ဒီနေ့ နိုဝင်ဘာ ၂၅ ရက်။
ဒီနေ့ဟာ တကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအားလုံးအပေါ်က အကြမ်းဖက်မှုအ၀၀ကို ဆန့်ကျင်
သောနေ့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှ စ၍ ကုလသမဂ္ဂ အဖွဲ့ကြီးက နိုဝင်ဘာ ၂၅ ရက် ကို
အထွေထွေညီလာခံ ဆုံးဖြတ် ချက် ၅၄/၁၃၄ အရ (The 25th November as the International
Day for the Elimination of Violence Against Women (Resolution 54/134) ကမ္ဘာ့အမျိုးသမီးများ
အပေါ်ကျရောက်တဲ့ ကြမ်းတမ်းရက်စက် မှုအ၀၀ ပပျောက်ရေးနေ့ လို့သတ်မှတ်ခဲ့ပါတယ်။ ဒီလို
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဟာ ၁၉၅၀-၁၉၆၀ နှစ်များအတွင်း ဒိုမေရိကန် ရီပတ်ဘလစ် နိုင်ငံက
အထူးဖြောင့်မတ် ရဲရင့်ပြီး အကြမ်းဖက်တဲ့အာဏာရှင်ကို မကြောက်ဘဲ ဖီဆန်ခဲ့တဲ့
မျိုးချစ်အမျိုးသမီး ကလေး ၃ ဦးကို ရည်စူးဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဆောင်းပါးလေး ဖတ်ပြီးရင် ၁၉၆၀ နိုဝင်ဘာ ၂၅ နေ့မှာ ကြမ်းတမ်းတဲ့ အာဏာ ရှင်
လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ လိပ်ပြာမယ်လေး ၃ ယောက် ဖြစ်လေတဲ့ ဒိုမေရီကန်ရီပတ်ဘလစ်
နိုင်ငံက ပက်ထရီရှာ၊ မီနာဗာ၊ မာရီရာတို့ ညီအမ ၃ယောက်ကို အမှတ်ရစေချင်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ၂၀၁၂၊
လိပ်ပြာလေး ၃ ကောင်ကို ရာဖဲ ထျူဇီဂျို ဆိုတဲ့ စစ်အာဏာရှင်တဦးက သူ့ဘေးက ထောက်
လှန်းရေး လူမိုက်လူဆိုးတွေသုံးပြီး ခြေမွဖျက်ဆီးခဲ့တာ ဒီနေ့ဆို ၅၂ နှစ်
ပြည့်ခဲ့ပါပြီ။ စစ်အာဏာရှင် ထျူဇီဂျိုက သူတို့ အသက်ကိုပဲ ဖျက်ဆီးနိုင်ခဲ့ပါတယ်။
သူရဲကောင်းဆိုတာ သူတို့ ဂုဏ်သိက္ခာနဲ့ သမိုင်းကို ဘယ်သူဖျက်ဖျက်၊ ဘယ်သူ သတ်သတ်
ပျက်ရိုးထုံးစံမရှိပါ။ သူတို့ခြေရာ၊ သူတို့အစွမ်းသတ္တိတွေကို ဘယ်သူတွေက
ဘယ်လောက်ပဲဆိုးတဲ့ အကြမ်း ဖက်တဲ့ နည်းတွေသုံးသုံး သူတို့ ဖျက်ဆီးချင်တိုင်း
ဖျက်ဆီးလို့ မရနိုင်ပါ။ ကြည့်တတ်ရင် ဒီလိပ်ပြာလေး ၃ ကောင် က
သူတို့ချစ်တဲ့ဒိုမေနီကန် ကျွန်ူးနိုင်ငံလေးရဲ့ ကောင်းကင်မှာ
ပျံဝဲနေဆဲဆို တာတွေ့လိမ့်မယ်။
လိပ်ပြာ ၃ ကောင်
ဘယ်လိုနည်းနဲ့ သူတို့ ဤကမ္ဘာမြေက စွန့်ခွာခဲ့ရသလဲ။
၁၉၆၀ နိုဝင်ဘာ ၂၅ မိုး
တည၊ Victoria Penitentiary in Santo Domingo ဆန်ဒို ဒိုမင်ဂိုမှာရှိတဲ့ ၀ိတိုရိယ
အကျဉ်း ထောင်ထဲက ခင်ပွန်းတွေစီ ညီအမ ၃ ယောက် ထောင်ဝင်စာသွားတွေ့ကြတယ်။ ညနေဖက်
အိမ်အပြန်တောလမ်းမှာ သူရဲကာင်း ညီ အမ ၃ယောက်စလုံး တပြိုင်နက်လုပ်ကြံခံရတယ်။
သူတို့ညီအမတွေရဲ့ခင်ပွန်းတွေ နိုင်ငံရေးကြောင့် ထောင်ထဲရောက်နေကြတယ်။
ထောင်ကနေသူတို့နေတဲ့ မြို့ကိုပြန်လာတဲ့အခါ လူသွားလူလာနည်းတဲ့ တောလမ်းလေး မှာ
သူတို့ စီးလာတဲ့ကားကို ထျူဇီဂျို ၏ စစ်ထောက်လှန်းရေး
လက်မရွံ့လူသတ်သမားများကတားပြီး ညီအမ ၃ ယောက် နှင့် ကားမောင်းသူကို
ကားရပ်ခိုင်းပြီး ဆင်းခိုင်းပါတယ်။ ပြီးတော့ အနီးအနားက
ပြောင်းဖူးခင်းထဲသို့လူခွဲပြီး ခေါ်သွားပါ တယ်။အဲဒီ့ညမှာပဲ သူတို့ ၄ ယောက်ကို
ဒုတ်တွေနှင့် မသေမချင်း ရက်ရက်စက်စက် ရိုက်သက်ခဲ့ပါတယ်။ မာရီဘဲလ် ညီ အမလေးယောက်မှာ
နံပါတ် ၂ ဖြစ်တဲ့ ဒီးဒီး တယောက်ပဲ နိုင်ငံရေးသိပ်မလုပ်လို့ သကံမရောက် သက်မပျောက်
ကျန်ရစ် ခဲ့ပါတယ်။ ဒါတောင် သူမက အဲဒီနေ့က သူတို့နဲ့ လိုက်မသွားဖြစ်ပါတယ်။ ထိုညမှာ
ဒီးဒီးလည်း သူ့အမနဲ့ ညီမတွေစီးတဲ့ ဂျစ်ကားလေးပေါ်မှာ ရှိနေခဲ့ရင်၊ ဒီ
ကံဆိုးမိုးမှောင်ကျတဲ့အဖြစ်ဆိုးက သူမ ဘယ်လိုနည်းနှင့်မှ လွတ်မှာမဟုတ်ပါဘူး။
