Thursday, November 29, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန်ရှိ

Posted by drmyochit Thursday, November 29, 2012, under | No comments



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီ ကာလအတွင်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရပါသည်။ ထိုသို့ သွားရောက်ရန် အစီအစဉ် ရှိကြောင်းကို ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်ရှိ Cambodiana ဟိုတယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ သတင်းထောက်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတက နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်းနှင့် ထိုခရီးစဉ်များသို့ လိုက်ပါသတင်း ရယူလိုက လိုက်နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ မည်သည့် ကာလတွင် သွားမည်ဆိုသည်ကိုမူ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်