ကျွန်မသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဓာတ်မှန်ဌာနမှ ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)ဖြင့် တာဝန် ထမ်းဆောင်နေ သူ တစ်ဦး
ဖြစ်ပါသည်။ ကျွန်မ၏အမည်မှာ မသင်းဟေမာစိုး (၂၈)နှစ်ဖြစ်ပါတယ်။ ကျွန်မ ၁၄-၁၀-၂၀၁၂
ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံကြီး အဆောင်တွင်ရှိနေစဉ် ဆွေမျိုး
နီးစပ်တော်စပ်သော မဇင်မာစိုး၊ မဇင်မင်းစိုး၊ သန်းဇော်အောင်၊ ချစ်ကိုကိုတို့မှ
ဆူပါကပ်စတန်ကား (ဇ)/၈၀၇၄ ဖြင့် လာရောက်ခေါ် ဆောင်ခဲ့ပါတယ်။ ပုဇွန်တောင်တွင်
မဇင်မာစိုးနှင့် အတူ ဆံပင်ညှပ်ပြီး တာမွေ အခွန် လွတ်ဈေးရှိ မမာလာမြင့်
ဆိုင်သို့သွားပြီး မဇင်မာစိုးနှင့် မဇင်မင်းစိုးတို့ ဆင်းနေခဲ့ပါတယ်။
အခွန်လွတ်ဈေး ကနေ တစ်ဆင့် ကျွန်မကို ဆေးရုံပို့ပေးမယ်ပြောပြီး မပို့တော့ဘဲ
သန်းဇော်အောင်မှ ဓားထောက်ပြီး မအော်နဲ့ ဟု ပြောပြီး ခရမ်းသုံးခွဘက် ခေါ်သွားပါတယ်။
လမ်းတစ်နေရာတွင် ကားပျက်သွားသဖြင့် ဒေါ်မာလာမြင့်နှင့်
စိုးအေး(ခ) ဒါဝတ် တို့ ပြန်လာ ခေါ်ပါတယ် ။ ပြန်ေ ခါ် လာပြီး သင်္ဃန်းကျွန်း လွတ်လပ်ရေးရပ်ကွက်မှ
အိမ်တစ်အိမ်တွင် ဗလီ ဆရာခေါ်ပြီး သန်းဇော်အောင်နှင့် လက်ထပ်ခိုင်းပါသည်။ ထိုစဉ်
အချိန်မှာ ည ၃ နာရီခန့် ရှိပါပြီ။ လက် ထပ်ပြီးနောက် အခွန်လွတ်ဈေး ရှိ ဒါဝတ်(ခ)
စိုးအေးနှင့် ဒေါ်မာလာမြင့်တို့ ဆိုင်သို့ အတင်းပို့ခဲ့ ပါတ်ယ်။ ဆိုင်တွင်
ကျန်ခဲ့ပြီး ကျွန်မမှ သန်းဇော်အောင် အား အမျိုးမျိုး တောင်းပန် ခဲ့ပါတယ်။
ကျွန်မမှာ နံနက်တွင် နိုင်ငံတော်မှ ဓာတ်မှန် ရိုက်စေရန် ခိုင်းစေထားသော အလွန်
အရေးကြီး ပုဂ္ဂိုလ် ၄ အား ဓာတ်မှန်ရိုက်ရန် တာဝန်ရှိပြီး ဓာတ်မှန် ခန်းသော့များလည်း
ကျွန်မထံ ပါလာသည့် အကြောင်း ပြောပြတောင်း ပန်ပြီး နံနက် ၆ နာရီတွင် ပြန်ပြေး
လာခဲ့ပါတယ်။ ကျွန်မ၏အဖြစ်အပျက်များကို ဟင်္သာတရှိ မိဘများထံ ဖုန်းဆက်
အကြောင်းကြားခဲ့ပါတယ်။ မိဘများကလည်း စိုးရိမ်ပူပန် စိတ်များဖြစ်ခဲ့ရပါတယ်။
ထိုသူများ၏ ရန်ကို ရှောင်တိမ်းရန်အတွက် မိဘများက ခွင့်ယူပြီး ဟင်္သာတတွင် ခေတ္တပုန်း အောင်းခိုင်းသဖြင့်
မိဘများနှင့်အတူ ဟင်္သာတတွင် နေထိုင်ခဲ့ပါတယ်။
ယခုဖြစ်ရပ်ကို ဦးဆောင်စီစဉ်သူမှာ
အောင်မြင့်(ခ)အီစမိုင်း (အမှတ်(၁၈)၊ ၁၂၇ လမ်း၊ ၄ လွှာ သပြေ ကုန်းရပ်ကွက်၊
မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များကို သူကရှင်းပေး မယ်ပြောပြီး
ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူတို့အားလုံးက ဆေးရုံကြီးတွင် ကျွန်မ
လက်ထပ်ထားသော စာချုပ်အား မိတ္တူများ လာရောက်ဖြန့်ဝြေ ခင်း ၊ ဟင်္သာတ ရှိ
မိဘများအိမ်ရှေ့မှ ကားဖြင့်လာရောက် အရှက်ခွဲခြင်းများ ပြုလုပ်လာကြပါတယ်။ ဒါကြောင့်
ကျွန်မ လည်း လသာရဲစခန်းတွင် ၂-၁၁-၂၀၁၂ ရက်နေ့တွင် သွားရောက်အမှုဖွင့်
တိုင်ကြားခဲ့ပါ တယ်။ ၈-၁၁-၂၀၁၂ ရက်နေ့တွင် ရဲစခန်းမှ ခေါ်သဖြင့် သွားရောက်လက်မှတ် ထိုးခဲ့ရပါတယ်။
(ပ) ၃၄၀/၂၀၁၂၊ ပုဒ်မ ၃၆၆/၁၁၄ ဟု သိရပါတယ်။
တစ်ဖက်မှ တရားခံများကို စတင်ပြီး
ခေါ်စစ်ကတည်းက ဟင်္သာတအိမ်ကို ဖုန်းနှင့်အမျိုးမျိုးဆဲဆို ခြိမ်းခြောက် ခဲ့ကြပါတယ်။
အဲဒီကိစဖြစ်ပြီးကတည်း ကျွန်မအမေလည်း နှလုံးရောဂါဖြင့် ဆေးရုံကို တင်ခဲ့ရပါ တယ်။
ကျွန်မ မှာလည်း အရှက်တကွဲ အကျိုးနည်းဖြစ်ရသဖြင့် လုပ်ငန်းခွင် သို့ ပြန်မ၀င်ရဲသေးပါ။
ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို အနှောင့်အယှက် အမျိုးမျိုးပြု လုပ်တဲ့ အပြင် လူကို ပါ သတ်မည် ဟု ခြိမ်းခြောက်ပြော ဆိုလာပါတယ်။ ယခုအခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်း ပတ်စ်ပို့စ်များ ကို အသင့်ကိုင်ဆောင်ထားပြီး ဖြစ်ပါတယ်။ ၀န်ထမ်း တစ်ယောက်အနေနှင့် ဆက်လက် တာဝန်ထမ်းဆောင် ရန်မှာလည်း အခက်အခဲများစွာ ရှိနေတဲ့ အပြင် တရား ဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေရပါတယ်။
ဒါကြောင့် ကျွန်မကို အကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို အနှောင့်အယှက် အမျိုးမျိုးပြု လုပ်တဲ့ အပြင် လူကို ပါ သတ်မည် ဟု ခြိမ်းခြောက်ပြော ဆိုလာပါတယ်။ ယခုအခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်း ပတ်စ်ပို့စ်များ ကို အသင့်ကိုင်ဆောင်ထားပြီး ဖြစ်ပါတယ်။ ၀န်ထမ်း တစ်ယောက်အနေနှင့် ဆက်လက် တာဝန်ထမ်းဆောင် ရန်မှာလည်း အခက်အခဲများစွာ ရှိနေတဲ့ အပြင် တရား ဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲ ကြောက်ရွံ့စွာ ပုန်းအောင်းနေရပါတယ်။
ဒါကြောင့် ကျွန်မကို အကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ကာယကံရှင် ပြောပြသော အကြောင်းအရာကို
မူရင်းအတိုင်း တင်ပေးခြင်း ဖြစ်ပါတယ်။
မိုးနေ
မိုးနေ
0 comments:
Post a Comment