Tuesday, August 27, 2013

ဆက်သွယ်ရေး ကောင်းမှ ကလေးတွေကို ကယ်တင်နိုင်မယ် မိုးမင်း

Posted by drmyochit Tuesday, August 27, 2013, under | No comments

ချစ်ဇနီး၊ ချစ်သမီး ၃ယောက်နဲ့ သာယာ အေးချမ်းတဲ့ဘဝလေးကို တည် ဆောက်နေတဲ့သူက တော့ သဘင်မင်းသားကြီး မိုးမင်းပါ။ သမီး ၃ ယောက်စလုံးကို ပညာရေး၊ အားကစား၊ အနုပညာ ပိုင်းဆိုင်ရာ တွေမှာ အားလုံးဘက်စုံ ထူးချွန်နေရ အောင် လုပ်ဆောင်ပေးရင်း ဖခင်တစ်ယောက် ရဲ့ ဝတ္တရားကိုလည်းကျေပွန်အောင် ထမ်းဆောင်နေ တဲ့ သူပါ။ အသက်အရွယ်တွေ အရ ငယ်သေးလှတဲ့ သမီး ၃ယောက်ကို ဖခင် တစ်ယောက်အနေနဲ့ ပြုစု စောင့် ရှောက်ပုံတွေကို မေးမြန်းဖော်ပြပေးလိုက်ရပါ တယ်။ ► သမီး၃ယောက်ကို အတတ်ပညာအစုံ သင်ကြားပေး ကျွန်တော့်မှာ...

ဘဝရှင်သန်မှုနဲ့ ဂီတအကြောင်း ထက်ထက် (Bobby Soxer) သုံးသ ပ်ချက်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဟစ်ဟော့ပ်ဂီတလောကမှာ ပရိ သတ် တွေရဲ့အားပေးမှုကို ရရှိထားသူ ဟစ်ဟော့ပ် အဆိုရှင်ကတော့ ထက်ထက် (Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတ မဆို သူ့ လွတ်လပ်မှုနဲ့သူ ရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက် Bobby Soxer ကို ဟစ်ဟော့ပ်ဂီတတွင်ကျယ်လာမှုနဲ့ ပတ်သက် ပြီး ဘယ်လို သုံးသပ်လဲလို့ မေးကြည့်တော့ “ဟစ်ဟော့ပ် ဂီတဆိုတာများ လာတဲ့အပေါ် ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆို ကတည်းက ဟစ်ဟော့ပ်ကဆိုရတာ လွယ်တယ်ပေါ့နော်။ လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို...

ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရေလွှမ်း မိုးမှုဖြစ်ပွားသည့် ငါးရက်မြောက် နေ့အထိ ရွှေပြည်သာမြို့နယ်ရှိ ရေဘေးဒုက္ခ ကြုံနေရသည့် ရပ် ကွက်များတွင် ရေပြန်လည်ကျ ဆင်းခြင်း မရှိသေးကြောင်း ယ နေ့ နံနက်တွင် ကယ်ဆယ်ရေးစ ခန်း ရောက်ရှိနေသူများ၏ ပြော ကြားမှုများအရ သိရသည်။ ဩဂုတ် ၂၂ ရက်က စတင် ခဲ့သည့် မိုးရွာသွန်းမှုနှင့် ဝါးတစ် ရာချောင်းရေ တိုးလာမှုကြောင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စုရှိ ရပ်ကွက်ရှစ်ခု တွင် ရေလွှမ်းခဲ့ပြီး အဆိုးဆုံးရပ် ကွက်များတွင် ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ကူညီနေ ပြီး...

သိန်းပေါင်းထောင်ငါးရာကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြားများဖမ်းဆီးရမိ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ကလေး ၊ သြဂုတ်  ၂၇။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ၊ အင်ဒိုင်းကြီးကျေးရွာတွင် သြဂုတ်လ(၂၄)ရက်နေ့က တမူးမြို့မှ ကလေးမြို့သို့ ကားဖြင့် သယ်ဆောင်လာသော ဆူဒိုအက်ဖီဒရင်းဆေးပြားများကို ဖမ်းဆီးရမိကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ သိရသည်။ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် အင်ဒိုင်းကြီးကျေးရွာ တန်ပိုဂိတ်တွင် စောင့်ဆိုင်း ဖမ်းဆီး စစ်ဆေးနေရာ တမူးမြို့မှ ကလေးမြို့သို့ယာဉ်မောင်း ကျော်နိုင်ဝင်း ၊ ယာဉ်နောက်လိုက် ထက်နိုင်လင်းတို့ မောင်းနှင်လာသော...

