Saturday, August 31, 2013

မြေယာအငြင်းပွားမှုကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြ

Posted by drmyochit Saturday, August 31, 2013, under | No comments


ကွတ်ခိုင်၊ သြဂုတ် ၃၁။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာသားများနှင့် ကျောက်ထုတ်လုပ်ငန်းကန်ထရိုက် ဦးမောင်မောင် သွင်နှင့် နမ့်ပါချီး(ဗမာရွာ)တွင် နေထိုင်လျှက်ရှိသော ကျေးရွာသားအချို့သည်
မြေယာ ပိုင် ဆိုင်မှု အငြင်းပွားကြရာ အားလုံးတွေ့ဆုံ ညှိနှိုင်းကြရာ အဆင်ပြေသွားကြောင်း ယင်းဆွေးနွေး ပွဲမှ သိရသည်။

နမ့်ပါချီးကျေးရွာ ထွေအုပ်စာရေး၊ မန်ပြိန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ ရပ်မိရပ်ဖများနှင့် မီဒီယာအချို့၏ အရှေ့တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဦးမောင်မောင်သွင်မှ အမှုအား ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်ပြီး ၎င်း၏နယ်နိမိတ် အတွင်း ပါဝင်နေသော ရွာသားများ၏ မြေနေရာအား အတိအကျ ပြန်ပေးမည်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်။ ယခင် ဖြစ်ခဲ့သောကိစ္စအား အငြိုးအာဃာတ မထားဘဲ ရွာသားများနှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားမည်ဟူသည့် အချက်လေးချက်အား သဘောတူ လက်မှတ် ရေးထိုးခဲ့သဖြင့် ပြေလည်မှုရရှိသွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကဒီမှာ လွန်ခဲ့တဲ့ (၂၄)နှစ်ကတည်းက နေထိုင်လာတာမှာ မနှစ်ကစပြီး ဦးမောင်မောင်သွင် က စားသောက်ဆိုင်ဖွင့်ဖို့ ဌာနဆိုင်ရာက သူ့ကိုမြေနေရာချထားပေးတယ်။ မင်းတို့အကွက်တွေ မလွတ်ဘူး။ ဖယ်ပေး၊ မဖယ်ပေးရင် ငါ့အကြောင်းသိမယ် ဆိုပြီး ခြိမ်းခြောက်တာပါ။ ပြီးတော့ သူက ပြောင်းပြန်ပြန်ပြီး တရားစွဲတာကို ခံနေရပါတယ်” ဟု ကျေးရွာလူကြီး ဦးတင်ထွန်းမှ ပြောသည်။

အဆိုပါကျေးရွာမှာ ဆောက်လုပ် ရေးခေတ်ကတည်းက တည်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်းရွာသားဦးရေ (၁၇၄)ဦးခန့် စုစုပေါင်းရွာသားဦးရေ (၁၇၄)ဦး ခန့် နေထိုင်လျှက်ရှိကာ ကျောက်၊ ဗြုံးများ တနိုင်တပိုင် တူးဖော်ခြင်းဖြင့် အသက်မွေးလျှက် ရှိနေကြောင်း သိရှိရသည်။

ယခုအခါတွင် ဦးမောင်မောင်သွင်မှ အမှုဖြစ်ပြီး ရုံးချိန်းခေါ်သည့် နေ့မှစ၍ ကျေးရွာသား အချို့အား ဆန်ဝေခြင်း၊ ငွေသားထောက်ပံ့ခြင်းများ ပြုလုပ်လျှက်ရှိကာ ဒေသခံရွာသားအချို့အား မိမိဘက်
ပါလာအောင်နှင့် ၄င်းအားထောက်ခံအားပေးရန် စည်းရုံးလျှက်ရှိကြောင်း ကျေးရွာသားများက ပြောခဲ့ကြသည်။

“အရင်က တစ်ခါမှ မဝေပေးဖူးပါဘူး။ အမှုဖြစ်မှပဲ ရွာသားအချို့ သူ့ကို ထောက်ခံအောင်လို့ ဒီလိုလာဝေ နေတာ။ ဝေတဲ့နေ့ကလည်း ရုံးချိန်းရှိတဲ့နေ့မှာပဲ လာဝေတာဖြစ်ပါတယ်”ဟု နမ့်ပါချီးကျေးရွာစာရေးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးမောင်မောင်သွင်အား မေးမြန်းရာတွင် ရွာသားများမှ ၎င်းအား ခြိမ်းခြောက်သဖြင့် တရားစွဲရခြင်းဖြစ်ကြောင်း၊ ၄င်းပိုင်ဆိုင်သည့် အကွက်မှာ ဌာနဆိုင်ရာသို့ လျှောက်ထားပြီးဖြစ်ကြောင်း ယခုဆန် ဝေသည် ဆိုသည်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အနေဖြင့် ထောက်ပံ့ပေးခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်က ဒီရွာကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာပါ။ ကျေးရွာလူကြီးအချို့က ကျေးရွာပိုင်မြေ တွေကို ရောင်းစားပြီး ကျေးရွာလူထု ကောင်းကျိုးဘာမှ ဆောင်ရွက်တာ မရှိပါဘူး။ ကျွန်တော်က အခု ကရုဏာရှင် ဆိုတဲ့ အသင်းလေးဖွဲ့ပြီး ဒီအသင်းကိုဝင်တဲ့ ကျေးရွာသားတိုင်းကို ဆန်တစ်လကို (၅)ပြည်၊ ငွေ(၅၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးပါတယ်။ နောင်ကိုလည်း ကျေးရွာအတွက် ဆက်ပြီးတော့
လှူဒါန်းဦးမှာပါ။ ကျေးရွာစာကြည့်တိုက် ဆောက်တုန်းကလည်း (၂၀၀၀၀၀ိ/-)ကျပ် လှူဒါန်းခဲ့ပါတယ်” ဟု ဦးမောင်မောင်သွင်က ပြောသည်။

လက်ရှိတွင် အဆိုပါနေရာအား ယနေ့အချိန်ထိ ပုံစံ(၁၀၅) ချပေးခြင်း၊ ဂရံလျှောက်ထားခွင့် ချပေးခြင်း မရှိသေးကြောင်း၊ နမ့်ပါ ချီးကျေးရွာ ထွေအုပ်စာရေးမှ ပြောသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်