သမ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။
အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီ အဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြ သည်ဟု ဖော်ပြ ခဲ့ကြောင်း သိရသည်။
ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက် အကျိုး သက်ရောက် မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက် လိမ့် မည် ဟု ဖော် ပြခဲ့သည်။
ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသော အကျိုး ဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလ သမဂ္ဂ သဘော တူညီမှု မပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိ သည်ဟု ဆို ကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန် သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလော တကြီး အလျင် အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။
စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီး ယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီး စွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ် က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။
From : ..YMG
Saturday, August 31, 2013
ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော
Posted by drmyochit
Saturday, August 31, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon


0 comments:
Post a Comment