Saturday, August 31, 2013

Windows 8 ISO ဖိုင်အားရယူနိုင်ပါပြီ

Posted by drmyochit Saturday, August 31, 2013, under | 1 comment

Windows 8 ကိုအသုံးပြုချင်သူတွေအတွက် Windows 8 ကိုအောက်က link မှာ download ရယူနိုင်ပါပြီ။ ISO ဖိုင်အနေနဲ့တင်ပေးထားတာကြောင့် USB Stick ထဲထည့်ပြီး Boot stick အနေနဲ့အသုံးပြုဖို့ပဲဖြစ်ဖြစ် ၊ DVD ခွေမှာ ခွေရိုက်ပြီး Windows 8 Installer DVD အဖြစ်အသုံးပြုလိုလျှင်ပဲဖြစ်ဖြစ် စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ Windows 8 Serial Key များပါ တစ်ပါတည်းထည့်ပေးထားပါတယ်။ Windows 8 ISO ဖိုင်ကိုအောက်က link မှာရယူပါ။ Windows 8 ISO ဖိုင်အားရယူရန်Windows 8 Serial Key များ...

Clean Master (Cleaner) v3.8.0 Apk 5Mb

Posted by drmyochit Saturday, August 31, 2013, under | No comments

30ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါကျွန်တော်သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။ကျွန်တော့်ရဲ့  Top Application တွေထဲမှာ ဒီကောင်လေးလဲပါတယ်။ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ထွက်တာတော့ 4 ရက်ကတည်းကဆိုတော့ကြာနေပါပီ။အဟောင်းထဲကအကောင်းလေးပေါ့။ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာမလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall...

ADALAFIL (တာဒါလာဖေးလ်) ယောက်ျားသုံးဆေး

Posted by drmyochit Saturday, August 31, 2013, under | No comments

ကာမအားဆေးများ အမြဲသုံးရင်ဘာဖြစ်နိုင်သလဲ ဆေးနာမည် စာလုံးပေါင်းပြောပါ။ အသက် ၃၉ ကျား ဆေးက Duron-20 Tadalafil Tablets 20mg Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်း ချတယ်။ ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ် တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါတမျိုးအတွက် ဖြစ်တယ်။ အခုခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုးအတွက်ဖြစ်တယ်။...

Battery Booster v.6.5 Apk 3MB

Posted by drmyochit Saturday, August 31, 2013, under | No comments

Battery Booster Full အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 30ရက်နေ Update လေးပါ Android  ဖုန်းကိုင်ဆောင်သူတိုင်း ဘက်ထရီ အားအကုန်လွယ်တဲ့ ပြသာနာ ဖြစ်ဖူးကြမှာပါ ..ဘာကြောင့်ဖြစ်ရသလဲဆိုတော့ Battery Manangement ကောင်းကောင်းမလုပ်တတ်လို့ပါပဲ.  .ဒီဆော့ဝဲလ် လေးကတော့ ဘက်ထရီ manangement  ကောင်းစြွ ကိုင်တွယ်နိုင်မှာ ဖြစ်သလို တခြားတခြားသော  features များစွာနဲ့  မိမိဖုန်းကို တစ်ဖက်တစ်လှမ်းကနေ အကျိုးပြုပေးမှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးက မိမိဖုန်းရဲ့...

ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

ဒမတ်စကပ်   သြဂုတ် ၃ဝ ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်း ရှိ နိုင်ငံ၏ အကြီး မားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှစကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ...

