
လီတီယန်ရီဟာ အရင်ကလည်း လမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရဖူး
တရုတ် နိုင်ငံမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ သားကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ဘေဂျင်းမြို့က တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ သား သမီးတွေ အထိန်းအကွပ်မဲ့ ထင်ရာစိုင်း လုပ်နေချိန် မှာ လီတီယန်ရီရဲ့ မုဒိမ်းမှုကြောင့် လူထုရဲ့ ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
စစ်တက္ကသိုလ်ကျောင်းရဲ့ ဂီတ ဆိုင်ရာ...