Wednesday, August 29, 2012
ဘင်္ဂလီတို့တိုက်ခိုက်မှုခံရသေား ဆရာ၊ဆရာမ များအားမေမြန်းခြင်း(၁)
Posted by drmyochit
Wednesday, August 29, 2012, under ဗွီဒီယိုသတင်း | No comments
ဘင်္ဂလီတို့ တိုက်ခိုက်မှုများ
Posted by drmyochit
Wednesday, August 29, 2012, under ဗွီဒီယိုသတင်း | No comments
ဘင်္ဂလီတို့ သတ်ဖြတ်မှုများ
Posted by drmyochit
Wednesday, August 29, 2012, under ဗွီဒီယိုသတင်း | No comments
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက် သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။အဆိုပါသုံးဦးမှာ ၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ် ၂။
ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ် ၃။
ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆)နှစ် ဖြစ်ကြပြီး
၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း
ခံထားရသူများ ဖြစ်ကြသည်။ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့်
၎င်းတို့အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး
ချမှတ်ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများညံ
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
မောင်အေးမြန်မာ သမ္မတကြီး ဦးသိန်းစိန်သည်ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီးထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး
တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင်
တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့်
ယခုအခါ သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများကဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။
မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု
တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂) နှစ်မှ (၆) နှစ်ထိ ချမှတ်ခံခဲ့ရသူ
မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား
သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်ပေးခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ်
ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူးသီးတောင် မြို့မှ
ထောင် ၃ နှစ်နှင့် ၂ နှစ်စီ ချမှတ်ခံထားရသူ ခင်မောင်ရွှေနှင့်
မောင်ခင်ဇော်တို့ဖြစ်ကြသည်။
သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့်
ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅
(ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ
(၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ပြီး သြဂုတ်စ်လ ၂၄ ရက်နေ့က မောင်တောခရိုင်
တရားရုံး တရားသူကြီး ဦးခင်ဇော်မှ ပုဒ်မ ၄၃၆ ၊ ပုဒ်မ (၁၀၉)၊ ၅၀၅ (ဂ)
တို့ဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရခိုင်အမျိုးသားများ အိမ်များကို မီးရှို့၊ လူသတ်မူများ
ဖြစ်အောင် ဖန်တီး လုံဆော်သူများကို သမ္မတ ဦးသိန်းစိန်က
မွတ်ဆလင်နိုင်ငံများ၏ ဖိအားကို ကြောက်သဖြင့် တစ်ယောက် မကျန်အောင် ပြန်လည်
လွှတ်ပေးနေခြင်းကြောင်း မောင် တောမြို့တွင် မကျေနပ်မူများ တိုးပွားနေကာ
ခံပြင်း
ဒေါသထွက်နေသော ရခိုင်မိသားစု အများအပြားမှာ ယမန်နေ့က တစ်ညဉ့်လုံး မအိပ်ကြဘဲ အိမ်ရှေ့တွင် စုရုံးနေခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ညနေ (သြဂတ်စ်လ ၂၈ ) ရက်နေ့ညတွင် မောင်တောမြို့ရှိ ရခိုင်များမှာ
ညမအိမ်ဘဲ မိမိအိမ် ရှေ့တွင် စုရုံးနေကြကြောင်း မြို့ခံများကလည်း အတည်ပြု
ပြောကြားသည်။
“ ကျမတို့က တော်တော်ကိုဒေါသထွက်ပါတယ်။ အခု သမ္မတရဲ့ လုပ်ရပ်ကိုလည်း
ကျမတို့ နားမလည်တော့ဘူး။ အခု လုပ်ရပ်ဟာ အစိုးရ ဆိုသူတွေဟာ ပြည်သူတွေရဲ့
လစာကို စားပြီး ဘင်္ဂလီတွေအပေါ်မှာ ကျွန်ခံနေတဲ့ သဘောသက် ရောက်နေတယ်။
ကျမတို့ ဒီလို လုပ်ရပ် အပေါ် သည်းမခံနိုင်တော့ဘူး” ဟု သမ္မတ လုပ်ရပ်အပေါ် အထူး ဒေါသထွက်နေသော မောင်တောမြို့မှ အမည်မဖေါ်လို အစိုးရ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။
တခြား မောင်တောမြို့မှ ယခုကဲ့သို့ အစိုးရမှ လွတ်ပေးလိုက်သည့်အပေါ် အိမ်ရှင်မတဦးကလည်း နိရဉ္စရာသို့ ယခုကဲ့သို့ပြောသည်။
“ဒီလိုဆိုတော့ ဦးသိန်းစိန်ကို ကျမတို့ပြန် မေးရမယ်။ သူပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာကို ပြောတာလည်းပေါ့။
တရား ဥပဒေ စိုးမိုးရေးဆိုတာ ကျမတို့ ရခိုင်တွေ အတွက် သက်သက် ပြောတာလား။
အခုလို ရာဇ၀တ်မူ ကျူးလွန်တဲ့ သူတွေကို တစ်ယောက်ပြီး တစ်ယောက် လွှတ်နေတော့
အခု မောင်တောမှာ လူတွေ အရမ်း စိုးရိမ်မူတိုးလာနေကြပါပြီ။
ကျမကိုလည်း အိမ်ကလူတွေက ဒီမှာစိတ် မချ ရတဲ့အတွက် ကျမကို ရန်ကုန်ကို ပို့မယ်လို့ပြောတယ်။ကျမ လုံးဝစိတ်မကောင်းဘူး။
မောင်တောက ကိုယ့်အိမ် မှာ လွတ်လွတ်လပ်လပ်နေချင်တယ်။ ရန်ကုန်မှာ သားသမီးတွေရှိပေမဲ့ ကိုယ့်အိမ်မှာဘဲ နေချင်တယ်။ မသွားချင်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ဖမ်းဆီးထောင်ချပြီး အစိုးရမှပြန်လည် လွတ်ပေးနေသည့်အတွက်
