နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၁၅ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ သံလွင် တံတားအား ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ မြ၀တီမြို့၊ (၄)ရပ်ကွက် နေသူများဖြစ်သည့် အာကာ(၂၉)နှစ် မောင်းနှင်လာသော ၄ဂ/xxxx TOYOTA Funcago အဖြူရောင်ယာဉ်နှင့် ထွန်းလင်းအောင်(၂၆)နှစ် မောင်းနှင်လာသော ၇ဃ/xxxx TOYOTA Passo ခဲရောင်ယာဉ်တို့မှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၂၀-၁၂-၂၀၁၂ ရက်နေ့ ၀၇၂၀ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ အင်အားရစ်ခ်ျတာစကေး ၄.၆ ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပြီး ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ မြောက်ဘက် (၅)မိုင်ခန့်အကွာရှိ ပေတောင်ကျေး ရွာအနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄.၆ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းနှင့် လူ/အဆောက် အဦများ ထိခိုက် ပျက်စီးမှုအား စိစစ်လျှက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ၁၀ နှစ်အရွယ် ကလေးငယ်(၃၈)ဦးသည် ကျောင်းအားလပ်ချိန်တွင် ကျောင်းအနီး ပတ်ဝန်းကျင်ရှိ ကြက်ဆူသီးများအားကောက်စားခဲ့၍ မူးဝေအော့အန်သဖြင့် ၁၄၀၀ အချိန် နမ္မတီးတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။ ထိုသို့ ဆေးရုံ၌ကုသနေသော ကျောင်းသား၊ ကျောင်းသူ(၃၈)ဦးအနက် (၁၄)ဦးမှာ ဆေးရုံမှ ဆင်းခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၁၈)ဦး၊ စုစုပေါင်း (၂၄)ဦး တို့သည် ၂၀-၁၂-၂၀၁၂ ရက်နေ့ ၀၉၀၀ အချိန် ကျန်းမာရေးပြန် လည်ကောင်း မွန်လာ သဖြင့် ဆေးရုံမှ ဆင်း သွားကြောင်း ထပ်မံသတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာလ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၂၁၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၇)နှင့်(၂၄၅)အကြား မန္တလေးမှ နေပြည်တော်သို့ ကျောက်ဆည်မြို့နယ်၊ ကလေး ရွာနေ ထွန်းနိုင်(၃၁)နှစ် မောင်းနှင်လာသည့် ၆ခ/xxxxx လိုက်ထရပ်ယာဉ်သည် ရှေ့ဘီး များပေါက် ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။
ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင် ထရန် စဖော်မာ များကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ် တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်း သွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက် အအုံ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုကို မကြာမီအချိန်အတွင်း ပြုလုပ်သွားနိုင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပင်တဂွန်မှ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိ တစ်ဦး၏ ပြောကြားမှုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ရတနာပုံတယ်လီပို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော 3G(UMTS) မိုဘိုင်းဖုန်းလိုင်းများ ထပ်မံတိုး ချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မိုဘိုင်းဖုန်း လိုင်းများ ယာယီပြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ချက်များ အရ သိရသည်။
(၂၁-၁၂-၂၀၁၂) ရက်နေ့ နံနက် (၁: ၁၅) အချိန်ခန့်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၉၀၃) အဆန် ကုန်တင်ရထားအား မိုးညှင်းနှင့် နမ်းမားဘူတာကြား မိုင်တိုင် ( ၆၄၃) အနီးတွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကုန်တွဲ (၃) တွဲ လမ်းချော်ကာ မှောက်သွားပြီး လူ (၃) ဦးဒဏ်ရာရရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဂါဒါရေကန် အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ ရသည်။ သို့သော်သေဆုံးသူတို့၏ရုပ်ကြွင်း များနှင့် ရေယာဉ် မှာပျောက်ဆုံး လျက်ရှိခဲ့သည်။
