Tuesday, October 29, 2013

ပမာဒလေခ အမှားမဖြစ်စေလိုပါ

Posted by drmyochit Tuesday, October 29, 2013, under | No comments


မြန်မာနိုင်ငံအတွက် ယခုအချိန် အရေးအကြီးဆုံးသောကိစ္စကိုပြောပါဆိုလျှင် ငြိမ်းချမ်းရေးကိစ္စ ဟုသာပြော ရပေလိမ့်မည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ သည် ရေခံမြေ ခံကောင်းပါလျှက် တိုးတက်ဖွံ့ဖြိုးမှုများ နောက်ကျကျန်ခဲ့ရသည်။ မြန်မာပြည် ခေတ် နောက် ကျခဲ့ရခြင်း ၏ မူရင်းလက်သည်၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ ဘဝများစွာကို ဖျက်ဆီးခဲ့သော တရားခံ၊ တိုင်းပြည်၏ ဓနတို့ကို လျော့ပါးဆုတ်ယုတ်စေခဲ့သော ဖုတ်ကောင်အဖြစ် ပြည်တွင်းစစ်က နေရာယူခဲ့သည်။ ခေတ်သစ်စ နစ်သစ်ဖြင့် နိုင်ငံတော်တည်ဆောက်နေချိန်တွင်လည်း ပြည်တွင်းစစ်သည် ဧရာမအတား အဆီးကြီး တစ်ခု သာဖြစ်သည်။ ထိုအတားအဆီးကို ကျော်လွှားချေဖျက်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မ တီမှ အားသွန်ကြိုးပမ်းလျှက်ရှိရာ အခြေအနေကောင်းများ ထွက်ပေါ် နေပြီဖြစ် သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ရရှိထားပြီး မရသေး သည့် KIO နှင့် TLNA တို့ကိုလည်း ဆက်လက်ဆွေးနွေးလျှက်ရှိရာ ပြည်သူပြည်သား တစ်ဦး အနေဖြင့် များစွာအားရကျေနပ်မိသည်။


ပြီးခဲ့သော အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မ တီနှင့် KIO တို့၏ ၃ ရက်ကြာအစည်းအဝေးသည် ရလဒ်ကောင်းများရှိပြီး အိမ်ပြန် ချင်နေသောဒေသ ခံတို့အတွက် မျှော်လင့်ချက်ရောင်နီသန်းလာခဲ့သည်။ ကချင်ပြည်နယ်တွင်ဖြစ်ပွား ခဲ့သော စစ်ပွဲများကြောင့် သိန်းဂဏန်းရှိသော ဒေသခံတို့မှာ အိုးအိမ်နှင့်စီးပွားရေးလုပ်ငန်းများကို စွန့်လွှတ် ကာ ဘေးလွတ်ရာသို့ ပြေးလွှားရှောင်လွှဲခဲ့ရသည်။ ၃ ရက်ကြာ ဆွေးနွေးခဲ့သော KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲမှ သဘောတူညီမှု ၇ ရပ်ရရှိခဲ့ရာ နေရပ်စွန့်ခွာပြည်သူများ၏ မူရင်းနေရပ်သို့ပြန်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် သဘောတူညီမှုရရှိခဲ့ခြင်းအပေါ်များစွာ နှစ်ထောင်းအားရဖြစ်ခဲ့မိသည်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဂရုတစိုက်စိတ်ဝင်စားစွာ စောင့်ကြည့်လေ့လာသူတစ်ဦးအနေဖြင့် စိုးရိမ်စိတ်လွန်ကဲသည်ဟုပင်ဆိုဆို၊ သတိတရားရှေ့တန်းထားလွန်းသည်ဟုပင် ပြောပြော၊ ငြိမ်းချမ်းရေးကို ဦးစီး ဦးဆောင်ပြုသူ ပုဂ္ဂိုလ်ကြီးများတွင် စေတနာစိတ်စော၍ ပမာဒလေခ အမှားပါသွားမည်ကို စိုးရိမ်မိပါသည်။ ဆွေးနွေးပွဲရက်များအတွင်း KIO ၏ တစ်ဖက်က ဆောင်ရွက်ချက်များသည် စာရေးသူ၏ သံသယစက်ဝန်းထဲသို့ ကျရောက်လာခဲ့ပါသည်။


စစ်အစိုးရလက်ထက်တွင်လည်း လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခဲ့သည့်တိုင် အခုတစ်ဖန်ပြန်ပြီး လက်မှတ်ရေးထိုးကြသည့်အဖွဲ့များသည်လည်း ထိုစဉ်က လက်မှတ်ရေးထိုးပြီးအဖွဲ့များဖြစ်သည်ဟု လေ့လာတွေ့ရှိရပါသည်။ အစိုးရပြောင်းသည်နှင့် ငြိမ်းချမ်းရေး လည်း ပျက်ပြယ်ခဲ့ရာ ၃ နှစ်သက်တမ်းတွင် ယခုအစိုးရနှင့် တိုင်းရင်းသားတပ်များကြား တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေးသည် ယခုအစိုးရ၏ လက်ကျန်သက်တမ်း ၂ နှစ် လောက်ပဲခံတော့ မလားဟု တွေးစရာဖြစ်လာတော့သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် အစိုးရသက်တမ်း ၅ နှစ် တစ်ကြိမ်ပြောင်းတိုင်း ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်ဆွေးနွေး လက်မှတ်ထိုးရမည့် အခြေအနေများ ဖြစ်ပေါ်လာလေမည်လားဟု ထင်စရာဖြစ်ပေသည်။

ငြိမ်းချမ်းရေးတည်မြဲဖို့ဆိုလျှင် နှစ်ဖက်အဖွဲ့အစည်းတို့၏ သဘောထားမှန်ကန်မှုရှိရန် အရေးကြီး သည်။ ရည်ရွယ်ချက်ခိုင်မြဲဖို့လည်းလိုသည်။ သဘောထားလည်းမမှန်၊ ရည်ရွယ်ချက်လည်း ခိုင်ခိုင်မာမာ မရှိလျှင် ငြိမ်းချမ်းရေးသည် အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတစ်လုံးသာဖြစ်နိုင်သည်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစကားဝိုင်းသည် ရင်တွင်းစကားများကို စေတနာမှန်မှန်ဖြင့် ထုတ်ဖော်နိုင်ရန် အရေး ကြီးသည်။ ဟန်ဆောင် ဖုံးကွယ်နေ၍မရပေ။ တကယ့်ငြိမ်းချမ်းရေးအပေါ် လိုလားသောစိတ်သည်သာ ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းရန်အတွက် လမ်းပြကြယ်ဖြစ်ပေလိမ့်မည်။ တကယ့်ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ ဆောင်ရွက်ချက်များသည် ရိုးသားမှုကို အခြေခံပြီး ယုံကြည်မှု တည်ဆောက်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလသည် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုတည်ဆောက်ရသော အကဲခတ်သည့်အချိန်ဖြစ်သည်ကို နှစ်ဖက်စလုံးက သတိပြု သင့်သည်။ အလားတူ နှစ်ဘက်လုံးလည်း တစ်ဦးနှင့်တစ်ဦး အကဲခတ်နေကြပေလိမ့်မည်။ သို့သော်တရားဝင် ရပ်တည်မှုရပြီး အစိုးရနှင့်လက်တွဲရန် သူပုန်ဟူသော ခေါင်းစဉ်အောက်မှ နိုင်ငံတည်ဆောက်ရေး အင်အားစု ဟူသောခေါင်းစဉ်အောက်သို့ ကူးပြောင်းမှုအတွက်တွင်မူ သူပုန်နာမည်ခွာလိုသူများက အထူး ဆင်ခြင်ကြရမည့်သဘောရှိပါသည်။ ထို့ကြောင့် လတ်တလော တိုင်းရင်းသားလက်နက်ကိုင် တပ်အချို့၏ ဒွိဟဖြစ်စရာ အခြေအနေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါသည်။


KIO သည် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်ထိငြိမ်းချမ်းရေးဆွေးနွေးသည့်တိုင် အပစ်အခတ်ရပ်စဲရေးဆီသို့ မရောက်ခဲ့ပေ။ ဒေသခံများ မူလနေရပ်ပြန်ရေးအတွက် အာမခံမရှိသည့် အခြေအနေပင် တည်ရှိနေဆဲဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့သူများသည် တိုက်ပွဲများပြန်ဖြစ်လာမည်ကို ကြောက်ရွံ့စိုးထိတ်နေကြဆဲဖြစ်ပါသည်။ ၎င်းပြင် ကချင် FM မှ ထုတ်လွှင့် ခဲ့သော ဝမ်ပေါင်အစိုးရဟူသော စကားလုံးများသည် ပြည်ထောင်စုအစိုးရအပေါ် စင်ပြိုင်သဘောဆောင် သော စိန်ခေါ်မှုများဖြစ်စေပြီး လွတ်လပ်သော ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ရည်မှန်းချက်အပေါ် စွန့်လွှတ်မှုမရှိသေးကြောင်းကို ဖော်ပြလျက်ရှိသည်ဟု မြင်မိပါသည်။ ထိုမျှမက ရန်ကုန်အပါအဝင် မြို့နယ် အသီးသီးတွင် လူမျိုးရေးအခြေခံစည်းရုံးမှုများကလည်း လူငယ်များကြားတွင်ပျံ့နှံ့လာရာ ထိန်းချုပ် နယ်မြေနှင့် စပ်ကြားနယ်မြေများတွင် လူသစ်စု၊ ဆက်ကြေးကောက်သကဲ့သို့ မြို့ပြအသွင်ဖြင့် ဆောင်ရွက် လေသလား ထင်မှားစရာတွေရှိလာနိုင်ပေသည်။ ပင်လုံစာချုပ်ကို လက်ကိုင်ပြုပြီး လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကဗြောင်းကပြန်လုပ်ဆောင်ရန် ဝါဒဖြန့်ချိနေမှုများသည်လည်း အစိုးရအပေါ် အကျပ်ကိုင်သကဲ့သို့ ဖြစ်နေသည်မှာ ဆင်ခြင်ဖွယ်ဖြစ်သည်။ ၎င်းအပြင် အခြေခံဥပဒေကို လွှတ်တော်ပြင်ပ အသစ်ရေးဆွဲရေး အထိ ညာသံပေးနေမှုများ၊ ဆွေးနွေးပွဲအပေါ်ယုံကြည်မှုမရှိကြောင်း ပြောဆိုထုတ်လွှင့်နေမှုများက အခြေခံ ဥပဒေကို ကာကွယ်ရန်တာဝန်ပေးအပ်ထားသော တပ်မတော်အပေါ်၌ပါ စိန်ခေါ်နေသယောင်ဖြစ်စေပြီး တိုင်းရင်းသားအရေး ခေါင်းစဉ်ဖြင့် အခြားလက်နက်ကိုင်တိုင်းရင်းသားများကိုပါ ဦးဆောင်စည်းရုံးဆောင်ရွက် ချက်များသည် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုအတွက် အတားအဆီးဖြစ်ပေါ်နေသည်ကို သတိမူ သင့်ပါသည်။