မောင်တောမြို့ရှိ ဒေသခံ ရခိုင်များအနေဖြင့် ဘ၀လုံခြုံမှုမရှိတော့ကြောင့်
မောင်တောမြို့မှ ဆိုင်ပိုင်ရှင်တဦးက ပြောသည်။“သောကြာနေ့ကမှ ထောင် ၆ နှစ်ချတယ်။
၅ ရက်တောင်မကြာဘူး ပြန်လွတ်သွားတော့ မနက်ဖန် မောင်တောတမြို့လုံးမှာ
“အိမ်ရောင်းမည်” လို့ကပ်မယ်။ ဒီက အိမ်တွေရောင်းပြီး ကျွန်တော်တို့ ရန်
ကုန်ကို ပြောင်းဖို့ စီစဉ်နေကြတယ်။
ကျွန်တော်တို့ ဘ၀လုံခြုံမှုမရှိတဲ့အတွက် ကျွန်တော်တို့မွေးတဲ့ မြေကို ကျွန်တော်တို့ စွန့်ပြီး
သွားရတော့မယ် ” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
မောင်တောမြို့ အမှတ် ၄ ရပ်ကွက်မှ လူကြီးတဦးကလည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ့အနေနှင့် မျော်လင့်မထားကြောင်း ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ မနက် ၁၁ နာခန့်ကတည်းက ဒီသတင်းကိုကြားပါတယ်။
ဒါပေမဲ့ ထောင်ဒဏ်ချထား တဲ့ သူကို ဒီလို ချက်ချင်းကြီး လွတ်ပေးမယ်လို့ မထင်ထားဘူး။သောကြာနေ့က အပြစ်ချတယ်။ ဒီ နေ့ပြန် လွတ်ပေး တယ်ဆိုတော့ ဒီလုပ်ရပ်ကသိပ်ရက်စက်တယ်။
ဒီလုပ်ရပ်ကို တယောက်မှ မကြေ နပ်ဘူး။ ရခိုင်တွေ ဒီက ထွက်သွားအောင် အစိုးရကိုယ်တိုင်က လုပ်နေတာလားလို့ စဉ်းစားမိတယ်” ဟု ဆိုသည်။
မနက်ဖန်တွင်လည်း တခြား INGO ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို လွတ်ပေးမည်ဟု မောင်တောမြို့တွင် သတင်းများထွက်ပေါ်နေသည်။
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခကို နိုင်ငံခြား အန်ဂျီအိုများကို
အကာအကွယ်ယူပြီး အဓိက ကြိုးကိုင် လုံ့ဆော် လူပ်ရှားခဲ့ကြသူများဟု
ရခိုင်ပြည်သူများနှင့် ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်များက ယုံကြည်
ထားသူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ၏ အမိန့်အာဏာဖြင့် ယခုအခါ
အားလုံးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများကိုမူ လက်နက်ကိုင် တပ်ဖွဲ့များက ဖိနှိပ် ညှဉ်းပမ်း
ရက်စက်မူ၊ ရိုက်ပုတ် အနိုင်ကျင့်မူများ ပြုလုပ်နေသည့် အပြင်
ဖမ်းဆီးခံရသူများကိုလည်း တစ်ယောက်မှ ပြန်မလွှတ်ဘဲ တစ်ယောက်ပြီး တစ်ယောက်
ထောင်ချနေပြီး
ယခုအခါ ထောင်ချခံရသူ အရေအတွက်မှာ (၆၃)ဦးထိ ရှိသွားပြီ ဖြစ်သဖြင့် သမ္မတ
ဦးသိန်းစိန်၏ လုပ်ရပ် အပေါ် “ မျက်နာကြီးရာ ဟင်းဖတ်ပါသော လုပ်ရပ်″ အဖြစ်
ပြည်သူများက ပြောဆို ဝေဖန်နေကြကြောင်း သတင်းများ ရရှိပါသည်။
နိရဉ္စရာ
နိုင်ငံသား စိစစ်ရေး ကဒ်များ ထိုင်းဘတ်ငွေဖြင့် တရားမ၀င် ထုတ်ပေးနေ (ပေးစာ)
Posted by drmyochit
Wednesday, August 29, 2012, under သတင်းများ | No comments
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လူဝင်မှု လူမျိုးရေးနှင့် ပက်သက်ပြီး အကြီးကျယ် ပြသနာတက် နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝကဦးစီးမှူးစိုးမြင့်ထွန်း ဦးဆောင်တဲ့ ရုံးအဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူလာ အိမ်ထောင်စု မရှိသူဆို လျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့  ငွေပေးမနက်ဖြန် မှတ်ပုံတင်ရ အမြန်လုပ်ပေး နေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့် ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့် လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။
ယင်ကိစ္စနှင့် ပက်သက်၍ ကော့သောင်းမြို
့ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်းများ
ရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ
ကာကွယ် တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ကော့သောင်းမြို
့ခံတစ်ဦး။
နိရဉ္စရာ
ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
ထိုင်းနိုင်ငံ
မြောက်ပိုင်း ချင်းမိုင် ခရိုင်ဝင်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော်ဒုက္ခသည်စခန်းမှ
ရှမ်း ဒုက္ခသည် ၅၀၀ခန့်ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက
ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။
ယင်းဒုက္ခသည်များကို နော်ဝေနိုင်ငံမှ အစိုးရမဟုတ်သော (NGO) အဖွဲ့တဖွဲ့က ရှမ်းပြည်နယ်
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ရှိ မိုင်းထ ဒေသသို့ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်(IDPs)
များအဖြစ် ပြန်လည် နေရာချထားရန် စီစဉ်နေခြင်းဖြစ်၍ ထိုကဲ့သို့ တိုက် တွန်း ရခြင်းဖြစ်ကြောင်း
ရှမ်းအဖွဲ့များ ကထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ သတင်း
ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
မိုင်းထ ဒေသသည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ငြိမ်းချမ်းရေး
အစစ်အမှန် ရရှိမှသာလျှင် ဒုက္ခသည်များကို ပို့ဆောင် သင့်ကြောင်း ရှမ်းလူထု အခြေပြု အဖွဲ့မှ
ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ရှင်းပြသည်။“အခု အချိန်မှာ ငြိမ်းချမ်းတယ်လို့
ပြောလို့လည်း မရသေးဘူး၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကလည်း ရေရေ ရာ ရာ မရှိသေးတဲ့