အိမ်ဖော် အမျိုး သမီးအား သတ်မှုဖြင့် တရားစွဲ ခံထားရသော သရုပ်ဆောင်မေဇွန်အမှုမှ သက်သေနှစ်ဦး အား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင် အငှား ယာဉ်ဖြင့် လိုက်ပို့ပေး ခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ် ပွားစဉ် ကမာရွတ် စခန်းမှူးမှ သက်သေ အဖြစ် လိုက်ပါရန် တောင်းဆိုခံ ခဲ့ရသော ဦးနိုင်လင်းဇော်တို့ ဖြစ်သည်။
ကမ္ဘာ တစ်ဝန်းတွင် ၂၀၁၂ ခုနှစ် အတွင်း ဂျာနယ်လစ် များအား ထောင်သွင်း အကျဉ်းချမှု များမှာ စံချိန်တင် မြင့်တက် ခဲ့ပြီး ဂျာနယ်လစ် ၂၃၂ ဦးအ ထိ အကျဉ်းထောင် များအတွင်း ရှိနေကြောင်း နယူး ယောက် အခြေစိုက် ဂျာနယ်လစ် များ ကာကွယ်ရေး ကော်မတီ Committee to Protect Journalists (CPJ) က သတင်း ထုတ်ပြန် ခဲ့သည်။
ကော့သောင်း၊ ဒီဇင်ဘာ - ၂၁
မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် လေ ယာဉ် ထွက်ခွာချိန် အပြောင်းအလဲကြောင့် ခရီးစဉ်အချိန်ဇယား အပြောင်းအလဲဖြစ်မည်ဟု သတင်း ထွက်ပေါ် ခဲ့သော်လည်း မူလအတိုင်းပင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ကော့သောင်းနှင့် ရန်ကုန်မှ NLD အဖွဲ့ဝင်များက ပြောသည်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုး သမီး ပမာ ဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက လယ်သမားတွေအတွက် အင်တာနက်ထဲမှ မြန်မာမိန်းကလေးများ ရွေးချယ်ဝယ်ယူ နိုင်သည့် သတင်းများ ထွက်ပေါ်လာနေပါတယ်။ တရုတ် အမျိုးသမီးဆိုပါက မင်္ဂလာ ခန်းဝင်ကြေး ယွမ် ၁၀၀၀၀ ကျပြီး မြန်မာ မိန်းကလေးဆိုပါက ၅၀၀၀ သာကျသည်။
ဒီဇင် ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း မှစတင်၍ အင်တာနက် သတင်းဝက် ဆိုဒ်များတွင် ကျိုက်ထီးရိုး ကင်မွန်း စခန်းအား ကေအန်ယူ လက်နက်ကို င်အဖွဲ့မှ ဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေး တောင်း ဟူသော သတင်းများ ထွက်ပေါ် ခဲ့သည်။
21 Dec 2012
ဗန်းမော် – မိုးမောက် – မြို့သစ် လမ်းကြောင်းမှချီတက်လာသော ၁၀၅ မမ (၂)လက်နှင့် သံချပ်ကာ ကား(၂) စီး တင်ဆောင်လာသော စစ်ယာဉ်တန်း(၂၀)ကို ဒီဇင်ဘာလ(၂၀)ရက် မနက်(၃)နာရီအချိန်တွင် တာလီ အနီး KIA တပ်ဖွဲ့က ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်ဖွဲ့ဝင်များ ထိခိုက် မှုရှိကြောင်း သိရှိရသည်။ ဆက်လက်ချီတက်လာသော စစ်ယာဉ်တန်းကို မနက်(၄)နာရီအချိန်တွင် နွမ်လန်း (Num Lang)နှင့် အူထန်ယန် (U Htang Yang) ကြားတွင် ထပ်မံကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းတွင်မကြာခဏခိုးမှု များဖြစ်ပွားလေ့
ရှိကြောင်း သိရသည်။
““ကျွန်တော့်ဆေးရုံမှာ ၀န်ထမ်းအချို့ဆို သူခိုးပူလို့ စိတ်ပျက်နေကြတယ်။ (၁၇-၁၂-၂၀၁၂) ရက်နေ့၊ နေ့လယ် ၁ နာရီခွဲလောက်ကြီးမှာ ဆေးရုံဝန်ထမ်းတွေ သူခိုးလိုက်ပွဲလေး ကျင်းပလိုက်ရသေးတယ်။ ဖြစ်ပုံက ဒီလိုပါ””ဟု အမည်မဖော်လိုသူတစ်ဦးကပြောပြသည်။
ရိုဟင်ဂျာ အရေး တစ်ကြိမ်မှ ဆန္ဒထွက်မပြခဲ့တဲ့ ကုလားပြည်ရောက် မြန်မာများမှ မိမိနိုင်ငံ သမ္မတကြီး လာမှ ဆန္ဒပြကြခဲ့ကြကြောင်း သတင်းရရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီကနေ့မနက်မှာပဲ အိန္ဒိ ယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးကို တက်ရောက် ဖို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုအိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် လာရောက်တဲ့ အချိန်မှာပဲ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။
From : လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၁၇-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၅ နာရီတွင် ရတနာတွင်းတူးစင်ရှိ ဓာတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ လျှပ်စစ် ထိန်းချုပ်စနစ် ချွတ်ယွင်းသည့်အတွက် ပြည်တွင်းသို့ ကမ်းလွန် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း ခဲ့ရပါသည်။
လွန်ခဲ့သည့် (၃)နှစ်က စစ်ခုံရုံးမှ ထောင်ဒဏ်(၁၀)နှစ် အမိန့်ချခဲ့သည့် လူသတ်မှုအား ပြန်လည် စစ်ဆေး ပေး ရန် ဖခင်ဖြစ်သူ၏ ဆန္ဒထုတ်ဖော်ခွင့်တောင်းဆိုမှုကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ နှစ်ကြိမ်တိုင် ပယ်ချခဲ့ သည်။
21 Dec 2012
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက် သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီလောက်မှာ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာရှိတဲ့ ကာမိုင်းမြို့အ၀င်တံတားကြီးကို KIAတပ်ရင်း(၆)အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားကနေ ယာဉ်ကြီး ယာဉ်ငယ်တွေ သွားလာလို့မရတော့ကြောင်းသိရှိရပါတယ်။ ဒီတံတားကြီးဟာ မိုးကောင်းကနေ-ဖာကန့်ကျောက်စိမ်းမှော် ရွှေမှော်တွေကိုသွားတဲ့လမ်းမှာအဓိက ကျတဲ့တံတားဖြစ်တဲ့အကြောင်း သိရပါတယ်။ တံတားကြီးပျက်ဆီးသွားပြီး ဘေးက ရှောင်ကွင်းလမ်းလည်း မရှိတာကြောင့် ဖားကန့်ဒေသမှာ ကျောက်တူး/ရွှေတူး လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္မဏီဝန်ထမ်းတွေ ဒေသခံတွေ ရေမဆေးသမားတွေ အတွက် စားနပ်ရိက္ခာတွေနဲ့ လုပ်ငန်းသုံးဖို့ စက်သုံးဆီနဲ့ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ မလွယ်ကူတော့ သလို ထွက်ရှိတဲ့ကျောက်စိမ်းတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ တရုတ် ပြည်တို့ကို ပို့ဖို့ မဖြစ်နိုင်တော့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြလာပါတယ်။
မိုးညှင်း ဒီဇင်ဘာ ၁၈ရက်
လုံးတုံ-ဟဲပန်-ဆယ်ဇင်း လမ်းမှာပြေးဆွဲနေတဲ့ကားကြီးကားငယ်တွေကို အခွန်ငွေတွေပေးရန် KIO ခရိုင်အုပ်ချုပ်ရေးမှူးမှ သိန်းစန့်ရွာမှ ရာအိမ်မှူးအား ဖုန်းဖြင့်စေခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ အခုလို ပွင့်လင်း ရာသီမှာ အဲဒီလမ်းကြောင်းမှာပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ ခရီးသည်တင်တွေကို အခွန်ငွေ တွေ ကောက်ခိုင်းဖို့စေခိုင်းခဲ့ပါတယ်။ ကုန်တင်ကားတစ်စီးကို ၅၀၀၀၀နှုန်းနဲ့ ခရီးသည်တင် တစ်စီးကို ၂၀၀၀၀နှုန်း နဲ့ ကောက်ခံ ခိုင်းနေပါတယ်။ နောက်ပြီး လမ်ကြောင်းတစ်ခေါက်ကို ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ ကောက်ခိုင်း နေတယ်လို့သိရှိရပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေမှာလည်း ဖြစ် တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်ချိန် မှာ သက်သာစေ မယ့် အလွယ်နည်းတွေကို ရေး သားလိုက်ရပါတယ်။
(၁၄-၁၂-၂၀၁၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လဂျားယန်တိုက်ပွဲမှာ KIA ဘက်မှ လိုင်ဇာသို့ ချီတက် တိုက်ခိုက် ရန် ချီတက်လာသည့် စစ်ကြောင်းအား ချေမှုန်းခဲ့သည် ဟု ရေးသားထားသော်လည်း ဒေသခံ တို့၏ ပြောကြားချက်အရ ၎င်းစစ်ကြောင်းသည် လဂျားယန်ကျေးရွာအနီးတွင် စခန်းချထားသည့် အစိုးရ စစ်တပ်မှ စခန်းတစ်ခု ထံသို့ ရိက္ခာပို့ရန် တစ်လတစ်ခါ ပုံမှန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်းနှင့် ၎င်းအင်အား (၅၀)ပါ စစ်ကြောင်းအား KIA အင်အား (၄၀၀)ကျော်မှ စောင့်ကြို၍ ၀ိုင်းဝန်းခြုံခို မိုင်းထောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ တွေ့ဆုံ ဆွေးနွေး ရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦး အရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက် မှ ဖြေကြားခဲ့သည်ဟု နစက အသိုင်းအ၀ိုင်းမှ သတင်းရင်းဖြစ်တစ်ခု က Coral Arakan အား ပြောကြား သည်။