သူမလဲပဲ ကားဒရိုင်ဘာလို သူ့ အမ ညီမလေးတွေနဲ့အတူ ပြန်လမ်းမရှိတဲ့ တခရီးထဲ
သွားခဲ့ရမှာပါ။
အာဏာရှင်
ရာဖဲထျူဇီဂျိုရဲ့ အစီအစဉ်က ဒီလိုပါ၊ သူတို့ရိုက်သတ်ထားတဲ့ လူ ၄ ယောက်ကို သတ်ပြီး
အလောင်းတွေကို စီးလာတဲ့ ဂျစ်ကားထဲ ပြန်ထဲ့ပြီး ကျောက်ကမ်းပါးက ပြစ်ချလိုက်တယ်။
ကားမှောက်ပြီးသေတဲ့ပုံမျိုး ဖြစ်ကတတ်စမ်း လုပ် ပြစ်ခဲ့တယ်။ ကြေမွနေအောင်ခေါင်းကို
ထုရိုက်တာခံခဲ့ရတဲ့ ညီအမ ၃ ဦး၏ ကြေကွဲဖွယ်ဇာတ်လမ်းက ဒိုမေရိကန် ကျွန်း
နိုင်ငံလေးမှာ ရာသက်ပန် ရှင်သန်နေဆဲ သူရဲကောင်းပုံပြင်တပုဒ် ဖြစ်တယ်။ အာဏာရှင်
ထျူဇီဂျို လက်အောက်က လွတ်မြောက်ဖို့၊ သူတို့မိသားစုတခုလုံး ပေးဆပ်ခဲ့ကြတယ်။
ဒေသမှာထင်ရှားတဲ့
မီရာဘဲလ် မိသားစု
မီရာဘဲလ် ညီအမတွေဟာ
ချမ်းသာပြီး အထက်တန်းလွှာလို့ခေါ်နိုင်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့သူများဖြစ်တယ်။
ဖခင် အင်ယူးကီက ကျွန်းမြောက်ပိုင်းက ဆဲစီဒိုဆိုတဲ့ မြို့မှာ ချမ်းသာလို့
လျှမ်းလျှမ်းတောက် နံမည်ကြီး တဲ့ မိသားစုကဖြစ် တယ်။ မြို့တော် ဆန်ဒီရေဂိုနဲ့
မနီးမဝေး တန်ဘိုရီဆိုတဲ့ တောမြို့လေးမှာ ချမ်းသာအောင်မြင်တဲ့ လယ်လုပ်ငန်းပိုင်ရှင်
တဦးဖြစ်တယ်။ မိခင် မာဆေးဒီးကလည်း ကြွယ်ဝတဲ့ လူလတ်တန်းစားမိသားစုက ဆင်းသက်လာသူ
ဖြစ်တယ်။ ဖခင်က ဆန်စက်၊ ကော်ဖီကြိတ်စက်၊ လယ်ယာမြေ၊ များစွာနဲ့တကွ အသားဈေး၊
ဆန်ဒိုင်ကြီးတွေ ပါပိုင်ဆိုင်ထားတယ်။ ငွေကြေး ပြည့်စုံတဲ့ မလိုင်လို့ခေါ်လို့ရတဲ့
မိရာဘဲလ် မိသားစုမှာ ကြင်နာမှု၊ အဆင့်မြင့် ယဉ်ကျေးမှုနဲ့ အသိဉာဏ်ရှိတယ်။ ဖခင်က
သမီးတွေအားလုံးကို အကောင်းဆုံးဆိုတဲ့ ကျောင်းကောင်းတွေမှာထားတယ်။ မိသားစုမှာ
ချစ်ခြင်းမေတ္တာ တွေသာမက၊ စီးပွား၊ စာပေယဉ်ကျေးမှု။ ဂိတကို မြတ်နိုးမှု
ဒီတန်ဖိုးတွေနဲ့ ဖုံးလွှမ်းနေတယ်။ သူတို့ အိမ်မှာ ကျောင်းပိတ်ရက်တွေ ဆို ရင်၊
အသွင်တူ သူငယ်ချင်းတွေနဲ့ မြိုင်နေတယ်။ စကားဝိုင်းတွေလုပ်တယ်။ ပါတီတွေပေးတယ်။
ဒီတော့ သူတို့ အိမ်ဟာ ဂီတသံ စာသံကဗျာသံ၊ စားစရာတွေ မိတ်ဆွေတွေနဲ့ ပြည့်စုံနေပါတယ်။
စိတ်ကောင်းရှိ ရုံတင်မက၊ မွန်ရည် အဆင့်အ တန်းရှိတဲ့၊လူတန်းစားမခွဲခြားတတ်တဲ့
မီရာဘဲလ် မိသားစုကို မြို့ကလူတွေ ကပါ အားကျ ချစ်ခင်ကြတယ်။
ပထမသမီး ပက်ထရီရှာ
၁၉၂၄-၁၉၆၀ (တတိယလိပ်ပြာ)
ဖေဖေါ်ဝါရီ ၂၇ ၁၉၂၄ မှာ
ဒိုမေနီကန်ရီ ပတ်ဘလစ် နိုင်ငံ လွတ်လပ်ရေးနေ့မှာ မွေးတယ်။ ပက်ထရစ်ရှာဆိုတဲ့
အဓိပ္ပယ် က အဖနိုင်ငံတော်လို့ဆိုတယ်။ အကြီးမ ပက်ထရစ်ရှာက
ပုံဆွဲပန်းချီရေးဝါသနာပါတယ်။ သူမ အသက် ၁၄ နှစ် အရွယ် မှာ လာဗာဂါ အရပ်က
ကက်သလစ်ကျောင်းမှာ အိပ်ကျောင်းစား သွားနေရတယ်။ သူမ က အနေအေးဆေးတယ်။ ရွေး
ချယ်ခွင့်ရှိရင် အိမ်ရှင်မပဲလုပ်ချင်တယ် ဆိုတဲ့သူမျိုး။ သိမ်မွေ့ပြီး
ဘာသာရေးကိုင်းရှိုင်းတယ်။ ငယ်ငယ်ကဆို သီလရှင် လုပ်ချင်တယ်လို့ပြောတတ်သူ
ပက်ထရီရှာဖြစ်တယ်။ ဒါပေမဲ့သူမ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တယ်။
ခင်ပွန်းက သူတို့
အရပ်မှာပဲတွေ့တဲ့ လယ်သမားတဦးပဲ။ ပျော်ရွှင်နေသော အိမ်ရှင်မဖြစ်ပြီး ဒါပေမဲ့ ၁၉၅၅
နောက်ပိုင်းမှာ သူမရော သူမ၏ခင်ပွန်းဖြစ်သူ ပါ ထျူဇီဂျိုရဲ့ ကြမ်းကြုတ်ရက်စက်လွန်းတဲ့
စစ်အုပ်ချုပ်ရေးကို သတ္တိရှိရှိ ဆန့်ကျင်ခဲ့ကြ တယ်။ ၁၉၅၉ ဂျွန်လ မှာ
ခရမ်းရောင်တောင်တန်းများလို့ အမည်ရတဲ့ ကွန်စတန်ဇာတောင်ပိုင်းကို သူမ ရောက်ခဲ့တယ်။
အာဏာရှင် ထျူဇီဂျို၏ လက်မရွံ့စစ်သားတွေ ရဲတွေက လူငယ်ကလေးတွေကို သတ်ဖြတ်တာ