ဆလီနာသည် လှပပြီး ချစ်စရာကောင်းသူ ဖြစ်ကြောင်း ကယ်လီကလာ့ခ်ဆန် ချီးကျူးပြောဆို

Posted by drmyochit Saturday, August 31, 2013, under | No comments

လော့စ်အိန်ဂျလိစ် သြဂုတ်  ၃ဝ ကမ္ဘာကျော် အဆိုတော် ကယ်လီကလာ့ခ်ဆန်က ဒစ်စနေး ရုပ်သံမင်းသမီး အဆိုတော် ဆလီနာဂိုမက်ဇ် သည်ကမ္ဘာတွင် အလှဆုံး မိန်းကလေးများအနက် တစ်ဦးအပါအဝင် ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။ထို့အပြင် ဆလီနာသည် လှပပြီး ချစ်စရာကောင်းရုံသာမက ဆွဲဆောင်မှုရှိပြီး အထက်တန်းကျသော အလှကို ပိုင်ဆိုင်ထားကြောင်း ကလာ့ခ်ဆန်က သူမ၏ တွစ်တာဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။ဆလီနာဂိုမက်ဇ်သည် သြဂုတ် ၂၅ ရက်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘဂွတ်ကလင်းရှိ ဘာကလေ...

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

Posted by drmyochit Saturday, August 31, 2013, under | No comments

တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို...

ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်ရောက်မှ ဖျက်သိမ်းလိုက်ခြင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

သိပ္ပံပညာရပ်ဆိုင်ရာ ရှာဖွေ လေ့လာရေး ဂြိုဟ်တုကို သယ်ဆောင်သွားမည့် ဂြိုဟ်တု သယ်ယူရေး ဒုံးပျံသစ် Epsilon ကို ဂျပန်နိုင်ငံ တောင်ပိုင်း Uchinoura Space Center မှ သြဂုတ် ၂၇ ရက်နေ့တွင် ပစ်လွှတ်ရန် အသင့်ပြင်ဆင်ထားပြီး ပစ်လွှတ်ရန် နောက်ဆုံး ၁၉ စက္ကန့်တွင်မှ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း Japan Aerospace Exploration Agency (JAXA) က ပြောကြားခဲ့သည်။ အဆိုပါ ဒုံးပျံသစ် Epsilon-1 သည် လေထု တုံ့ပြန်မှုကို သိရှိရန် အတွက် ရောင်စဉ်တန်း ကိရိယာ အသုံးပြု စောင့်ကြည့် လေ့လာရေး...

လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြောင့် အမေရိကန် သတို့သားနှင့် မက္ကဆီကို သတို့သမီးတို့ နယ်စပ်တွင် လက်ထပ်ခဲ့ရ

Posted by drmyochit Saturday, August 31, 2013, under | No comments

အယ်လ်ပါဆို သြဂုတ် ၃၀ အမေရိကန် ပြည်ထောင်စုမှ အမျိုးသား တစ်ဦးနှင့် မက္ကဆီကို နိုင်ငံမှ အမျိုးသမီး တစ်ဦးတို့သည် ၎င်းတို့၏ မင်္ဂလာပွဲအား အမေရိကန်နှင့် မက္ကဆီကို နိုင်ငံ အကြားရှိ နယ်စပ်တံတား တစ်စင်းပေါ်တွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိ အက်ဂါ ဖယ်လ်ကွန်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ သတို့သမီး မာရီခရုဇ်ဗော်လ် ကာရာတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား တက္ကဆက် ပြည်နယ် အယ်လ်ပါဆို မြို့နှင့် မက္ကဆီကို ဂျာရက်ဇ် နယ်စပ်တို့ ကြားရှိ Pasodel Norte တံတားပေါ်တွင် သြဂုတ်...

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်

Posted by drmyochit Saturday, August 31, 2013, under | No comments

ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကား ၀န်ဆောင်မှု လုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ “လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ...