UWSA ခေါ် ‘‘ဝ’’ တပ်ဖွဲ့များသည်လည်း ပြည်ထောင်စုမှ ခွဲမထွက်ဟု အာမခံထားသည့်တိုင် ပြည်ထောင်စုအစိုးရ၏ ဌာနဆိုင်ရာများနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ ၎င်းတို့နယ်မြေအပေါ် ဖြတ်သန်း သွားလာ ဝင်ရောက်မှုအပေါ် ကန့်သတ်မှုများထားရှိနေဆဲဖြစ်သည်။ ထိုမျှမက ဝ ပြည်နယ်တောင်းဆို မှုမျိုးသည် အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့်တိုင် ထပ်မံတောင်းဆိုလာသော အခွင့် အရေးဖြစ်သဖြင့် အခြားလူနည်းစုတိုင်းရင်းသားများအတွက် ရင်လေးစရာဖြစ်ခဲ့သည်။ ဝ ပြည်နယ် တောင်းဆိုမှုကြောင့် ဘူးသီးတောင်-မောင်းတောဒေသတွင် မွတ်ဆလင်ပြည်နယ်တောင်းဆိုမှုများ အသံ ထွက်ပေါ်လာနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။ အခြားတိုင်းရင်းသားများကပါ သီးခြားပြည်နယ် ထူထောင်ခွင့် တောင်းခံလာပါက တစ်ချိန်က ရန်ကုန်အစိုးရဟု အများကသမုတ်သည့်အဆင့် ပြန်ရောက် သွားလေမလား တွေးတောမိပါသည်။ ပြီးခဲ့သည့် လအနည်းငယ်က တပ်စခန်းတိုးချဲ့မှုများနှင့် တရုတ်မှ ရဟတ်ယာဉ် ၂ စီး ဝယ်ယူမှုများကြောင့် အစိုးရထံပြန်လည်ဖြေရှင်းခဲ့ရာတွင်လည်း ပြည်သူလူထုကျေနပ် လောက်အောင် ပီပီပြင်ပြင်ဖြေရှင်းမှုမတွေ့ရပေ။ သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည့် လက်နက် စက်ရုံများတည်ထောင်မှု၊ သံချပ်ကာ တိုက်ယာဉ်များစုဆောင်းမှုတို့မှာလည်း အစိုးရအဖွဲ့အစည်းများကို ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်သွားလာခြင်းဖြင့် သိမြင်သွားနိုင်သည့်အခြေအနေကို ဖုံးကွယ်လို၍ ကန့်သတ်ထားလေသလားဟု ထပ်ဆင့်တွေးတောစရာ ဖြစ်နေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အသံမထွက်ခဲ့သည့်တိုင် ယခုအခါ ထိပါးပြောဆိုသံများ ထွက်လာခြင်းကလည်း သံသယပွားဖွယ် ဖြစ်နေပြန်သည်။

၎င်းပြင် NDAA(မိုင်းလား)အဖွဲ့၏ ဆောင်ရွက်ချက်များအနေဖြင့် မကြာသေးမီကထွက်ပေါ်လာသော UNODC ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အစီရင်ခံစာတွင် ရွှေတြိဂံဒေသ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ မြင့်မားစွာရှိနေသေးကြောင်း ဆိုထားပြန်ရာ ယုံကြည်မှု(Trust)အတွက် အတားအဆီးဖြစ် နေသေးသည်။ ပြည်ပသတင်း ဌာနများကလည်း ရွှေတြိဂံဒေသတွင် လူကုန်ကူးမှုနှင့် လက်နက်မှောင်ခို မှုများ ကြီးထွားနေကြောင်း ထုတ်လွှင့်လျှက်ရှိသည်။ ၎င်းတို့နယ်မြေအတွင်း တိုက်ပွဲများမဖြစ်စေရေး လိမ္မာ ပါးနပ်စွာ ဆောင်ရွက်ချက်များကို တွေ့နေရသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံ မှုတွင် မပါဝင်သကဲ့သို့ ရွေးကောက်ပွဲကျင်းပခြင်းလည်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဒီမိုကရေစီပြင်ပ ဒေသမှ NDAA(မိုင်းလား) လက်နက်ကိုင် တပ်ဖွဲ့၏ ငြိမ်ချက်သားကောင်းနေခြင်းသည်လည်း စဉ်းစားစရာ အချက်များဖြစ်ပါသည်။

အောင်မြင်သော ငြိမ်းချမ်းရေးအဖြေကလည်း ယနေ့တိုင်ထွက်ပေါ်လာခြင်းမရှိသေး၍ ရှေ့အနာဂတ် သည် ဝေဝါးမှုမပြယ်သေးပေ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုက်ရိုက် ဆက်စပ်လျှက်ရှိရာ မငြိမ်းချမ်းသမျှ တိုးတက်မည်မဟုတ်ချေ။ တရားဥပဒေစိုးမိုးရေးသည် အစိုးရတစ်ခု တည်းတွင် တာဝန်ရှိသည်မဟုတ်ဘဲ ဆက်စပ်ပလေယာများတွင်လည်း တာဝန်ရှိသည်။ ပြည်သူများ၏ ဥပဒေအကာအကွယ်သည် ဥပဒေပြင်ပလောကသားများရှိနေပါက ခြိမ်းခြောက်ခံနေရဦးမည်သာဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်ခု၏အသက်မှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ တရားဥပဒေဘောင်အတွင်း လွတ်လပ်စွာနေထိုင်ပြီး ကိုယ်စီတာဝန်ကို ကျေပွန်မှသာ ဒီမိုကရေစီစနစ်တစ်ခု၏ နိုင်ငံသားများပီသကြ မည်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးနေသော လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ဤနိုင်ငံသားများဖြစ် သည်နှင့်အညီ ဤနိုင်ငံ၏ဥပဒေအပေါ် လေးစားလိုက်နာကြရမည်သာဖြစ်၏။ ဥပဒေဘောင်တွင်းမှ ပြည်သူကိုလေးစားကြောင်း ပြသရန်လိုသည်။ သို့မှသာ နိုင်ငံရေးကိုယ်ကျင့်တရားကို ပြည်သူကအကဲခတ် နိုင်မည်ဖြစ်သည်။ ကျယ်ပြန့်သော ဒီမိုကရေစီမိသားစုနိုင်ငံများအသိုက်အဝန်း၏ ကောင်းမွန်သော အကျိုး ရလဒ် များရရှိရန် ခေါင်းဆောင်တို့၏ ပရဟိတစိတ်ထားက အခရာကျပါသည်။ အများပြည်သူအတွက် အနစ်နာခံရဲသောစိတ်သည် ခေါင်းဆောင်ကောင်းတို့၏ အာဇာနည်နှလုံးသားဖြစ်ပါသည်။ ထို့ကြောင့်နိုင်ငံသား အားလုံးကောင်းစားရေးအတွက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မဖြစ်မနေတက်ကြရပါလိမ့်မည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက ပြည်ပဧည့်အဝင်များခဲ့ပြီး မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများ ဖြစ်ထွန်းခဲ့သည်။ ဒေသတွင်း ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့သည် သဘာဝ အလှများဖြင့် ခရီးသွားလုပ်ငန်းကိုဆွဲဆောင်ထားပြီး ရိုးရာဓလေ့များက အစိုးရနှင့် ပြည်သူကို ဝင်ငွေများစွာ ရရှိစေခဲ့သည်။ မြန်မာနိုင်ငံအနေအထားအရ လှပသော သဘာဝဒေသများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် စိတ်ဝင်စားဖွယ်တိုင်းရင်းသားရိုးရာဓလေ့များ ပိုင်ဆိုင်ထားသည့်တိုင် မြန်မာတို့အတွက် ပြည်တွင်းစစ်က အဟန့်အတားဖြစ်စေခဲ့သည်။ မငြိမ်းချမ်းသောဒေသများကြောင့် ခရီးသွားနယ်ပယ်ကျဉ်းမြောင်းစေခဲ့ပြီး ဒေသခံတို့အတွက်လည်း စီးပွားရေးအခွင့်အလမ်းတစ်ခု ဆုံးရှုံးခဲ့ရသည်။ သို့တိုင် မြန်မာတိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှုကြောင့် ကမ္ဘာ့လည်ပတ်ချင်စရာအကောင်းဆုံး တိုင်းပြည်အဖြစ် ပြည်ပပုံနှိပ် မီဒီယာများက ချီးကျူးဖော်ပြခဲ့ရာ မြန်မာ့ခရီးသွားလုပ်ငန်း ဦးမော့လာခဲ့သည်။ သို့သော် လှေပြေးတုန်း တက်ကျိုးရသော ကိစ္စများကလည်း ရှိခဲ့ပြန်သည်။ လတ်တလောဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများသည် နိုင်ငံတော်အတွက် အရုပ်ဆိုးအကျည်းတန်ခဲ့သလို ပြည်သူများအတွက်လည်း ယုံကြည်မှုများ ပျက်ပြား စေခဲ့ရသည်။ ပြည်သူ့ဘဝ လုံခြုံရေးသည် အစိုးရနှင့် လုံခြုံရေးပလေယာများ၊ အင်စတီကျူးရှင်းများ အားလုံးတွင် တာဝန်ရှိရာ ငြိမ်းချမ်းရေးနှင့်အတူ ပြည်သူ့ဘဝလုံခြုံရေးသည်လည်း ဝိုင်းဝန်းကြိုးပမ်းရမည့် ကိစ္စဖြစ်ပါသည်။ ပြည်သူ လူထု၏ စိုးရိမ်သောကများသည် ငြိမ်းချမ်းရေးအပေါ်သက်ရောက်မှုရှိသည်ကို မမေ့သင့်ပေ။ ထိုမျှမက နိုင်ငံတကာ၏ယုံကြည်မှုကလည်း တိုင်းပြည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး အတွက် အရေးပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်သံရုံးက ထုတ်ပြန်သော ၎င်းနိုင်ငံသားများ အတွက်သတိပေးစာသည် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ်သာမက နိုင်ငံအတွက်ပါ မျက်နှာမလှဖြစ်ခဲ့စေသည်။ မြန်မာပြည်သည် ငြိမ်းချမ်းသောပြည်ဖြစ်ကြောင်း ပုံရိပ် ကောင်းကို မြန်မာတို့ကိုယ်တိုင် ပြန်လည် တည်ဆောက်ရပေမည်။

အစိုးရ၏ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ပုဂ္ဂိုလ်ကြီးများက တိုင်းရင်းသားများအရေးနှင့် ပတ်သက် လာလျှင် ဦးစားပေးလေ့ရှိကြပါသည်။ သို့တိုင် ထာဝရငြိမ်းချမ်းရေးအဖြေမထွက်သေးဘဲ တိုင်းရင်းသား ပေါင်းစုံသလို လိုလားချက်များသည်လည်း တစ်စတစ်စများပြားလာသည်ကို တွေ့ရပါသည်။ ပညာရှိသတိ ဖြစ်ခဲမို့ ပြည်သူတစ်ယောက်အနေဖြင့် အကြံပြုလိုပါသည်။ လိုက်လျောမှုဟူသည် ဒီမိုကရေစီသဘောအရ မျှတမှုရှိရပါမည်။တိုင်းရင်းသားမျိုးနွယ်စုတစ်ခုက အခြားတိုင်းရင်းသားမျိုးနွယ်စုအပေါ် အနိုင်ကျင့်နိုင်သော ကိစ္စများ၊ အခြားတိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်စေနိုင်သောကိစ္စများကိုမူ ရှောင်ရှားကြရပါသည်။ အပြန် အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူညီမျှမှု၊ သစ္စာရှိမှုသည် ငြိမ်းချမ်းစွာ အတူနေထိုင်သော ပြည်ထောင်စုလူမျိုးစုများ၏အနှစ်သာရဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်သော ပြည်ထောင်စု အတွက်မူ ဒီမိုကရေစီစံများအပြင် ပြည်ထောင်စုဟန်များ မပျောက်ပျက်အောင် ထိန်းသိမ်းရမည်သာ ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ဖြေရှင်းနည်းများစွာရှိပါသည်။ အကောင်းဆုံးနည်းမှာ ဒိုင်ယာလော့ခ်ခေါ် စကားဝိုင်းဖြစ်ပါသည်။ နိုင်ငံရေးစကားဝိုင်းသည် မြေပြင်ပဋိပက္ခများကို ကောင်းမွန်စွာဖြေရှင်းနိုင်သဖြင့် ကုလသမဂ္ဂလုပ်ငန်းစဉ်တွင် ဦးစားပေးဆောင်ရွက်လေ့ရှိပါသည်။ သို့သော် ဆွေးနွေးပွဲအတွက် နှစ်ဘက် စလုံးက ထိခိုက်စေသော အပြုအမူများရှောင်ရှားရပါသည်။ အမြတ်မထုတ်ရပါ။ သို့သော် လတ်တလော ဆွေးနွေးပွဲများတွင် ပြည်သူလူထု ကျေနပ်လောက်ဖွယ်ရလဒ်များ ထွက်မလာသေးသည့်အပြင် တိုင်းရင်း သားလက်နက်ကိုင်များ၏ အကျပ်ကိုင်မှုများ၊ ငြိမ်းချမ်းရေးအပေါ် သဘောထားမမှန်မှုများနှင့် အမြတ် ထုတ်မှုများသာ တွေ့နေရသည်မှာ အကျိုးတော်ဆောင်ကြီးများ သတိပြုဖွယ်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းနည်းများစွာအနက် ဒိုင်ယာလော့ခ်မှာ အကောင်းဆုံးဖြစ်သည့်တိုင် နောက်ဆုံးနည်းဖြစ်သော လိုအပ်ပါက အင်အားသုံးဖြေရှင်းနည်းလည်း ကျန်သေးကြောင်း တင်ပြလိုပါသည်။ ရေရှည်သောကများကို ထွေးပွေ့မထားလိုပါ။ လုပ်စရာရှိကလည်း လိုအပ်သောအင်အားအတိုင်း ရက်ကန့်သတ် သုံးလိုက်လျှင် မြန်မြန်ကိစ္စပြီးလေမလားဟု ပြည်သူတစ်ယောက်၏ ငြိမ်းချမ်းချင်သော ဆန္ဒကိုတင်ပြလိုက်ရပါသည်။