ကိုယ်တိုင်မြင်ပြီး ကတည်းက ပက်ထရစ်ရှာဟာ နောက်မဆုတ်တော့ဘဲ
ပိုရဲရင့်တက်ကြွလာခဲ့တယ်။ သူမ အသတ်ခံရပြီးနောက် သားသ မီး ၄ ယောက် ကျန်ခဲ့တယ်။ သူမ
ပြောလေ့ရှိတဲ့စကားတခွန်း ရှိတယ်။
ဒီလောက်ခြစားပျက်ဆီးနေပြီး
ဒီလောက် ရက်စက်ရိုင်းစိုင်းတဲ့ အာဏာရှင်လက်အောက်မှာ ကလေးတွေကို ကြီးပြင်းလူ
ဖြစ်ခွင့်ပေးလို့ မရနိုင်ပါ။ ဒီတော့ ရတဲ့နည်းသုံးပြီး တော်လှန်ဆန့်ကျင်ရလိမ့်မယ်။
ကျမ ဘက်ကတော့ အသက်ပင်မက အရာရာပေးဆပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပက်ထရစ်ရှာ
ပြောခဲ့တယ်။ သူမပြောခဲ့တဲ့အတိုင်း ဒီ အာဏာရှင်က သူမရဲ့ အသက်ကို ၁၉၆၀ နိုဝင်ဘာ ၂၅
နေ့မှာ အကြမ်းဖက်ပြီးယူခဲ့တယ်။
ဒုတိယသမီး ဒီးဒီး ၁၉၂၅-
လက်ရှိ အသက်ရှင်နေဆဲ မူလက ညီမ မီနာ ကို ထောက်ခံပြီး နိုင်ငံရေးထဲ ၀င်ပတ်သက်ခဲ့
တယ်။
Dede Mirabal မသေဘဲ
ကျန်ခဲ့သူ
ဒါပေမဲ့ နောက်ပိုင်းမှာ
သူမခင်ပွန်းက အားမပေးတာနဲ့ ကလေးတွေနဲ့ မိသားစုမျက် နှာထောက်ပြီး ခပ်အေးအေးနေခဲ့
တယ်။ ကျန်တဲ့ညီအမ ၃ ယောက်လောက် မပြင်းထန်တဲ့အတွက်၊ နောက်တချက်က နိုဝင်ဘာ ၂၅ ညမှာ၊
အသတ်ခံရမဲ့ သူတွေနဲ့ ကားတစ်စီးထဲပေါ်မှာ ရှိမနေတဲ့အတွက်ကြောင့်
အသက်ရှင်ခွင့်ရခဲ့တယ်လိုပဲ မှတ်ယူနိုင်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ဒီးဒီး က ခု မာရီဘဲလ်
လိပ်ပြာတို့နောက်ဆုံး ၉ လ နေခြ.တဲ့ တော အိမ်လေးကိုမွမ်းမံပြီး အထိမ်းအမှတ်
ပြတိုက်ဖွင့်ထား ပါတယ်။ ပြတိုက်ကို ဦးစီးစောင့်ရှောက်နေပါတယ်။ ညီအမတွေ
လုပ်ကြံခ့ရပြီးတော့ သေသွားတဲ့ ညီအမ ၃ ယောက်က စုစုပေါင်း မိတဆိုးကလေး ၆ယောက်၊
ကျန်ရစ်လေတော့၊ သူ့ သားအရင်း ၃ ယောက် စုစုပေါင်းက ၉ ယောက် ကို ပြုစု
ပျိုးထောင်ပေးခဲ့ပါတယ်။ နံပါတ် ၁ အမကမွေးတဲ့ သမီးတယောက်က ခုထိ နိုင်ငံရေးအရ
ထက်ထက်မြက်မြက် ရှိနေပြီး လက်ရှိ ဒိုမေနိကန်က အောက်လွှတ်တော်မှာ နိုင်ငံရေးတာဝန်တွေ
ထမ်းဆောင်လျက်ရှိပါတယ်။
နို့ညှာသမီး မီနာဗာ ၁၉၂၆
-၁၉၆၀ (ပထမလိပ်ပြာ)
မီနာက အမ ပက်ထရီရှာထက် ၂
နှစ်ငယ်တယ်။ ညီ အမ ၄ ယောက်ထဲမှာ အထူးချွန်ဆုံး၊ အသွက်ဆုံး၊ အလှဆုံး၊ ခေါင်ဆောင်
ဖြစ်နေတဲ့ လိပ်ပြာ မယ်လေးလို့ပြောရင်ရမယ်။
မီနာဗာ
လိပ်ပြာတို့၏ခေါင်းဆောင် အသက်ငယ်ငယ်လေး ကတည်းက
သူမတူတဲ့ဉာဏ်ရည်နဲ့ နေပုံထိုင်ပုံ စရိုက်ရှိတယ်။ ၇နှစ်သမီး အရွယ်မှာ ပြင်သစ်လို
ကဗျာတွေ တဂျောင်းဂျောင်း ရွတ်နိုင်နေပြီ။ အနုပညာကို သိပ်ခုံမင်တယ်။ သူမ
ဝါသနာပါတာက စာဖတ်၊ စာရေး၊ ကဗျာ ဖတ်တဲ့။ ပက်ဘလို နယူးဒါ ကဗျာတွေကို အလွတ်ရပြီး
အထူးခုံမင်နှစ်သက်သူ။ အမ ပက်ထရီရှာတက်တဲ့ ကက်သလစ် ဘော်ဒါ ကျောင်းမှာပဲ တက်ခဲ့တယ်။
ဆန်တိုဒိုမင်ဂိုဆိုတဲ့ တက္ကသိုလ်မှာ သူမ အစိုးရဆန့်ကျင်ရေးတွေကို တချိန်ခင်ပွန်း
ဖြစ်လာမဲ့အတူ မရပ်မနားလုပ်တယ်။ ရီးဇားဖြစ်သူနဲ့ ၀ါသနာတူ အကျင့်တူ။ ၁၉၄၉ ခုနှစ်မှာ
သူတို့မိသားစု တခုလုံး ထျူ ဇီဂျို ကဒုက္ခပေးခဲ့တယ်။ အဖေကို ထောင်ထဲ့ခဲ့တယ်။
မိခင်နဲ့ မီနာက အိမ်မှာ အပြင်ထွက်ခွင့်မရှိ အကျယ်ချုပ်ကျနေ တယ်။
ခင်ပွန်းလောင်းကလည်း ခွေးပြေးဝက်ပြေး တိမ်းရှောင်နေရတယ်။ ၁၉၅၅ မှာ သူ့
ချစ်သူနဲ့လက်ထပ်ပြီး သူမ အ သတ်ခံရတဲ့အချိန်မှာ ခင်ပွန်းကထောင်ထဲမှာ။ သူမ
မရှိတောတဲ့နောက်မှာ လူမမယ်ကလေး ငယ် ၂ ယောက်ကျန်ခဲ့ တယ်။
မီနာက သူတို့ ကျောင်းသား
ပညာတတ်တွေကြားမှာ ရဲရဲတောက် အဖြစ်ဆုံးမို့ ထျူဇီဂျိုက သူမကို ပစ်မှတ် နံပါတ်တစ်
အနေနဲ့ အမျက်ပိုထားတယ်။ မြို့တော်က ဧည့်ခံပွဲတခုမှာ အာဏာရှင် ထျူဇီဂျိုကို မီနာဗာက
