Friday, December 21, 2012

တောင်ကြီးမြို့တွင် ၀ိနည်းတော်နှင့်မညီသည့် ဆရာတော်အား အရေးယူ

Posted by drmyochit Friday, December 21, 2012, under | No comments

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မှ ဆရာတော် တစ်ပါးဟာ ဒီဇင်ဘာလ(၁၉)ရက်နေ့မှာ ရှမ်းပြည် နယ် တောင်ကြီးမြို့ မြို့မဈေး အတွင်း ဈေးသည် များကိုဆဲရေး တိုင်းထွာမှုနဲ့ သိက္ခာချ လူဝတ်လဲ ခံရပြီး အရေးယူ အမှု ဖွင့်ထား တယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံက ရမည်းသင်းမြို့ မဟာမြိုင်ကျောင်းတိုက်မှ ဆရာတော် ဦးဝိမလ(လူအမည် စောအောင်) သက်တော်(၄၉)နှစ်နဲ့ ၀ါတော် (၆)၀ါဟာ တောင်ကြီးမြို့ မြို့မဈေးထဲသို့ ရောက်ရှိ အလှူခံစဉ် ဈေးရောင်း သူ မငြိမ်းငြိမ်းအိနဲ့ မချောစု တို့နှစ်ဦးအား ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာ ခဲ့တဲ့အတွက် တောင်ကြီးမြို့မှ ရဲတပ်ဖွဲ့ ၀င်များ ပြည်နယ် သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေ ရောက်လာပြီး မေးမြန်း ခဲ့ပါတယ်။

ဆရာတော်ဟာ သာသနာ တော်ညိုးနွမ်းအောင်ပြုလုပ်ခဲ့တာ ထင်ရှားပေါ်လွင်တဲ့အတွက် တောင်ကြီးမြို့ နယ် သံဃနာယကဥက္ကဋ္ဌ မင်းကျောင်းပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးနာယကမှ သိက္ခာချ လူဝတ်လဲပေးခဲ့ပြီး အမှတ်(၁) ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားတယ်လို့ မင်းကျောင်း ပရိယတ္တိ စာသင် တိုက်မှ ဆရာတော် တစ်ပါးက ပြောပြခဲ့ပါတယ်။

အထက်ပါဖြစ်စဉ်သာမကဘဲ မန္တလေးမြို့ ဘူတာကြီးတွင် အရက်ပုလင်းကိုင်ပြီး အလှူခံနေတဲ့ ဆရာတော် တစ်ပါးကို ဒီဇင်ဘာလ ပထမ အပတ်မှာ ဘူတာရဲစခန်းကို အပ်လိုက်ရပါသေးတယ်။

ဝိနည်းတော်နဲ့မညီတဲ့ သံဃာအစစ်တွေရှိသလို သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ကဒ်ပြား အတုတွေ ကိုင်ပြီး အလှူခံနေတဲ့ သံဃာ အတုတွေလည်း ရှိကြပြီး မန္တလေး တိုင်းဒေသကြီး ချမ်းအေး သာဇံမြို့နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း သက်ဆိုင်ရာ ရဲစခန်းကိုအပ်နှံရတဲ့သူ(၄၀) ကျော်ရှိပြီဖြစ်ကြောင်းကို ဆရာတော်တစ်ပါးမှ မိန့်ကြားထား ပါတယ်။

ရှမ်းသတင်းစဉ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်