သာဇေယျ(ထီးရိပ်မြေ)

Monday, October 28, 2013

ဆန္ဒပြမှုမှ ဆူပူအကြမ်းဖက်မှုများဆီသို့

Posted by drmyochit Monday, October 28, 2013, under | No comments



နိုင်ငံတိုင်းလိုလိုမှာ ဆန္ဒပြမှုဆိုတာ လွှဲရှောင်လို့ ရနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အုပ်ချုပ်သူ အစိုးရရဲ့ စီမံခန့်ခွဲမှုလိုအပ်ချက်တွေ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုတွေ နိုင်ငံရေး လူမှုရေး စီးပွားရေး စတဲ့ အဆင်မပြေမှုတွေကြောင့် တိုင်းသူပြည်သားတွေက မကျေမနပ်ဖြစ်တဲ့အခါ ဆန္ဒပြမှုတွေလုပ်တတ် ကြပါတယ်။

အရှေ့ အနောက် ဆင်းရဲ ချမ်းသာမရွေး နိုင်ငံတွေအများအပြားမှာ ဆန္ဒပြပွဲတွေ ရှိတတ် ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံပုံစံတွေ အလားအလာတွေ မတူညီကြပါဘူး။ တစ်ချို့နိုင်ငံတွေမှာ ဆန္ဒပြမှုများဟာ အေးချမ်းစွာ ဖြေရှင်းပြီးစီး သွားတတ်ကြပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဆန္ဒပြမှု များကနေ ဆူပူအကြမ်းဖက်မှုများ စစ်ပွဲများအထိ ဖြစ်ပေါ်လာပြီး နိုင်ငံ့အချုပ်အခြာ ပြိုလဲသည်အထိ ထိန်းသိမ်းမရ ဖြစ်ခဲ့ရတာကို ကမ္ဘာတစ်လွှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ဘာကြောင့်များ ဒီလိုတွေဖြစ်လာရတာပါလဲ။ လေ့လာမိသလောက်၊ သက်ကြီးစကား သက်ငယ် ကြားမိသလောက် ပြည်တွင်းပြည်ပ ၂ ပိုင်း တွေ့မြင်ရမှာပါ။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ကမ္ဘာ့ အင်အားကြီးချိန်ခွင်လျှာ တစ်ဖက်စောင်းသွားခဲ့ပါတယ်။ အင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီးများအနေနဲ့ ၄င်းတို့တိုင်းပြည်အတွင်းမှာ ဒီမိုကရေစီအရေးထက် နိုင်ငံ့အရေးကိုသာ ဦးစားပေးသော်လည်း နိုင်ငံ တကာကိုတော့ ဒီမိုကရေစီအရေး ဗန်းပြပြီး တွန်းအားပေး မောင်းနှင်ကြပါတယ်။

၎င်းတို့အလိုမရှိသောအစိုးရ အုပ်ချုပ်တဲ့နိုင်ငံများကို အဓိကပစ်မှတ်ထား တိုက်ခိုက်တတ်ကြ ပါတယ်။ လူသားဆန်မှု လူ့အခွင့်အရေးဆိုတာတွေကို အတင်းသွတ်သွင်းပြီး ပြဿနာများကို ဖော်ဆောင် တတ်ကြပါတယ်။ နိုင်ငံအတွင်း ဘာသာရေး လူမျိုးရေး စီပွားရေး ပဋ္ဋိပက္ခများ ဖြစ်ပေါ်စေပြီး အစိုးရကို အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်တတ်ကြပါတယ်။ ဒီနိုင်ငံတွေရဲ့ နိုင်ငံသားတွေ အတွက် ဒီမိုကရေစီအရေးကို ဗန်းပြပြီး သူတို့သြဇာညောင်းမယ့် အစိုးရဖြစ်စေရေး၊ ပဋ္ဋိပက္ခများ ဖြစ်လာရင်လည်း စစ်လက်နက်များ ရောင်းချရေး အဓိက ဦးတည်တာကို တွေ့ရတတ်ပါတယ်။

ပြည်တွင်းအပိုင်းကို ကြည့်ရအောင် ။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူအစိုးရ အရည်အသွေး ညံ့ဖျင်းခဲ့ရင် တိုင်းပြည်ကို ဖွံ့ဖြိုးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့မလွယ်ပါဘူး။ စီမံခန့်ခွဲရေးညံ့ဖျင်းရင် တိုင်းပြည် စီးပွားရေးကျဆင်းမယ်၊ ပြည်သူလူထုတွေ ကျပ်တည်းမယ်၊ အကျင့်ပျက်ခြစားမှုတွေ ဖြစ်မယ်၊ ပဋ္ဋိပက္ခတွေ ထိန်းသိမ်းနေရတာနဲ့ တိုင်းပြည်ဟာ ရှေ့ကိုမတက်နိုင်ဘူး ဖြစ်ပါမယ်။

“ဒီနေရာမှာ High Light လုပ်ချင်တာက ပညာရေးကဏ္ဍပဲ ဖြစ်ပါတယ်။”

တိုင်းပြည်မှာ စီမံခန့်ခွဲမှုညံ့ဖျင်းမယ်၊ စီးပွားရေးကြပ်တည်းမယ်၊ မငြိမ်မသက်ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ ပညာရည်အဆင့်အတန်းဟာ ဘယ်လိုမှ မြင့်တက်လာစရာ မရှိပါဘူး။ ဒီလိုဘဲ ပညာရည် နိမ့်ကျတဲ့တိုင်းပြည်မှာ စီမံခန့်ခွဲမှုတွေ စီးပွားရေးတွေ ကောင်းလာစရာမရှိသလို အေးချမ်းဖွံ့ဖြိုး စရာလည်း လမ်းမမြင်ပါဘူး။ ပညာတတ်တယ်ဆိုတာ ဆရာဝန်ဘွဲ့တွေ အင်ဂျင်နီယာဘွဲ့တွေ ပါရဂူဘွဲ့ တွေကို ဆိုလို တာမဟုတ်ဘဲ တစ်မျိုး သားလုံး ပညာရည် မြင့်မားရေးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ဆန္ဒပြ ဆူပူအကြမ်းဖက်မှုများနဲ့ ပညာရေး ဘယ်လို ပတ်သက်ပါသလဲ။

ပညာအခြေခံကောင်းတဲ့ ဒီမိုကရေစီနိုင်ငံကြီးများမှာ ပြည်သူများကလည်း အေးချမ်းစွာ စည်းကမ်းတကျ ဆန္ဒပြတောင်းဆိုကြသလို စီမံခန့်ခွဲမှုကောင်းတဲ့ အစိုးရကလည်း စီမံခန့်ခွဲမှုကောင်းစွာ ဖြေရှင်းပေးနိုင်တဲ့အတွက် များသောအားဖြင့် အေးချမ်းစွာ ပြီးစီးသွားတတ်ပါတယ်။

“ပညာအခြေခံမရှိသူများမှာတော့ ဘယ်သူဘာပြောပြောယုံလွယ်ပါတယ်၊ သွေးဆူလွယ်ပါတယ်၊ အုပ်စုဖွဲ့လိုစိတ် အကြမ်းဖက်လိုစိတ် တော်လှန်အုံကြွလိုစိတ်တွေများနေတတ်ပါတယ်။ ” ဒီလူတွေကို ပြည်တွင်းပြည်ပက အကွက်ချစီမံမှုတွေနဲ့ ပေါင်းစပ်လိုက်တော့ ဆန္ဒပြမှုများကတစ်ဆင့် ဆူပူအကြမ်း ဖက်မှုများ စစ်ပွဲများအထိ ဦးတည်လာစေပါတယ်။

ပညာအခြေခံရှိမှ စီးပွားရေး နိုင်ငံရေး ဘာသာရေးနဲ့လူမျိုးရေး ယုံကြည်မှုများကို မှန်ကန်စွာ တွေးခေါ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဆူပူဆန္ဒပြမှုများနဲ့ အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်ခြင်းကို ပြည်သူ လူထုရဲ့ လတ်တလောအောင်မြင်မှုလို့ တွေးထင်နိုင်စရာရှိပေမယ့် ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။

နောက်ထပ်တာဝန်ယူမယ့် လူသစ်များကလည်း အရင်လူများနဲ့ ပညာရည် ခံယူချက် အတွေး အခေါ်နဲ့ အတ္တပရတွေ သိပ်ကွာကြမှာမဟုတ်ကြလို့၊ အီဂျစ်လို မကြာခဏ မတည်မငြိမ် ဖြစ်ရင်ဖြစ် ဒါမှမဟုတ် အာဖဂန်နစ္စတန် အီရတ်နဲ့ ဆီးရီးယားလို အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြပြီး တိုင်းပြည် လည်းကြေမွလို့ ပြည်ပတပ်များ ၀င်ရောက်ဗိုလ်ကျတဲ့အဖြစ်ကိုဘဲ ရောက်ရင်ရောက်ကြရမှာပါ။ ဒီလိုနဲ့ အဆိုးသံသရာ လည်နေမှာပါ။

အင်အားကြီးနိုင်ငံများကတော့ ပဋ္ဋိပက္ခတွေကို ဖြန်ဖြေချင်ယောင်ဆောင်၊ စစ်ဖြစ်လာရင် လက်နက်တွေရောင်း၊ အခြေအနေပိုဆိုးလာရင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအသွင်ယူပြီး တိုင်းပြည် အတွင်းကိုဝင် ခေတ်သစ်ကိုလိုနီပြုဖို့ အသင့်ပြင်ဆင်ထားကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတစ်နိုင်ငံကို အေးချမ်းတိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ရာမှာ စီမံခန့်ခွဲရေး၊ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ ကောင်းမွန်ဖို့လိုသလို ဒီအရာတွေ ကောင်းမွန်ဖို့အတွက်လည်း တစ်မျိုးသားလုံးရဲ့ ပညာရေးစနစ်ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့ အရေးတကြီး လိုအပ်လှ ပါတယ်။

ကျွန်တော်တို့တိုင်းပြည်ကရော ဘယ်လိုနိုင်ငံမျိုးထဲမှာပါနေပြီးရှေ့ကိုဘာဆက်လုပ်သင့်ပါသလဲ။