သူမ ဥပဒေကျောင်းသူဘ၀ နဲ့ မင်းပွဲစိုးပွဲတခုတက်ရင်းက ကြုံတုန်း အရှက်ခွဲခဲ့သေးတယ်။
ကြုံတိုင်း ထျူဇီဂျိုက မီနာဗာကို လိုချင်လို့ ချဉ်းကပ်တယ်။ ဖခင်ကိုထောင်ချလည်း
မီနာက မမှုဘူး၊ သူမကိုထောင် အကြိမ်ကြိမ်ချလည်း သူမက လုံးလုံး အညံ့မခံဘူး။
ထျူဇီဂျိုက လည်း တေးထားမှတ်ထားတယ်။ သူ၎ ကြိမ်တိုင်တိုင် ထောင်ချ၊ပက်ပက်စက်စက်
နှိပ်စက်ခဲ့သည့်တိုင် သူဘယ်လို ချိုး ချိုး လုံးလုံးမကျိုးနိုင်တဲ့ မီနာ၏
စိတ်ဓါတ်နဲ့ လှုံ့ဆော်မှုတွေကို ထျူဇီဂျိုက တနေ့တခြား လန့်သထက်လန့်လာတယ်။
၁၉၅၈ နောက်ပိုင်းမှာ
သူလူရင်းတွေကို ဒီအာဏာ ရှင်က ထုတ်တောင်ပြောဖူးလေသတဲ့။ ဒီတိုင်းပြည်မှာ ငါက အားလုံး
အပေါ်နိုင် ချင်တိုင်းနိုင်လို့ရတယ်။ ဒါပေမဲ့၊ ကက်သလစ် ချာ့ခ်ျတွေနဲ့ မီနာဗာကိုပဲ
ငါလန့်ရတာကွ လို့ သူ့လူတွေကို ပြော ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကျန်ခဲ့တယ်။ မီနာ၏
အရှိန်အဟုန်ကလဲ မသေး။ ဒိုမေနိကန်ကတဆင့် တခြားလက်တင် အမေရိက က
မြေအောက်လှုပ်ရှားမှုတွေ၊ ခေါင်းဆောင်ကြီးတွေ နားအထိ သူမ သတင်းကရောက်တယ်။ ၁၉၄၉ နောက်
ပိုင်းမှာ ဒိုမေနီကန် တနိုင်ငံလုံး ဘယ်သွားသွား ရဲရင့်တောက်ပြောင်လွန်းတဲ့
မီနာ့နဲ့ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုတွေက တောပိုင်းတွေအထိ စိမ့်ဝင်နေပြီ။
လိပ်ပြာဆိုတဲ့ လျှို့ဝှက် သင်္ကေတကို မီနာဗာက ပဲ ရွေးချယ်ခဲ့တယ်။ သူဦးဆောင်တဲ့
မြေအောက်အဖွဲ့တွေကြားမှာ သူမကို လိပ်ပြာလို့ပဲ အားလုံးကခေါ်ဝေါ်
သတ်မှတ်ထားကြတယ်။ထျူဇီဂျိုက တားမြစ်ထား လို့ သူမခင်မြာ၊ ဥပဒေနဲ့ ဘွဲ့ရပေမဲ့
ရှေ့နေလုပ်ခွင့်လိုင်စင် မရခဲ့၊ ဥပဒေကျောင်းသူအနေနဲ့ သူမတင်ခဲ့တဲ့ စာတမ်းခေါင်း
စဉ်က နိုင်ငံအုပ်ချုပ်ရေးဥပဒေကြောင်းရာနှင့် တရားစီရင်ရေးကဏ္ဍ
ကူးလူးဆက်သွယ်ချက်လို့ အမည်ရပါတယ်။ ဒီခေါင်း စဉ်ကြောင့် ထျူဇီဂျို က
ယမ်းပုံမီးကျဖြစ်ခဲ့ပါတယ်။ မီနာဗာ ထောင်အကြိမ်ကြိမ်ကျခဲ့ရခြင်းမှာ သူမရဲ့
အကြောက်အလန့် မရှိ ဖီဆန်ပုံတွေကြောင့် ထျူဇီဂျို
အကြိမ်ကြိမ်အရှက်ကွဲခဲ့ရတဲ့တကြောင်းလဲ ပါဝင်ပါတယ်။
မီနာဗာ က ကျူးဘားက
တော်လှန်ရေးခေါင်းဆောင် ကက်စထိုကို လေးစားတယ်။ ကက်စထျို၏ မြေသားဆန်ဆန် လူ
ထုနဲ့နီးတဲ့ ဦးဆောင်မှုက သူမရဲ့ကျာင်းသား လူငယ်ဘ၀မှာ ကြီးစွာလွှမ်းမိုးထားတယ်။
ကက်စထျိုရဲ့ နံမည်ကြီး စကား တခွန်းကိုပါ သူမက မကြာခဏကိုးကားပြီး
မိန့်ခွန်းတွေတက်ပြောတယ်။ စာရွက်တွေဝေတယ်။ တရားဟောတယ်။ သ မိုင်းက
ကျုပ်ကိုမကြိုက်လို့ ကျုပ်အမည်ကို အရေဖျော်လိုက်ရင်တောင် ရသေးတယ်၊ ကျုပ်ကိုပဲ
ရှုံချမပြစ်တင်ကြတဲ့။ သူမနှစ်သက်တဲ့ကက်စထျို၏ စကားများ။
တက္ကသိုလ်ရောက်တော့ ကျောင်းဝင်းထဲက
မြေအောက်လှုပ်ရှားတဲ့ အဖွဲ့တွေကြား မှာအတက်ကြွဆုံး၊ သဘောတရားအ ရ
ခေါင်းဆောင်မှုအပေးနိုင်ဆုံး သူတယောက်ဖြစ်တဲ့ မီနာနဲ့ ဆုံဖူးတဲ့သူတွေက သူမ
ပြောခဲ့တာတွေကို ဘယ်လိုမှ မမေ့ နိုင်ကြဘူး။ ဒီလောက်
ကြေကွဲစရာ၊စိတ်ထိခိုက်စရာတွေများတဲ့နိုင်ငံမှာ မိမိတိုင်းပြည် အတွက် တတ်နိုင်တဲ့
တစုံတခု လုပ်ဆောင်ပေးခြင်းဖြင့်သာ မိမိ အတွက် ပျော်ရွှင်ကျေနပ် မှုရစေတယ်။ ဘာမှ
မလုပ်ဘဲ လက်ပိုက်ထိုင်ကြည့်နေရမယ် ဆိုတာ ၀မ်းနည်းဖို့ကောင်းလွန်းတယ်လို့ ပြောတတ်
လှုံဆော်တတ်တဲ့ လိပ်ပြာလေးကို လွမ်းကြ အမှတ်ရကြတယ်လို့ ကျန်ရစ်ခဲ့တဲ့ ရဲဘော်
တော်လှန်ရေးသမားတွေက ပြောတယ်။
အငယ်ဆုံးသမီး မာရီယာ။
၁၉၃၅-၁၉၆၀ (ဒုတိယလိပ်ပြာ)
အသတ်ခံရသော အချိန်တွင်
သူမ က ၂၄ နှစ်သာ ရှိပါသေးတယ်။ အမ မီနာတက်ခဲ့တဲ့ ဘော်ဒါကျောင်းထွက်၊ ပြီးတော
