အကြီးမားဆုံး ဆုဖြစ်သော ICG (နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့) ၏ ငြိမ်းချမ်းရေးဆုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရားဇီးသမ္မတဟောင်း Luiz Iuacio Lula da Silva နှင့်အတူ လက်ခံရရှိကြောင်း သိရကာ ယင်းဆုကို ၂၀၁၂ ခုနှစ် ဧပြီလတွင် နယူးယောက် မြို့၌ ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မရုံး အတည်ပြုချက်မှ သိရှိရသည်။ နယူးယောက်မြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်၌ ကျင်းပမည်ဖြစ်သော အဆိုပါ ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲတွင်...

အဏုမြူလက်နက် မရှိကြောင်း မြန်မာက သက်သေပြရန် IAEA တွင် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေ

Posted by drmyochit Thursday, November 29, 2012, under | No comments

မြန်မာနိုင်ငံတွင် အဏုမြူလက်နက် မရှိကြောင်း မြန်မာအစိုးရက မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ဆုံး သက်သေအဖြစ် IAEA (နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ) နှင့် အဏုမြူ ကင်းရှင်းကြောင်း လက်မှတ်ရေးထိုးရန် အ သင့်ဖြစ်နေပြီဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်ကြောင်း ၂၂.၁၁.၂၀၁၂ ရက်က သိရသည်။ “မြန်မာအစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အလွန်ကောင်းမွန်တဲ့ အပေါင်းလက္ခဏာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်း...

မန္တလေးတက္ကသိုလ် ဂုဏ်ထူးတန်း ပြန်ဖွင့်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments

မန္တလေးတက္ကသိုလ်မှာ ၁၅ နှစ်ကျော်ကြာ ဖွင့်လှစ်ခြင်း မပြုခဲ့တဲ့ ပထမနှစ် ဂုဏ်ထူးတန်းကို ယခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့် လှစ်တော့ မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန် မာပြည်)မှ သိရပါတယ်။ ၁၉၈၅-၁၉၈၆ တက္ကသိုလ် ပညာသင်နှစ်မှ ၁၉၉၆-၁၉၉၇ ခုနှစ် ပညာသင်နှစ်အထိ မန္တလေး တက္ကသိုလ်မှာ ဂုဏ်ထူးတန်းတွေကို ဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။ အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်)ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှ အထူးပြု ဘာသာရပ် ၂၀ မှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက်...

တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမှုတွင် ALP ပါဝင် ပတ်သက်မူ မရှိဟု ဆို

Posted by drmyochit Thursday, November 29, 2012, under | No comments

မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) သည် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တကျော့ပြန် ရခိုင် ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်တွင် တစ်စုံတစ်ရာ ပါဝင် ပတ်သက်မူ မရှိကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။ နိုင်ငံတော် သမ္မတရုံး၏ ၂⁄ ၂၀၁၂ ထုတ်ပြန်ချက်အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီက သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး တုန့်ပြန်ရာတွင် ထိုသို့ ပြောဆိုလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ALP က နိုဝင်္ဘာလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ၂၀၁၂-ခုနှစ် အာက်တိုဘာလ (၃၀)ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ၂/...

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု တရုတ်နိုင်ငံ အာကာသ စခန်းမှ လွှတ်တင်

Posted by drmyochit Thursday, November 29, 2012, under | No comments

 သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။ အဆိုပါ ဂြိုဟ်တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိ လင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊...