ကောင်းသစ်

Friday, October 25, 2013

ပြည်သူကို လှည့်စား၊ ပြည်သူ့ကို အသုံးချ မလုပ်ကြစေလို

Posted by drmyochit Friday, October 25, 2013, under | No comments


၂၀၀၈ အခြေခံဥပဒေသည် တစ်နိုင်ငံလုံးထောက်ခံမဲ ၉၉.၇ ရာခိုင်နှုန်းဖြင့် အတည်ပြုပေါ်ထွက်လာခဲ့ သည်။ ထိုအခြေခံဥပဒေကို အမှီပြု၍ လွှတ်တော် ၃ ရပ်ပေါ်ထွက်လာသည်။ လွှတ်တော်ကိုယ်စား လှယ်များ ရှိလာသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြင် မည်/ အသစ် ရေးဆွဲမည် ဟူသော အသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ ကို ပြင်ဆင်သင့်ကြောင်း သူရ ဦးရွှေမန်းက ပြောဆို လိုက်ပါတယ်။

အခြေခံဥပဒေရှိ ၅၉ (စ) ကို ပြင်ဆင်နိုင်ရေးကို အဓိကထား၍ အခြေခံဥပဒေကို ပြန်ပြင် ရေး/ အသစ်ရေး ဆွဲရေး နည်းလမ်း ၂ မျိုးကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် နည်းလမ်းတစ်ခုကို ရွေးချယ် နိုင်ဖို့ ပြည်သူလူထုကို အသုံးချရန် ပြုလုပ်လာခြင်းများရှိလာခဲ့သည်။

၂၀၀၈ အခြေခံဥပဒေသည် ပြီးပြည့်စုံသော် ဥပဒေတစ်ခုဟု မဆိုနိုင်။ နိုင်ငံတကာရှိ အခြေခံဥပဒေများ ကိုလေ့လာကြည့်လျှင်လည်း ဘယ်နိုင်ငံကမှ ပြီးပြည့်စုံသော အခြေခံဥပဒေကို ပြဋ္ဌာန်းထားနိုင်ခြင်း မရှိ သေး။ သူတို့၏ ဥပဒေများသည်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ၏ အခြေခံဥပဒကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်သည်လည်း သဘာဝကျသည်။ လိုအပ်တာကိုပြင် ဆင်ဖြည့် စွက်ဖို့ လိုသည်မှာ အမှန်ဖြစ်သည်။ သို့သော် ထိုအခြေခံဥပဒေကို မိမိတို့ သဘောမကျသည့် အချက်၊ မိမိတို့သာ ပြင်ဆင်ပြောင်းလဲလိုသည့်ဆန္ဒကို ပြည်သူတစ်ရပ်လုံးက ပြင်ဆင်ချင်သယောင်၊ အသစ် ရေးဆွဲ ချင်သယောင် ပြုလုပ်၍ ပြည်သူကိုဆွဲထည့်ခြင်းသည် မဖြစ်သင့် ဟုထင်သည်။

ပြည်သူလူထုသည် စားဝတ်နေရေးအဆင်ပြေဖို့၊ ကျန်းမာရေးကောင်းဖို့၊ မိသားစုချောင်လည်ဖို့ စသည်တို့ အတွက် ကြိုးစားရုန်းကန်နေရချိန်တွင် ထိုအခြေခံဥပဒေကို မည်သူကမျှ မဖတ်အား၊ မဖတ်နိုင်။ အခြေခံ ဥပဒေပါ အချက်များသည် မည်သည်က ပြင်ရမည်၊ မည်သည်က ဖြည့်စွက်ရမည်၊ ပြောင်းလဲရမည်ကို အိမ်ထောင်စု ၁၀ စုမှာ အခြေခံဥပဒေစာအုပ် ၁ အုပ်မရှိသည့် ပြည်သူလူထုအတွက် မသိနားမလည်နိုင်ပေ။ ထို့ကြောင့် ပြည်သူလူထုအတွက် အခြေခံဥပဒေ ပြင်ရမည်/ အသစ်ရေးဆွဲရမည်ကို ဆုံးဖြတ်ချက်ချဖို့မှာ ခဲယဉ်းသည်။ အမှားအယွင်းများရှိနိုင်သည်။

ဤသို့ဆိုသော် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် မည်သူမှာ တာဝန်ရှိသနည်း။ အဓိကတာဝန်ရှိသူ များမှာ ပြည်သူကိုကိုယ်စားပြုသော ပြည်သူကခန့်အပ်ထားသည် လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြုသော၊ ပြည်သူ့အကျိုးကို ဆောင်ရွက် ရသော သူများဖြစ်သည့်အလျောက် ခက်ခဲနက်နဲသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို တာဝန်ယူ ခေါင်းခံ သင့်သူများသာ ဖြစ်သည်။အခြေခံဥပဒေ ပြင်ရေးအတွက် သူ့အိုးနှင့်သူဆန် သင့်တင့်နေခြင်းကို လူများစု ဆန္ဒဖြစ် သယောင် လှည့်စားအသုံးမချဘဲ မိမိတို့ ပြည်သူ့ကိုယ်စားလှယ် များကိုတိုင် ကြိုးစားခြင်းသာ မှန်ကန်နိုင်မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုကိုယ်တိုင် ပြည်သူ့အကျိုးအတွက် အခြေခံ ဥပဒေရှိ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းနိုင်ရေး၊ ဆွေးနွေး ဆုံးဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

ယခုအခါ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အဖွဲ့ဝင် ၁၀၉ ဦးပါသော အဖွဲ့ဖွဲ့ စည်းပေး၍ ထိုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ အတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည့် ကိစ္စသည် လွှတ်တော် ကသာ ဦးစီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ပြင်ဆင်လိုသည့် လူများအနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးသည် အမှန်တကယ် လိုအပ်သော ကိစ္စတစ်ခုဖြစ်သည် ဟူသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ပြီးလျှင် နောက်တချိန်သမိုင်းတွင် တာဝန်ယူမှုရှိရမည့် လူများလည်းဖြစ်သည်။ မိမိတို့ လိုအင်ဆန္ဒအတွက် စားဝတ်နေရေးကြား ရုန်းကန်နေ ရသော အခြေခံဥပဒေကို မဖတ်အား၊ နားမလည်ကြသည့် ပြည်သူတွေကို ဆွဲထည့်၍ ခုတုံးလုပ်နေခြင်း သည် မလုပ်သင့်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောပြလိုပါသည်။

ပြည်သူထဲက ပြည်သူတစ်ယောက် မှ ပေးစာ

Thursday, October 24, 2013

ဘယ်သူ တာဝန် ယူမလဲ ?

Posted by drmyochit Thursday, October 24, 2013, under | No comments



မကြာခင်လတ်တလောမှာ မြန်မာနိုင်ငံ နာမည်ရှိ မြို့ကြီးတော်တော်များများ မှာ ဗုံးကွဲဗုံး လန့်မှုတွေဖြစ် ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်။ ဗုံးဖောက်တဲ့တရားခံ တွေ ဟာ ဘယ်သူ ဘယ်ဝါတွေ ဆိုတာ သိရှိဖော် ထုတ်ပြီး ဖြစ်သလို KNU လက်နက်ကိုင်အဖွဲ့အစည်း က ရာထူး အဆင့်တစ်ခု ရှိတဲ့ လူတွေဖြစ်တယ်ဆိုတာ လည်း အားလုံးအသိပဲဖြစ်တယ်။

ဒါပေမယ့် နိုင်ငံတော် သမ္မတ အပါအ၀င် ၊ အကြီးအကဲ အားလုံးဟာ လက်ရှိဆွေးနွေး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေကို မထိခိုက်စေလိုတဲ့အတွက် Hightlight လုပ်ပြီး ဆွေးနွေးပြောဆိုခြင်း မရှိသ လို ၊ KNU ခေါင်းဆောင်ပိုင်းတွေ အနေနဲ့လည်း ဒါကို ၀ိုင်းဝန်း အဖြေရှာ ကြမယ့် ဆိုတဲ့ အသံတွေ ကြားရတဲ့ အတွက် အထူးတလည်ဝမ်းသာမိပါရဲ့။ ဒါပေမယ့် အရင်တုန်းက အခြေအနေကို ပြန် ဆန်းစစ်ကြည့်မိတယ်။ ဒီလို ဆန်း စစ်ကြည့်မိလို့ နောက်ကြောင်းပြန်လှည့် ချင်နေသလားလို့ မေးရင်လည်း ခံရယုံပဲ ရှိပါတယ်။ ဒါပေမယ့် အတိတ် ဆိုတာ သုံးသပ် မှတ်သား နေဖို့ ဖြစ်သလို ပစ္စုပ္ပန် ကို အကောင်းဆုံးဖြစ်အောင် နမူနာ ယူရမယ့် အရာလည်းဖြစ်တယ်။

စစ်အစိုးရ လက်ထပ် က လက်နက်ကိုင် သောင်းကျန်းသူ ဆိုတာ နယ်စပ်မှာ ပြည်ပြေး အဖွဲ့တွေ နဲ့ ပူပေါင်း ရပ်တည်နေ ရတဲ့ အခြေအနေ တစ်ရပ်ကနေ သမ္မတ အစိုးရ လက်ထက် ရောက်တော့ ငြိမ်းချမ်းရေးဆိုတဲ့ စကား လုံးအောက် မှာ ဆွဲသွင်းဖို့အတွက် နယ်စွန်နယ်ဖျားကနေ ဆွေးနွေးပွဲ အဆောက်အဦးတစ်ခု ထိ ဖိတ်ခေါ်ဆွေးနွေး ခဲ့ကြတယ်။ အဲ့လို ဆွေးနွေးတာ မကောင်း လို့လား ၊ အနှစ် ၆၀ ခန့်ကြာတဲ့ ပြည်တွင်း စစ်ကြီး ငြိမ်းသွားမှာ မောင်ရင်က မလို လားလို့လား ဆိုရင်တော့ (ခပ်မြန်မြန်ပဲ ငြင်းမိမှာပါ )ကျွန်တော် မြန်မာနိုင်ငံ ကြီး ငြိမ်းချမ်းစွာ ရပ်တည် ပြီး တိုးတက် ဖွံ့ဖြိုးနေတာကို မြင်လို လှတာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။ ဘာကြောင့် နောက်ကြောင်း ပြန်ပြောနေလဲ ဆိုရင်တော့ သမိုင်းဆိုတာ အတိတ်က လာသလို လက်ရှိအခြေအနေကိုလည်း ထပ်ဟပ် အရောင်ထိုးနေတာမို့ပါ။ ယခင်က နယ်စပ်ဒေသတွေမှာ ကြီးစိုးတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေ ဟာ အတင်းအဓမ္မဆက်ကြေးကောက် ၊ လူသစ်စု လုပ်ရပ်တွေ ဟာ အခု အခါမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအောက်မှာ အသာခိုကပ်နေရင်း ထိန်းချုပ်နယ်မြေတွေ တောင်း ၊ အဲ့နယ်မြေ အတွင်း ပြည်သူလူထု ကို ဆက်ကြေး ကောက် ၊ လူသစ်စု အလုပ်တွေဟာ အခု အခါမှာ တရားဝင်လုပ်ခွင့်ရသလို သဘောထားလာကြပြီး ပြောင်ပြောင်တင်းတင်း လုပ်ကိုင် နေကြတာတွေ ရှိလာပါ တယ်။ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးအောက် ခိုကပ်နေရင်း ဒီအခွင့်အရေးတွေနဲ့ စိတ်ကြိုက် ကစား ကွက် ပြင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအပေါ် ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမယ့် သူ မရှိသလို ၊ ဒါ့ထက် ဆိုး လာရင်တော့ ရာဇ၀င်ကျော် တပ်မတော် ကိုပဲ “မင်းသွားတိုက်ချေ” ဆိုတဲ့ စကားလုံးသုံးလိုက်မဟဲ့ လို့ စိတ်ကူးနေ ရင်တော့ ..တော်လောက်ပါပီ တပ်မတော် လည်း အနှစ် ၆၀ နီးပါး ပြည်တွင်းစစ်နဲ့ နှစ်ပါး သွားခဲ့ ရတာပဲ နိုင်ငံရေးသမားများကို အင်မတန် ကျေးဇူးတင်နေရပါပီ။ အခုလက်ရှိအပစ်အခတ် ရပ်စဲရေး ကြိုးပမ်း နေကြ တာ ဟာ အချိန်အတိုင်းအတာ တစ်ခု ထိ အချိန် ဆွဲထား တာဟာ ကစားကွက်ကို စိတ်ကြိုက်ပြင် ဆင်ခွင့်ပေးနေသလားလို့ ထင်မိပါရဲ့ ။