တက္ကသိုလ်မှာ သင်္ချာနှင့် အင်ဂျင်နီယာပညာကို လေ့လာခဲ့တယ်။ အာဏာရှင်ဆန့်ကျင်ရေး
မြေအောက်နိုင်ငံရေးထဲ ပါ ၀င်လာတဲ့ အဓိကအကြောင်းက အမလတ်ဖြစ်သူ မီနာ့ကိုကြည့်ပြီး
အထင်ကြီးအားကျရာက စတယ်။ အမအတွက်ဂုဏ် ယူတယ်။ အမကို ကူညီပေးရင်း သူမကိုပါ ထျူဇီဂျိုက
ခြေမှုန်းရမဲ့ စာရင်းထဲ ထဲ့ခဲ့တယ်။ ၁၉၆၀ သူမတို့ ညီအမတွေ အ သတ်ခံရမယ့်နှစ်မှာ
မီနာနဲ့ မာရီယာကို ထောင် ၅ နှစ်ထပ်ချလိုက်ပြန်တယ်။ အယူခံဝင်ခဲ့တဲ့ အတွက် ၅ နှစ်က ၃
နှစ်ကို လျှော့ချပြီးပါမှ၊ အသတ်ခံရမယ့် နိုဝင်ဘာ မရောက်ခင် ၃ လ အလိုမှာ ညီ မ ၂
ယောက်စလုံးကို ထောင်က လွှတ်ပေးခဲ့ ပါတယ်။ ထောင်ထဲမှာသတ်ရင် လက်စဖျောက်ရမှာ
ခက်ခဲနိုင်တဲ့အတွက် လွှတ်ပေးပြီးမှ ၂ လ အကြာတော လမ်းမှာ လူမိုက်တစုနဲ့ ထျူဇီဂျို ၏
အထူးတပ်ဖွဲ့ လူယုံများက အစီအစဉ်ရှိရှိ လုပ်ကြံခဲ့ခြင်းဖြစ်တယ်။ မာရီယာ အသတ်ခံရတဲ့
အ ချိန်မှာ အသက် ၂ နှစ်အရွယ်ရှိတဲ့ ဂျက်ကလင်း လို့ခေါ်တဲ့ လူမမည် သမီးလေးတယောက်
ကျန်ခဲ့ပါတယ်။
ကျမ သေရမှာ
မကြောက်ဖူးနော်။ တိုင်းပြည်အတွက် အလုပ်လုပ်ရင် သေဖို့နီးစပ်တယ်။ တကယ်တမ်းကျမတို့နဲ့
အနီးဆုံး ဆိုတဲ့ တရားသဘောက သေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တရားမျှတမှုတွေ
ဖြစ်ပေါ်စေဖို့ ဆက်တိုင်ပွဲဝင်ရမှာပဲလို့ ပြောတတ်လေ့ရှိတဲ့ လိပ်ပြာမယ်လေး မာရီယာ ၏
အသက်ကို လက်မရွံ့လူသတ်သမားတွေက ဒုတ်ဒါးတွေသုံးပြီး လွန် ခဲ့တဲ့ ၅၂ နှစ် နိုဝင်ဘာ
၂၅ ရက် ၁၉၆၀ မှာ မရအရ ယူခဲ့ပါတယ်။
သေပြီးတဲ့နောက်ပိုင်း
အောင့်မေ့ဘွယ်အခမ်းအနားလုပ်ကြတဲ့အခါ၊ ကျန်ရစ်တဲ့မိသားစုတွေက (နံပါတ် ၂ အမ ဒီးဒီး
ဦး ဆောင်ပြီး) ပုလင်းကွဲစတွေ၊ သွေးတွေ၊ ဖုန်မှုန့်တွေ အလိမ်းလိမ်းကပ်နေတဲ့ သူမရဲ့
ကျစ်ဆံမြီးရှည်ကြီးကို သိမ်းဆီး ထားဖို့ ဆုံးဖြတ်ကြတယ်။ ပြီးတော့ သူမ အလောင်းက
နောက်ဆုံးကျန်တဲ့ အမှတ်တရပစ္စည်းအနေနဲ့ ကျစ်ဆံမြီးရှည်ကို ဖြတ်ယူထားလိုက်ကြတယ်။
ဒီးဒီး Salcedo ဆယ်စီဒို
မှာ ဖွင့်ထားသော မီရာဘဲဘ် ညီအမများ ပြတိုက်မှာ အငယ်ဆုံးမာရီယာ ၏ ကျစ်ဆံမြီးကို ပြ
သထားတယ်လို့ ကြားပါတယ်။ သူတို့ညီအမတွေနောက်ဆုံး ၁၀ လ နေခဲ့တဲ့ အိမ်က ခု
သူတို့ပြတိုက်ဖြစ်နေပါပြီ။ မီနာ့ အမျိုးသား မန်နို လည်း ၁၉၆၃ မှာ ထျူဇီဂျိုကို
အာဏာကိုဆက်ခံတဲ့အဖွဲ့က လုပ်ကြံလို့ သေနတ်ပစ်ခံသေဆုံးခဲ့ရပါ တယ်။ ညီအမ ၃ ဦးနဲ့
မန်နို ထားတဲ့ သင်္ချိုင်းမှာပဲ မန်နို ကို သူ့ဇနီး မီနာဗာ အုတ်ဂူဘေးမှာ ဒီးဒီးက
မြှုပ်နှံခဲ့ပါတယ်။ သူ တို့ ပြတိုက်ရှေ့က မြက်ခင်းမှာလည်း ကျဆုံးသွားတဲ့ ညီ အမ ၃
ဦး၏ကျောက်ရုပ်ထုများကို တွေ့နိုင်ပါတယ်။
မီရာဘဲလ် မိသားစု၏
နိုင်ငံရေးသမိုင်း (၁၉၄၀ နောက်ပိုင်းနှစ်များ)
ကာရစ်ဘီယန်ပင်လယ်က
ဒိုမေနီကန် ကျွန်းနိုင်ငံလေးမှာမှာ အာဏာရှင် ရပ်ဖဲလ်ထျူဇီဂျို လက်ချက်နဲ့ ၁၉၆၀ နိုဝင်ဘာ
၂၅ ရက်နေ့မှာ အသက်ဆုံးရှုံခဲ့ရရှာတဲ့ သူရဲကောင်းမလေး ၃ ယောက်မှာ ပထမလိပ်ပြာလေး
မီနာဗာ က အဓိကကျပါ တယ်။ သူဆွဲဆောင်ရာ မနေသာလို့ မိသားစုတခုလုံး
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက မီနာနောက်ကို သစ္စာ ရှိရှိ လိုက်ပါခဲ့ကြခြင်း
ဖြစ်တယ်။ ဒီမိသားစုမှာ နံပါတ် ၃ ဖြစ်တဲ့ အထက်ဆုံးအရဲဆုံး မီနာဗာ၏
ဦးဆောင်နိုင်စွမ်း၊ သတ္တိနဲ့ သူမ တော်လှန်ရေးစိတ်ဓါတ်တွေက ငယ်ငယ်ကတည်းက
ထင်ရှားခဲ့ပါတယ်။
ကွန်ဗင့်တက်နေတဲ့
ဆယ်ကျော်သက်အရွယ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ဆွေမျိုးတွေ မိဘတွေကို
