Tuesday, November 27, 2012

ရှမ်းအဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကျင်းပ

Posted by drmyochit Tuesday, November 27, 2012, under | No comments


ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှမ်းနိုင်ငံရေး ပါတ်ီများ၊ ရှမ်းလူမှုအဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ ၂၆ ရက်မှစ၍ ၂၈ ရက်အထိ ၃ ရက်ကြာ ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပပြု လုပ်မည် ဖြစ်သည်။ ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်း၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်နယ် ပြန်လည်တည်ထောင် ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA မိုင်းလား)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA ပြည်သူ့စစ်)နှင့် ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက်(SWAN-Thai) စသည့် လက်နက်ကိုင် အဖွဲ့အစည်း ငါးခုနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီစသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှဝ်များ တက်ရောက်ခဲ့ကြသည်။ သမိုင်းတစ်လျှောက်လုံးတွင် နားလည်မှုလွဲခဲ့သော ဖက်ဒရယ်လစ်ဇင် ကဲ့သို့သော ကိစ္စမျိုးကို မိမိတို့အဖွဲ့အစည်း အသီးသီး နားလည်လက်ခံသော အဓိပ္ပာယ်ရရှိ ဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး၊ အာဏာခွဲဝေ မှုကဲ့သို့သော ကိစ္စရပ်မျိုး၊ သယံဇာတခွဲဝေမှု  ကိစ္စရပ်မျိုးကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းများကို ဦးစွာပထမ ရှင်းလင်းရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့လုပ်ငန်းကော်မတ် ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားသွားသည်။
ထို့နောက် ဆွေးနွေးပွဲကို သတင်းမီဒီယာများနှင့် အခြားဖိတ်ကြားထားသော ဧည့် သည်တော်များ မပါဘဲ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်း များသာ သီးသန့်ဆွေးနွေး မှုပြုလုပ်ခြင်း ဖြစ်သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်