
မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီ ယာနှင့် ဆိုဂျူးအရက်များ သောက်သုံးကြသည် ဟုဆိုသည့် ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မမိန်း ကလေးငယ်တချို့အတွက် ဖက်ရှင် ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။
အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ် စွာပြော ဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့် အရေး တစ်ရပ်ဟု...