ဂန္ဓမာဟိုးဆေးကုန်တိုက်အတွင်းဈေးဝယ်စဉ် ယာဉ်မောင်းနှင့်အတူကားပါပျောက်ဆုံး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၇။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဉ္ဖူလမ်းသွယ် (၂)လမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ဝေဇယန္တာလမ်းရှိ ဂန္ဓာဟိုးဆေး ကုန်တိုက်သို့ဈေးဝယ်သွားရာ ၎င်းဈေးဝယ်ပြီး ပြန်အထွက်တွင် ယာဉ်မောင်းနှင့်အတူ ကားပါပျောက်ဆုံးသွားသော ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ကားအမျိုးစား တိုယိုတာဝှစ် အနက်ရောက်ဖြစ်ပြီး ယာဉ်အမှတ်-၂ဃ/၈၁၉၆ဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဇော်ဝင်းထွဋ် (အဘ/ အသက်/ နေရပ်လိပ်စာ)စိစစ်ဆဲဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ ယင်းမော်တော်ယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍...

အိမ်နီးချင်းများက (၁၅)နှစ်အရွယ်မိန်းကလေးအား လူသုံးဦးဖြင့် အခကြေးငွေယူ စပ်ယှက်စေခဲ့

Posted by drmyochit Tuesday, August 27, 2013, under | No comments

အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး သူမ၏မိဘများသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်တဲဖြင့် နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။ သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက် ၂ နာရီအချိန်ရောက်မှ အိမ်သို့ ပြန်ရောက်လာကြောင်း...

ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့နယ် ၊ ပြည်ထောင်စု ရိပ်သာရှေ့ တွင် ယနေ့နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်း ဘက်သို့ မောင်းနှင် လာသည့် ယာဉ်လိုင်း အမှတ် ၁၂၄ မြောက်ပိုင်း ခရိုင် အထူးယာဉ်လိုင်း မှ မော်တော်ယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ ပလက်ဖောင်း ပေါ်မှ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ဓာတ်တိုင် ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီး တစ်ဦး ( အမည် စိစစ်ဆဲ ) အား ပိမိသငဖ့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း...

ဆန္ဒထုတ်ဖော်ရမှာ နေရာအတွက်လားဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူး

Posted by drmyochit Tuesday, August 27, 2013, under | No comments

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ကိုလူချော အဖွဲ့မှ ဆန္ဒထုတ်ဖော်သွားမည်ဟူသော သတင်း များ နှင့် ပတ်သက်၍ ကိုလူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ''ကိုလူချောအဖွဲ့ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့သတင်း တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘာကိုမကျေ နပ် လို့ဆန္ဒပြရမှာလဲ။ဆန္ဒပြတယ်ဆိုတာကသူတို့မှာမရှိတဲ့နေရာတစ်ခုကိုလိုချင်လို့ဆန္ဒပြကြတယ်လို့ကျွန်တော် ကတော့ထင်တယ်။ကိုလူချောအဖွဲ့ဆန္ဒပြမယ်ဆိုပြီးလျှောက်ဖွနေတာဘယ်သူလဲဆိုတာလဲ ကျွန်တော်တို့ သိပါတယ်။ သူတို့ပြောသလိုမျိုး ကိုလူချော အဖွဲ့ဆန္ဒထုတ်ဖော်ရအောင်...

ပြန်လည် အသုံးပြုနိုင်တဲ့ Usernameတွေကို Yahooက စီစဉ်ပေး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ကမ္ဘာကျော်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Yahooအနေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့(Recycle လုပ်ထားတဲ့) Usernameတွေကို တရားဝင် ဖြန့်ဝေပေးလိုက်ပြီ ဖြစ်ပါတယ်။ အရင်က ဆိုရင် Usernameတစ်ခုခု လိုချင်တဲ့အခါ ကိုယ်လိုချင်တဲ့ Usernameနဲ့ တူနေတာတွေ ရှိလို့ အကောင့်ဖွင့် မရတဲ့သူတွေ အတွက် ၀မ်းမြောက်ဖွယ်ပါပဲ။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့တဲ့ Yahooရဲ့ မသုံးတာကြာတဲ့ အကောင့်တွေကို ရပ်စဲပြီး အဆိုပါ အကောင့်နာမည်တွေကို အခြားသူတွေ သုံးလို့ရစေရန် ပြုလုပ်ပေးဖို့ ဆိုတဲ့ ပရောဂျက်ရဲ့...