ကမ္ဘာဦး သက်ရှိများအစ မားစ်ဂြိုဟ်မှ ဖြစ်နိုင်ဟုဆို

Posted by drmyochit Saturday, August 31, 2013, under | No comments

နေစကြာဝဠာ အတွင်း သက်ရှိများ ပထမဆုံး ပေါက်ဖွားလာသည့် ဘူမိနက်သန် နေရာသည် ကမ္ဘာမြေ မဟုတ်ဘဲ မားဂြိုဟ်သာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးက ကောက်ချက်ချ ပြောဆိုခဲ့သည်။ ယနေ့ နေစကြာဝဠာ အဖွဲ့အစည်းအတွင်း သက်ရှိများ မှီတင်းနေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာသည် ကမ္ဘာဂြိုဟ်ဟု သတ်မှတ်ထားသော်လည်း ကမ္ဘာပေါ်ရှိ သက်ရှိဇီဝဓာတ်၏ မူလအစသည် ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် မားစ်တွင် ဖြစ်နိုင်ကြောင်း သုတေသန ရလဒ်သစ် တစ်ခုကို အထင်ကရ သိပ္ပံကွန်ဖရင့် တစ်ခုတွင် တင်သွင်းလာခဲ့ခြင်း...

Sony က Xperia Z1 မှာ ရေစိုခံ အမျိုးအစားဟု အတည်ပြု

Posted by drmyochit Saturday, August 31, 2013, under | No comments

Sony မှ လက်ရှိတွင် ရောင်းအားကောင်းခဲ့သော Xperia Z စမတ်ဖုန်းအပြင် အရွယ်အစား ကြီးမားသော Xperia Z Ultra စမတ်ဖုန်းကိုပါ ထုတ်လုပ်ထားပြီး  Samsung ထုတ်ကုန်များကို ယှဉ်ပြိုင်သွားရန် ကြိုးပမ်းလျက် ရှိနေရာ ယခုနှစ် အတွင်းမှာပင် နောက်ထပ် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးဖြစ်သော Honami ဟု ခေါ်ဆိုထားသည့် Xperia Z1 ကို ထုတ်လုပ် ကြေညာသွားရန် ရှိနေသည်။ Sony ၏ နောက်ပိုင်းထုတ်ကုန် အများစုမှာ ရေစိုခံ အကြမ်းခံ အမျိုးအစားများ ဖြစ်လာသည့် အတွက် ယခုဆက်လက် ထုတ်လုပ်မည့်...

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိက အားဖြင့်သွေး ကိုဆေးကြော သန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တု ဓာတ်ပ မာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီး  ပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်း သည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁- လီတာ ထိစွန်...

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်

Posted by drmyochit Saturday, August 31, 2013, under | No comments

တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။ Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ...

မြေယာအငြင်းပွားမှုကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြ

Posted by drmyochit Saturday, August 31, 2013, under | No comments

ကွတ်ခိုင်၊ သြဂုတ် ၃၁။ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာသားများနှင့် ကျောက်ထုတ်လုပ်ငန်းကန်ထရိုက် ဦးမောင်မောင် သွင်နှင့် နမ့်ပါချီး(ဗမာရွာ)တွင် နေထိုင်လျှက်ရှိသော ကျေးရွာသားအချို့သည် မြေယာ ပိုင် ဆိုင်မှု အငြင်းပွားကြရာ အားလုံးတွေ့ဆုံ ညှိနှိုင်းကြရာ အဆင်ပြေသွားကြောင်း ယင်းဆွေးနွေး ပွဲမှ သိရသည်။ နမ့်ပါချီးကျေးရွာ ထွေအုပ်စာရေး၊ မန်ပြိန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ ရပ်မိရပ်ဖများနှင့် မီဒီယာအချို့၏ အရှေ့တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ...

