
From : ခေတ်လူငယ်
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားနေကြောင်း နိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်မပါဝင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၁၁ စင်ကာပူနိုင်ငံ The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် အစိုးရမူဝါဒပိုင်းမှာ မပါဝင်ဘူး” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏ လုံခြုံရေး၊...