Monday, September 30, 2013

သမ္မတ ဦးသိန်းစိန်အား ရခိုင်ပြည်သူပြည်သားများ တစ်ခဲနက် ထောက်ခံ ကြိုဆိုကြမည် ဟု ဆို

Posted by drmyochit Monday, September 30, 2013, under | No comments

မကြာမီကာလအတွင်းမှာ ရခိုင်ပြည်နယ်ကို သမ္မတဦးသိန်းစိန် သွားရောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ ရခိုင်တိုင်းရင်းသားလူငယ်တွေနဲ့ ရဟန်းသံဃာတွေ ပူးပေါင်းပြီး ဦးသိန်းစိန်ကို တစ်ခဲနက် ကြိုဆိုကြမှာ ဖြစ်ကြောင်း ရခိုင်လူငယ်များ ဝံသာနုအသင်းများက တစ်ဆင့် သိရှိရပါတယ်။ တစ်ချိန်တည်းမှာပဲ OIC ရုံးခွဲ ဖွင့်လှစ်မှုကိုလည်း သမ္မတဦးသိန်းစိန် ကြေညာထားတဲ့အတိုင်း လုံးဝဖွင့်လှစ်ခွင့် မပေးဖို့ အပြင်းအထန် တောင်းဆိုသွားမှာ...

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

Posted by drmyochit Monday, September 30, 2013, under | No comments

အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေးရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။ လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏...

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား

Posted by drmyochit Monday, September 30, 2013, under | No comments

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ် ဆီဖြင့် ပတ်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ် သူ ဒေါ်စိန်အိက မဇ္ဈိမကို ပြောသည်။ “ကလေးကို ဈေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ ခံရ တာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာ မီးလောင်ခံ ထားရပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့ သည်။ ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊ သီရိအောင်မြေ (၇) လမ်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။ ဓာတ်ဆီပက်၍ မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အောင်...

အယ်ရှာဘတ်နှင့် ကင်ညာ စစ်ဖြစ်နေပြီဟု ကင်ညာအစိုးရ ကြေညာ

Posted by drmyochit Monday, September 30, 2013, under | No comments

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၈ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အယ်ရှာ ဘတ် စစ်သွေးကြွအုပ်စုနှင့် ကင်ညာနိုင်ငံ စစ်ဖြစ်နေပြီဟု ကင်ညာ အစိုးရအဖွဲ့က ကြေညာ လိုက်ကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။ ကင်ညာမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကြမ်းဖက် တိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက် မှုကြီးများ...

လူပေါင်း (၁၅ဝ)ခန့် သေဆုံးစေသော ကင်ညာ mall အကြမ်းဖက်မှု

Posted by drmyochit Monday, September 30, 2013, under | No comments

ကင်ညာနိုင်ငံ Nairobi mall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု၌ အကြမ်းဖက်သမားများက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သူများအား တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင်ကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကင်ညာစစ်သားများက ပြောဆိုခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သမားများက ဓားစာခံများအား မျက်လုံးများ ဖောက်ထွင်းထားခဲ့ခြင်း ၊ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်း ဖြတ်တောက်ထားခဲ့ခြင်း ၊ မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အသတ်ခံခဲ့ရသော...

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

Posted by drmyochit Monday, September 30, 2013, under | No comments

ရန်ကုန်၊ စက်တင်ဘာ ၂၉ ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေး အတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ် ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ် သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး...

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး

Posted by drmyochit Monday, September 30, 2013, under | No comments

တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး လူပေါင်း (၄၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပါကစ္စတန် နိုင်ငံ၊ ပက်ရှာဝါမြို့တွင် ကားဗုံးတစ်လုံး ပေါက်ကွဲရာ လူပေါင်း (၄၀)ကျော် သေဆုံးသွားကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး...

