Thursday, November 29, 2012

စစ်ကိုင်းရဲ့ ပထမဆုံး တက္ကသိုလ် ဖွင့်မည်

Posted by drmyochit Thursday, November 29, 2012, under | No comments


စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းခရိုင် အတွင်းမှ ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြား ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်း တက္ကသိုလ်ကို နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ နှစ် ထပ်ကျောင်းဆောင် များ၊ စာသင်ခန်းမများ၊ စာကြည့်တိုက်၊ စာတိုက်၊ စာအုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကျန်းမာရေးနှင့် အားကစား လှုပ်ရှားမှုများအတွက် မိုးလုံလေလုံ အားကစားရုံ၊ ပြေးလမ်းနှင့် ဘောလုံးကွင်း၊ ပွဲကြည့်စင်၊ တင်းနစ်ကွင်း၊ ဘောလီဘောနှင့် ဘတ်စကတ်ဘောကွင်း၊ အပန်းဖြေ အနားယူနိုင်ရန်အတွက် အပန်းဖြေရိပ်သာ၊ ရေကန်နှင့် ဘာသာရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ဓမ္မာရုံတို့ ပါဝင်ပြီး ယခုနှစ် ဒီဇင်ဘာလ ကျောင်းဖွင့်ရာသီအမီ နှစ်ထပ်စာသင်ဆောင် (၀ိဇ္ဇာတွဲ)၁၊ နှစ်ထပ်စာသင်ဆောင် (သိပ္ပံတွဲ) ၂၊ ပါမောက္ခချုပ် နေအိမ်၊ လေးခန်းတွဲ ၀န်ထမ်းနေအိမ် နှစ်လုံးတို့ကို နိုဝင်ဘာ ၁၅ ရက်တွင် တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။ လောလောဆယ် ပထမနှစ် အထူးပြုတွေကို လက်ခံနေပြီး အထူးပြုဘာသာရပ် များဖြစ်သည့် မြန်မာစာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့ ပို့ချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်