အာဏာရှင် ထျူဇီဂျို နှိပ်စက်ညှဉ်းပမ်းတဲ့ သတင်းတွေကြားတိုင်း သူမ
လုံးဝမခံမရပ်နိုင်ဖြစ်ခဲ့တယ်။ ကောလိပ်တက် တော့လည်း ဦးလေးဖြစ်သူက
သူမ၏မျိုးချစ်စိတ်၊ နိုင်ငံရေးထက်သက်မှုတွေကို ဆက်အားပေးတယ်။ တွဲမိတဲ့ ကျောင်း
နေဖက် သူငယ်ချင်းတွေကလည်း မှန်ကန်ခဲ့တယ်။ လူထု ဆိုရှယ်လစ်ပါတီ၏
ခေါင်းဆောင်ဖြစ်လာမဲ့ ပရီဆဲဖရန်ကိုနဲ့ ခင်မင်ပြီး သူ့သြဇာကို မီနာ
သက်ဝင်ယုံကြည် သွားတယ်။ ဒိုမေနီကန်မှာ မတရားရေဒီယိုလိုင်းများဆိုပြီး တရားဝင် နား
ထောင်လို့မရတဲ့ ကျူဘားနဲ့ ဗင်နီဇွဲလားက ရေဒီယို ချန်နယ် ၂ ခုကိုလည်း မီနာက
အမြဲနားထောင်တယ်။ တချန် သူမ ယူဖြစ်မဲ့ ချစ်သူကိုလည်း ကောလိပ်မှာ တွေ့ခဲ့တယ်။
မြေအောက်လှုပ်ရှားမှုတွေ အတူတူလုပ်ခဲ့ကြတယ်။
၁၉၄၂ အာဏာရှင်
ထျူဇီဂျိုက အရပ်က က သူ့ စံအိမ်တော်မှာ ခန်းနားထည်ဝါတဲ့ ကပွဲကြီးပေးတယ်။
မာရီဘဲလ်တို့ မိ တင်းနေတဲ့သားစုကလည်း ဒေသမှာ ကြေးရေတတ် မျက်နှာဖုံးတွေဆိုတော့
ကပွဲတက်ဖို့ ဖိတ်ကြားတာခံရတယ်။ အဖေ၊ အမေ၊ အိမ်ထောင်ကျနေပြီဖြစ်တဲ့ အထက်က အမ ၂
ယောက်၊ သူတို့ခင်ပွန်း၂ယောက်နဲ့အတူ ဒီပွဲကို မီနာဗာ တက်ခဲ့ တယ်။ ၁၇ နှစ် အရွယ်
လှချင်တိုင်းလှ၊ ကပွဲမှာ အလှဆုံး ကျောင်းသူလေး မီနာကို ထျူဇီဂျိုက
မျက်စိကျသွားတယ်။ သူမတို့ မိသားစုကတော့ အာဏာရှင်ကြီးကို မျက်နှာလုပ်ဖို့ဝေးစွ၊
ဒီဖန်စီ ကပွဲကြီးက ဘယ်လိုထွက်ပြေးရမလဲလို့ပဲ အကြံထုတ်နေကြတယ်။ ရုတ်တရက် ပွဲသဘင်
တန်းလို့တန်းလန်းနဲ့ပဲ မိုးကြီးလေကြီးတွေကျလာ။ မီး ခဏပြတ်သွား၊ ဒါကို
အခွင့်ကောင်းယူပြီး မာရီဘဲလ်မိသားစုက သူတို့ ရွံရှာမုန်းတီးတဲ့ ထျူဇီဂျို၏
ညစာစားပွဲကြီးကို အဖြစ်တက်ပြပြီး၊ ပွဲမပြီးခင် နောက်ဖေးပေါက်ကထွက် ၊ဒီနည်းနဲ့
အာဏာရှင်ကြီးကို ကြီးစွာအရှက်ရစေတယ်။
ထျူဗီဂျိုက မောက်မာ
ဘ၀င်မြင့်ခက်ထန်သူဖြစ်တယ်။ ပါတီကပွဲ မပြီးခင်ထွက်သွား တဲ့မိသားစုက သူ့ကို
စော်ကားတာပဲ သူ့သိက္ခာကျအောင် တမင်လုပ်သွားတာပဲဆိုပြီး သူ့လူတွေလွှတ်ပြီး နောက်က
လိုက်ခေါ်တယ်။ စစ်ထောက်လှမ်းရေး တွေက လမ်းတွေဂိတ်ပေါက်တွေက
ဆီးပိတ်ဖမ်းဖို့ကြိုးစားပေမဲ့ နောက်ကျသွားတယ်။ သိပ်လှတဲ့ ၁ရ နှစ် သမီး မီနာကို
လည်း၊ အကြီးအကျယ် သဘောကျသွားပေမဲ့ ဒီ မိသားစုကို ငါ့အကြောင်းသိရစေမယ်လို့
သူ့စိတ်ထဲမှာ တေးထားတယ်။ သူမကို ချိုးချင်တာ တပိုင်း။ သူမ အလှနဲ့ငယ်ရွယ်မှုကို
မက်မောတာကတပိုင်း၊ ယုတ်ညံ့တဲ့နည်းတွေနဲ့ ကြိုးပမ်းတော့ တယ်။ ဖခင်ကိုဖမ်းတယ်။
စစ်ပလိပ်တွေက မီနာကို ခေါ်စစ်တယ်။ ပြည်နယ်က လွှတ်တော် အမတ်က မီနာတို့ အိမ်
ရောက်လာပြီး ထျူဇီဂျို ကျေနပ်သွားအောင် တောင်းပန်စာရေးရမယ်လို့ဆိုတယ်။ ဖခင်ကြီးက
ရှောင်ရင် မလွတ်နိုင်လို့ နောက်တနေ့မှာ တောင်းပန်စာတစောင် ရေးပြီးပို့ခဲ့သည်တိုင်
အာဏာရှင်ပေးတဲ့ဒုက္ခတွေက သူတို့ မိသားစု မလွတ်ခဲ့ပါ။ မိနာဗာ ၁၇ နှစ်သမီး ကတည်းက သူမ
ကို မျက်စိကျခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟာ မီနာဗာ ကို လုံးလုံး မရခဲ့ပဲ ၊ သူမ ဦးဆောင်
တဲ့ မြေအောက် ဒိုမေနီကန်လှုပ်ရှားမှုတွေကြောင့်သာ နောက်ဆုံး သူ့ အာဏာစက်လည်း
အပိုင်းပိုင်းကျိုးခဲ့ရပါတယ်။
မီနာဗာ၏ ကဏ္ဍ၊ နှင့် ဂျွန်
၁၄ ရက် လူပရင် ၁၉၅၉ ထိုးစစ်တိုက်ပွဲ The June 14th Luperion Invasion
ဒိုမေနိကန်လွတ်မြောက်ရေး
မြေအောက်တပ်ဖွဲ့က ထျူဇီဂျိုကို ဂျွန် ၁၄ ၁၉၅၉ မှာ မြောက်ပိုင်း
ကမ်းရိုးတမ်းဖက်ကစပြီး ၀င်တိုက်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်ရေးအရ
