Tuesday, August 27, 2013

ဂန္ဓမာဟိုးဆေးကုန်တိုက်အတွင်းဈေးဝယ်စဉ် ယာဉ်မောင်းနှင့်အတူကားပါပျောက်ဆုံး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၇။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဉ္ဖူလမ်းသွယ် (၂)လမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ဝေဇယန္တာလမ်းရှိ ဂန္ဓာဟိုးဆေး ကုန်တိုက်သို့ဈေးဝယ်သွားရာ ၎င်းဈေးဝယ်ပြီး
ပြန်အထွက်တွင် ယာဉ်မောင်းနှင့်အတူ ကားပါပျောက်ဆုံးသွားသော ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကားအမျိုးစား တိုယိုတာဝှစ် အနက်ရောက်ဖြစ်ပြီး ယာဉ်အမှတ်-၂ဃ/၈၁၉၆ဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဇော်ဝင်းထွဋ် (အဘ/ အသက်/ နေရပ်လိပ်စာ)စိစစ်ဆဲဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းမော်တော်ယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ခရိုင်(၄)ခရိုင်နှင့် မြို့ဝင်/ထွက်လမ်းများအား ပိတ်ဆို့ရှာဖွေ စစ်ဆေးရန် သတင်းချပြထားကြောင်းနှင့် အမြန်ဆုံး ရှာဖွေဖမ်းဆီး အရေးယူနိုင်ရန်
မရန်းကုန်းမြို့မ စခန်းမှူး ဒုရဲမှူး ခင်မောင်လှနှင့် အဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိကြောင်း ဆက်လက်သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်