Wednesday, September 25, 2013

ရှစ်လအတွင်း လူကုန်ကူးခံရသူအမျိုးသမီး တစ်ရာကျော်ရှိ

Posted by drmyochit Wednesday, September 25, 2013, under | No comments


ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ ရှစ်လအတွင်း လူကုန်ကူးခံရသူများတွင် အမျိုးသမီးဦးရေမှာ တစ်ရာကျော် ရှိနေကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်သည်။
ဩဂုတ်လအထိ လူကုန်ကူးမှု ၆၄ မှုတွင် အမျိုးသမီး လူကုန်ကူးခံရသူ ၁၁၈ ဦးရှိသည်ပြီး ၂၀၁၂ ခုနှစ်က အဆိုပါရှစ်လအတွင်း ၈၂ မှုတွင် လူကုန်ကူးခံရသူ ၁၄၉ ဦး ရှိခဲ့သည်။

“စက်တင်ဘာလအတွင်းမှာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို တာချီလိတ်ဘက်မှာ အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေဖို့ ပွဲစားတွေက ခေါ်ဆောင်လာတာကို တာချီလိတ် လူကုန်ကူးတားဆီးရေး အဖွဲ့က လက်ဦးမှုရယူပြီး ဖော်ထုတ်အရေးယူ နိုင်ခဲ့ပါတယ်” ဟု တာချီလိတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှ ဒု-ရဲမှူးကြီး ဒေါ်ယဉ်ယဉ်အေးက ပြောသည်။

လိင်လုပ်သားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီးများသည် အသက်၁၅နှစ် မှ အသက် ၃၈နှစ်အထိ အသက်အရွယ်များ ပါဝင်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပို့ဆောင် ရောင်းစားကြပြီး ပြည်တွင်း၌လည်း ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေရန် အမျိုးသမီးငယ်များကို ပွဲစားများက ခေါ်ဆောင်လျက် ရှိနေသည်။
လူကုန်ကူးမှု တားဆီးဖော်ထုတ်ရေးနယ်စပ် ဆက်ဆံရေးရုံးများကို တရုတ်နိုင်ငံတွင် လွယ်ဂျယ်၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ထိုင်းနိုင်ငံတွင် တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ထားဝယ်၊ ကော့သောင်းမြို့ များတွင် လူကုန်ကူးမှုများကို စစ်ဆေး ဖော်ထုတ်ရန် ရုံးများဖွင့်ထားသည်။


Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်