
အသက် ၁၅ နှစ်သာရှိသေးသည့် အမျိုးသမီးငယ်လေး တစ်ဦးအား တရုတ်ပြည်ရှိ အနှိပ်ခန်းတစ်ခုတွင် အတင်းအဓမ္မ ခိုင်းစေရန် လိမ်လည်ခေါ်ဆောင်သူများကို စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၁၁ ရက်က (၁၅)နှစ်အရွယ် သမီးကို မဝင်းစန္ဒာအေး(ခ)ဝတ်မှုံ(၂၆)နှစ် ဝါးရုံဆိပ်ကျေးရွာ ကြည့်မြင့်တိုင်မြို့နယ် နေသူက ဗန်းမော်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် တစ်လလျှင် လစာ ကျပ်တစ်သိန်းခွဲထိ ရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။
ထို့နောက်...