မအောင်မြင်ခဲ့သော်လည်း ဒိုမေနီကန် နိုင်ငံတခုလုံးမှာ ထျူဇီဂျိုကို အ
ပြုတ်မတိုက်ရင် မရတော့ဘူးလို့ ခိုင်မာပြင်းထန်တဲ့တော်လှန်ရေးမျိုးစေ့ကို ဒီလူပရင်
တိုက်ပွဲက ထားပစ်ခဲ့ပါတယ်။ ကျူ ဘားတော်လှန်ရး သမားတွေနောက်ကွယ်က ကူညီပေးတဲ့
ဒီလှုပ်ရှားမှုကို ထျူဇီဂျို ၏ စစ်တပ်နဲ့လေတပ်က လက်ဦးမှု ယူပြီးဖြိုခွင်းခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၅၉ ဂျွန် လနာက်ပိုင်းမှာ စစ်ထောက်လှန်းရေးတွေက အဖမ်း အဆီးတွေ တိုးလုပ်လာ
သည့်တိုင် မီနာဗာတို့ မိသားစုရဲ့ အကြောက်အလန့်မရှိ ထိပ်တိုက်တိုးတဲ့
စတိုင်နဲ့နိုင်ငံရေး ဦးဆောင်မှုတွေက ပျံ့နှံ့ တယ်။လူပရင် ထိုးစစ်ရဲ့နောက်ဆက်တွဲအဖြစ်
၁၉၆၀ နှစ်ဆန်းမှာ မီနာနဲ့ မာရီယာတို့ ထပ်မံဖမ်းဆီးခံရ အနှိပ်စက်ခံရပါ တယ်။
မီနာ့ ယောက်ကျား မန်နို
Manolo (Manuel Tavarez)၊ မာရိယာ ယောက်ကျား လင်ဒရို Leandro Guzmán တို့က ဂျွန် ၁၄
လူပရင် ၁၉၅၉ တော်လှန်ရေး၏ နောက်က အဓိကနေရာက ခေါင်းဆောင်တွေဖြစ်လို့ အဖမ်းခံရတယ်။
အကြမ်းဆုံး အဆိုးဆုံးဆိုတဲ့ ၀ိတိုရိယအကျဉ်းထောင်မှာ ခင်ပွန်းတွေကိုထားတယ်။ နံပါတ်
၁ အမ ပက်ထရစ်ရှာ ၏ယောက်ကျားပါ အဖမ်းခံရတယ်။ လူပရင် ထိုးစစ်ရှုံးနိမ့်ခဲ့ပေမဲ့
ဒေသအတွင်းမှာ လက်နက်ခဲယမ်းမီးကျောက်တွေကို သူတို့မိသားစုနဲ့ အတူ အခြားမြေအောက်
အုပ်စုတွေက စ စုဆောင်းလာကြပြီ။ အသတ်မခံရခင် ၃ လအလိုမှာ မီနာနဲ့ မာရီယာကို ထောင်က
လွှတ်ပေးလိုက်တယ်။ တနိုင်ငံလုံးက ကက်သလစ် ဘုန်ကြီးတွေက ဒီညီအမနဲ့ အခြား
မြို့ပေါ်ကပညာတတ် လူလတ်တန်းစား လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့မှုကို ၁၉၅၉-၁၉၆၀
နှစ်တွေမှာ အပြင်းအထန် ရှုံ့ချခဲ့တယ်။ ဒီဖိအားတွေကို ၁၉၆၀ တနှစ်လုံး ထျူဇီဂျို
မခံမရပ်နိုင်အောင်ဖြစ်လာတဲ့အတွက် လူတွေကို လှည့်စားနှစ်သိမ့်ဖို့ မိန်းက လေး
နိုင်ငံရေးအကျဉ်းသားတွေကို ဟန်ပြလွှတ်ပေးလိုက်တယ်။ ပြီးမှ လိပ်ပြာတို့တပ်ဖွဲ့
ခေါင်းဆောင် မိန်းကလေးများကို အသေသတ် ချေမှုန်းခဲ့ဟန် ရှိပါတယ်။
၁၉၆၁ မေ ၃၀ အာဏာ ရှင်
ရာဖဲထျူဇီဂျို၏ ဇတ်သိမ်း
နှစ် ၃၀ အာဏာရှင်
ဖြစ်ခဲ့တဲ့ လမ်းကြောင်းမှာ၊ ၁၉၅၉ အထိ အမေရိကန် ပြည်ထောင်စုနဲ့ သင့်မြတ်ခဲ့တယ်။
ဗင်နီဇွဲလား နဲ့ ကျူဗန်းနိုင်ငံက ခေါင်းဆောင်တွေကို အမေရိက အားကိုးနဲ့
ပြင်းပြင်းထန်ထန် ရှုံချတတ်တယ်။ သူ့ဟာ တိုင်းပြည် ၀င် ငွေတွေကို
အလွဲသုံးစားလုပ်ပြီး စစ်တပ်က အရာရှိကြီးတွေနဲ့ သူ့အိပ်ဆောင်တပ်ဖွဲ့
စစ်ထောက်လှန်းရေးအုပ်စုကို အထူး အခွင့်အရေးတွေပေးခဲ့တယ်။ ၁၉၃၇ မှာ အနောက်ဖက်ခြမ်းက
အိမ်နီးချင်း ဟေတီနိုင်ငံက ၀င်လာအလုပ်လုပ်သူတွေကို ပါစလီ လူသတ်ပွဲလို့
အမည်တွင်ရတဲ့အထိ သွေးချောင်းစီးအောင်၊ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့တယ်။ အသားရောင်
မှောင်မဲနေတဲ့ အာဖရီကန် နွယ်ဖွားဟေတီ အလုပ်သမားတွေကို အကြမ်းဖက်ပြီး
နှိမ်နင်းတဲ့အခါ လူပေါင်း ၂၀၀၀၀ ကျော် ၃၀၀၀၀ ခန့် သေဆုံးတယ်လို့ ခန့်မှန်းကြတယ်။
၁၉၆၀မှာ ဗင်နီဇွဲလားက
ခေါင်းဆောင်ကိုလုပ်ကြံဖို့လည်း သူက ၀င်စွက်ဖက်ခဲ့သေးတယ်။ ကျူးဗန်းမှာ သင်တန်းယူ
လေ့ ကျင့်ခဲ့တဲ့၊ ကျူးဗန်း ပျောက်ကျားတွေက ထောက်ခံကူညီကြတယ်။ ဒိုမေနီကန်
တော်လက်နက်ကိုင်တော်လှန်ရေးက ၁၉၅၉ ဂျွန် လ ၁၄ မှာ စခဲ့တယ်။ ၁၉၅၈-၅၉ မှာ ဒိုမိနိကန်
တနိုင်ငံလုံး မှာ ထျူဇီဂျို ဆန့်ကျင့်ရေးစိတ်ဓါတ်တွေက ပြန့်နေ ပြီ။ အာဏာရှင်ကြီး
ကိုယ်တိုင်လည်း နိုင်ငံရေးအရ စီးပွားရေးအရ တိုင်းပြည်ကို
