
ဂျာမနီအဓိပတိ မစ္စစ်အန်ဂျလာမာကယ် ၏လက်ကိုင်ဖုန်းကို အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက စောင့်ကြည့်ခဲ့သည်ဆိုခြင်းအပေါ် ဂျာမနီအစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှု စတင်လိုက်သည်ဟု အရာရှိများက ဗုဒ္ဓဟူးနေ့ကပြောကြားသည်။
ယခုလုပ်ရပ်ကြောင့် မဟာမိတ်နှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုကို ထပ်မံရှုပ်ထွေးစေနိုင်သည်ဟု အေပီသတင်းကဖော်ပြပြီး စုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးနိုင် ခြေရှိမည်လားဆိုသည်မှာ မရှင်းလင်းသေးဟုလည်း အေပီကဖော်ပြသည်။
NSA...