Wednesday, September 25, 2013

ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်းတင်သူကို ဖမ်းဆီး

Posted by drmyochit Wednesday, September 25, 2013, under | No comments


အမျိုးသားတစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူမိန်းကလေးဟောင်းကို မိမိ၏ နေအိမ် သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူပါဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အ၀တ်အစား များကို ချွတ်၍ လက်ပြန်ကြိုးတုတ်ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ပြီး မိန်းကလေး၏ ညီမဖြစ်သူထံ အွန်လိုင်း မှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်မှန်ကို သိရှိခဲ့ပြီး ပျဉ်းမ နားမြို့ မ ရဲ စခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သောအမှုမှ တရားခံကို ဖမ်းမိထားရှိပြီး ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ် ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာမီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ …မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ကြောင်း၊ ၎င်းနောက် မ—- ကို လက်ပြန်ကြိုးတုတ်၍ ၎င်း၏ ဖုန်းကင်မရာဖြင့် ဓာတ်ပုံ     ရိုက်ယူပြီး ၎င်းနှင့် ဆက်သွယ်ခြင်း မပြုလုပ်ပါက ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်မည်ဖြစ်ကြောင်း ပြောဆိုရာ မ—- မှ ထိုကဲ့သို့ မပြုလုပ်ရန်၊ ရိုက်ယူထားသော မိမိပုံများအား ဖျက်ပေးပါရန် ငိုယို တောင်းပန် အသနားခံ ပြောဆိုသော်လည်း ပုံများဖျက်ပေးခြင်း၊ လက်မခံခဲ့သည့်အပြင် ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက် နေထိုင်သူမှ မ—-၏ ညီမဖြစ် သူ မ—– ကိုင်ဆောင်သော ဖုန်းသို့ မိမိရိုက်ထားသော ပုံများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က အွန်လိုင်းမှ ပေးပို့ခဲ့သောကြောင့် မ—– ၏ မိခင်ဖြစ်သူ ဒေါ်—– က သိရှိပြီး ဖြစ်စဉ်အား မေးမြန်းခဲ့ရာမှ သမီးဖြစ်သူ၏ ပြန်ပြောပြချက်အရ သိရှိခဲ့ကြောင်း၊ ထို့နောက် မ—– မှ ၎င်းအား အလိုမတူဘဲ အတင်းအဓမ္မ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ကာယိနြေ္ဒ ပျက်ပြားစေလျက် အရှက်ခွဲခဲ့သူ ပြည်ဖြိုးအောင်အား ဥပဒေအရ အရေးယူပေးပါရန် စက်တင်ဘာလ ၁၂ ရက်က တိုင်တန်းမှုကို ပျဉ်းမနားမြို့မ ရဲစခန်းမှ (ပ) ၅၈၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး ဒုရဲမှူး မျိုးသန်းဝင်းမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မိုးယဉ်ညို (နေပြည်တော်)
မြန်မာသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်