ဆက်ထိန်းထားနိုင်စွမ်းမရှိတော့။ သူတို့ နိုင်ငံမှာ လူထုအကြား သြဇာကြီးလှတဲ့
ကက်သလစ် ဘုရားရှစ်ခိုးကျောင်းတွေကပါ ထျူဇီဂျိုဆန့်ကျင်ရေးတွေ ဗြောင်
တရားဟောလာနေကြတယ်။ မိနာဗာတို့ ညီ အမတွေလို လူငယ်ပညာတတ်တွေ၊ ပြည်ပအဖွဲ့အစည်းတွေ
ထောက်ခံအား ပေးတဲ့ မြေအောက်တော်လှန်ရေး လူထုလှုပ်ရှားမှုတွေကို သူ
မထိန်းနိုင်တော့ဘူး။
တချိန်ထဲမှာပဲ
နိုင်ငံခြား အစိုးရတွေက သူ့ အုပ်ချုပ်ရေးကို ဗြောင်ဝေဖန်နေကြပြီ။ ၁၉၅၉ ဂျွန်လက
မအောင်မြင်လိုက်တဲ့ ဒိုမီနိကန် လက်နက်ကိုင်တိုက်ပွဲနောက်ပိုင်း၊ ထျူဂျိုဟာ
အိပ်မက်ဆိုးတွေရ၊ တော်တော်တုန်လှုပ်ကျန်ခဲ့တယ်။ သူ့ကို ဖြုတ်ချမယ့်
လူငယ်နိုးကြားသူတွေကို တယောက်မကျန် လိုက်ဖမ်း၊ ထောင်ထဲထည့်၊ နှိပ်စက်မှုတွေ
ဒင်းကြမ်းလုပ်လာ တော့ သူဘယ်လောက်ကြောက်နေသလဲဆိုတာ ပေါ်လွင်နေပြီ။ လူ ၁၀၀ကျော်
အဖမ်းခံရတဲ့သူတွေကြားမှာ မြို့နေ ပညာတတ်လူ့မလိုင် အသိုင်းအ၀ိုင်းက
တက္ကသိုလ်ကျောင်းသားတွေ၊ ပညာရှင်တွေပါ ပါလာတဲ့အခါ၊ ထျူဇီဂျိုကိုအာ ဏာက
ဖြုတ်ချချင်တဲ့သူတွေက သူ့အတွင်းစည်းမှာရော၊ ပြည်တွင်း ပြည်ပမှာပါ တိုးတိုးလာနေပြီ။
ကျူးဗားနဲ့ ဗင်နီ ဇွဲ လားက ဒိုမေနီကန်က သူပုန်ထမယ့် ကျောင်းသားပညာတတ်တွေ၊ မြေအောက်
ဆို ရှယ်လစ်ပါတီကို ကူတယ်။ တခြား တောင် အမေရိက မှာ ရှိတဲ့ နိုင်ငံရေး အဖွဲ့
အားလုံး က လည်း ထျူဇီဂျိုကို စတင်ဖိအားပေးလာကြပြီ။ အမေရိကနဲ့လည်း မတည့်တော့ဘူး။
နောက်ဆုံးတော့ ၁၉၆၁ ခုနှစ်မှာ လူပေါင်းထောင်သောင်းချီပြီး ရက်ရက်စက်စက်သတ်ဖြတ်ပြီး
အာ ဏာထူထောင်ခဲ့တဲ့ ထျူဇီဂျို၏ နိဂုံး ရောက်လာပါတော့တယ်။
မီရာဘဲလ်တို့ညီအမတွေကို
လုပ်ကြံသတ်ဖြတ်ပြီး ၆ လ နဲ့ ၅ ရက်အကြာ မေလ ၃၀ ရက် ၁၉၆၁ မှာ အာဏာရှင် ထျူဇီ
ဂျိုကိုယ်တိုင်လည်း လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ ထျူဇီဂျိုကို
တောက်လျှောက်ထောက်ခံလာခဲ့တဲ့ အမေရီက က စီအိုင် အေ ကိုယ်တိုင်ပါဝင်စွက်ဖက်
ကူညီပေးခဲ့တဲ့လုပ်ကြံမှုဖြစ်ပါတယ်။ မာရီဘဲလ် ညီအမတွေ အာဇာနည်များကဲ့သို့ ကျဆုံး
မှုဟာ သူတို့တိုင်းပြည်မှာ ဘယ်သူမှ အလိုမရှိတော့တဲ့ အာဏာ ရှင်သူယုတ်မာတဦး
ကျဆုံးခန်းကို အပြီးသတ်ဆုံးဖြတ် ပေးတဲ့ သမိုင်းအချိုးအကွေ့ဖြစ်ပါတယ်။ လိပ်ပြာလေး ၃
ကောင်၏ သမိုင်းကတော့ ရှင်သန်နေဆဲဖြစ်ပါတယ်။
ကမ္ဘာကြီးပေါ်က
ဘယ်လိုအာဏာရှင်မျိုးမဆို အဆုံးတနေ့မှာ သူနဲ့ထိုက်တန်တဲ့ နိဂုံးဆိုတာ ရှိနေတယ်။
ကမ္ဘာမြေပေါ်မှာ
လူ့အခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှု ၊ အကြမ်းဖက်မှုများပပျောက်ရေး၊ ဒါတွေကို
ဆက်လက် တိုက်ပွဲဝင်နေသေးတဲ့ နိုးကြားနေသေးတဲ့သူများ သိန်းသန်းချီ
အများကြီးကျန်သေးတယ်။ ဒီလိုလူမျိုးတွေက လိပ်ပြာ လေးတွေကို ချစ်ကြတယ်။ ဒိုမေနီကန်က
ကျောင်းတွေမှာမက အခြားလက်တင် အမေရိကနိုင်ငံအချို.ကကျောင်းတွေ မှာ ဒီနေ့
ကလေးငယ်တွေက လိပ်ပြာရင်ထိုးများ ကျောင်းဝတ်စုံတွေမှာ တပ်ဆင်လို့
မီရာဘဲလ်တို့ညီအမတွေကို ဂုဏ်ပြု လွမ်းဆွတ်နေကြပြီ။ တကယ်တန်းပြောရရင် မတရားတဲ့၊
ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်မှန်သမျှကို ရဲဝင့်စွာ ဆန့်ကျင် သူအားလုံးဟာ
ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် တဦးနဲ့တဦး ဆက်သွယ်နေကြတယ်။ ဒီကမ္ဘာမြေပေါ်မှာ
မတရားဖိနှိပ်တဲ့ အာ ဏာရှင်တွေကို တော်လှန်သူအားလုံးဟာ တနည်းမဟုတ်တနည်းနဲ့
မောင်နှစ်မ ညီအမ တော်စပ်သူတွေ မဟုတ်ပါလား။
ကမ္ဘာကြီးပေါ်ကလူသားအားလုံး
ကြမ်းကြုတ်ရက်စက်ခြင်းဒဏ်အားလုံးမှ ကင်းဝေးကြပါစေ၊
ကျေးဇူးပါ။