Thursday, December 20, 2012
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆနပြ မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။
20 Dec 2012
အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဝန်း ကျင် တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်းရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့သတင်း ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေးသေဆုံးပြီးနောက် လုံဆော် မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟုခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိဘီကေဟိုတယ်တွင် လိင်ဖျော်ဖြေရေးလုပ်ကိုင်နေသည့် အသက် မပြည့် သေးသော မြန်မာ မိန်းကလေးများကိုယနေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီး လိုက်ကြောင်း ထိုင်း သတင်းများ အရ သိရသည်။
မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မှ ဆရာတော် တစ်ပါးဟာ ဒီဇင်ဘာလ(၁၉)ရက်နေ့မှာ ရှမ်းပြည် နယ် တောင်ကြီးမြို့ မြို့မဈေး အတွင်း ဈေးသည် များကိုဆဲရေး တိုင်းထွာမှုနဲ့ သိက္ခာချ လူဝတ်လဲ ခံရပြီး အရေးယူ အမှု ဖွင့်ထား တယ်လို့ သိရပါတယ်။
ယနေ့ (ဒီဇင်ဘာ ၂၀) ညနေ (၄)နာရီခန့်မှ စတင်ကာ ၄ နာရီခွဲ အချိန်ထိ ဈေးချိုတော် အနီးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ခုမှ ကိုထင်ကျော် ဆိုသူက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၀၀အချိန် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေး(တောင်)မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်းအရ ရမည်းသင်းမြို့နယ် ၊ ၀ါတိုးအလယ်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ ရွှေအာရုံဦး ကားလက်မှတ်အရောင်ဂိတ်အတွင်း လျှိုမြင့်စီ(ခ) အားဝူ ကျဲနှင့်အောင်စိုး တို့ ၂ဦး အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ လျှိုမြင့်စီ လွယ်ထားသည့် ဘေးလွယ်အိတ် အတွင်း၊ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားပြီး မှိုင်းခံစက္ကူဖြင့်ထုပ်လျက် အပြာရောင် ကပ်ခွာအိတ်အတွင်းမှ 88နှင့်/1 စာတန်းပါ ပန်းရောင်စိတ်ကြွရှူးသွပ်ဆေးပြား ၂၀၀ပြားပါ ၄ ထုပ်၊ နံဘေး အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် 88နှင့်/1 စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၈၁၀ ပြား၊ အလေးချိန်(၈)ဂရမ်၊ တန်ဖိုးငွေကျပ် (၄၀၅၀၀၀၀ိ/-)၊ လက်ကိုင်ဖုန်း၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ရမည်းသင်းရဲစခန်း မယ(ပ)၃/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၁၉-၁၂-၂၀၁၂ ရက်နေ့ ၁၂၃၀အချိန် စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်းမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ ဦးဌေးလွင်(၂၉)နှစ်၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်ရှိ မီးဖိုဆောင်မီးကြွင်းမီးကျန်မှ မီးစတင်လောင် ကျွမ်းခဲ့ရာ နေအိမ်အနီးရှိ နွားစာတဲ၊ အိမ်နီးချင်း ဦးစန်းဦး၏နေအိမ်နှင့် ဒေါ်မြသိန်း၏ နေအိမ်များအား ကူးဆက် လောင်ကျွမ်းခဲ့သည်။ မီးအား ရွာသူ/သားများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၃၃၅အချိန် မီးငြိမ်းသွား ခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်ပျက်ဆီးမှုမရှိဘဲ တန်ဖိုးငွေကျပ် (၁၂၆၄၀၀၀ိ/-) ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးဌေးလွင်အား မြောင်းရဲစခန်း (ပ)၂၅၂/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမူဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။