ကဲ အခု အစိုးရအသစ်အနေနဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေကိုလည်း နယ်စပ်ဒေသ တွေကနေ စားပွဲ ၀ိုင်းတွေ အထိ ခေါ်လာခဲ့ပါပြီ ။ ဒီအပေါ်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေဟာ ခွေးမြီးကောက် ကျည်တောက် စွပ် အလုပ်အမျိုး လုပ်နိုင်ပါဘူးလို့ ဘယ်သူတွေများ တာဝန်ခံမလဲ ? အခုလက်ရှိ ဖော်ထုတ် ဖမ်းဆီ ရ မိထားတဲ့ တရားခံတွေက ရာခိုင်နှုန်း တစ်ခု ရှိတဲ့ သက်သေ တွေ မဟုတ်လား။ ဒါပေမယ့် မြန်မာ နိုင်ငံ အနှံ့နီးပါး ဗုံးပေါက်နေပါစေအုံး တပ်မတော် ကို နိုင်ငံရေး လောက က အပြီးအပိုင်နှုတ်ထွက်ဖို့ အပြင်း အထန် ကြိုးစားနေကြတယ်ဆိုတာ သိရတယ်။ ကဲ တပ်မတော် က နိုင်ငံရေး လောက က နှုတ်ထွက် သွားပြီ သဘော ထားကြပါစို့ ။ အခု ဗုံးထောင်တဲ့ ကိစ္စတွေ ၊ ဗုံးလန့်နေတဲ့ ကိစ္စတွေကို ၊ ဗုံးဖြုတ်ဖို့ ကိစ္စတွေ ကို ၊ ဗုံးဖောက် တာတွေ တားဆီးဖို့ ကိစ္စတွေကို ဘယ်သူတွေတာဝန်ယူမှာလဲဆိုတာကတော့ သိချင်မိတာ အမှန် ပါပဲ။

မောင်ဘ

Monday, September 02, 2013

ဆရာမဒေါ်စိုးစိုးခိုင်သို့ ပြည်သူတွေရဲ့ သဘောထား

Posted by drmyochit Monday, September 02, 2013, under | 1 comment


အခုတလောသတင်းတွေထဲမှာHot နေတဲ့သတင်းတစ်ခုဖြစ်သောဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီးပြောချင် ပါတယ်။ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ဘာကြောင့်ဖြစ်တယ်၊ဘာလို့ 
ဖြစ်တယ်ဆိုတာရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင်၈၈၈၈
ငွေရတုပွဲတက်လို့ပညာရေးဝန်ကြီးဌာနကအနားပေးသယောင်ယောင်ဖြစ်အောင်လုပ်နေ
တာတွေ့ ရတာစိတ်မကောင်းစရာပါ။ ပညာရေးဝန်ကြီးဌာနကနေ ရှင်းထားတာခွင့်ရက်
ကျော်လွန်လို့ အနားပေးလိုက်တယ်ဆိုတာတွေ့ရပါတယ်။အမှန်အတိုင်းပြောရရင်တော့
အခုလိုပညာရေးအဆင့်မြှင့်တင်နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ခွင့်ရက်
တွေလဲကျော်ယူတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်
လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးပြီးကတည်းကအဘက်ဘက်
ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ
မှုများကိုကြုံတွေ့နေရပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက်
တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး
ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်းလုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့်အန်တီစုတို့ သည်လည်းပညာရေးခေတ်မှီတိုးတက်အောင်ဆောင်ရွက်နေ
စဉ်လက်အောက်မှလုပ်ဆောင်ကြသောဆရာ၊ဆရာမသည်လည်းမိမိတာဝန်ကိုမိမိကျေ
ပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက်
မည်ဖြစ်ပါသည်။ရှေ့မှလူကြီးများကလမ်းကြောင်းဖြောင့်အောင်သွားနေစဉ်နောက်မှလိုက်
သောသူများကလမ်းကြောင်းအကောက်လိုက်လျှင်ရည်မှန်းချက်ပန်းတိုင်ကို လွယ်ကူစွာ
ရောက်မည်မဟုတ်ပါ။ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ဖို့ လိုအပ်
ပါသည်။

ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။"ဆရာမရယ်သားကိုကျောင်းသာ
လွှတ်ရတယ်။ဆရာ မလာရတာနဲ့၊လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လိုလုပ်ရပါ့မလဲကိုမသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။အဲ့ဒီတုန်းကတောင်စဉ်းစား
မိတယ်။ တချို့ ဆရာကခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။
အစားဝင်ပေးရတယ် ဆိုတာကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။
ကိုယ့်အချိန်လဲသင်၊သူများအချိန်လဲဝင်သင်ပေးရတာပေါ့။အဲ့ဒီမှာအခုဖြစ်သွားတဲ့ဆရာမ
လိုခွင့်ရက်တွေအများကြီးကျော်လွန်ပြီး နေမယ်ဆိုရင်သူ့ အစားဝင်သင်ပေးရတဲ့သူက
ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေးချင်ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန်
နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာစဉ်းစားသင့်တယ်။

နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့
ခေါင်းစဉ်တပ်ထားတာတွေ့ ရပါတယ်။တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ကျမလဲ၈၈၈၈ငွေရတုပွဲမှာ ဒံပေါက်တောင်သွားစားကြသေးတယ်။ နောက်ပြီး
ကိုမင်းကိုနိုင်တို့ စကားပြောတာတွေတောင်နားထောင်ခဲ့ပါသေးတယ်။ကျမတစ်ယောက်
ထဲမဟုတ်ပါ။ကျမလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ငွေရတုပွဲတက်
လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမတို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ
မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ်တက်တာကတော့ ၈၈၈၈ငွေရတုပွဲကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက်ကျော်လို့ အနားပေးလိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေပါတယ်။ကျမတို့ မြန်မာစကားပုံလိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို
သလို"သူ့ဟာသူခွင့်ရက်တွေကျော်လွန်ပြီးဝန်ထမ်းစည်းကမ်းဖောက်ဖျက်တာ၈၈၈၈ပွဲနဲ့ 
တိုက်သွားတော့ အံဝင်ဂွင်ကျဖြစ်သွားတာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေရင်းခွင့်ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက်စေ့လို့ 
ပြန်ခါနီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ခွင့်
ရက်ကျော်လွန်တာထက်ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင်ကျမအစားဝင်ပေး
မယ့်ဆရာ/ဆရာမတွေရဲ့ စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန်ရောက်အောင်ပြန်ရတာပါပဲ။
ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေတင်မဟုတ်ပါဘူး။ဝန်ထမ်းတိုင်းမှာ တာဝန်ချိန်
ပျက်ကွက်ရင် ဘာဖြစ်တယ်ဆိုတာသူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။
လက်နက်ကိုင်အဖွဲ့ အစည်းတွေဆိုပိုတောင်ဆိုးပါတယ်။အခန့် မသင့်ရင်သေဒဏ်တောင်
ကျနိုင်တဲ့တာဝန်ချိန်ပျက်ကွက်မှုစည်းကမ်းတွေရှိပါတယ်။ကျမတို့ နိုင်ငံသားတွေအတွက်
လဲစိတ်မကောင်းတာတစ်ခုကတစ်ခုခုဖြစ်ပြီဆိုဘယ်လိုလုပ်စားမလဲ၊ဘယ်လိုအကြောင်း
ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကိုရဲရဲတင်းတင်းဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ
ပါတယ်။အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေတယ်လို့ ထင်ပါတယ်။

ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန်နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ
တက်လို့ ဆိုပြီးခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို
ကိုယ်တိုင်ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန်
စေချင်ပါ။ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာကတော့ နောင်လဲ စည်းကမ်း
မလိုက်နာတဲ့သူဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆို ပါရစေ ရှင်။ သို့ မှ သာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး
စနစ်သည်လဲအမှန်တကယ်ထိရောက်မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့်လဲ ကိုယ့်
တာဝန်ကိုယ်ယူနိုင်သောဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေး
လိုက်ပါသည်။

ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်။   ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက်
အရဖြုတ်ထားပေးပါသည်။

From: OPP

Thursday, July 25, 2013

အချိန်စော နေတာလား၊ နောက်ကျ သွားတာလား

Posted by drmyochit Thursday, July 25, 2013, under , | No comments

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ ကာလကြီး ၃ ခုဟာ သတ္တ လောက ကြီးမှာ နာရီ လက်တံ များနှင့် အတူ  တရွေ့ ရွေ့ ပြောင်းလဲ နေပါတယ်။ လူ အများ စုဟာ များသော အားဖြင့် လက်ရှိ ဘဝကို မူတည်ပြီး ဦးစွာ ရှေ့တန်း တင်ကြတယ်။ ပြီးတော့ ရောက်ရှိ လာမဲ့ အနာဂတ် အခြေ အနေ အတွက် ထည့်သွင်း စဉ်းစားမယ်၊ သုံးသပ်မယ်၊ ပြင်ဆင်မယ်၊ လုပ်ဆောင် မယ်ပေါ့။ အဲလို စဉ်းစားတဲ့ အခါ ယခင်က အခြေ အနေ ဆိုတဲ့ အတိတ် သမိုင်းကြောင်း ကိုလည်း ချန်လှပ် ထားလို့ မရဘူး ဆိုတာ လက်ခံ ကြရမှာ ဖြစ်ပါတယ်။

လက်ရှိ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ ဒီမို ကရေစီ လမ်းကြောင်းပေါ် စတင် လျှောက်လှမ်း နေခါစ ရှိပါ သေးတယ်။ ဒီအခြေ အနေကို ရောက်ဖို့ ပြည်သူ ပြည်သား အများစု ဟာလည်း စိတ်ရှည် သည်းခံမှု များစွာနဲ့ စောင့်စား ခဲ့ကြ ရတာပါ။ သို့ပေမဲ့ ဒီ ကာလ တွေမှာ ကိုယ့် အကျိုး စီးပွားကို ရှေ့တန်း ထားပြီး ဘယ်သူ သေသေ၊ ငတေ မာရင် ပြီးရော ဆိုတဲ့ လူတန်းစား အတ္တ သမား အချို့ ကတော့ လုပ်ချင်ရာ လုပ်ပြီး အခုကြမှ အများကြိုက် ခေါင်းစဉ်များ ဖြစ်တဲ့ တိုင်းရင်းသား အရေး၊ မူးယစ် ဆေးဝါး ပပျောက်ရေး ခေါင်းစဉ် များနဲ့ အတွင်းစိတ် မမှန်ဘဲ နာမည်ကောင်းခံ ကိုယ်ယောင်ပြ လာတာ တွေ့နေ ရပါတယ်။ ဇွန်လ ၁၀ ရက် နေ့က နိုင်ငံတော် သမ္မတကြီးနဲ့ ရှမ်းပြည်နယ်ရဲ့ ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ရွက်ဆစ်တို့ နေပြည်တော်မှာ တွေ့ဆုံကြောင်း သတင်း ဖတ်လိုက် ရတယ်။ သာမန် ပြည်သူတွေ အဖို့ ဝမ်းသာ စရာပါ။ ကျွန်တော်လည်း အကောင်း မြင်နိုင်အောင် စိတ်နှစ်ပြီး ကြိုးစား ကြည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသခံ တွေရဲ့ အမြင် အာရုံနှင့် အတွေး ခံစား ချက်တွေ ထဲမှာ အတိတ်က အရိပ်မည်း တွေတင်မက လက်ရှိ အခြေ အနေ တွေက ဒီ အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်၊ အကြံ အစည် တွေကို ဘာနဲ့မှ ဖုံးကွယ်လို့ မရအောင် မြင်နေလို့ပဲ ဖြစ်ပါတယ်။

