
ဆီနီဂေါနည်းပြဟောင်း ဘရူနိုမတ်ဆုမှာ အူမကြီး ကင်ဆာရောဂါကြောင့် အင်္ဂါနေ့ နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း
သိရသည်။ မတ်ဆုမှာ ပြီးခဲ့သည့် ဇူလိုင်လကတည်းက အူမကြီး ကင်ဆာရောဂါ ခံစားနေရသည်ဟု အတည်ပြုခဲ့ပြီး ၎င်း၏မွေးရပ်မြေ ကောက်ကာ့ခ်ျရှိ
ဆေးရုံတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
(၂၀၀၂)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မတ်ဆု၏ ဆီနီဂေါအသင်းမှာ ပြင်သစ်၊ ဆွီဒင်စသည့် အင်အားကြီး အသင်းများကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်အပြင် (၂၀၀၂) အာဖရိကနိုင်ငံများ...