ဆီးရီးယားဓာတုလက်နက်စုံစမ်းမှုပြီးစီး၊ ကုလသမဂ္ဂကျွမ်းကျင်သူများ လက်ဘနွန်သို့ ဆက်လက်စုံစမ်း

Posted by drmyochit Saturday, August 31, 2013, under | No comments

ချက်တူရာ၊ လက်ဘနွန်၊ သြဂုတ် ၃၁။ ဒမတ်စကတ်စ်အနီး ဓာတုလက်နက်များသုံးစွဲခဲ့ကြောင်း သံသယရှိသည့် တိုက်ခိုက်မှုတစ်ခုကို စုံစမ်းမှုပြီးဆုံးပြီးနောက် ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် ဆီးရီးယားမှ နယ်စပ်ကိုဖြတ်ကာ လက်ဘနွန်သို့ ယနေ့ဝင်ရောက်သွားကြကြောင်း သိရသည်။ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် လက်ဘနွန်လုံခြုံရေးတပ်ခြံရံကာ နယ်စပ်မှတဆင့် လက်ဘနွန်နိုင်ငံတွင်းသို့ ဝင်ရောက်သွားကြပြီး ၎င်းအဖွဲ့တွင် စုံစမ်းရေးအရာရှိ ၁၃ ဦးပါဝင်ကာ ဆီးရီးယားအစိုးရက ပြည်သူများအား ဓာတုလက်နက်များသုံးတိုက်ခိုက်ခဲ့ကြောင်းစွပ်စွဲမှုကို...

Samsaungလည်း မြန်မာစာရပြီ

Posted by drmyochit Saturday, August 31, 2013, under | No comments

မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။ “အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောဆိုသည်။ အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက...

ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုကြောင့် ကင်မ်ဂျုံအန်း၏ချစ်သူဟောင်း သေဒဏ်ချမှတ်ခံရ

Posted by drmyochit Saturday, August 31, 2013, under | No comments

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ချစ်သူဟောင်းမှာ ညစ်ညမ်းဗီဒီယိုတစ်ခု ထွက်ပေါ် လာ သည့်နောက် သုတ်သင်ရေး တပ်ဖွဲ့၏ သေနတ်နှင့် ပစ်ခတ် သေဒဏ်ပေးခြင်းကို ခံခဲ့ရကြောင်း သတင်း များက ဖော်ပြခဲ့သည်။ အဆိုတော် တစ်ဦးဖြစ်သည့် ဟွမ်ဆွန်ဝူလ်ကို အများရှေ့မှောက်တွင် သေနတ်နှင့် ပစ်သတ်သော မြင်ကွင်းကို သူမ၏ မိသားစုကိုလည်း ကြည့်ရှုနေရန် မြောက်ကိုရီးယား အာဏာပိုင် များက စေခိုင်းခဲ့ကြောင်းလည်း အဆိုပါ သတင်းများက ဆိုသည်။ သူမကို ဖမ်းဆီးပြီး (၃)ရက် အကြာ တွင်ပင် သေဒဏ်ပေးလိုက်ခြင်းဟုလည်း...

အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်း

Posted by drmyochit Saturday, August 31, 2013, under | No comments

မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန်အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်း ဆိုချက် ကို မြောက် ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။အသက်၄၄နှစ်ရှိပြီဖြစ်တဲ့KennethBaeလို့အမည်ရတဲ့အမေရိကန်နိုင်ငံသားတစ်ဦး အဖြစ် မြောက်ကို ရီးယားသို့ သူသျှိုအဖြစ်ရောက်ရှိချိန် ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။ ပြိးခဲ့တဲ့နှစ် နိုဝင်ဘာ လက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ပါတော့မယ်။ သူ့ကို DPRKက ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။ ယင်း ပြုမှုလုပ်ဆောင်ချက်အတွက်အမေရိကန်တို့...

MX Player Pro V1.7.19 For Android

Posted by drmyochit Saturday, August 31, 2013, under | No comments

Android ဖုန်း/Tablet တွေမှာ original ပါတဲ့ Video Player က ဗီဒီယို format အများကြီး ဖွင့်လို့မရပါဘူး ။ အခုပေးမယ့် MX Player Pro v1.7.19 ကတော့ Video format ပေါင်းစုံကိုလည်း ကြည့်နိုင်သလို ဗီဒီယိုတွေမှာစာတန်းထိုး Subtitle ထည့်သွင်းထားတယ်ဆိုရင်လည်း ဒီ Video Player လေးက subtitle စနစ်ကိုအထောက့်အပံ့ပေးနိုင်ပါသေးတယ်။ အရမ်းလန်းတဲ့ Video Player လေးပါ။ MX Player Pro v1.7.19 for Android ကို Google Play မှာ ၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို အောက်က လင့်ခ်မှာတော့...