အခု နိုင်ငံရေး အခြေ အနေ တွေအရ ပတ်ဝန်းကျင် နိုင်ငံ ကလည်း လက်မခံ နိုင်တော့တဲ့ အချိန် ပြည်တွင်း မှာလည်း ယခင် အတိုင်း ဆိုးသွမ်းလို့ မရနိုင် တော့တဲ့ အချိန်မှာ နည်းဗျူဟာ ပြောင်းပြီး ရှေ့ထွက် လာခဲ့မယ် ဆိုရင် ဒေသခံ တွေအဖို့ အတိတ်၊ လက်ရှိ ခံစား မှုတွေအပြင် အနာဂတ် အတွက် သံသယ ဖြစ်မိ ပါတယ်။ စိတ်ရင်း မှန်စွာ ရှေ့ထွက် လာတာ ဖြစ်ပါ စေလို့ ဆုတောင်း ရုံမှ အပ မတတ် နိုင်ပါ..။ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ်ခြင်း မဟုတ်ပါ။ စာရေး သူတို့ ဒေသခံတွေ အသိဆုံး ဖြစ်ပါတယ်။

အခုလည်း သမ္မတကြီးနဲ့ တွေ့စဉ်က ပြည်ထောင် စုကြီးကနေ ခွဲ မထွက် ပါဘူးဟု ပြောပြီးတော့ အခုပြောပြန်ပြီ သူတို့ ပြည်နယ် ထူထောင်ဖို့ အတွက် သီးခြား စစ်တပ် တွေလိုတယ်၊ ရဲ တပ်ဖွဲ့တွေ လိုတယ်တဲ့၊ ဘယ်လို နားလည်ရ မှာလဲ။ ကျွန်တော်တို့ လူမျိုး ဥက္ကဌကြီး ဆိုသူရဲ့ မြန်မာ ပြည်တွင်း သမ္မတနှင့် တွေ့ဆုံစဉ်၊ မြို့နယ် တွေမှာပြည်သူ လူထု၊ သတင်း မီဒီယာ သမား များနဲ့ တွေ့ဆုံစဉ် ပြောကြား ချက်တွေ ထဲက သိရ သလောက် ထုတ်နုတ် ပြလို ပါတယ်။ “နိုင်ငံတော် သမ္မတကြီးထံ ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံ ကိန်းအား တောင်းခံ ထားကြောင်း ရရှိ ပါက သူ၏ မိတ်ဆွေ နိုင်ငံခြား သားများ ခေါ်ယူ၍ ယခု ထက်ကြီးသော အကျိုး အမြတ် ရှိမယ့် စီမံကိန်းများ အကောင် အထည် ဖော်မှာ ဖြစ်ကြောင်း၊ “သမ္မတကြီး ထံမှာ မဲခေါင်မြစ်ကြောင်း တစ်လျှောက် မြေဧက ၂၅၀၀ တောင်းခံ ထားကြောင်း၊ “သူတို့အနေဖြင့် နိုင်ငံတော် ဥပဒေမှ စ၍ လုပ်ထုံး လုပ်နည်း များအား လေ့လာ နေဆဲ ဖြစ်ပြီး အလုံးစုံ နားမလည် သေးကြောင်း၊ “သူတို့ စစ်သင်တန်း ပေးနေ သည် ဆိုတာ လူကို အုပ်ချုပ်လို့ လွယ်ကူ အောင်သာ ဖြစ်ပြီး သင်တန်း ပြီးပါက အိမ်ပြန် လွတ်ကြောင်း၊ “သူတို့ စစ်တိုက် နေတာ တိုင်းပြည် အတွက် တာဝန် ထမ်းဆောင် နေတာ ဖြစ်ကြောင်း “တပ်မတော်က ပြည်သူနှင့် သူတို့ အဖွဲ့ ပူးပေါင်းမှာ စိုးရိမ်ကြောင်း၊ အစိုး ရက တစ်ပါတီနှင့် တစ်ပါတီ ရန်ဖြစ် စေချင်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ရန်တိုက် ပေးနေ မှုအား သတိထား ရမည် ဖြစ်ကြောင်း ၂၀၁၅ ရွေးကောက် ပွဲတွင်လည်း အခြေခံ ဥပဒေကို နောက်ကွယ်မှ ကြိုးကိုင်သူ ရှိနေမည်မှာ ဖြစ်ကြောင်း၊ အစိုးရသည် ဉာဏ်နီ ဉာဏ်နက် များကြောင်း   ဖော်ပြပါ စကား များသည် ဇွန်လ ၉ ရက်မှ လကုန်ရက် အထိ ထုတ်ဝေသည့် သတင်း၊ အသံလွှင့်မှု များတွင် ပါရှိပြီး ဖြစ်ပါသည်။ ဒီ စကားရပ် များကို လေ့လာ သုံးသပ် ကြည့်ခြင်း အားဖြင့် ရွက်ဆစ်ရဲ့ အတွင်း စိတ် သဘော ထား များကို မြင်နိုင် ပါသည်။

ကိုယ်ကျိုး အတွက် ရည်ရွယ် ချက်နဲ့ ဆောင်ရွက် နေတာဟာ ရွက်ဆစ်ရဲ့ သမိုင်းက သက်သေပါ။ ဆွေမျိုး သားချင်း အရင်း ခေါက်ခေါက် များကိုပါ လုပ်ကြံ သတ်ဖြတ်ပြီး တစ်ချိန်က ခွန်ဆာ ခေါင်းဆောင်တဲ့ MTA အဖွဲ့မှာ ဗိုလ်မှူးကြီး အဆင့်နဲ့ ရမ်းကား ခဲ့ရာမှ MTA တစ်ဖွဲ့လုံး လက်နက် ချစဉ် ယောင်ပြ ပါဝင် ခဲ့ပြီး တစ်ပတ် အတွင်း မှာပဲ ခိုလန်၊ ကွန်ဟိန်း၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း နယ်မြေ ထဲက လက်ကျန် လက်နက်ကိုင် အဖွဲ့များနှင့် ရည်ရွယ်ချက် ရှိရှိ ပူးပေါင်းပြီး ရွက်ဆစ်က ခေါင်းဆောင် လုပ်ကာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆိုတဲ့ ရာထူးကို ကိုယ့် ဘာသာ သမုတ် ခဲ့တာ သိသာ လွန်းခဲ့ ပါတယ်။ ယခင် MTA လက်ထက်က ဆောင်ရွက် ခဲ့သော မူးယစ် ဆေးဝါး လုပ်ငန်း များကို တိုးချဲ့ ဆောင်ရွက် ခဲ့တယ်။ ရှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ထွက်ရှိသော ဘိန်းတွေကို မြန်မာ- ထိုင်း နယ်စပ်ရှိ ဘိန်းဖြူ ချက် စခန်း များကို ပို့ဆောင်တယ်။ ဘိန်းဖြူချက် စခန်းတွေကို လုံခြုံ ရေး လုပ်ပေး တယ်။ ဘိန်းချက် စခန်း တွေမှာ ရှယ်ယာ ပါဝင်တယ်။ ဘိန်းစိုက် တောင်သူတွေ ထံမှ ဆက်ကြေး ကောက်တယ်။ ဘိန်း ကုန်သည်တွေ ထံမှ ဆက်ကြေး ကောက်တယ်။ 

ဒါ့အပြင် ယနေ့ ခေတ်စား လာတဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား ထုတ်လုပ်ခြင်း ဆောင်ရွက်တယ်။ ဒေသခံ တွေကို မျက်စိ ပိတ်၊ နားပိတ် ဖြစ်အောင် ဘိန်းမှိုင်းနဲ့ တိုက်တဲ့ အပြင် အတင်းအဓမ္မ လူသစ်ပါ စုတယ်။ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ယောက်ကျား မှန် သမျှ စစ်မှု ထမ်းရ မယ်တဲ့။ ဒု စစ်ဦးစီးချုပ် ခေးငင်း ရဲ့ သမီး ကိုလည်း ယူတယ်။ (တရားဝင် မယား ၁၇ ဦး၊ ရောက်ရာ အရပ် ဒေသတွင် တရားမဝင် မယား အများ အပြား၊ တင်စားခြင်း မဟုတ်ပါ၊ အမှန် သတင်း သိရှိသူ အနေဖြင့် ဖော်ပြ ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံ အားလုံး သက်သေ ခံနိုင် ပါတယ်။) လက်နက် အားကိုးနဲ့ အနိုင် ကျင့်တယ်။ ငွေကြေး အားကိုးနဲ့ ထိုင်းနိုင်ငံ ထဲက တာဝန် ရှိသူ တွေကိုပါ စည်းလုံး သိမ်း သွင်းတယ်။ ကဲ.. ဘာကျန် သေးလဲ။    

 အစိုးရသစ် သက်တမ်း ကာလတို အတွင်း နိုင်ငံတော် သမ္မတကြီးရဲ့ ဆောင် ရွက်ချက် များကြောင့် အထင်ကြီး၊ အားကိုး၊ လေးစား မိခဲ့ ပေမဲ့၊ ဒီ တစ်ခါတော့ လုံးလုံး လျားလျား မဆန့် ကျင်သော်လည်း မဖြစ်သင့် ပါလို့ တွေးမိ ပါတယ်။ နိုင်ငံတော် သမ္မတ ကြီး၏ သည်းခံ နိုင် စွမ်းအားနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို  ရလိုစိတ် ပြင်းပြမှု အတွက် သူတို့ကို တွေ့ဆုံ ခဲ့မှု အပေါ် တစ်ဖက် ကလည်း လေးစား မိပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် အမည် ခံထား သော်လည်း ကျွန်တော်တို့ လူမျိုး၊ တိုင်းရင်း သားများ လက်ခံသည့် အဖွဲ့ အစည်း မဟုတ်ခြင်း၊ အဖွဲ့ အစည်း စတင် တည်ထောင်ပြီး ချိန် ကနေ ယနေ့ အထိ ကျွန်တော်တို့ တိုင်းရင်းသား ဒေသ ဖွံ့ ဖြိုး တိုးတက်ရေး များ မဆောင်ရွက် နိုင်ခဲ့တာ အပြစ် မပြောလို ပေမယ့် ဒေသ မှာပင် ဘိန်းစိုက်၊ မှောင်ခိုထုတ်၊ ဓားပြ တိုက်၊ လူသတ်၊ ဆက်ကြေးကောက်၊ အတင်း အဓမ္မ လူသစ်စု ဆိုတဲ့ ဥပဒေမဲ့၊ မင်းမဲ့ စရိုက် ဆောင်ရွက် ချက်တွေက သူတို့ အတွက်  အမည်းစက် တင် မက အမှောင် ထုကြီးသာ ဖြစ်ပါတယ်။ အမေ ရိကမှာ နာမည် ကြီးခဲ့တဲ့ လူဆိုးကြီး Al Capone      (Scarface) တို့၊ မာဖီးယား ဂိုဏ်း ခေါင်းဆောင်တို့ စတဲ့ ရာဇဝင် လူဆိုး တွေကို အခု အချိန် မပြောနဲ့ အဲဒီ အချိန်တုန်း အမေရိကန် သမ္မတ တွေနဲ့ တွေ့ဆုံ ခဲ့တာ မရှိပါ။ ထောင်ထဲမှာ ဖြစ်ဖြစ်၊ အမှောင်ထု ထဲမှာ ဖြစ်ဖြစ်၊ အချင်းချင်း လုပ်ကြံ ကြလို့ဘဲ ဖြစ်ဖြစ် မထင် မရှားနဲ့ ပျောက်ဆုံး သွားကြတာ ချည်း ပါဘဲ။