သဘာဝ ဓာတ်ငွေ့တင် သင်္ဘော အာတိတ် သမုဒ္ဒရာ အတွင်း ပထမ အကြိမ် ဖြတ်သန်း ခုတ်မောင်း

Posted by drmyochit Thursday, November 29, 2012, under | No comments

သဘာဝ ဓာတ်ငွေ့ အရည် တင်ဆောင် လာသော Ob River အမည်ရှိ သင်္ဘော တစ်စင်းသည် အာတိတ် သမုဒ္ဒရာကို ပထမဆုံး အကြိမ် စတင် ဖြတ်သန်း ခဲ့သည့် သင်္ဘော တစ်စင်း ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ Ob River အမည်ရှိ သဘာဝ ဓာတ်ငွေ့ အရည်တင် သင်္ဘောကို ၂ဝဝ၇ ခုနှစ်က စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ အရည် ၁၅ဝဝဝဝ ကုဗမီတာ တင်ဆောင် နိုင်သည်။ သဘာဝ ဓာတ်ငွေ့ အရည်များ တင်ဆောင် လာသည့် အဆိုပါ သင်္ဘောသည် နော်ဝေနိုင်ငံ မြောက်ပိုင်း ဟမ်မာဖတ်စ် ဆိပ်ကမ်းမှ နိုဝင် ဘာ ၇ ရက်တွင်...

ဘုန်းကြီးတွေ ရှေ့က၊ ရွာသားတွေ အလယ်က၊ အဖွဲ့အစည်းတွေ နောက်ဆုံးကဖြင့် ပြီးဆုံးသွားသည့် လက်ပံတောင်း

Posted by drmyochit Thursday, November 29, 2012, under | No comments

မြင်လို့မကောင်း၊ ရှုလို့မကောင်း လက်ပံတောင်း အရေးလို့ ဆိုရမတတ် ဘုန်းကြီးနှင့် ဒကာမ၊ ဘုန်းကြီးနှင့် ဆူပူသူများ တုံးလုံးပက်လတ် စုစည်းနေကြသည်မှာ ဘယ်လိုမှ အဆင်မပြေ။ သပိတ်စုံလျှင်  အကုန်ရ မည်ဆိုပြီး ဘုန်းကြီးတွေက ကြွေးကြော်ကြ။ ၀မ်ပေါင် ဂိတ်တံခါးရှေ့မှာ ပိတ်ပြီး အိပ်ကြ။ တရားဥပဒေကို သင်္ဃန်းခြုံ၍ ဖောက်ဖျက်ကြသည်။ နေ့လည်မှာ စားကြသောက်ကြ ညမှာ အေးဆေးအိပ်စက်ပြီး မလုပ် သင့်သည့် အလုပ်များကို လုပ်ခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ကြေညာထား သော် လည်း နိုဝင်ဘာ လ ၂၈ ရက် နေ့ အထိ ရုပ်သိမ်းခြင်း...

စစ်ကိုင်းရဲ့ ပထမဆုံး တက္ကသိုလ် ဖွင့်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments

စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းခရိုင် အတွင်းမှ ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်း တက္ကသိုလ်ကို နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ နှစ် ထပ်ကျောင်းဆောင် များ၊ စာသင်ခန်းမများ၊ စာကြည့်တိုက်၊ စာတိုက်၊ စာအုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကျန်းမာရေးနှင့် အားကစား လှုပ်ရှားမှုများအတွက် မိုးလုံလေလုံ အားကစားရုံ၊ ပြေးလမ်းနှင့် ဘောလုံးကွင်း၊ ပွဲကြည့်စင်၊...

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake

Posted by drmyochit Thursday, November 29, 2012, under | No comments

ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့ မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင် သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။ ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော်တန်းများ ခြားထားပါသေးတယ်။  ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။...

အပျော်အပါးမက်၊ အကောင်းကြိုက်ကျောင်းသားများ တိုင်းရင်းသား ၀တ်စုံချွတ် အိမ်ပြန် ကြပြီ

Posted by drmyochit Thursday, November 29, 2012, under | No comments

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်း သားများ ဖွံ့ဖြိုး တိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည် ပညာ သင်ကြားခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီတွင် ရပ်ဆိုင်းလိုက်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြော သည်။ “ဒီနေ့ ၁၂ နာရီထိ ကျောင်းထိပ်လမ်းပေါ်မှာပဲ ဒီမှာအိပ်၊ ဒီမှာပဲ စားပြီး ထိုင်စောင့်နေကြ တယ်။ အခုေ တာ့ကျောင်း ထဲမှာပဲ အေးအေးဆေးဆေး  နေနေကြပါပြီ”ဟု မဇ္ဈိမကို...