ရန်ကုန် အဝေးသင်တက္ကသိုလ် နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင် စာမေးပွဲ ကျင်းပမည့် အချိန်ဇယားထုတ်ပြန်

Posted by drmyochit Saturday, August 31, 2013, under | 3 comments

ရန်ကုန် အဝေးသင် တက္ကသိုလ်နှင့်  မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ အနီးကပ်ပို့ချ သင်တန်းနှင့် အတန်းတင်စာမေးပွဲ  ကျင်းပမည့် အချိန်ဇယား ထုတ်ပြန်ကြေညာသည်ဟု သတင်း ရရှိသည်။ ထုတ်ပြန် ထားချက် အရ သိပ္ပံအထူးပြု သင်တန်းသား အားလုံးသည်  အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အထိ စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိက ဗေဒ၊ စိတ်ပညာ၊  အရှေ့တိုင်းပညာ၊ ဥပဒေ ပညာရပ် အထူးပြု သင်တန်းသားများသည် အောက်တိုဘာလ ၁၂ ရက်မှ  ၂၂ ရက်ထိ အနီးကပ် သင်တန်း တက်ရောက်ရမည်...

လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

Posted by drmyochit Saturday, August 31, 2013, under | No comments

လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟု ကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင် လက်နက် ခဲယမ်းများ လျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိ ရသည်။ ယင်းကဲ့သို့စစ်ဆေးမှုများ ကို လုံခြုံရေးဆိုင်ရာရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ အမာခံသ တင်းပေးများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင်လက်နက် ကိုင်ဆောင်မှု များတွေ့ ရှိပါက လက်နက်ကိုင်ဆောင်မှုဥပဒေ ဖြင့် ထိရောက်စွာအရေးယူသွား...

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Saturday, August 31, 2013, under | No comments

 ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း) တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ သြ ဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်း ကော်မတီရေးရာဆောင်တွင်...

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

Posted by drmyochit Saturday, August 31, 2013, under | No comments

 သမ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။ အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီ အဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း...

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းမှာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းကြောင့် ဖြစ်ကြောင်း အပါအ၀င် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းနှင့် ဆိုင်သော အချက်အလက်များအား အသေးစိတ် ထုတ်ပြန်

Posted by drmyochit Saturday, August 31, 2013, under | No comments

ဒေါ်စိုးစိုးခိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အ.ထ.က (၅) နေပြည်တော် အထက(၅) နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ၀န်ထမ်းနှင့် ဆိုင်သည့် အချက်အလက်များအား တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်ကြောင်း အပါအ၀င် အလုပ်မှ ထုတ်ပယ်သည့် ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့် သွင်း ဖော်ပြ ထားကြောင်း...

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

Posted by drmyochit Saturday, August 31, 2013, under | No comments

လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော် ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စား လှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြော တယ်လေ...

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား

Posted by drmyochit Saturday, August 31, 2013, under | No comments

 အစိုးရက ဓာတုလက်နက်အသုံးပြုမှုရှိနေကြောင်း အထောက်အထားတွေ့နေရတယ်ဆိုသော ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခအခြေအနေ။ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတုံ့ပြန်တဲ့အနေနဲ့   အကန့် အသတ်နဲ့အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့  အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တစုံတရာတော့ အပြီး မချမှတ်သေး ဘူးလို့ ဆိုပါတယ်။ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတိုက်ခိုက်မှုမှာ...

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား

Posted by drmyochit Saturday, August 31, 2013, under | No comments

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။ အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ် ခုလည်း ဖြစ်သည့် ပြင် သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။ ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်