ရွက်ဆစ်လို လူစား မျိုး ဟာလည်း ဘာထူး မှာလဲ။ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေး ဆောင်ရွက် ဖို့ရာ ဘယ်လိုမှ မဖြစ် နိုင်ဘူး ဆိုတာ သူ့ရဲ့ သမိုင်းကြောင်း သာမက လက်ရှိ ပြောဆို လုပ်ဆောင် မှုတွေက ပေါ်လွင် နေပါတယ်။ မြန်မာ စကားပုံ တစ်ခု ထဲက လိုပါပဲ “သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန် ဆိုတာ မျိုး အတိ အကျ ဖြစ်နေ တာပါ။ နဂို ကမှ မိမိကိုယ်ကို အထင်ကြီးပြီး ပဒေ သရာဇ် စော်ဘွား ဟန်ပန်နဲ့ မယား ၁၇ ယောက် (တရားမဝင် မယားများ မပါ) ယူထားတဲ့ ရွက်ဆစ်ဟာ အခုလို သမ္မတကြီးနဲ့ တွေ့ဆုံပြီး နောက်ပိုင်း ပြည်တွင်း ပြည်ပ ခရီးစဉ် ၂ ပတ် လှည့်လည် စဉ်က ပြောကြားတဲ့ စကားလုံး တွေကို လေ့လာ ကြည့်ခြင်း အားဖြင့် “အရူး ဘုံမြောက် ချေးခြောက် ကောက်စားတဲ့ စကားပုံ ထဲက အတိုင်း ဖြစ်ပျက် နေတာ သိသာစွာ မြင်တွေ့ ကြားသိ နိုင်ပါ တယ်။

ဒီမို ကရေစီ အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး၊ မူးယစ် ဆေးဝါး အရေး၊ လူ့ အခွင့် အရေး၊ အရေးပေါင်း များစွာ အတွက် ဆောင်ရွက် ချက် တိုင်းကို လက်ကမ်း ကြိုဆို လျက်ပါ။ အခုလည်း ကျွန်တော်တို့ လူမျိုး တိုင်းရင်းသား ခေါင်းကြီးကို သမ္မတကြီး တွေ့ဆုံတာ အပြု သဘောနဲ့ စောနေ သေးကြောင်း အတွင်းသိ ဒေသခံ တိုင်းရင်းသား တစ်ဦး အမြင်သာ ဖြစ်ပြီး အပြု သဘောနဲ့ လုံးဝ အပြည့် အဝ ကြိုဆို နေပါကြောင်း။

အိုက်ခမ်း

Thursday, July 04, 2013

NLD ပါတီ အနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ ဖက်မှ ရပ်တည် ထောက်ခံမှု မရှိသည့် အတွက် ပါတီဝင်များ နှုတ်ထွက်ရန် ပြင်ဆင်နေ

Posted by drmyochit Thursday, July 04, 2013, under | No comments


NLD ပါတီ(ဗဟို) ဥက္ကဌ ဒေါ်စုကြည်နှင့် NLD ပါတီ (ဗဟို) အနေဖြင့် မြန်မာ နိုင်ငံအတွင်း ဖြစ်ပေါ် ခဲ့သော မွတ်ဆလင်-မြန်မာ ပဋိပက္ခများနှင့် မျိုးစောင့်ဥပဒေ ပြဌာန်းရေးဆွဲရေး ဆောင်ရွက် ရာတွင် ဗုဒ္ဓ ဘာသာ ၀င်များ ဖက်မှ ရပ်တည်ထောက်ခံမှု မပြုခဲ့သည့် လုပ်ရပ် များကြောင့် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် အတွင်းရှိ ရဟန်း သံဃာတော် များနှင့် ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲရေး အတွက် ကြိုးပမ်း နေသော ဒေသခံ ရပ်မိ ရပ်ဖများ၏ ဥပေက္ခာ ပြုခြင်း /မုန်းတီးသည့် အပြုအမူတို့ကို မြင်တွေ့ ရသဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ် “ပ၀ကျေးရွာ” အုပ်စု NLD ပါတီ အလုပ် အမှုဆောင် ဥက္ကဌ ဦးထွန်းလှ၏ နေအိမ်၌ ဦးထွန်းလှနှင့် ပါတီဝင် (၂၀)ဦးခန့်သည် အစည်း အဝေး ပြုလုပ်ခဲ့ပြီး NLD ပါတီမှ နှုတ်ထွက်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သတင်း ရရှိ ပါသည်။

Mail ပေးပို့သူ(နေလင်းမောင်မောင်)

Tuesday, April 30, 2013

မီဒီယာနယ်ပယ်က မပေါင်းအပ်တဲ့ကောင် (ပေးစာ)

Posted by drmyochit Tuesday, April 30, 2013, under | No comments



ခရိုနီဖြစ် ချင်ပေမဲ့ ဖြစ်ခွင်မရတဲ့ မြန်မာမီဒီယာနယ်ပယ်က ငပွကြီး (သို့မဟုတ်)တစ်ပူးကြီး သန်း ထွဋ် အောင် တစ်ယောက် သတင်းစာထုတ်ချင်တာ ပျာယာခတ်နေပုံကို မီဒီယာအသိုင်းအ၀ိုင်း က လူတွေ က ကျိတ် ရီနေကြ ပါတယ်။ ဒါက သတင်းစာတွေထုတ်ခွင့်မပြုခင် ၂၀၁၃ လောက်က အခြေ အနေ ပါ...။လူကြီး လူကြီး မှန်းမသိသူကိုယ်သူဖိုက်တာကြီးလုပ်လို့လုပ် ..နေရာတကာ ဘယ်သူနဲ့ မှ မတ ည့် တဲ့ အော်ကျော့ လန် မီဒီယာပေါ့။ သူစီးပွားရေးအတွက် မီဒီယာကိုအသုံးချ သူနဲ့မ တည့် သူမှန်သမျှ အပြစ်ရှာ စာမျ က်နှာတွေပေါ်တင်... ဒါတောင်သူကိုယ်သူ စတုတ မဏ္ဍိုင်ကြီး တဲ့။မှတ်လောက် ပါရဲ့ တိုင်ပြည် မှာသူက တိုက်ပွဲဝင်သူကြီးဆိုပီး ....သူရှိမယ့်ဖြစ်မယ် ကျန်တဲ့မီဒီ ယာတွေ သူလောက်မတတ် သူလောက် မသိ သူသာနံပါတ် တစ်ဆိုပီးစောက် ရှက်မရှိပြောရတောင် ကလည်းအမော။ပြောတာမှာ တစ်ပြည်လုံ ကိုမောင်း ထု ပီပြောတာ။ ရီစ ရာမောစရာပေါ့..။

ဒါနဲ့ပတ်သက်လို့ စာရေးဆရာဘကြီးတစ်ယောက်က တစ်နေ့ကျွန်တော်နဲ့လဘက်ရည်ဆိုင်


မှာတွေ့ လို့စကားပြောဖြစ်ကြတယ်။တစ်ပူးကြီးအကြောင်းပေါ့။ သူကမနေ့တစ်နေ့ကမှမီဒီယာလော ကထဲ ၀င်လာ တာလေကွာ ။ဘောလုံး ဂျာနယ်နဲ့ ပေါ့ တစ်ဖက် က ဥပဒေ စိုးမိုးရေး အော်နေပီး.....သူ ကတော့ လောင်း ကစားခန့် မှန်းချက်တွေ နဲ့ကြီးပွားလာတာလေကွာ။မနေ့တစ်န့ကမှ သတင်း လိုင်းပြောင်း လာ တာ ပါတဲ့။ လူတိုင်းသိပါတယ်ကွာ..


ခုလည်း သတင်း စာနေ့စဉ်ထုတ် ရမှာ ဆိုတာ့ ပြိုင် ဖက်ဖြစ် လာမယ့် အစိုရ သတင်း စာတွေကို လှည့် ရန် ရှာ နေပြန် ပီလေ။မင်းလည်းဖက်ရမှာပေါ့။ သူစီပွားရေးလုပ်ငန်းတွေမှာလည်း မီဒီယာဝိတ်သုံးပီး ငပွကြီး လုပ်နေလို့ အတော်များ များက ရိုက်ချင်ကြ ကျိန်ဆဲကြနဲ့ပေါ့ကွာ ။ဒါတင်ဘယ်ကသေးမ လဲတစ်မြီု့ လုံက လုပ်ငန်း တူသူရော မတူသူရောပါ လိုက်ပီးရမ်းနေတာ ဆိုပဲကွ။သူကစီးပွားရေးမှာပါ ၁ဖြစ်ချင် တာလေ ကွာ...။ အဲလိုဖြစ်ဖို့ မီဒီယာပါဝါနဲ့ လှည့်ရန်ရှာ..ချောက်ချပေါ့ကွာ...။


ဆရာကြီး ပြောပြတာ နားထောင်ရင်း ကျွန်တော်တော့ခေါင်းတစ်ညိတ်ညိတ်နဲ့ပေါ့။ ဒါနဲ့ဘကြီးအခု သတင်း စာ ထုတ်ဝေခွင့်တွေမပေးခင်တုန်က သူကဒီနေ့ပဲ စထုတ်တော့မှာလိုလို နော် ။မပေးလည်း ဇွတ် ထုတ်မယ့် ပုံမျိုး တကယ်လဲပေးလိုက်ရော ထွက်မလာသေးပါလားဘကြီး လို့ မေးကြည့်တော့.. .ဘကြီးက ငါကောင် ရ အခုသူက တကယ်ထုတ်ဆိုတော့ ကိုဘာသာ ကိုယ် အေးအေးဆေးဆေး မထုတ်ဘူးလေ ရှုံးမှာ ကြောက် တာလေ ကွာ ပြောတော့မီဒီ ယာသမားတဲ့ မင်းစဉ်းစားကြည့် သူလောက်ဘက်ဂျ က်မတောင့် တဲ့သူ တွေတောင် ၀မ်းသာအားရ ထုတ်နေကြပီ။ ဒါကိုကြည့်ပီးသိတဲ့သူတွေကတော့ရီကြတာပေါ့ကွာ ။ဈေး ကွက်မှာ ဈေးနှုန်း မယှန်နိုင်လိုံ့အစိုရ သတင်စာတွေပတ်ရမ်းလိုကရမ်း အမူး သမား ထက်ဆိုး တယ်.လေ...လေ့ လာကြည့်ပေါ့ ကွာသူအကြောင်း ....။


.......ဒါနဲ့ကျွန်တော်လည်းဘကြီးနဲ့ကြုံတုန်းသိချင်တာလေးမေးရတာပေါ့ ...အဘ သူက သူ့ကိုသူ နံပါတ် တစ်ဆိုတော့ သူရဲ့သတင်းတွေကိုဘယ်လိုတင်ပြတုန်းဆိုတော့ ဘကြီးက တစ်ခွီးခွီးရီတော့ တာပဲ။ ဘကြီး ကရီတော့ ကျွန်တော်ပါလိုက်ရီရင်း ပြောပါဦးဘကြီးရဆိုတော့ ။အေးမင်းမှတ်ထား ငါပြောပြမယ် တစ်ပတ် အတွင်း သတင်း ၇ှိရှိ မရှိရှိသူ က ဘယ်ကုမဏီကဘာကိုစိတ်ဝင်စားလျှက်ရှိလို့ရေးလိုက်ရင် သတင်း တစ်ပုဒ်ဖြစ် ရောကွာ..မှန်မှန်မမှန်မှန်ဒါက ဘေးလွတ်တယ်..