ကလေးတို့ရဲ့ အနာဂတ်မှာ စိတ်ဒဏ်ရာ အနာတရ ကင်းပစေဖို့

Posted by drmyochit Monday, September 30, 2013, under | No comments

ကလေး, အဓမ္မမှုကလေးတယောက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ မထိခိုက် မနာကျင်ရဘဲနဲ့ လုံလုံခြုံခြုံ ကြီးပြင်း ဖို့ ဆိုတာ သိပ်ကိုမှ အရေးကြီးလှ ပါတယ်။ ကလေး ဆိုတာမျိုးဟာ ခြောက်လိုက်ရင် ကြောက် တတ်၊ ချော့လိုက်ရင် ပျော့တတ်သူများ ဖြစ်တာမို့ ကမ္ဘာ့နေရာများ၊ နိုင်ငံများမှာ ကလေးတို့ကို စိတ်ပိုင်း၊ ရုပ်ပိုင်း အနိုင် ကျင့်မှုတွေ သိပ်ကိုမှ များပြားလှပါတယ်။ တခြား တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အနိုင်ကျင့်လာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာ ကို ကျောင်းတွေက သင်ပေးကြတာမျိုး၊...

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်မောင်လေးတွေကို ချစ်နေတဲ့ မမကြီးတို့ မဖြစ်မနေဖတ်ဖို့

Posted by drmyochit Monday, September 30, 2013, under | 7 comments

Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက...

မယ်ကမ္ဘာသရဖူကို အမေရိကန်ဖွား ဖိလစ်ပိုင်အလှမယ် မီဂန်ယန်း ဆွတ်ခူး

Posted by drmyochit Monday, September 30, 2013, under | No comments

အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ်ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ (၂၀၁၃)ခုနှစ်အတွက် မယ်ကမ္ဘာ ဆုပေးပွဲ အခမ်းအနားတွင် ဖိလစ်ပိုင် ကိုယ်စားပြု မီဂန်ယန်းက အလှ သရဖူ ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ် ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ဘာ သာရေး အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ဘီကနီဖြင့်...

အိုဘားမားနှင့် သမိုင်းဝင်ပြောဆိုပြီး ရိုဟာနီ ဖိနပ်ဖြင့် ပေါက်ခံရ

Posted by drmyochit Monday, September 30, 2013, under | No comments

အမေရိကန်သမ္မတဘား ရက်အိုဘားမားနှင့် သမိုင်းဝင် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အီရန်တွင်ရောက် ရှိစဉ် သမ္မတ ရိုဟာနီ၏ယာဉ်တန်းမှာ ရှူးဖိနစ် တစ်ဖက်ဖြင့် အပစ်ခံရသည်။ရိုဟာနီ၏ အိမ်ပြန်ခရီးကို ကြိုဆိုသူများရော၊ ကန့်ကွက်သူ များရော ရှိခဲ့သည်။ ကာလရှည် တားမြစ်ထားမှု၏ အဆုံးသတ် အဖြစ် ဆယ်စုနှစ်သုံးနှစ်ကျော် အတွင်း အမေရိကန်သမ္မတတစ်ဦး နှင့်ပထမဆုံးဆက်ဆံမှုကို အီရန် သတင်းစာများက ချီးကျူးကြို ဆိုခဲ့ကြသည်။ မာရ်နတ်ကြီးဟု ကာလရှည် ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်နှင့်...

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး

Posted by drmyochit Monday, September 30, 2013, under | No comments

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုးတွေ ကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်များတာကို တွေ့ရပါတယ်။ အင်တာနက်နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲမြင်နေရ ပြန်ပါတယ်။ ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ...

ပါကစ္စတန်သည် အကြမ်းဖက်သမားများ မွေးဖွားရာ ဗဟိုချက်ဖြစ်နေကြောင်း အိန္ဒိယ၀န်ကြီးချုပ်ပြော

Posted by drmyochit Monday, September 30, 2013, under | No comments

ပါကစ္စတန်နိုင်ငံအနေဖြင့် “အကြမ်းဖက်သမားများအား မွေးဖွားရာ ဗဟိုချက်ဖြစ်ခြင်းမှ ရပ်တန့် သင့်ကြောင်း” အိန္ဒိယ၀န်ကြီးချုပ် မိုဟာမန်ဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်အား ၎င်းနှင့် မတွေ့ ဆုံမီ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ ထို့အပြင် ဒေသတွင်းပြိုင်ဘက်များ ဖြစ်ကြသော အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုကောင်း လိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒနှင့် မိမိ၏ ဆန္ဒမှာလည်း တစ်ထပ်တည်းဖြစ်သည်ဟု မစ္စတာဆင်းက ပြောကြား လိုက်သည်။ ပါကစ္စတန်ဝန်ကြီးချုပ်...