အတွက်ကြောင့် ဒုက္ခသည်တွေကို ပြန်မပို့ဖို့ အသိပေးချင်တာပါ”ဟု ၎င်းက ဆိုသည်။ယင်း ဒုက္ခသည်များ
ပြန်လည်နေရာချထားရေး အစီအစဉ်၌ နော်ဝေ NGO အဖွဲ့ အပြင် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း(SSA-S) တပ်ဖွဲ့များလည်း ပါဝင်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။နော်ဝေ
NGO အဖွဲ့ဝင်များက ဒုက္ခသည်များကို စစ်တမ်း ကောက်ခံမှုများ ပြုလုပ်နေပြီး ဒုက္ခသည်အများစုက
မြန်မာနိုင်ငံသို့ မပြန် လိုကြကြောင်း စိုင်းခေးဆိုင်က ဆက်ပြောသည်။“နိုင်ငံတကာ အလှူရှင်များလည်း
စစ်ပြေး ဒုက္ခသည်များ ပြန်လည်နေရာချထားခြင်း အပေါ် ဖိအားပေးမယ့် အစား မြန်မာ အစိုးရ ကို
တရားမျှတပြီး ရေရှည် တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံညှိနှိုင်းအဖြေရှာရန်
ဖိအားပေးသင့်တယ်”ဟုလည်း ၎င်းက ဆို သည်။ထို့အပြင် ကုန်းကျော် ဒုက္ခသည် စခန်းနှင့် တဖက်ခြမ်း
မြန်မာနိုင်ငံဘက်ရှိ SSA-S ထိန်းချုပ်ဒေသများတွင် ပြည်တွင်း စစ်ပြေး ဒုက္ခသည် စခန်း
၅ ခု ရှိပြီး ဒုက္ခသည် ၆၅၀၀ ခန့် ရှိကြောင်း အကူအညီပေးရေး အဖွဲ့များ၏ စာရင်းတွင် ဖော်ပြထားသည်။ကုန်းကျော်
စခန်းရှိ ဒုက္ခသည်များမှာ ၂၀၀၁ ခုနှစ်မှ စတင်၍ အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေး
လာကြသူများ ဖြစ် ကြောင်း သိရသည်။ ဒုက္ခသည် အများစုမှာ ရှမ်းပြည်နယ် အတွင်းရှိ မုံထား
အပါအ၀င် လင်းခေး၊ လွိုင်လင်၊ မိုင်းထ၊ မိုင်းပန် ဒေသ ခံ များ ဖြစ်ကြသည်။၎င်း ဒုက္ခသည် စခန်းကို
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)အနေနှင့် အသိအမှတ် ပြုခြင်း မခံရသော်
လည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန်ပေါင်းအဖွဲ့(TBBC) က ဆန်၊
ပဲ၊ ငါးပိ အစရှိသည့် ရိက္ခာများကို ထောက်ပံ့ပေးနေကြောင်း သိရသည်။ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲကို
ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)၊ ရှမ်း သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့ တို့က ဦးဆောင်
ကျင်းပခြင်း
ဖြစ်သည်။
(ဧရာဝတီ)
""ရခိုင်မြေ ငြိမ်းချမ်းပါစေ ရန်ပုံငွေပွဲ""(ဓါက်ပုံများ)
Posted by drmyochit
Wednesday, August 29, 2012, under ဓါတ်ပုံသတင်း | No comments
ရခိုင်ဒေသရှိဒုက္ခသည်များအတွက်ရန်ပုံငွေ ဖျော်ဖြေပွဲကို သြဂုတ်လ ၂၄ ရက်နေ့ကရန်ကုန်မြို့မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရခိုင်ဒေသရှိ ဒုက္ခသည်များ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲကို သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပွဲစဉ်ကျင်းပတဲ့ နေမှာ မိုးသည်းထန်းစွာရွာသွန်းခဲ့တဲ့ အတွက် ကျင်းပမယ့် MCC ခန်းမရှေ့မှာ ရေများပြည့်လျှံ နေတာကြောင့် ကျင်းပတဲ့ အချိန်ကို အနည်းငယ်ရွှေဆိုင်းခဲ့ရပါတယ်။
ရခိုင်မောင်မယ်များဖြစ်တဲ့ နေတိုး၊ ရတနာမိုင်၊ ချမ်းချမ်း၊ ၀င်းကိုခိုင်တို့က ရခိုင်တေးသရုပ်ဖော် သီချင်းများဖြင့် ရခိုင်မြေ ငြိမ်းချမ်းရေးအတွက် ရခိုင်စည်းတော်နဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။
ရရှိတဲ့အလှူငွေများကို စက်တင်ဘာလ ၂ ရက်နေ့မှာ အနုပညာရှင်များလိုက်ပါပြီး စစ်တွေမြို့
ကိုသွားရောက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ-myanmar celebirity.com
ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေ ကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
"အခုလာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ကလေး ၄၂ ယောက်ကို ကုလသမဂ္ဂအထူးအဖွဲ့၊ သူတို့ဆီအပ်မှာ။ UNICEF ကအပ်မှာ၊ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးတော့။ ကျန်တဲ့ ILO ၊ UN အဖွဲ့ဝင် အသီးသီးကအပ်မှာ။ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးရှေ့မှာ လွှတ်ပေးမယ်။
လွှတ်ပေးပြီးလို့ရှိရင် လူမှုဖူလုံရေး အဖွဲ့ကနေပြီးတော့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက် ထားပေးမယ်။ မိဘတွေနဲ့ နောက်တရက် တွေ့ပေးမယ်။ ပြီးလို့ရှိရင် သူတို့မူလဘဝ ပြန်လည်ပေါင်းစည်းရေးကို
UNICEF တို့ ခုနက အလုပ်အခွင့်အလမ်း၊ ILO တို့က ဝိုင်းဝန်းကူညီ ပေးကြမယ်"
ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်းခံရသူတွေကို ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး ကလေးစစ်သားတွေရှိတဲ့
တပ်မတော် တပ်ရင်း၊
တပ်ဖွဲ့တွေက အကြီးဆုံး တာဝန်ရှိသူတွေ ကို စစ်စည်းကမ်း ဥပဒေအရ တရားစွဲ အရေးယူဖို့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မေလအတွင်း အမိန့်စာ ထုတ်ပြန်ခဲ့တယ်လို့ ဦးချစ်တင်က ပြောပါတယ်။
တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ်မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေးကိစ္စကို သဘောတူ လက်မှတ်ရေးထိုး ထားတဲ့အတွက် နောင်မှာလည်း စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ ကလေးစစ်သားတွေကို မိသားစုထံ ထပ်မံ အပ်နှံသွားဖို့ ရှိကြောင်း သိရပါတယ်။
၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
RFA (မြန်မာပိုင်း)

သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်အပြစ်ပေးခံရတဲ့ ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ ၀န်ထမ်းသုံးဦးကို သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ
ခွင့် ပေးလိုက်ပါတယ်။
ကုလသမဂ္ဂ ၀န်ထမ်းတွေ အခုလို လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းနှစ်ဦးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုက ၀န်ထမ်းတစ်ဦး တို့ကို ရခိုင် အရေးအခင်းနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး မောင်တောတရားရုံးကနေ တနေ့က ပြစ်ဒဏ်အသီးသီးတွေ ချမှတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ သမ္မတရဲ့ အမိန့်အာဏာနဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါ တယ်။
ကုလသမဂ္ဂဘက်ကတော့ အခုလို လွတ်မြောက်လာတဲ့သတင်းတွေကို သိရပြီးတော့ ကြိုဆို ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦး လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သိရလို့ ကြိုဆိုပြီးတော့ ကျန်နေတဲ့ နောက်တစ်ဦးလည်း လွတ်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းအတွင်းရေးမှူးပြောခွင့်ရသူ Faran Hag ပြောသွားတာပါ။
ရခိုင်ပြည်နယ်တွင်း ဆူပူမူမှာ ပါဝင်ပတ်သက်တာကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့အဖွဲ့အစည်းတွေက ၀န်ထမ်းသုံးဦးကို မိမိ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို အများပြည်သူနဲ့အတူ တာဝန်ထမ်းဆောင် နိုင်အောင် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့တုန်းက သမ္မတရုံးက ကြေညာခဲ့ပါတယ်။ အဲ့သုံးဦးလုံးဟာ မြန်မာနိုင်ငံသားတွေလည်း ဖြစ်ကြ ပါတယ်။
အဲ့ဒီ့ဝန်ထမ်းသုံးဦးကိုတော့ ပြီးခဲ့ တဲ့သောကြာနေ့က တရားစီရင်ပြီးတော့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌဦးလှသိန်းက ဗွီအိုအေကိုပြောခဲ့ပါတယ်။
“အမိန့်ချတာက သောကြာနေ့ကပေါ့။ ခင်မောင် ခေါ် အဏ္ဏဝါဆာဒတ်၊ သူက ပြစ်မှု ပုဒ်မ ၁၅၃ (က)၊ နောက် ၅၀၅ (ဂ)၊ အဲဒီ ပြစ်မှု နှစ်ခုအတွက် နှစ်နှစ်စီပေါ့- တပေါင်းတည်း ကျခံစေ ဆိုပြီးတော့ နှစ်နှစ်ပေါ့။ နောက် နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း ဥပဒေပုဒ်မ ၂၄ (၁) အရ တနှစ် ဆိုတော့ အဲဒီလူက သုံးနှစ်ကျတာပေါ့။
ပုဒ်မ သုံးခုအတွက် သုံးနှစ်။ နောက် ဦးခင်မောင်ဆွေ ခေါ် တာရက်၊ သူကတော့ ပြစ်မှုပုဒ်မ ၁၅၃ (က)၊ ပြစ်မှု ပုဒ်မ ၅၀၅ (ဂ)-တမှုကို နှစ်နှစ်စီ တပေါင်းတည်း ကျခံစေဆိုတော့ စုစုပေါင်း တပေါင်းတည်း ဆိုတော့ နှစ်နှစ်၊ နောက် ဒေါ်ချိုလေးမာက သူက ၁၅၃ (က) အရ နှစ်နှစ်၊ ပြစ်မှု ပုဒ်မ ၄၃၆/၁၀၉ အတွက် ငါးနှစ်၊ နောက် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ တနှစ်။
ပြစ်မှုတွေကို တပေါင်းတည်း ကျခံစေဆိုတော့ အကုန်လုံးပေါင်းလိုက်ရင် ခြောက်နှစ်။ ဒီအထဲမှာ ကျနော်တို့သိတာက အခု သုံးယောက်က UNHCR ကချည့်ပဲ။”
ထောင်ဒဏ်နှစ်နှစ် အပြစ်ပေးခံရတဲ့ ဦးခင်ရွှေဟာ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFPရဲ့ ၀န်ထမ်းဖြစ်သလိုပဲ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရတဲ့ ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာ မင်းကြီးရုံးရဲ့ ၀န်ထမ်းဖြစ်ပါတယ်။
ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ နောက်တစ်ဦးကတော့ CSSEPလို့ ခေါ်တဲ့ ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံချက်က မချိုမာ ဖြစ်ပါတယ်။
သူတို့သုံးဦးကို ရှေ့နေရှေ့ ရပ်နဲ့ လျောက်လဲခွင့်မပေးဘဲနဲ့ အပြစ်ပေးခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ
ဘက်က ပြောခဲ့ပါတယ်။
သီးခြားလွတ်လပ်တဲ့ တရားစီရင်ခွင့် မရတာကြောင့်မို့လို့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားရော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ မြန်မာအစိုးရကို တောင်းဆိုခဲ့ကြတာပါ။
ဒီအဖွဲ့တွေရဲ့ပြောဆိုမူ နောက်တနေ့မှာပဲ သမ္မတရဲ့အမိန့်နဲ့ ဒီလူတွေကို ပြန်လွှတ်ပေးခဲ့တာပါ။ ရခိုင်အရေးအခင်းအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အခြားကုလသမဂ္ဂ၀န်ထမ်းတွေကိုလည်း ဒီ့မတိုင်ခင်က
တည်းက ပြန်လွှတ်ပြီး ဖြစ်ပါတယ်။
VOA (မြန်မာပိုင်း)

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)
သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်
လာနေသော အစိုးရ တပ်ဖွဲ့များကို
ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်
နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး
တဦးက ဆိုပါသည်။
“ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန်ဖြစ်နေတုန်းပါဘဲ။
စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီးပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီးကြာလာပါတယ်။
ပြီးတော့ လိုင်ဇာဌာနချုပ် အ၀င်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှံ့တွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တပ်နှင့် KIA, ဗဟိုလုံခြုံရေး တပ်တို့ ကြား သြဂုတ်လ (၂၇)ရက်နေ့ တွင် ဒေါ့ဖုန်းယန် စာသင်ကျောင်း အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