ပွဲကြမ်းခဲ့တဲ့ Miley Cyrus

Posted by drmyochit Tuesday, August 27, 2013, under | No comments

အမေရိကန် Popအဆိုတော် Miley Cyrusတစ်ယောက် ကတော့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Video Musicဆုပေးပွဲမှာ ဆုမရရှိခဲ့ပေမယ့် Performanceနဲ့ ပတ်သက်ပြီး လူပြောသူပြော အများဆုံးဖြစ်ခဲ့ပါတယ်။ Tumblr, Twitterနဲ့ Redditစတဲ့ လူမှုကွန်ရက်တွေမှာလည်း Mileyရဲ့ Performanceတွေ အကြောင်း ပြောဆိုမှုတွေ အများအပြားပဲ တက်လာခဲ့ပြီး Mileyဟာ “We Can’t Stop”နဲ့ “Blurred Lines”ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို Thickeနဲ့ အတူ ဖျော်ဖြေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ရဲ့ တင်ဆက်မှုဟာ VMA(Video...

~ချပ်ချပ်ရပ်ရပ်နှင့် လှပချင်ပါသလား~

Posted by drmyochit Tuesday, August 27, 2013, under | No comments

လေပွပြီးဗိုက်ပူတာမျိုး မဖြစ်စေဘဲဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့အစားအသောက် တွေကိုကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။ 1)အကောင်းဆုံး အစားအသောက် - ဒိန်ချဉ် ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ် လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်...

နေ့ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူ တော့မည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။        ။ နေ့အချိန် ဖွင့်သည့် ကလပ်များ (Day Club) ကို အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန် ရှိသူက '' Day Club  တွေ ရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြတယ် ဆိုပြီး တိုင်တာတောတာတွေ ရှိလာတယ်။ ဒါကြောင့်  Day Club  တွေကို အရေး ယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင်...

ဝန်ကြီးဌာ များမှ ဟင်းသီး ဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော ခြံမြေများအား မူလ ပိုင်ရှင် လယ်သမားများက ပြန်လည် တောင်းခံမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။      ။ ဝန်ကြီးဌာ များမှ ဟင်းသီးဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော မှော်ဘီမြို့နယ် ကြာကန်စု ကျေးရွာရှိ ခြံမြေများအား မူလ ပိုင်ရှင် လယ်သမား များက ခြံမြေပြန် ရရှိရေး အတွက် ဝန်ကြီး ဌာနများ ထံမှ ပြန်လည် တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။ ညောင်နှစ်ပင် ကျေးရွာ အုပ်စုဝင် ကြာကန်စု ကျေးရွာရှိ ခြံမြေ ၃၅ ဧကကို စွမ်းအင် ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊...

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်

Posted by drmyochit Tuesday, August 27, 2013, under | No comments

နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း အကုန်ပြောင်းလဲလာတယ်..ဒီကြားထဲမှာ ငွေကြေးပြည့်စုံတဲ့သူအတွက် လုပ်ငန်းတွေ လုပ်လို့ကောင်းတဲ့အချိန်အခါပဲလေ..ဒါပေမယ့် လက်လုပ်လက်စားဘ၀တွေအတွက် ကတော့ တွေးကြည့်စရာမလိုတော့ပါဘူး....တစ်နေ့တစ်နေ့ ရုန်းကန်နေလိုက်ကြရတာ..နဖူးကချွေး ခြေမ ကျတဲ့အထိပါပဲ....ဒီလိုဘ၀တွေအတွက် လက်ရှိ ပြောင်းလဲနေတဲ့ ဒီမိုကရေစီဆိုတာကရော သူတို့ဘ၀တွေကို အမှန်တကယ်ပြောင်းလဲပေးနိုင်ပါ့မလား...ငွေကြေးပြည့်စုံသူတွေအတွက်က စိတ်အေးချမ်းသာစွာနေနိုင်ကြတယ်..ဆမ်းရဲနမ်းပါးသူတွေအတွက်ကတော့...

ညဥ့်လမ်းပေါ်က ဘ၀များစွာ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရေးသားသူ- သီဟ နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင် လှုပ်ရှားလျက်ရှိသည်။ သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင် ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေး များဖြင့် ပျော်ဝင်နေဆဲဖြစ် သည်။ ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။ ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။ နေ့လယ်ခင်းအချိန်တွင်...