တရုတ် ကလေးငယ် ၉၀ ကိုလူကုန်ကူးရန် ကြံစည်သူ လူကုန်ကူး လုပ်ကိုင်သူ ၃၀၀ ကိုဖမ်းဆီး

Posted by drmyochit Monday, September 30, 2013, under | No comments

တရုတ်နိုင်ငံမှာ ​လူကုန်ကူးမှုခံရတဲ့ ​ကလေးငယ်အယောက်ပေါင်း ​၉၀ ​ကျော်ကို ​ရဲတွေက ​ကယ်တင်နိုင်ခဲ့ပြီး ​လူကုန်ကူးမှု ​လုပ်ငန်းလုပ်ကိုင်သူလို့ ​ယူဆရသူ ​လူပေါင်း ​၃၀၀ ​ကျော်ကိုလည်း ​ဖမ်းဆီးနိုင်ခဲ့ပါတယ်။  ပြည်နယ်ပေါင်း ​၁၁ ​ပြည်နယ်က ​ရဲတွေ ​စုပေါင်းပြီး ​လူကုန်ကူးမှု ​ဂိုဏ်းကို ​နှိမ်နင်းခဲ့ရာက ​ခုလို ​ဖမ်းဆီးတာတွေ၊ ​ကယ်တင်တာတွေ ​လုပ်နိုင်ခဲ့တာ ​ဖြစ်ပါတယ်။ အဲဒီလူကုန်ကူးဂိုဏ်းတွေထဲက ​တချို့လူတွေက ​ယူနန်ပြည်နယ်နဲ့ ​Sichuan ​ပြည်နယ်မှာ ​ကလေးတွေ...

အီရန်၏ နျူကလီးယားလက်နက်များ လျှော့ချမည်ဆိုခြင်းသည် ဟန်ဆောင်ခြင်းဖြစ်ကြောင်း အစ္စရေးပြော

Posted by drmyochit Monday, September 30, 2013, under | No comments

အီရန်သမ္မတသစ်၏ လက်ထက်တွင် နျူကလီးယား ခြိမ်းခြောက်မှုများ ယခင်ကထက် လျော့နည်း သွားသည် ဆိုသော အမြင်များကို ပြန်လည်ဖြေရှင်းရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာ ဟု (Benjamin Netanyahu) သည် နယူးယောက်မြို့သို့ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ကြောင်း စက်တင် ဘာ ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ “အီရန်ရဲ့ အပြောချိုချိုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ စကားတွေရဲ့နောက်ကွယ်က အမှန်တရားကိုပြောပြဖို့ ကျွန် တော်ရည်ရွယ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ကြောင်း အစ္စရေးရေဒီယိုက...

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

Posted by drmyochit Monday, September 30, 2013, under | No comments

တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ် တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ...

အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ပစ်ခတ်မှုကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး

Posted by drmyochit Monday, September 30, 2013, under | No comments

နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စိုက်ပျိုးရေးဆိုင်ရာ ​ကောလိပ်တခုမှာ ​လက်နက်ကိုင်အဖွဲ့တဖွဲ့က ​၀င်ရောက် ​ပစ်ခတ် ခဲ့တဲ့ အတွက် ​ကျောင်းသူကျောင်းသား ​အနည်းဆုံး ​အယောက် ​၄၀လောက် ​သေဆုံး ခဲ့တယ်လို့ ​နိုင်ဂျီးရီးယား ​စစ်တပ်ကပြောပါတယ်။ အဆိုပါ ​လက်နက်ကိုင်အဖွဲ့တွေဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ​Boko ​Haram ​အဖွဲ့ဖြစ်နိုင်တယ် လို့ ​ဆိုပါ တယ်။ နိုင်ဂျီးရီးယား ​စစ်တပ်ရဲ့ ​အဆိုအရ ​လက်နက်ကိုင်သမားတွေဟာ ​ညအချိန် ​အိပ်ပျော်နေတဲ့ ​ကျောင်း...