အလားတူ သြဂုတ်လ ၊၂၇ ရက်နေ့၌ပင် အစိုးရ (ခ.လ .ရ-၂၆၀)တပ်နှင့် KIA, တပ်ရင်း (၃) တပ်တို့သည် ၀ူထောင်နှင့် လောဒ်ခေါင် ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ထို့အပြင် အစိုးရ (ခ.မ.ရ-၃၀၁)တပ်နှင့် KIA, တပ်ရင်း (၃)တပ်ဖွဲ့ တို့သည် (ခဇူး) ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
တပ်မဟာ (၅) ဒေသအပြင် KIA တပ်ရင်း ( ၆) လက်အောက်ခံ တပ်ဖွဲ့(ဖားကန့်ဒေသ)သည် ဖားကန့်မြို့နယ်မျောက် ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ မိုးသောက် ကြယ်ကုမ္ပဏီ စသည့်နေရာများသို့ ထိုးစစ်ဆင်လာသော အစိုးရ(ခ.လ.ရ-၂၇၂)တပ်ဖွဲ့တို့နှင့် သြ ဂုတ် (၂၇ )ရက်နေ့ နံနက် ၉ နာရီမှ
ညနေ ၄း ၃၀ အထိ တိုက်ပွဲဖြစ်ခဲ့ကြပါသည်။
ယင်းတိုက်ပွဲများသည် ယနေ့အထိဆက် လက် ဖြစ်ပွားလာနေပြီး KIA မှ အသာစီး ရရှိနေသည်ဟု ဒေသခံများက ဆိုပါသည်။
ဤသို့ကြောင့် ဖါးကန့် ဒေသခံများသည် ဖါးကန့်မြို့ပေါ်သို့ ပိုမိုတိမ်းရှောင်လာခဲ့ပါသည်။ ဖါးကန့်မြို့နယ်ရှိ KIA တပ်ဖွဲ့များ သည်လည်း အသာစီး ရလာနေသည့်အတွက် ခါတိုင်းထက် ပိုမို တိုက်ခိုက် လာခဲ့သည်ဟု ဒေသခံများကဆိုပါသည်။
KIA တပ်ဖွဲ့များသည် တန်ပြန် ထိုးစစ်မဆင်နွဲမှီ လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့များ၏ နောက်တန်း ထောက်ပံ့ရေး လမ်းကြောင်းများကို တိုးမြှင့် တိုက်ခိုက်နေခဲ့ပါသည်။ ဤကဲ့သို့ နောက်တန်း တိုက်ခိုက်မှုများ အသာစီးရလာ နေသဖြင့် KIA တပ်ဖွဲ့များသည် လိုင်ဇာ ဌာနချုပ် အနီးရှိ အစိုးရ၏ ရှေ့တန်း တပ်ဖွဲ့များကိုပါ တန်ပြန် တိုက်ခိုက်လာခဲ့ခြင်းဖြစ် ပါသည်။
ရွှေဟဿင်္ာ

တိုက်ပွဲ ရှေ့ တန်း တစ်နေရာ

"ကသာမြို့မှ ၁၂နှစ်သမီးလေး အဓမ္မပြုကျင့်သတ်ဖြတ်ရမှု ဆရာတော်ဦးဝီရသူ ကူညီသွားမည်"
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
၇၊၂၀၁၂ရက်နေ့ကကသာမြို့နယ်အပိုင်၊
အင်းရွာကျေးရွာရှိကြံခင်းအနီး၁၂နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားသွားခဲ့
သတ်ဖြ တ်ခံသည့် ကလေးငယ်မှာ မလှလှဆိုသူဖြစ်ပြီး အင်းရွာရဲ
စခန်းမှ တရားခံပေါ်ပေါက်ရေးစစ်ဆေးနေေ ကြာင်းသိရခဲ့ရပါသည်။
မှုခင်ြး ဖစ်ပြီး ရက်ပိုင်းအတွင်း ကသာခရိုင်မှ ရဲအရာရှိ(၂၀)ကျော်စေလွှတ်စုံစမ်းခဲ့သော်လည်း ရက်အတန်ကြာသည်အထိတရားခံဖေါ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ၊
နောက်တွင်စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးသာအေးမှကသာသို့ရောက်ရှိစဉ် တာဝန်ရှိရဲများ
အား တရားခံမပေါ်ပေါက်ပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းညွှန်ကြားသွားခဲ့ပါသည်၊။
ထိုသို့ညွှန်ကြားသွားပြီး (၂)ရက်အကြာတွင် လူသတ်မဒိန်းကျင့်သော တရားခံမှာ အသတ်ခံရသူမလှလှ၏ အဖိုးအရင်းဦးမြဒေါင်း(၅၇)နှစ်ကိုယ်တိုင်ဖြစ်ကြောင်းကြားရသော်အခါ မြို့ပေါ်မှ သို့လော သို့လော
နှိပ်စက်နည်းမှာမျိုးစုံဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူဦးမြဒေါင်း၏ကျဉ်ချောင်းကိုပင် ဆွဲထုတ်ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဦးမြဒေါင်းကိုယ်တိုင်ပြောကြားခဲ့ပါသည်။
ဖြစ်ကုန်ကြပါသည်။
ဦးမြဒေါင်းမှာ အရက်စွဲနေသူတစ်ယောက်သာဖြစ်ေ ကြာင်း၊အင်းရွာကားလမ်းခွဲ၌ နေ့စဉ်ကုန်ထမ်းပိုးခြင်းဖြင့် အရက်ဖိုးရှာကြောင်း၊ရဲများက နှိပ်စက်ညှင်းပမ်းမှုကြောင့် သးကိုယ်တိုင်မကျူးလွန်ခဲ့သော လူသတ်မှုကို ၀န်ခံလိုက်ရကြောင်းကြားသိရပါသည်၊
နှိပ်စက်နည်းမှာမျိုးစုံဖြစ
ဦးမြဒေါင်းသည်တရားရုံးသို့ စတင်ရောက်ရှိစဉ်ကတည်းက ယခုအချိန်အထိ သူမသတ်ကြောင်း ငြင်းဆန်နေဆဲလည်း ဖြစ်ပါသည်၊
ထိုသို့ မတရားရိုက်နှက်နှိပ်စက်ခဲ့မှုနှင့် တရားခံမှားယွင်းဖမ်းဆီးခဲ့မှုအပေါ် တရားခံဦးမြဒေါင်းမှ တိုင်စာများပို့ထားပြီး ဒေသခံစာရေးဆရာဖြစ်သူ ကျွန်တော့် ထံလည်းဦးမြဒေါင်း၏ ဇနီးသည်ဒေါ်တင်မြမှတစ်ဆင့် ပေးပို့ခဲ့ပါသည်၊
ထိုသို့ မတရားရိုက်နှက်နှိပ်စက်ခဲ့မ
ကျွန်တော်မှ ဆရာတော်ဦးဝီရသူထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ဆရာတော်ကလည်း ထိုမတရားမှု
တွင် လိုက်ပါကူညီဆောင်ရွက်သွားမည်ဟုမိန့်ကြားခဲ့ပါသည်။
တွင် လိုက်ပါကူညီဆောင်ရွက်သွားမည
ထို့အ ပြင် ဦးမြဒေါင်းသည် မြောက်ပိုင်း၌ ကျောင်းသားချင်း အထင်မှားသတ်ဖြတ်ခံလိုက်ရသူ ABကျောင်းသားပေါသွပ်(ခ)အောင်မြင့်ထွန်း၏ ဘကြီးအရင်းလည်း တော်စပ်နေပါသဖြင့် ကသာမြို့ပေါ်ရှိABကျောင်းသား များကလည်း ပူးပေါင်းကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
""ဒီပွဲမှာ ရခိုင်လဲရှုံးပါတယ် ကုလားလဲရှုံးပါတယ် NLD လဲကြားကရှုံးပါတယ် ၊ ကဲ့ဘယ်သူနှိုင်သွားသလဲ""
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
ခက်တယ်ဗျာ ကျွန်တော် က ဘေးက
ကြည့်တော့ပိုမြင်တယ်ပြောရမလားပဲ
ရခိုင်အရေးမှာ မသင်္ကာစရာတွေ
တွေရတာများနေတော့မနေနိုင်နိုင်
မထိုင်နိုင်ပြောရတော့မယ်ပေါ့.မေးခွန်း
တွေထုတ်ချင်တယ်ဗျာ။