YouTubeကို မထစ်ဘဲ ကြည့်မယ်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ကွန်နက်ရှင် မကောင်းတဲ့သူတွေအတွက် YouTubeကို ကြည့်ရင် Pause လုပ်ထားပြီး Video တစ်ခုလုံးကို Preloadလုပ်ပြီးတော့မှ ကြည့်ရင် မထစ်ဘဲ ကြည့်နိုင်ပါတယ်။ ဒါကအရင်တုန်းက သုံးလို့ ရတဲ့နည်းပါ။ အဲဒီနည်းကို အခုအသုံးပြုလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုရင် YouTubeက အတိုကောက်အားဖြင့် DASHလို့ခေါ်တဲ့ Dynamic Adaptive Streaming over HTTPကို ပြောင်းလဲ အသုံးပြုလိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ DASHကို Disableလုပ်လို့  ရတဲ့နည်းကတော့ YouTube Centerဆိုတဲ့ Browser Extensionကို...

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့...

ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်

Posted by drmyochit Tuesday, August 27, 2013, under | No comments

နိုင်ငံတ ကာရှိ မြန်မာသံရုံးများမှ ဗီဇာ ထုတ်ပေးရာမှ ကောက်ခံရရှိငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိနေကြောင်း သိရ သည်။ နိုင်ငံတကာရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၏ ဗီဇာ (Visa)ထုတ်ပေးခြင်းမှကောက်ခံ ရရှိငွေမှာ ၂၀၁၁ခုနှစ်ဧပြီမှ ၂၀၁၃ ခုနှစ်မတ်အထိ အမေရိကန်ဒေါ် လာ ၂၉၂၂၁၈၀၄ ဒေါ်လာရရှိ နေရာ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃၄၈၆၇၇၉ ဒေါ်လာအထိရရှိနေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးတင်ဦးလွင်ကပြောသည်။ ဩဂုတ်...

ရိုမီရိုဖြစ်ချင်သူနဲ့ ဂျူးလိယက် မဖြစ်သူ (ဖြစ်ရပ်မှန် ဒူဘိုင်း အချစ်ဇာတ်လမ်း)

Posted by drmyochit Tuesday, August 27, 2013, under | No comments

အာရပ်ဆော်ဘွားနိုင်ငံ - ယူအေအီးရဲ့  ဒူဘိုင်းမြို့ မှာ တကယ် ဖြစ်သွား ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပ်လေးပါ။ ဒူဘိုင်းမြို့ ရဲ့  လူစည်ကား ရှော့ပင်တစ်ခု မှာ ဖြစ်ပါတယ်။ ကောင်လေးက Youtube ထဲက ဗီဒီယိုတွေ အတော်အကြည့်များထားပုံ ရပါတယ်။ လုပ်လို့ လုပ်မှန်းမသိ၊ အမှန်ဟုတ်မှန်း မသိ သူကတော့ Romantic ဆန်တဲ့ အချစ်မျိုး ကို သဘောကျလွန်းတော့ လူလည်ကောင်မှာ လက်ထက်ခွင့် တောင်းပါတယ်။ ဂီတာလွယ်ထားတဲ့ အနုပညာရှင် သုံးလေးယောက် ကို ငှားရမ်းထား ပါတယ်။ အောက် လည်း ရောက်ရော မိုက်ခရိုဖုန်းကြီး...

လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု

Posted by drmyochit Tuesday, August 27, 2013, under | No comments

မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချို သွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကို သာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ် သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။ ၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့်...

အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူနှစ်ဦးက အမျိုးသမီး တစ်ဦး၏မျက်နှာကို ဓားဖြင့်လှီးရာ ၁၆ ချက်ချုပ်ရ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ ၂၇-၈-၂၀၁၃ ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် ယနေ့မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ အမျိုးသမီး တစ်ဦးအား အမည်မသိ အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူ နှစ်ဦးမှ မျက်နှာပြင် အား ဓားဖြင့်လှီးရာ (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေသော ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ...

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ရောရောင်းသူ များကို အရေး ယူမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၆ ။         ။ ဈေးကွက် အတွင်း ရောင်းချ နေသော ငါးပိ များတွင် ယူရီးယား ဓာတ်မြေဩဇာများ အသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသော လုပ်ငန်းရှင် များအား အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်၂၆ ရက်က မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များ အသင်းဖြစ်မြောက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းတို့ ပူးပေါင်း၍...