ယခုလောလောဆယ် ကမ္ဘာ့အလိုရှိဆုံး အမျိုးသမီးဗြိတိန် မုဆိုးမ

Posted by drmyochit Monday, September 30, 2013, under | No comments

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့လယ်၊ဈေးဝယ် သူများနဲ့စည် ကားနေချိန်မှာ မျက်နှာဖုံးစွပ် သေနတ်ကိုင် လူဆိုးလူ ကြမ်း ၁၅ ယောက်ခန့် ဟာ အုပ် စု ၂ စုခွဲပြီး ကုန်တိုက်ထဲ အတင်း ၀င်ကာ ““မူဆလင်တွေဘေး ဖယ်”” ဆိုပြီး ဈေးဝယ် သူတွေကိုအရမ်း ကာရော ပစ်ခတ်ကြပါပေါ့လား ဆိုပြီးဈေး ၀ယ်သူ ကိုယ်တွေ့ကြုံ သူတွေကပြောပါတယ်။ အချို့ ကို ဖမ်းဆီးပြီး၊ မူဆလင်ဘာသာဝင် ဟုတ်၊မဟုတ်စစ်မေးတယ်။ သူ တို့မေးတာတွေက တမန်တော် မိုဟာမက်ရဲ့မိခင်က ဘယ်သူ လဲ၊ ကိုရမ်း ကျမ်းစာကို ရွတ်ပြစမ်းစသည်ဖြင့်ပေါ့၊...

နေပြည်တော်ရှိ ဆည်တမံများ ကြံ့ခိုင်ရေး ဆောင်ရွက်ပြီးဖြစ်၊ မိုးများစွာရွာသွန်းသော်လည်း ရေပြည့်ခြင်း မရှိ

Posted by drmyochit Monday, September 30, 2013, under | No comments

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန လက်အောက် တွင် ဆည်တမံ စုစုပေါင်း ၂၂ ခုရှိပြီး ဆည်တမံအားလုံးကို ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည့် အပြင် ရေကင်း စစ်ဆေးရန် ဆည်ငယ်များအတွက် ဝန်ထမ်းငါးဦးနှင့် ဆည်လတ်များအတွက် ၁ဝ ဦး ချထားကာ စောင့်ကြပ်လျက်ရှိကြောင်း နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းရေး ညွှန်ကြားရေး မှူး ဦးစိုး တင့်က ပြောကြားသည်။ နေပြည်တော်၌ ဆည်တစ်ခု ကျိုးပေါက်သည်ဟူသော စက်တင်ဘာ ၂၆ ရက် 7 Day...

ဒေါ်စု အဆပေါင်းများစွာတော်ပြီး နိုဘယ်ဆုမရခဲ့သည့် Global Leader ဦးသန့်

Posted by drmyochit Monday, September 30, 2013, under | No comments

တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက် လာသူမှာ ဦးသန့် ဖြစ်သည်။ ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှု အဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင်...

Greenpeace လှုပ်ရှားသူ ၈ ဦး ရုရှားမှာ ထောင်ဒဏ် အပြစ်ပေး

Posted by drmyochit Monday, September 30, 2013, under | No comments

တရားရုံးအတွင်း ရဲအရာရှိအစောင့်နှင့် အချုပ်ခံနေရသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား Ruslan Yakushev (စက်တင်ဘာ ၂၆၊ ၂၀၁၃) ရုရှားနိုင်ငံရဲ့ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာနေရာကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Greenpeace သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ (၈) ဦးကို Murmansk မှာရှိတဲ့ ရုရှား တရားရုံး တရုံးကနေ ထောင်ဒဏ် နှစ်လစီ အမိန့်ချလိုက်ပါတယ်။ ပင်လယ်ရေကြောင်း ဆိုင်ရာ အကြမ်း ဖက်မှုနဲ့ စွပ်စွဲ ခံရပြီး အဲဒီ အမှုကို တာဝန် ရှိသူတွေ...

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်

Posted by drmyochit Monday, September 30, 2013, under | No comments

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေကနေ အကြမ်းဖက် ဆူပူမှုတွေ အထိ ဖြစ်ခဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများ ရာ ကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ ပါတယ်။ ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည် မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို...

တစ်ချိန်တွင် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံစေမည့် Master Plan ဖြစ်နိုင်

Posted by drmyochit Monday, September 30, 2013, under | No comments

“ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်၏ထူးခြားသော ပထဝီနိုင်ငံရေးအရ အခြား တိုင်းရင်းသား များ ထက် ပြည်ထောင်စု၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပြင် ယဉ်ကျေးမှုဓလေ့ထုံးစံများအတွက် ခက်ခက်ခဲခဲဖြင့် ထိန်း သိမ်းကာကွယ်တာဝန်ယူနေရကြောင်း၊ မိမိတို့အနေဖြင့် နှုတ်ဖြင့် ဂုဏ်ပြု ချီးမြှောက်နေ ရုံမျှသာမဟုတ် အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း” ပြည်ထောင် စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်