တောင်ကုတ်မှာ လူဆယ်ယောက်ကိုသတ်တာ တောင်ကုတ်သားတွေမှဟုတ်ရဲ့လား စဉ်းစားကြည့်ဗျာ တောင်ကုတ်မှာ ကားဂိတ်မှာလဲ ပြသနာဖြစ်တယ်တဲ့ပြီးတော့ နှစ်နာရီလောက်အချိန်ရနေတာကို ဘာလို့ ရဲတွေ စစ်သားတွေကမလာတာလဲ ဘာလို့ လူဆယ်ယောက်ကိုလွယ်လွယ်နဲ့သတ်လို့၇တာလဲ
တောင်ကုတ်ကပြည်သူတွေသတ်တာလား။
ရခိုင်မှာရွေးကောက်ပွဲတုန်းက ရခိုင်ပါတီအနိုင်ရတာကို ကြံ့ခိုင်ရေးပါတီက ကျေနပ်မူရှိရဲ့လား ၂၀၁၅ အတွက်ဘာတွေပြင်ဆင်မလဲဘာတွေအကွက်ချမလဲ..။
တောင်ကုတ်မှာNLDအင်အားကြီးတာကိုဘယ် လိဖြိုဖျက်မလဲစေ့စေ့တွေးတော့ရေးရေးပေါ်ရခိုင်အ
ရေးအခင်းမှာNLD ပါတီရော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရောဘာလို့စွပ်စွဲ
ခံရသလဲ ဒီကိစတွေကိုဘယ်သူတွေကြိုးကိုင်နေတာလဲ။
ရခိုင်အရေး စေ့စေ့တွေး ရေးရေးပေါ်
------------------------------------------
တကယ်တော့ ရခိုင်အရေးအခင်းဟာ တကယ်အကွက်ချစီစဉ်မူကြီးပါကြံ့ဖွတ်က ရခိုင်ပါတီရခိုင်မှာနိုင်တော့ မကျေနပ်ဘူး၂၀၁၅ အတွက်အကွက်ချမယ်ဘာလုပ်မလဲ ရခိုင်မလေး မုဒိန်းကျင့်အသတ်ခံရတော့ အကွက်ဝင်သွားတယ်။
တောင်ကုတ်ဟာဗမာပြည်နဲ့နီးနီးလေး ဆိုက်ကယ်နဲ့လာလာကားနဲ့လာလာလွယ်လွယ်လာလို့ရတယ် ကြံ့ဖွတ်ကစွမ်းအားရှင်လူမိုက်တွေ ကုလားတွေစီးလာတဲ့ကားကိုတား ကုလားတွေကိုသတ်မယ် ကုလားတွေသေတော့မောင်တောကကုလားတွေကမခံနိုင်လို့သောင်းကျန်းမယ်။
သောင်းကျန်းတဲ့ကုလားတွေကို မထိမ်းပဲလွတ်ပေးလိုက်တယ် တောင်ကုန်မှာလဲအလားတူပဲ ထိမ်းလို့ရရဲ့သားနဲ့မထိမ်းတာ ကုလားတွေကိုလွတ်ပေးတော့ ရခိုင်တွေနာတယ် ရခိုင်တွေနာတော့ စစ်တွေမှာ ပြသနာတွေဖြစ်ပြီ ဖြစ်တော့ရခိုင်ပါတီကို ထိခိုက်လာပြီ လုပ်ရင်လဲ တရားခံဖြစ်မယ် မလုပ်ရင်လဲရခိုင်တွေဆီမှာအပြောခံရမယ် ထောက်ခံအားကျမယ်။
NLD ကိုတော့ကုလားနဲ့ဒေါ်စု တွဲရိုက်ထားတဲ့ပုံနဲ့ဖြန့်လိုက်တော့ ဒေါသထွက်နေတဲ့ရခိုင်တိုင်းရင်းသားတွေ
ဆီက ထောက်ခံမူလုံးဝကျသွားတယ် ဒါလဲပိုင်တယ်။
ပြီးတော့ကြံ့ဖွတ်ပါတီငြိမ်နေလိုက်တယ် အစကတော့ ဦးသိန်းစိန်က တိုင်းရင်းသားတွေကိုဦးစားပေးမယ် ဘင်္ဂလီတွေက ခိုးဝင်လာတာလို့ပြောတယ် နောက်တော့ ဦးရေတိုးပွားလာတာလို့လုပ်ပြန်တယ်။
ပြီးတော့ရခိုင်ပါတီတွေကိုခေါ်ပြီး ရခိုင်ပါတီတွေပြောတာပိုထိရောက်တယ်ဆိုပြီး ရခိုင်ပါတီတွေခေါင်းပေါ်ပုံချတယ် ပြီးတော့ ဖမ်းထားတဲ့ NGO ကကုလားတွေကိုပြန်လွတ်ပေးလိုက်တယ်။
ပြီးတော့ ဦးသိန်းစိန် ရဲ့ပြည်ထောင်စုလွတ်တော်ကိုတင်တဲ့ သသဏ်လွာ ထွက်လာပြီး ရခိုင်တိုင်းရင်း
သားတွေ ကို တရားခံ လုပ်လိုက်တယ်။
ရခိုင်အမတ်နဲ့ပြည်သူတွေကန့်ကွက်တော့ မှားသွားပါတယ်ဘာညာနဲ့အရူးကွက်နင်းတယ်
နောက်ဆုံးအကြမ်းဖက်မူတွေမှာဦးဆောင်ပါတယ် ဆိုတဲ့ကုလားတွေကိုလွတ်ပေးလိုက်ပြန်ပြီ ကဲ
တွေးကြည့်ကြစမ်းပါ။
နောက်လာမယ့်အခြေအနေနောက်လာမယ်အခြေအနေကိုသုံးသပ်ရင်ဖြစ်လာနိုင်စရာ တွေက
ဒီကိစကို ၂၀၁၅ ရွေးကောက်ပွဲအထိ ရှည်ကြာစေလိမ့်မယ်ကုလားတွေကို ဖိလိုက် ရခိုင်တွေကိုဖိလိုက် စွပ်စွဲလိုက်နဲ့ကောင်းကောင်းကစားကြလိမ့်မယ်။
ရွေးကောက်ပွဲနီးလာရင်ကုလားတွေကိုအခွင့် အရေးပိုပေးပြီးကြံဖွတ်ပါတီကုလားမဲတွေသိမ်း
ကျုံးသွားလိမ့်မယ်။
ရခိုင်ပါတီကို နည်းလမ်းပေါင်းစုံနဲ့ဖြိုခွင်းဖို့ကြိုးစားလိမ့်မယ် နောက်ဆုံးမှာ ဒိုင်းလူကြီးလုပ်မယ်ဆိုတဲ့
အစိုးရ၂၀၁၅ မှာ အေးအေးဆေးဆေးနဲ့းဒိုင်စားသွားလိမ့်မယ်။
သူတို့မဲရဖို့အတွက် အကွက်တွေရွှေ့ခဲ့တဲ့အတိုင်း တိုင်းရင်းသားတွေမျက်နှာမထောက်ပဲနဲ့
လုပ်ချင်တာကို လုပ်ကြလိမ့်မယ်။
ဘယ်လိုလုပ်မလဲတကယ်တော့ အစိုးရက အလုပ်ရှင် ရခိုင် နဲ့ ကုလား အလုပ်သမားအလုပ်ရှင်
ဆိုတာ သူအောက်ကလူတွေ တည့်သွားမှာကိုကြောက်တယ်။
အမြဲတမ်း သွေးထိုးနေတယ် ဒါမှ ရခိုင်ကမကောင်းရင် ကုလားကတိုင်တယ်ကုလားကို
ပြောထားတယ်တကယ်တော့ခင်တာမင်းကိုပါရခိုင်ကိုစောင့်ကြည့်ကွာဒီကောင်ဘာမဟုတ်
တာတွေလုပ်လဲမသိဘူး။
ဒီလိုပဲ ရခိုင်ကိုလဲ ကုလားကိုစောင့်ကြည့်ကွာ ဘာညာနဲ့ကစားနေတာပဲနောက်ဆုံးတော့ ကုလားကို
ရခိုင်မယုံ ရခိုင်ကိုကုလားမယုံနဲ့ ချကြနက်ကြနဲ့အလုပ်ရှင်မှာကအမြတ်တွေကိုထွက်လို့ နိုင်ငံတကာ
ကလာလှူ အိပ်ထဲထည့်ဘယ်လောက်ပိုင်လဲ ကဲဒီပွဲမှာ ရခိုင်လဲရှုံးပါတယ် ကုလားလဲရှုံးပါတယ်
NLD လဲကြားကရှုံးပါတယ်။
အနိုင်ရရှိသူကတော့ ကြံ့ဖွတ်အစိုးရပဲဖြစ်ပါတယ်ခင်ဗျာ။
သုံးသပ်တင်ပြသူ
ဗိုက်ကလေး(တွတ်ပီယောက်ဖ)
ကြုံတိုင်းရွာ။

ပြည်ထောင်စုလွှတ်တော်မှအတည်ပြုခန့်အပ်ခဲ့သောရာထူးနေရာများနှင့်ပုဂ္ဂိုလ်များ
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
ပြည်ထောင်စုလွှတ်တော်မှအတည်ပြုခန့်အပ်ခဲ့သောရာထူးနေရာများနှင့်ပုဂ္ဂိုလ်များ
1 သမ္မတ ဦးသိန်းစိန်
2 ဒုတိယသမ္မတ(၁) ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း
3 ဒုတိယသမ္မတ(၂) ဦးဥာဏ်ထွန်း
4 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
5 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
6 ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
7 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး
8 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
9 ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ
10 အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း
11 ပြည်ထောင်စုစာရင်းစစ်ချုပ် (?)
