Saturday, July 14, 2012

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဟင်္သာတမြို့ ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်

Posted by drmyochit Saturday, July 14, 2012, under | No comments

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ၂၀၁၁ -၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၂၀၁၁ - ၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း နှင့် ထူးချွန်ကျောင်း သား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး မှ အဖွင့်အမှာစကားပြောကြားစဉ်
အဆိုပါ ဟင်္သာတမြို့နယ် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးကျောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်း သူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားစဉ်
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက် အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃) ကျောင်း နှင့် (၆) ဘာသာဂုဏ်ထူးရှင် (၁၁) ဦးကို ဂုဏ်ပြုဆုချီးမြှင့်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပါသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃) ကျောင်း နှင့် (၆) ဘာသာဂုဏ်ထူးရှင် (၁၁) ဦးကို ဂုဏ်ပြုဆုချီးမြှင့်စဉ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က ဟင်္သာတ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ပါမောက္ခများ၊ (၄) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းများနှင့် (၅) ဘာသာ ဂုဏ်ထူးရှင် (၄) ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က ဟင်္သာတ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ပါမောက္ခများ၊ (၄) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းများနှင့် (၅) ဘာသာ ဂုဏ်ထူးရှင် (၄) ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်စဉ်
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက် အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃) ကျောင်းတွင် လက်ရှိသင်ကြားနေသည့် ဆရာ၊ ဆရာမ များအား၊ လက်ရှိ တက်ရောက်လျက်ရှိသည့် ကျောင်း သား၊ ကျောင်းသူများက အာစရိယပူဇော်ပွဲ ကျင်းပဆောင်ရွက် နိုင်ရန်အတွက် တစ်ကျောင်းလျှင် (၁၀) သိန်း စီဖြင့် ငွေကျပ်သိန်း (၆၀) အရင်းမပျောက် မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူချီးမြှင့်ပါသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး က အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း (၃) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃) ကျောင်းအား တစ်ကျောင်းလျှင် (၁၀) သိန်းစီဖြင့် ငွေကျပ်သိန်း (၆၀) အရင်းမပျောက် မတည်ငွေ၊ ငွေပဒေသာပင် စိုက်ထူချီးမြှင့်စဉ်
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့သည် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဟင်္သာတမြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ကျောင်းသား/ကျောင်း သူများနှင့် စုပေါင်း၍ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဟင်္သာတမြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် စုပေါင်း၍ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်
Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်