လိမ်လည်လှည့်ဖြားသောခင်ပွန်းအား ဂျပန်အမျိုးသမီးကြီးက ကော်ဖီခွက်ဖြင့် ရိုက်သတ်

Posted by drmyochit Tuesday, August 27, 2013, under | No comments

သူ့အပေါ် လိမ်လည်လှည့် ဖြားမှုများကို တွေ့ရှိခဲ့ပြီးနောက် ဂျပန်အမျိုးသမီးကြီးက အသက် ၇၀ ကျော်ခင်ပွန်းသည်အား ကော် ဖီခွက်ဖြင့် ထုရိုက်၍ သေအောင် သတ်ဖြတ်ခဲ့ကြောင်း တနင်္လာနေ့ က သိရှိရသည်။ အသက် ၆၁ နှစ်ရှိ အမျိုး သမီးက သူ၏ခင်ပွန်း၏ အရှုပ် အရှင်းကိစ္စများကို သိရှိရပြီးနောက် မျက်နှာနှင့် ဦးခေါင်းအား ကော် ဖီခွက်ဖြင့် ထပ်ခါတလဲလဲ ကြိမ်ဖန် များစွာ ထုနှက်ခဲ့ကြောင်း၊ တနင်္ဂ နွေနေ့မွန်းလွဲပိုင်း တိုကျိုမြို့အ နောက်တောင်ပိုင်း ၎င်းတို့၏နေအိမ်၌ ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာနှင့် တခြားမီဒီယာများ က ဖော်ပြခဲ့သည်။ အသက် ၇ဝရှိပြီဖြစ်သော ယာဆူအိုဟီရိုဆီမှာ ယိုကိုဟား မားအမျိုးသားတက္ကသိုလ်မှ...

ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး၊ ​ပုသိမ်ခရိုင် ​ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း ​လိပ်ကျွန်းနဲ့ ​ငရုတ်ကောင်းမြို့နယ်ခွဲအနီး ​ပင်လယ်ပြင်အတွင်း ​နိုင်ငံဖြတ်ကျော် ​၀င်ရောက်လာတဲ့ ​ဘင်္ဂါလီလူမျိုး ​(၃၂၇)ဦးကို ​အာဏာပိုင်တွေက ​တွေ့ရှိပြီး ​ဖမ်းဆီးစစ်ဆေး ​နေတယ်လို့ ​သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)  ပုသိမ်ခရိုင်၊ ​ငရုတ်ကောင်းမြို့နယ်ခွဲ၊ ​နံသာပုကျေးရွာအုပ်စုအနီးရှိ ​ကုလားမချိုင်...

ဆီးရီးယားက ဓာတုလက်နက်သုံးတယ်ဆိုပြီး စစ်ရေးအရ ဝင်ရောက်ဖြေရှင်းလိုကြ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဆီးရီးယား ​နိုင်ငံ ​အရေးအခင်းမှာ ​ဓါတုလက်နက် ​သုံးစွဲတဲ့သာဓက ​တွေ့ရှိတယ်ဆိုပြီး ​အနောက်တိုင်း ​နိုင်ငံတွေက ​စစ်ရေးအရ ​ဝင်ရောက် ​ဖြေရှင်းဖို့ ​တကဲကဲ ​ဖြစ်နေပါတယ်။ ဓာတုလက်နက်ကြောင့် ဒဏ်ရာရခဲ့သူတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ကြည့် ရှုမေးမြန်း ခဲ့စဉ် (Credit: Reuters)  အမေရိကန် ​နိုင်ငံက  ​ဆီးရီးယား ​နိုင်ငံတွင်းက ​ပစ်မှတ်တချို့ကို ​ဒုံးကျဉ်တွေနဲ့ ​ပစ်ခတ်ဖို့ ​ရှိတယ်ဆိုတဲ့ ​သတင်းတွေလဲ ​ထွက်ပေါ်နေပါတယ်။ အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမား...