12 ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်
13 ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ
14 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်
ဒုတိယဝန်ကြီးများ
1 ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကျော်ညွန့် (ဒုတိယဝန်ကြီး)
2 ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးအောင်သော် (ဒုတိယဝန်ကြီး)
3 ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး)
4 ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး)
5 နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး)
6 နိုင်ငံခြားရေးဝန်ကြီးဌာန ဦးမောင်မြင့် (ဒုတိယဝန်ကြီး)
7 နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး)
8 ပြန်ကြားရေးဝန်ကြီးဌာန ဦးပိုက်ထွေး (ဒုတိယဝန်ကြီး)
9 လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးအုန်းသန်း (ဒုတိယဝန်ကြီး)
10 လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးခင်ဇော် (ဒုတိယဝန်ကြီး)
11 ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဦးဝင်းသန်း (ဒုတိယဝန်ကြီး)
12 ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒေါက်တာလင်းအောင် (ဒုတိယဝန်ကြီး)
13 ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးစိုးတင့် (ဒုတိယဝန်ကြီး)
14 ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးကျော်လွင် (ဒုတိယဝန်ကြီး)
15 အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒေါက်တာကံဇော် (ဒုတိယဝန်ကြီး)
16 အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဦးဆက်အောင် (ဒုတိယဝန်ကြီး)
17 အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒေါ်ခင်စန်းရည် (ဒုတိယဝန်ကြီး)
18 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး)
19 ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဦးသောင်းတင် (ဒုတိယဝန်ကြီး)
20 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးဘုန်းဆွေ (ဒုတိယဝန်ကြီး)
21 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါ်စုစုလှိုင် (ဒုတိယဝန်ကြီး)
22 သမဝါယမဝန်ကြီးဌာန ဦးသန်းထွန်း (ဒုတိယဝန်ကြီး)
23 အလုပ်သမားဝန်ကြီးဌာန ဦးမြင့်သိန်း (ဒုတိယဝန်ကြီး)
24 ပို့ဆောင်ရေးဝန်ကြီးဌာန ဦးဝင်းရှိန် (ဒုတိယဝန်ကြီး)
25 ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဦးဌေးအောင် (ဒုတိယဝန်ကြီး)
26 စက်မှုဝန်ကြီးဌာန ဦးသိန်းအောင် (ဒုတိယဝန်ကြီး)
27 စက်မှုဝန်ကြီးဌာန ဦးမျိုးအောင် (ဒုတိယဝန်ကြီး)
28 ရထားပို့ဆောင်ရေးဝန်ကြီးဌာန သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး)
29 ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဦးသန့်ရှင်း (ဒုတိယဝန်ကြီး)
30 စွမ်းအင်ဝန်ကြီးဌာန ဦးထင်အောင် (ဒုတိယဝန်ကြီး)
31 အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးမြင့်ဇော် (ဒုတိယဝန်ကြီး)
32 အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး)
33 ပညာရေးဝန်ကြီးဌာန ဦးအေးကြူ (ဒုတိယဝန်ကြီး)
34 ပညာရေးဝန်ကြီးဌာန ဦးဘရွှေ (ဒုတိယဝန်ကြီး)
35 ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (ဒုတိယဝန်ကြီး)
36 ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး)
37 ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဒေါ်သိန်းသိန်းဌေး (ဒုတိယဝန်ကြီး)
38 ယဉ်ကျေးမှုဝန်ကြီးဌာန ဒေါ်စန္ဒာခင် (ဒုတိယဝန်ကြီး)
39 ယဉ်ကျေးမှုဝန်ကြီးဌာန ဦးသန်းဆွေ (ဒုတိယဝန်ကြီး)
40 သာသနာရေးဝန်ကြီးဌာန ဒေါက်တာမောင်မောင်ဌေး (ဒုတိယဝန်ကြီး)
41 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး)
42 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး)
43 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဝင်းမြင့် (ဒုတိယဝန်ကြီး)
44 အားကစားဝန်ကြီးဌာန ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး)
45 အားကစားဝန်ကြီးဌာန ဦးသောင်းထိုက် (ဒုတိယဝန်ကြီး)
46 မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဦးခင်မောင်အေး (ဒုတိယဝန်ကြီး)
47 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဦးအေးမြင့်မောင် (ဒုတိယဝန်ကြီး)
48 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒါက်တာဒေါ်သက်သက်ဇင် (ဒုတိယဝန်ကြီး)
49 သမ္မတရုံးဝန်ကြီးဌာန? ဦးဟန်စိန် (ဒုတိယဝန်ကြီး)
50 သမ္မတရုံးဝန်ကြီးဌာန? ဦးချန်မောင် (ဒုတိယဝန်ကြီး)
တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ
1 ကချင်ပြည်နယ် ဦးလဂျွန်ငန်ဆိုင်း (ပြည်နယ်ဝန်ကြီးချုပ်)
2 ကယားပြည်နယ် ဦးခင်မောင်ဦး(ခ)ဦးဘူးရယ် (ပြည်နယ်ဝန်ကြီးချုပ်)
3 ကရင်ပြည်နယ် ဦးဇော်မင်း (ပြည်နယ်ဝန်ကြီးချုပ်)
4 ချင်းပြည်နယ် ဦးဟုန်းငိုင်း (ပြည်နယ်ဝန်ကြီးချုပ်)
5 မွန်ပြည်နယ် ဦးအုန်းမြင့် (ပြည်နယ်ဝန်ကြီးချုပ်)
6 ရခိုင်ပြည်နယ် ဦးလှမောင်တင် (ပြည်နယ်ဝန်ကြီးချုပ်)
7 ရှမ်းပြည်နယ် ဦးအောင်မြတ်(ခ)စဝ်အောင်မြတ် (ပြည်နယ်ဝန်ကြီးချုပ်)
8 စစ်ကိုင်းတိုင်းဒေသကြီး ဦးသာအေး (ပြည်နယ်ဝန်ကြီးချုပ်)
9 မကွေးတိုင်းဒေသကြီး ဦးဘုန်းမော်ရွှေ (ပြည်နယ်ဝန်ကြီးချုပ်)
10 မန္တလေးတိုင်းဒေသကြီး ဦးရဲမြင့် (ပြည်နယ်ဝန်ကြီးချုပ်)
11 ပဲခူးတိုင်းဒေသကြီး ဦးဉာဏ်ဝင်း (ပြည်နယ်ဝန်ကြီးချုပ်)
12 တနင်္သာရီတိုင်းဒေသကြီး ဦးမြတ်ကို (ပြည်နယ်ဝန်ကြီးချုပ်)
13 ရန်ကုန်တိုင်းဒေသကြီး ဦးမြင့်ဆွေ (ပြည်နယ်ဝန်ကြီးချုပ်)
14 ဧရာဝတီတိုင်းဒေသကြီး ဦးသိန်းအောင် (ပြည်နယ်ဝန်ကြီးချုပ်)
တိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်အသီးသီး၌ခန့်အပ်ထားသောလွှတ်တော်ဥက္ကဋ္ဌများ
1 ကချင်ပြည်နယ် ဦးရားဝမ်ဂျုံ (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
2 ကယားပြည်နယ် ဦးကျော်ဆွေ (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
3 ကရင်ပြည်နယ် ဦးစောအောင်ကျော်မင်း (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
4 ချင်းပြည်နယ် ဦးဟောက်ခင်ခမ်း (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
5 မွန်ပြည်နယ် ဦးကျင်ဖေ (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
6 ရခိုင်ပြည်နယ် ဦးထိန်လင်း (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
7 ရှမ်းပြည်နယ် ဦးစိုင်းလုံးဆိုင် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
8 စစ်ကိုင်းတိုင်းဒေသကြီး ဦးသင်းလှိုင် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
9 တနင်္သာရီတိုင်းဒေသကြီး ဦးထင်အောင်ကျော် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
10 မကွေးတိုင်းဒေသကြီး ဦးရဲမြင့် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
11 ပဲခူးတိုင်းဒေသကြီး ဦးဝင်းတင် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
