
ဟောင်ကောင်စီးတီး၊ ဇူလိုင် ၂တရုတ်အစိုးရ၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော ဟောင်ကောင်ကျွန်းတွင် ဒီမိုကရေစီကို လိုလားသော လူထုဆန္ဒပြ ဖော်ထုတ်ပွဲကြီးတစ်ရပ် ပြုလုပ်ခဲ့ရာ လူတစ်သန်းဝက်ခန့် လမ်းမများပေါ် ထွက်လာခဲ့ကြပြီး ၅၀၀ ခန့် အဖမ်းခံလိုက်ရသည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ဟောင်ကောင်သည် ယခင်ဗြိတိန် ကိုလိုနီဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်လက်အောက်သို့ လွှဲအပ်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ဒီမိုကရေစီရေး တောင်းဆိုသူ အင်အားကောင်းကောင်းဖြင့် လမ်းမပေါ်တက်လာခြင်း...