စည်းကမ်းပျက် ကျောင်းသား၊ စည်းကမ်းထိန်း ကျောင်းအုပ် ၊ ထောင်ထွက်ေ ကျာင်းသား ၈၈ တို့နှင့် မြိတ်မြို့ ဇာတ်လမ်း

Posted by drmyochit Thursday, November 29, 2012, under | No comments

၂၀၁၂ နိုဝင်ဘာလ (၂၂) ရက်နေ့ ကြာသပတေးနေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ အထက(၂)မှ အထက်တန်း ကျောင်းသား ၃၀ ဦးခန့်သည်  ကျောင်းချိန် အတွင်း ကျောင်းတက်ခြင်း မရှိပဲ မြိတ်မြို့သို့  ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့်  အဖွဲ့အား သွားရောက် ကြိုဆိုကြကြောင်း၊ ထိုသို့ သွားရောက် ကြိုဆိုရာတွင် မော်တော် ဆိုင်ကယ်များဖြင့် တစ်စီးလျှင် (၃) ယောက် စီးနင်းကာ ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားခြင်း မရှိပဲ မြို့ပတ်ပြီး သွားလာ...

ဥရောပသွား၊အမေရိကသွား၊အိန္ဒိယသွား ဒေါ်စုသို့ အိတ်ဖွင့်ပေးလိုသည့်စာ

Posted by drmyochit Thursday, November 29, 2012, under | No comments

ဒေါ်စု ပေါ်ပြူလာနိုင်ငံရေး ကိုစွန့်လွှတ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ ရထားတဲ့ဘွဲ့/ ဆုတွေကိုအားနာသင့်ပါပြီ။ ဗိုလ်ချုပ်သမီးဆိုတာ အသိအမှတ်ပြုခံချင်ရင် ကိုယ့်ကျော်ကြားမှု အတွက်ပါတီ အတွက်ဆိုတာတွေ ဘေးဖယ်ပြီး တိုင်းပြည်အတွက် ထိုက်ထိုက်တန်တန် အောင်ဆန်း(ခွင့်လွှတ်ပါ)သမီးဖြစ်အောင် လုပ်ပါတော့။ ဇရာဆိုတာ ငြင်းပါယ်လို့မရနိုင်တာမို့ အချိန်သိပ်မကျန်တော့ပါဘူး။ မှန်တဲ့အတိုင်းပြောရရင် ဗိုလ်ချုပ်မျက်နှာနဲ့ ကိုးကွယ်နေတာပါ။ တကယ်တော့ ပါတီလိုင်းက သိပ်မခိုင်ပါဘူး။ အာဏာပိုင်းနဲ့ ပတ်သက်လာရင် စာတတ်တတ် မတတ်တတ် မရဘူးဆိုတာ မြင်ရတော့ ကျနော်တို့လည်း ဒေါ်စုမျက်နှာထောက်ပြီး လူသိရှင်ကြား...

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal NAK Brownc, PVSM, AVSM, VM, ADC ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Thursday, November 29, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် အိန္ဒိယတပ်မတော် စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal NAK Brownc, PVSM, AVSM, VM, ADC ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊...

နှလုံးအတွင်း စက်ထည့်ထားရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

Posted by drmyochit Thursday, November 29, 2012, under | No comments

နှလုံးခုန်နှုန်း နှေးနေခြင်းကြောင့် စက်ထည့်ထားရသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ရှိ ကျန်းမာရေးကောင်း မွန်ကြောင်းနှင့် ကျန်းမာရေး အခြေအနေမှာ ထိန်းညှိစက်အပေါ် မူတည်ကြောင်း မီဒီယာများ သို့ပြောကြား သည်။ သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းထက် နှေးနေခြင်းကြောင့် စက်ထည့်ထား ရခြင်းဖြစ်ကာ သမ္မတ၏နှလုံးခုန်နှုန်းမှာ ၆၄၊ ၆၅ ကြား တွင်ရှိပြီး သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းမှာ ၇၀ အထက်ရှိကြောင်း ရှင်းပြသည်။ “ပြည်သူတွေ တာဝန်ပေးတဲ့ သက်တမ်းတစ်လျှောက်မှာ ကျန်းမာရေးကို...