12 မန္တလေးတိုင်းဒေသကြီး ဦးဝင်းမောင် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
13 ရန်ကုန်တိုင်းဒေသကြီး ဦးစိန်တင်ဝင်း (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
14 ဧရာဝတီတိုင်းဒေသကြီး ဦးဆန်းဆင့် (တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)
ကိုးကား
သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ(၂ဝ၁၂)၊ပြန်ကြားရေးဝန်ကြီးဌာန
သမ္မတရုံးကြေညာချက်၂၇.ဝ၈.၂ဝ၁၂၊၂၈.ဝ၈.၂ဝ၁၂
မှတ်ချက်။ လွယ်ကူအစဉ်ပြေစေရန်သာအကြမ်းစီစဉ်ထားခြင်းဖြစ်ပါသည်။ လိုအပ်သည်များပိုနေသည် များပြင်ဆင်သင့်သည်များကိုထပ်မံပြင်ဆင်သွားပါမည်။
Last Updated: 28.08.2012
ဦးစိုးအောင်၊စွမ်းအင်ဒုဝန်ကြီးအမိန့်အမှတ်(၁၄/၂ဝ၁၂)၂ဝ၁၂ဇွန်၅မှာနှုတ်ထွက်ခွင့်ပြု
ဦးတင့်လွင်၊ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း၊ဒုဝန်ကြီးအမိန့်အမှတ်(၁၄/၂ဝ၁၂)၂ဝ၁၂ဇွန်၅မှာနှုတ်
ထွက်ခွင့်ပြု
မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု
Posted by drmyochit
Wednesday, August 29, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ် လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။ ၀န်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံေ နသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှ တဲ့ နေရာေ တွ ကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့ဆက်တိုးပြီး လုပ်နိုင်တော့မယ့် အလားအလာအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။
အပြောင်းအလဲတွေထဲမှာ အထင်ရှားဆုံးတခုကတော့ သဘောထားတင်းမာသူအဖြစ် အများကမြင်ကြ တဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြောင်းရွှေ့လိုက်တာပါပဲ။ သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်သူက တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအောင်ကြည်ပါ။
အခုအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အရင် စစ်ကောင်စီထံ ကနေ သမ္မတဦးသိန်းစိန် အစိုးရ အာဏာလွှဲပြောင်းယူခဲ့ကတည်းကဆိုရင် အကြီးမားဆုံးလို့ဆိုရမှာပါ။ အဲဒီအချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးတွေ ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လိုလုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရသလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေက ရုပ်သိမ်း ဆိုင်းငံ့ပေးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။
ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို အထူးသဖြင့် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာမရှိပါဘူး လို့ မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ယေဂင် (Larry Jagan) က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြန်နိုင်သမျှမြန်မြန် အတော်လေး အပြင်းအထန်လုပ်ဖို့ သူဟာ သိပ်ကို စိတ်အား ထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အရည်အချင်းမရှိတာ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ၀န်ကြီးတွေမရှိတာ၊ အရည်အချင်း ပြည့်ဝတဲ့ အရပ်ဘက်ဝန်ထမ်းတွေမရှိတာတွေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ သဘောထား တင်းမာ သူတွေကြောင့် သူ့ရဲ့ လုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ ရှေ့ဆက်သွားနိုင်တဲ့ အနေအထား မှာ ရောက်နေပြီလို့ ကျနော်ထင်တယ်။ ရှေ့ဆက် မြင်ရလိမ့်မယ်လို့ ကျနော်ထင်တာကတော့ အစိုးရ အဖွဲ့ထဲမှာ မျက်နှာသစ်တွေ အများကြီး ပါလာမယ်၊ ဒုတိယ၀န်ကြီးတွေလိုမျိုး နည်းနည်း နိမ့်တဲ့နေရာတွေမှာပေါ့၊ အဲဒီလူတွေဟာ အသိပညာရှင် အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားတွေဖြစ်ပါလိမ့်မယ်။”
တနင်္လာနဲ့အင်္ဂါနေ့တွေက အပြောင်းအလဲတွေမှာ ၀န်ကြီးကိုးဦးကို ၀န်ကြီးဌာန ပြောင်းရွှေ့ ခန့်ထား တာ၊ ဒုတိယ၀န်ကြီး ၁၅ ဦး ခန့်အပ်တာ၊ ၀န်ကြီးနှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို ရာထူး ကနုတ်ထွက်ခွင့်ပြုတာတွေပါဝင်ပါတယ်။ အခု ၀န်ကြီးအပြောင်းအလဲတွေအပေါ် အကောင်းမြင်ကြ သူများပေမဲ့လည်း သမ္မတကိုသာ ယုံကြည်ကိုးစားပြီး ၀န်ကြီးတွေ အပေါ် သိပ်ကြီးမျှော်လင့်ချက် မထားသူမျိုးလည်းရှိပါတယ်။
“သိပ်ပြီး မျှော်လင့်ချက်ကြီးရယ်လို့လည်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကတော့ ကိုယ့်အပေါ် ကို ကောင်းအောင် လုပ်ပေးမှာပဲလေ။ နိုင်ငံတော် သမ္မတကိုတော့ မျှော်လင့်တာပေါ့။ ဒီဝန်ကြီးတွေ အနေနဲ့တော့ ပြောသလောက်ကြီး မျှော်လင့်ချက် မထားပါဘူး။”
ရန်ကုန်မြို့ခံတဦးပါ။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်တွေကို ကြိကြပ်တဲ့အပြင် ပြည်ပ သတင်းထောက်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို စိစစ်ခွင့်ပြုတဲ့ အလုပ်ကို လည်း လုပ်ပါတယ်။ နောက် ရန်ကုန်မြို့ခံတဦး ကတော့ သမ္မတရဲ့ အခုလုပ်ရပ်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသလို အခု ပြောင်းရွှေ့ ခန့်ထားလိုက်တဲ့ ၀န်ကြီးတွေအပေါ် မျှော်လင့်ချက် ထားသူလည်းဖြစ် ပါတယ်။
“ကျနော့်အမြင်ကတော့ လူမှန် နေရာမှန်တွေလို့ မြင်လိုက်တယ်။ ဦးကျော်ဆန်းနေရာကိုဝင်သွားတဲ့ ဦးအောင်ကြည်ကို ပိုစိတ်ဝင်စားတယ်ပေါ့နော်။ ဦးအောင်ကြည်အနေနဲ့ကတော့ flexible ဖြစ်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လိုက်တယ်။ အခု နေရာပြောင်းလဲတဲ့ ဝန်ကြီးတွေပေါ့နော်-မဆိုးပါဘူး။ အားလုံး တော်တယ်၊ ကောင်းတယ်လို့ ကျနော်တော့ မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သမ္မတကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ပဲ ကျေးဇူးတင်လိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီဝန်ကြီးတွေက တိုင်းပြည်အတွက် အလွန် အရေးကြီးပါတယ်။ တိုင်းပြည် အတွက် ဆိုတာထက် ပြည်သူအတွက်လို့ ကျနော်တို့က ပိုပြီး ပြောချင်ပါတယ်။
အရေးကြီးတာ ပြည်သူ့ အတွက်ပါပဲ။ အဲဒီအတွက်တော့ ကျနော် တိုတိုနဲ့လိုရင် ပြောလိုက်မယ်ပေါ့- အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီးကို ကျနော်တို့က ဝမ်းမြောက် ဝမ်းသာ ထောက်လည်း ထောက် ခံ လိုက်ပါတယ်။ ကြိုလည်း ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးတွေကိုလည်း ထို့အတူပဲ- ကြိုဆိုပါ တယ်။ ထောက်လည်း ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့- ဒီတာဝန်ယူ လိုက်တဲ့ ဝန်ကြီးတွေက ပြည်သူအတွက် တကယ်ပဲ လေးလေးနက်နက် အလုပ် လုပ်ပေးကြပါလို့- ဒါလေးပဲ ပြောချင်ပါတယ်။”
ဝန်ကြီးနေရာ အပြောင်းအလဲတွေဟာ မပြီးဆုံးသေးဘဲ နောက်ထပ် လာလိမ့်ဦးမယ်လို့ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ခြေလှမ်း မှန်မှန်နဲ့ မြန်မြန် ဆက်လုပ်နိုင်ရင်ဖြင့် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ အခြေအနေ ကနေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် နိုင်ငံ တခု ဖြစ်လာလိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ထားကြပါတယ်ခင်ဗျား။