Saturday, July 14, 2012

ရန်ကုန်-တရုတ်( တိုင်ပေ) လေကြောင်းလိုင်း ပျံသန်းမည်

Posted by drmyochit Saturday, July 14, 2012, under | No comments



ဆယ်စုနှစ်တစ်စုကျော်ကြာ ရပ်နားထားခဲ့သည့် ရန်ကုန်-တရုတ်(တိုင်ပေ)  လေကြောင်း လိုင်းက အောက် တိုဘာလတွင် ပြန်လည်ပျံသန်းသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ ရန်ကုန်-တရုတ် (တိုင်ပေ) လေကြောင်းလိုင်းသည် တရုတ်(တိုင်ပေ) ပိုင်လေကြောင်း လိုင်း တစ်ခုဖြစ်သည့် EVA Air Line ဖြစ်ကြောင်းသိရသည်။ “အရင်တုန်းက ပျံသန်းခဲ့တဲ့ လေကြောင်းလိုင်း တစ်ခုပါ၊ အခုပြန်လည်ပျံသန်းဖို့ ရှိပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းလေကြောင်းလိုင်းမှ စင်းလုံးငှား လေယာဉ်ဝန်ဆောင်မှုများဖြင့် ခရီး စဉ်များကို ပြန်လည်ပျံသန်းပေးသွားမည်ဖြစ်ပြီး တနလာင်္၊ ကြာသပတေးနှင့် သောကြောနေ့များတွင် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “လေကြောင်းလိုင်းက တစ်ပတ်ကို သုံးရက် ပျံသန်းနိုင်ဖို့ ရှိပါတယ်” ဟု ယင်းက ဆက်လက် ပြောသည်။ ရန်ကုန်- တရုတ် (တိုင်ပေ) လေကြောင်းလိုင်းကို ၁၉၉၇ ခုနှစ် သြဂုတ်မှ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလအထိ ပျံသန်းခဲ့ပြီး ယခုအကြိမ်သည် ဒုတိယ အကြိ မ်မြောက် ပြန်လည်ပျံသန်းခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေေ ကြာင်း လိုင်းများ ပျံသန်းနိုင်ရန်အတွက် နိုင်ငံတကာ လေကြောင်းလိုင်းခြောက်လိုင်းမှ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားသည့် အပြင် ဂျပန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ကာတာနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံတို့ရှိ လေကြောင်းလိုင်းများမှ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် တိုက်ရိုက် ပျံသန်းလျက် ရှိသည့် နိုင်ငံ တကာ လေကြောင်းလိုင်း ၁၄ လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

                                                                                                                  
From : ခေတ်လူငယ်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်