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်

Posted by drmyochit Thursday, November 29, 2012, under | No comments

အမေရိကန်အပါအ၀င် နိုင်ငံပေါင်းစုံမှ တပ်သားအင်အား တစ်သောင်းကျော် ပါဝင်သော Cobra Gold စုပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် မြန်မာနိုင်ငံမှ လာမည့်နှစ်မှ စ၍ သုံးကြိမ်ဆက် လေ့လာသူသုံးဦး စေလွှတ်ရန် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိတွင် အမေရိကန်တပ်မတော်နှင့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၁၆၊ ၁၇ ရက်တွင် စီရမ်ရိမြို့၌ ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် အဆိုပါ အစည်းအဝေးနှင့်...

အဝေးသင် ပြဋ္ဌာန်းစာအုပ် များကို နိင်ငံခြား စက္ကူဖြူ များဖြင့် ရိုက်နှိပ်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments

ယခင်က ပြည်တွင်းဖြစ် ဘားပြာ တစ်ဖက်ချော ပြန်ကြိတ် စက္ကူများနှင့် ရိုက်နှိပ်သည့် အဝေးသင် တက္ကသိုလ်၏ ပညာရေး ဆိုင်ရာ ပြဋ္ဌာန်း စာအုပ်များကို အင်ဒိုနီးရှား နိုင်ငံမှ တင်သွင်းသည့် Woodfree စက္ကူဖြူ ကို အသုံးပြု ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ဧရာဝဏ် ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်း ပိုင်ရှင် ဦးဝင်းဌေးက ပြောကြားသည်။ ပြည်တွင်းဖြစ် ဘားပြာ တစ်ဖက်ချော စက္ကူ များသည် ရေဓါတ် များကာ စက္ကူသား မညီညာ သည့်အပြင် အပေါက်အပြဲ များသည့် အတွက် တစ်မျက်နှာ ၂ ကျပ် ၃၀ပြားဖြင့် ရိုက်နှိပ် ပေးနိုင်သော်လည်း...

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ ရန်ကုန်၌ ကျင်းပမည်၊ ညီလာခံတွင် အမေရိကန် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆွေးနွေး လုပ်ကိုင်နိုင်ရန် မြန်မာလုပ်ငန်းရှင်များ စတင်ပြင်ဆင်လ

Posted by drmyochit Thursday, November 29, 2012, under | No comments

သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI မှ ထုတ်ပြန်ချက်များအရ သိရသည်။  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန်နိုင်ငံ၏ U.S.Chamber of Commerce မှ ဦးဆောင်၍ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်၊ အဆင့်မြင့် အစိုးရအရာရှိ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ...

အစ္စရေး ကာကွယ်ရေး ဝန်ကြီး နိုင်ငံရေး လောကမှ အနားယူ တော့မည်

Posted by drmyochit Thursday, November 29, 2012, under | No comments

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟွတ်ဘာရက်ခ်သည် နိုင်ငံရေး တာဝန်များကိုဆယ်စုနှစ် တစ်စုကြာ ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း တွင် နိုင်ငံရေး လောကမှ အနားယူ တော့မည်ဟု ကြေညာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အသက် ၇ဝ အရွယ်ရှိ ဘာရက်ခ်သည် လာမည့် ဇန်နဝါရီလတွင် ကျင်းပ မည့် ရွေးကောက်ပွဲ အပြီးအစိုးရအဖွဲ့ သစ်ကိုဖွဲ့စည်းပြီး နောက်ပိုင်းတွင်  နိုင်ငံရေး လောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိမ့်မည် မဟုတ်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်