Wednesday, September 25, 2013

မြေပုံမှ ရေလုပ်သား နှစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရေထဲပစ်ချခံရ

Posted by drmyochit Wednesday, September 25, 2013, under | No comments

 

ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သား (၂) ဦးကို အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်ပြီး ရေထဲ ပစ်ချ ထားခဲ့သဖြင့် အကြီင်္းအကျယ် ဒဏ်ရာ ရရှိသွားကာ ဆေးရုံတင်ထားရသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူ ရေလုပ်သား (၂) ဦးမှာ မြေပုံမြို့ မြောက်ပိုင်းမှ ဦးမောင်လှဝင်းနှင့် ဦးအမူံချေ ဆိုသူတို့ ဖြစ်ကြ သည်ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက အတည်ပြု ပြောကြား သည်။

သူတို့သည် ငါးဖက်စက်လှေ တစ်စီးဖြင့် ပြန်လာစဉ် ပေါက်တောမြို့နယ်ဘက်ကဟု ယူဆရသော မွတ်ဆ လင် စက်လှေ တစ်စီး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဦးအောင်ဝင်း ပြောသည်။

“ အခု အဲဒီ လူနာ (၂) ဦးကို မြေပုံ ဆေးရုံမှာ တင်ထားရပါတယ်။ တစ်ယောက်ကတော့ စကား အနည်း ငယ် ပြောနိုင်ပြီး တစ်ယောက်ကတော့ စကား မပြောနိုင်သေးဘူး။ သူတို့ ပြန်လာစဉ်မှာ ပေါက်တော ဘက်က ဘင်္ဂလီငါးဖမ်းစက်လှေ တစ်စီးက ၀င်ဆီးပြီး တိုက်ခိုက်တယ်။ လှေပေါ်မှာ ပါလာတဲ့ လူနှစ်ဦး ဖမ်းတယ်။ ရိုက်ပုတ်တယ်။ တစ်ဦးကို ကြိုးနဲ့ချည်ပြီး ရေထဲကို ပစ်ချတယ်။ ဒါပေမယ့် သူတို့မသေဘဲနဲ့ ပြန်လွှတ်မြောက် လာကြပါတယ်” ဟု သူက ပြောသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ်ကို ပိုမို သိရှိနိုင်အောင် မြေပုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အဆက် အသွယ် မရရှိခဲ့ပါ။

မြေပုံမြို့မှ NLD အဖွဲ့ တစ်ဦးဖြစ်သူ ဦးမောင်မောင်ကို ဆက်သွယ်မေးမြန်းရာ ရခိုင် ရေလုပ်သား နှစ်ဦး တိုက်ခိုက် ခံရပြီး ယနေ့ နံနက် ၅ နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု ပြောသည်။ “ သူတို့ စက်လှေ ကို ရေထဲနစ်ပစ်ပြီး စက်လှေပေါ်က စက်နဲ့ ပိုက်တွေကို အကုန်လုံး ယူဆောင်သွား ခဲ့တယ်။ ကျနော်ကြားတာက ဂျီအာရ်စီဆိုတဲ့ အန်ဂျီအို တစ်ခုက မြေပုံက ဘင်္ဂလီတွေကို ငါးဖမ်း စက်လှေ (၅၀) ကူညီပေးထားတယ်။ အဲဒီ စက်လှေနဲ့ တိုက်ခိုက်ပြီး ခုလို လုပ်တာလို့ သိရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ဂျီအာရ်စီက အကူအညီပေးထားသော စက်လှေဖြင့် တိုက်ခိုက်ခြင်း ဟုတ် မဟုတ်ကို နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိပါ။

နောက် မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူဦးမောင်လုံးအား ဆက်သွယ် မေးမြန်း ရာ ပြဿနာ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး ပေါက်တောက ဘင်္ဂလီ အုပ်စုလား၊ မြေပုံ ကလား ဆိုသည် ကို ရဲက ဆက်လက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း၊ ခရီးလွန်နေ၍ ဦးအောင်ဝင်းကိုသာ ဆက်သွယ် မေးမြန်းပါဟု ပြောကြားကာ ဖုံးချသွားခဲ့သည်။

ယခု တစ်လောတွင် ရခိုင်ပြည်နယ် အတွင်းတွင် အကြမ်းဖက်အုပ်စုများ၏ တိုက်ခိုက်မူကို ရခိုင်အမျိုး သားများ ဆက်တိုက် ခံနေကြရပြီး အာဏာပိုင်များက ထိထိရောက်ရောက် ကာကွယ် မပေးနိုင်ဘဲ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။


(နိရဉ္စရာ- ၂၅ စက်တင်္ဘာ ၂၀၁၃)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်