Wednesday, January 02, 2013

ဘီဘီစီမှ ဖော်ပြသည့် တိုက်ပွဲသတင်း ဗီဒီယို

Posted by drmyochit Wednesday, January 02, 2013, under | No comments

တိုက်ပွဲဖြစ်စဉ်အကြား ကေအိုင်အေတို့အား တိုက်ခိုက်ခဲ့သည့် ရုပ်သံများအပြင် ဘီဘီစီက သူ၏ အာဘော် အတိုင်း လူ့အခွင့်အရေး ဘာညာ ကြားညှပ်ပြောဆိုသွားသည်။ ဗဟုသုတ အဖြစ်ပါ။

ဝါရင့် သမ္ဘာရင့် ဆရာ မောင်သွေးချွန်ရဲ့ သန်း ၆ဝ သို့ ခြောက် လှန့်စာ

Posted by drmyochit Wednesday, January 02, 2013, under | No comments


၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂  ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာဝါရင့်သမ္ဘာရင့်ဆရာ မောင်သွေး ချွန်ရဲ့ '' ရွှေတိဂုံ ဘုရား လင်းတ နားတိုင်းကား ပြည်ရွာ ပျက်မှာလား '' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့    ဆောင်းပါး ဖတ်လိုက် ရပါတယ်။

သမ္မတကတိ ကေအိုင်အေဌာနချုပ်ကို သိမ်းမည်မဟုတ်ဟု ဦးအောင်မင်း ပြော

Posted by drmyochit Wednesday, January 02, 2013, under | No comments

မြ၀တီရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးဖြစ်သော်လည်း ပေါ်ပြူလာဂျာနယ်မှ ဦးလနန် ပြောသည့် အတိုင်းသာ ဖော်ပြ ဆဲပဲ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်တွင် သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည်မဟုတ် ဆို သည့် ဦးအောင်မင်း ပြောစကား ကို ဖော်ပြ ထားသော်လည်း သတင်း တစ်ပုဒ်လုံးတွင် ကေအိုင်အေမှ ဦးလနန် ပြောသည့် စကားများကို ဖော်ပြထားတာ တွေ့ရပါတယ်။

ခရစ္စမတ်တေးသံတွေတိတ် ဗုံးသံတွေကြောင့် စိုးထိတ်နေသော ကချင်မြေ

Posted by drmyochit Wednesday, January 02, 2013, under | 1 comment

တစ်နှစ်နှင့်ခြောက်လကျော် ကြာမြင့် ခဲ့ပြီဖြစ်သော ကချင် စစ်ပွဲများမှာ ယခုအချိန်ထိတိုက်ပွဲပေါင်း ၂၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး နှစ်ဖက်ဒဏ်ရာရ၊ သေဆုံးသူစာရင်းမှာ ထောင်ဂဏန်းခန့် ရှိလာပြီဖြစ်သည်

ကေအိုင်အေးခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး

Posted by drmyochit Wednesday, January 02, 2013, under | No comments



အစိုးရသတင်းစာမှာဖေါ်ပြထားတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင် လက်နက်ချမှုဟာလည်း အယောက် (၁၀၀)ကျော်ပါပြီ။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ကေအိုင်အေစစ်သည်တွေအနေနဲ့ စစ်ကိုမလို လားဘူး ဆက်မ တိုက်ချင် တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး

Posted by drmyochit Wednesday, January 02, 2013, under | No comments


Wednesday, January 02, 2013

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင် မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့် အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန် ကုန်တင်ရထားဖြတ်သန်းမောင်းနှင် နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊

ပခုက္ကူ NLD ပါတီ မြို့နယ် ညီလာခံကျင်းပ

Posted by drmyochit Wednesday, January 02, 2013, under | No comments


ပခုက္ကူ ၊ ဇန်န၀ါရီ ၂

ပခုက္ကူ NLD ပါတီ မြို့နယ် ညီလာခံကို ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ အမှတ် ဂ ရပ်ကွက် ရှိအမျိုးသား ခန်းမ တွင် ကျင်းပခဲ့ကြောင်းသိရသည်။

မြေဧက ၂၂၀ ပေါ်တွင် အိမ်ခန်းပေါင်း ၁၇၀၀၀ ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြီးနှစ်ခုကို ရွှေတောင်နှင့် IGE တို့ တည်ဆောက်ခွင့်ရရှိ

Posted by drmyochit Wednesday, January 02, 2013, under | No comments

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း နှစ်ခုကို အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။

တရုတ်ပြည် အမျိုးသမီး အများစု က မိမိထက် ၁၀ နှစ်အသက်ကြီးသူကို ချိန်းတွေရန် ပိုနှစ်သက်

Posted by drmyochit Wednesday, January 02, 2013, under | No comments

တရုတ်ပြည်က ကျားမပေါင်း ၉၈၀၀၀ ကျော်ထံမှ ရယူခဲ့တဲ့ စစ်တမ်း ကောက်ချက်တခုမှာ အမျိုးသမီး ၇၀ ရာ ခိုင်နှုန်း (အသက် ၁၈ -၂၅ ကြား) က မိမိထက် ၁၀ နှစ် အသက်ကြီးတဲ့ ယောင်္ကျားကို ချိန်းတွေ့ဖို့ ပိုနှစ် သက် ကြောင်း၊ အကြောင်းရင်းမှာ ငွေကြေးအရပိုပြည့်စုံပြီး သူတို့အား ဂရုပိုစိုက်နိုင်ကြောင်းလို့ ဖော်ပြ ထားပါ တယ်။ 