ပီး တော့ သူကစီးပွားရေးသမား အဲဒီမှာအလုပ်လုပ်ရင်းတွေ့ရတဲ့ သူစီပွားရေးထိလာရင် အဲဒါကို ပုံကြီးချဲ့ ပီး စာမျက် နှာပြည့်အောင် လုပ်တော့ တာမောင်ရေ..အကြောင်းမသိတော့ အဟုတ် မှတ်ကြတာပေါ့ကွာ။

ဒီကောင် ညစ်နည်းကလိန်ကျနည်းတွေအကြောင်းပြောရင် ကုန်ပါဘူးကွာ ။နောက်ဆုံး ကိုယ့်ကို ငွေပေးနေ တဲ့ကြေငြာ ရှင်တွေ လက်တွဲဖက်တွေကိုတောင်မှ သူမထင်ရင် စာမျက်နှာပေါ် မျက်နှာပြည့် တင်စိန်ခေါ် သိက္ခာချ တဲ့ကောင်ကွ ။လောကမှ မပေါင်းအပ်တဲ့ကောင်တစ်ယောက်ပေါ့။



ကျွန်တော်လည်းဘကြီးရဲ့ပြောစကားတွေနားထောင်ရင်း လောကမှာ ကိုယ်အုပ်စုနဲ့လည်းမတည့် အစိုး၇ အပစ် ပြော လေတစ်လုံမိုးတစ်လုံးနဲ့ လှည့်ပတ်ရမ်းနေတဲ့ မြန်မာ့မီဒီယာနယ်က မီဒီယောင် အယောင် ဆောင် မပေါင်းအပ်တဲ့ကောင်ဆိုတာ သူပါလားဆိုပီး နှစ်သစ်မှာ အိုးစည် ဗုံမောင်း နဲ့ ကြေငြာ မောင်းခတ် လိုက်ရ ပါကြောင်း ခင်ဗျာ


From:ME


Saturday, March 09, 2013

မွတ်ဒေါင်းပါတီဝင် တစ်ဦးမှ မိုက်ရိုင်းစော်ကားနေမှုများကို မခံရပ်နိုင်သည့် ပြည်သူတစ်ဦး၏ ရင်ဖွင့်စာ

Posted by drmyochit Saturday, March 09, 2013, under | No comments


NLDပါတီက ko kophyo ဆိုတဲ့လူ သိစေလိုပါတယ် မြန်မာလူမျိုးဖြစ်ပြီး ဘာလို့ ဒီစကားပြောသလဲသိချင်လို့ မင်း၇ဲ့ အကောင့်ကို ကြည့်လိုက်တော့ NLD ကကိုး။ အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက် ရမယ် ဆို တာ မင်းတို့ သိသလား ငါတို့တိုင်းပြည်က တခြားနိုင်ငံတွေလို သွားတွက်ချက်လို့ မရဘူး

Tuesday, February 26, 2013

The Voice Weekly Editor သို့ ပေးစာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

အယ်ဒီတာခင်ဗျာ ...

ဒီစာကို ကျုပ် ရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲ တွေကို ကြည့်ပြီးမှ ရေးရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း) ကို ၂ နှစ်ခန့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ပြီးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီးနောက် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ တစ်တိုင်းပြည်လုံး နီးပါး စိတ်ဝင်စားသော ကိစ္စပါ။ 

Wednesday, February 20, 2013

အစ္စလာမ်များ သိစေရန် ပေးစာ....

Posted by drmyochit Wednesday, February 20, 2013, under | No comments


သို့အစ္စလာမ်များ

ဟုတ်တယ် ကျွန်မတို့ မြန်မာ လူမျိုးတွေက ယုတ်မာတယ်..
786 ဆိုင်း ပုဒ်မြင် တာလဲ အဲဒိ ဆိုင်မှာ အားပေး တတ်ကြလို့..

ဟုတ်တယ် ကျွန်မတို့ မြန်မာလူမျိုးတွေက ယုတ်မာတယ်..
ဘုရား စေတီ ပတ်ပတ် လည်မှာ ရှင်တို့ကို ဆိုင်ခန်း ပေးဖွင့်မိလို့..

ဟုတ်တယ် ကျွန်မတို့ မြန်မာ လူမျိုးတွေက ယုတ်မာတယ်..
ဧည့်သည်က အိမ်ရှင်လို့ ကိုယ့်ကိုကိုယ်ထင်မိအောင် ဧည့်ဝတ်တွေကျေခဲ့ကြလွန်းလို့

Monday, February 18, 2013

တးသံရှင် ပလေးဘွိုင် ဦးသန်းနိုင်အား အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာ

Posted by drmyochit Monday, February 18, 2013, under | No comments

သို့

နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ

" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် အာဏာ အလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာ အရေးယူပေး ပါရန် တိုင်ကြား ခြင်း "

Monday, February 11, 2013

နိုင်ငံတော်သမ္မတသို့ အကြံပြုချက်

Posted by drmyochit Monday, February 11, 2013, under , | No comments

ဥပဒေရေးရာဖိုရမ်

ပြည်သူများဘက်မှ ဥပဒေ ရေးရာကိစ္စများဆွေးနွေးလာသည်။ နိုင်ငံတော်အစိုးရနှင့်လွှတ်တော် ရေးရာ အဖွဲ့များကို တိုင်ကြားနိုင် သည့် ပြည်သူ့အခွင့်အရေးများ ရရှိနေသည်။

သို့သော်

ပြည်သူ့ အသံများ အရ အကြောက် တရားများက လွှမ်းမိုး နေဆဲဖြစ်သည်။Hot News ဂျာနယ်ထွက် သည့်နေ့က ကျွန်တော့်ထံE-mail တစ်စောင်ရောက်လာသည်။ ပထမ Face Book တွင် Comment တက်လာ သည်။

Saturday, January 19, 2013

KIO/KIA ခေါင်းဆောင်တွေ ပြောပြောနေတဲ့ပင်လုံစာချုပ် (အပိုင်း-၂)

Posted by drmyochit Saturday, January 19, 2013, under , | No comments

ပင်လုံညီလာခံအစ

ကချင်ပြည်နယ် ပေါ်ပေါက်လာသော သမိုင်းသည် ပင်လုံညီလာခံမှ စတင်ခြင်း ဖြစ်သောကြောင့် ပင်လုံ ညီလာခံ အကြောင်း အနည်းငယ် ပြန်ပြောဖို့ လိုပါသည်။ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ၁၉၄၇ ခုနှစ် ဇန်န၀ါ ရီလမှာ ဗိုလ်ချုပ်တို့ လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့ အချိန်တွင် နောက်ပိုင်း ကနေ ရှမ်းစော်ဘွားများက ကန့်ကွက်စာ ပေးပို့ခဲ့တာ အားလုံး သိပြီး ဖြစ်ပါသည်။ သို့သော် ရှမ်းစော် ဘွားတွေလိုပင် ဗန်းမော် တောင်တန်း ဒေသက ကချင် ခေါင်းဆောင်များနဲ့ စော်ဘဦးကြီးရဲ့ ကရင် အမျိုး သား အဖွဲ့ချုပ်တို့က ဗိုလ်ချုပ်တို့ဟာ တောင်တန်းသားများကို ကိုယ်စား မပြုဘူး ဆိုပြီး ကန့်ကွက်တဲ့ ကြေးနန်း များ ပေးပို့ခဲ့သည်ကိုမူ သိသူ နည်းပါသည်။ 

Friday, December 28, 2012

မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တွေ နေရာယူမှာ SSA စိုးရိမ်

Posted by drmyochit Friday, December 28, 2012, under | No comments



ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင်ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်
သက် လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အ တွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေ တယ်လို့ သိရပါတယ်။

Thursday, December 27, 2012

မြန်မာနိုင်ငံမြို့ကြီးတွေမှာ VISA ကဒ်နဲ့ ငွေထုတ်နိုင်ပြီ

Posted by drmyochit Thursday, December 27, 2012, under | No comments

နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Visa ငွေထုတ်ကဒ် ကိုင်ဆောင်ထား သူတွေဟာ နိုင်ငံခြားဧည့်ခရီးသွားတွေ အများစုသွားလာလည်ပတ်ကြတဲ့ နေရာတွေအပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး စတဲ့ မြို့တွေမှာ ရှိတဲ့ သမဝါ ယမဘဏ်နဲ့ ကမ္ဘောဇဘဏ်တွေမှာ တပ်ဆင်ထားတဲ့ ATM ခေါ် ငွေထုတ်စက် အလုံး ၉ဝ မှာ စတင် ငွေထုတ်နိုင်ပြီလို့ သိရပါတယ်။

Wednesday, December 19, 2012

နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်

Posted by drmyochit Wednesday, December 19, 2012, under | No comments


သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလို က်မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ်ဖက် စွန့်ထား သူရဲ့ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွား သူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံ ဆိပ် လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစား နိုင်ပါဘူး။

Thursday, December 13, 2012

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ(ပေးစာ - ၂၂၁)

Posted by drmyochit Thursday, December 13, 2012, under | No comments


From : ဟာဂျူလီ ကသာ 

ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံး သွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ် ကိုင်သူဖြစ် ကြောင်း ၄င်း၏ မိခင် ဖြစ်သူ ဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ် ပြောဆိုခဲ့ပါသည်၊ “ကျွန်မ သမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစား မရှိတာ ကျွန်မ သိပါတယ်၊ တကယ်လို့ ရည်းစားနောက် လိုက်သွားရင်လည်း အခုဆို (၁)လရှိ နေပါပြီ၊ သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊ အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူ နေရ ပါတယ်၊ သမီးလေး ပျောက်သွား တဲ့နေ့က စက်ချုပ် ပစ္စည်းတွေ လည်း ပါသွားတယ်၊ သူ့ဆိုင်ကယ် ကိုလည်း ပေါင်သွားတယ်၊ သူဆိုင့်ကယ် သွားပေါင် တဲ့ မိတ်ဆွေက ပြောတာတော့ မေသက်ဇွန်ဆိုင် ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံ မဟုတ်တဲ့ မျက်နှာစိမ်း တစ်ယောက်ပါ လာတယ်တဲ့၊ နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ ငါးအိုးရွာမှာ လည်း မေသက်ဇွန်ကို အဲဒီ မိန်းကလေးနဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူး ခံလိုက်ရပြီ လားလို့ တွေးမိပါတယ်”

ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်တုံးကို အတုပြုလုပ်၍ ဥပဒေမဲ့ ကိုယ်ကျိုး စီးပွား အတွက်ငွေ ကြေးများ ကောက်ခံ နေ

Posted by drmyochit Thursday, December 13, 2012, under | No comments


ကျွန်တော်တို့သည် သထုံမြို့နယ် ကတိုက်ကလေးကျေးရွာက တောင်သူလယ်သမား များဖြစ်ကြပါ သည်။ ကျေးရွာတွင်နေထိုင်သူအများစုမှာ လယ်သမားများဖြစ်ပြီး ရိုးသားသူများဖြစ်ကြပါသည်။ ကျေးရွာနေ ပြည်သူကိုယ်စားတင်ပြလိုသည်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ စာရေးဝန်ထမ်းဖြစ်သူက တာဝန်ရှိမှု အပေါ် အလွဲ သုံးစား ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ အောက်ပါအချက်များကို မသမာမှုနှင့် လိမ်လည်မှုများကို တရား ဥပဒေ မျက်ကွယ်ပြုလျှက် ပြုလုပ်ခဲ့ပါသည်-

Wednesday, December 05, 2012

ပြည်သူများကို ဒုက္ခပေး နေသော KIA........ ပေးစာ

Posted by drmyochit Wednesday, December 05, 2012, under | No comments



ယမန်နေ့ညဖက် ကချင်ပြည်နယ် နန်စိအောင်-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ် ၆၄၀/၂၂ နှင့် ၂၃ ကြား နမ်းမားကျေးရွာအနီး ဒီဇင်ဘာလ ၃ ရက်နေ့ည ၁၁နာရီ ၃၅ မိနစ်တွင် KIA မှ မိုင်းခွဲ ဖျက်ဆီး ခဲ့ သဖြင့် မီးရထားသံလမ်းရှေ့ဖက်ခြမ်း ၅ ပေခန့်ပြတ်ထွက် ၊ ဇလီဖားတုံး ၅ တုံးလွင့်ထွက်ပျက်စီး ပြီး မီးရထားများ ရပ်တန့်ကုန်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်