မြန်မာနိုင်ငံ၌ Facebook အသုံးပြုသူ ၁ သန်း ၄ သောင်း ရှိသည်ဟု သိရ

Posted by drmyochit Tuesday, August 27, 2013, under | No comments

သြဂုတ်လ ၂၂ ရက်နေ့ စစ်တမ်းအရ ဖေ့စ်ဘုတ်အသုံးပြုသည့် မြန်မာနိုင်ငံသားပေါင်း ၁ သန်း ၄ သောင်း ရှိသည်ဟု Clean Text (Facebook) စာမျက်နှာ၌ ဖော်ပြထားသည်။ ၎င်း၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ အမျိုးသား ၆ သိန်း ၂ သောင်းနှင့် အမျိုးသမီး ၄ သိန်း ၂ သောင်းမှာ ဖေ့စ်ဘုတ် အသုံးပြုနေသည်ဟု သိရသည်။ အသက် ၂၁ နှစ်မှ အသက် ၃၀ အကြား ဖေ့စ်ဘုတ် အသုံးပြုသူမှာ ၂ သိန်း ၄ သောင်းရှိပြီး အသက် ၅၀ နှင့် အထက် အသုံးပြုသူမှာ ၁ သောင်း ၄ ရာ ရှိသည်ဟု သိရသည်။ Wikipedia ၏ ဖော်ပြချက်အရ...

အကြမ်းဖက် သမားများက နိုင်ငံခြား ခရီးသွားများအား ဦးတည်တိုက်ခိုက်မှု မဖြစ်စေရန် လုံခြုံရေးတိုးမြှင့်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ယခုနှစ် မေလအတွင်းက  အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား အကြမ်းဖက် သမားများက ဦးတည်တိုက်ခိုက်မှု မပြုလုပ်စေရန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိနေကြောင်း နိုင်ငံခြား ခရီးသွားဧည့်သည် အများဆုံး ၀င်ရောက်သည့် ဒေသအချို့နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ ယခုနှစ်ပိုင်းအတွင်း...

ကမ္ဘာ့အကောင်းဆုံးလို့ ကြွေးကြော်ထားတဲ့ UnlockRoot Pro Version သစ် 4.11 Full

Posted by drmyochit Tuesday, August 27, 2013, under | No comments

ခု 4.11 ကို Full Version ထပ်တင်ပေးလိုက်ပါပြီ... UnlockRoot ကို အရင် 3.36 ထိ တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ သိပ်မသုံးကြတော့ပါဘူး.. ဒါပေမယ့် သူ့ရဲ့ Official Site ကတော့ UnlockRoot နဲ့ Root လို့မရတဲ့ Android Phone ဆိုတာ မရှိဘူးလို့ ကြွေးကြော်ထားတာပါ.. ဒီ ဗားရှင်းကို အရင်လိုပဲ Online နဲ့သုံးရမှာပါ.. Online နဲ့သုံးရမယ်ဆိုပေမယ့် Connection ကောင်းဖို့ မလိုပါဘူး.. ကီးဖြည့်စဉ်မှာ Online ရှိနေဖို့ပါပဲ.. အဆင်ပြေပါစေ..ခင်မျာ။ >>...

Windows Doctor 2.7.5.0 for Windows XP/7/8

Posted by drmyochit Tuesday, August 27, 2013, under | No comments

Windows XP / Windows 7 / Windows Vista / Windows 8 အသုံးပြုကွန်ပျူတာတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကွန်ပျူတာ သန့်ရှင်းမြန်ဆန်ရေးဆော့ဝဲလေးဖြစ်တဲ့ Windows Doctor ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုခြင်းအားဖြင့် ကွန်ပျူတာသုံးစွဲရာမှာ မြန်ဆန်လာစေခြင်း ၊ အင်တာနက် Web Page များကြည့်ရှုရာတွင် ပိုမြန်ခြင်း ၊  ကွန်ပျူတာ system ကိုလေးလံစေမယ့် Registery, broken shortcut, file များကို scan ဖတ်ရှင်းလင်းပေးနိုင်ခြင်း စတဲ့ feature တွေပါဝင်ပါတယ်။...

ဆီးရီးယားတွင် ဓာတုလက်နက်စစ်ဆေးသည့်ကုလသမဂ္ဂအရာရှိများ စနိုက်ပါဖြင့်အပစ်ခံရ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ် စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက် ပါဖြင့် ချောင်းမြောင်း ပစ်ခတ် ခံခဲ့ရသည်။ စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်ကို လဲလှယ်ရန် ကုလ သမဂ္ဂ စစ်ရေးရေး မှူးများ အဖွဲ့သည် အစိုးရထိန်းချုပ်ရာ နေရာတစ်ခုကို ပြန်လှည့်ခဲ့ရသည်။ AFP From: ...

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို

Posted by drmyochit Tuesday, August 27, 2013, under | No comments

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ်ကို နောက်ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ထို့ပြင် ယခုကိစ္စတွင် နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိ-မရှိကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်