ကေအိုင်အေက ခရီးသွားနဲ့ဒေသခံတွေဆီက ဆက်ကြေးတောင်းဟု RFA ဖော်ပြ

Posted by drmyochit Wednesday, January 02, 2013, under | No comments

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက လုံးခင်းနဲ့ တောမှော်ကျေးရွာအကြား အလယ်စခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ ကေအိုင်အေ ပြည်သူ့စစ်တပ်ကနေ ဒေသခံတွေနဲ့ ခရီးသည်တင်ကားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်ဒေသခံတွေက RFA ကိုပြောပါတယ်

ဘွမ်လွိ တောင်ကုန်းစခန်းအား တပ်မတော်ထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် KIA,ထိုးစစ်ဆင်

Posted by drmyochit Wednesday, January 02, 2013, under | No comments

KIA, တပ်မဟာ (၅)၊ တပ်ရင်း (၂၃)၏ ရှေ့တန်းလုံခြုံရေး တောင်ကုန်းစခန်း တစ်ခု ဖြစ်သော "ဘွမ်လွိ"(Bum Lwi) Post အား တပ်မတော် က (၂၈၊ ၁၂၊ ၂၀၁၂)ရက်နေ့ မှ စ၍ လက်နက်ကြီးများ၊ လေကြောင်းမှ အကူအညီများဖြင့် တိုက်ခိုက်၍ ၄င်းတောင်ကုန်းစခန်းအား (30/12/2012) ရက်နေ့ တွင် သိမ်းယူရ ရှိခဲ့သည်။

စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် KIA အဖွဲ့အကြောင်း တစေ့တစောင်း

Posted by drmyochit Wednesday, January 02, 2013, under | No comments

ကချင်ပြည်နယ်အတွင်းမှမြို့လေးတစ်မြို့တွင် ကျွန်တော်နေထိုင်ပါသည်။ ရှမ်းလူမျိုးတစ်ဦး ဖြစ်သော်ငြား ကချင် ပြည်နယ်အတွင်းနေထိုင်ခဲ့သည်မှာ ဆယ်စုနှစ် ၅ ခုနီးပါးရှိပြီဖြစ်သည့်အတွက် ရှမ်းလည်းကချင်၊ ကချင်လည်းရှမ်း တစ်စိတ်တည်း တစ်ဝမ်းတည်းဟု ခံယူထားပါသည်။

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Posted by drmyochit Wednesday, January 02, 2013, under | No comments

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက် ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက် ခဲယမ်းများစွာ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။ 

ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ

Posted by drmyochit Wednesday, January 02, 2013, under | No comments


အိန္ဒိယ နယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင် ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို ဖမ်းဆီး ရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ကညနမှ ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်း ပြီး စာရင်းထုတ်ပြန်ကြေညာ

Posted by drmyochit Wednesday, January 02, 2013, under | 1 comment

ကညနသို့ ဒီဇင်ဘာ ၁၈ရက် အထိလာရောက် ဖျက်သိမ်း ပြီးသော ယာဉ်အို၊ယာဉ်ဟောင်း စာရင်းများမှာ စီးရေ ၇၈၃၄၂ စီးရှိကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။ ထိုစီးရေများထဲတွင် လူစီး ယာဉ်မှာ အများ ဆုံးဖြစ်ကြောင်း သိ ရပြီး အစီးရေ ၇၁၉၂၅ စီးရှိသည် ဟုဆိုသည်။

မလေးရှားနိုင်ငံတွင် ရခိုင်အမျိုးသား(၄)ဦးအကြမ်းဖက်ခံရ

Posted by drmyochit Wednesday, January 02, 2013, under | No comments


မလေးရှားနိုင်ငံ နွန်းမနီမြို့၌ ရာဘာ ခင်းတွင် အလုပ် လုပ်ကိုင်နေသော ရခိုင် အမျိုး သား(၄) ဦးသည် ဒီဇင်ဘာ လ(၂၈) ရက်နေ့တွင် ဒေသခံ ဘင်္ဂလီ အုပ်စု တစ်စု၏ အကြမ်းဖက် သတ်ဖြတ်ခြင်း ခံခဲ့ ရကြောင်း သတင်း ရရှိ သည်။

အိန္ဒိယ၌ ၄၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးထပ်မံ အဓမ္မပြုကျင့်အသတ်ခံရ

Posted by drmyochit Wednesday, January 02, 2013, under | No comments


အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌အသက် ၄၂ နှစ် အရွယ် အမျိုး သမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ထုတ်ပြန် ခဲ့ပါသည်။

တပ်မတော်က ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူတို့၏ အဓိက စခန်းထောက် တစ်ခုအား သိမ်းပိုက် ရရှိခြင်း

Posted by drmyochit Wednesday, January 02, 2013, under | 1 comment


နေပြည်တော် ဇန်နဝါရီ ၁


နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်အရ တပ်မတော်သည် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူအ ဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းချက်ထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ ပြည်နယ် အဆင့် တွေ့ဆုံ ဆွေးနွေးမှု ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ စုစုပေါင်း ၁၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။


၃၀-၁၀-၂၀၁၂ ရက်နေ့ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ရာတွင် နှစ်ဖက်တပ်များ နေရာချထားရေးအတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် တောင်းဆို ချက်အရ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ပေးခဲ့သော်လည်း တစ်ဖက်မှ စစ် ဘက်ခေါင်းဆောင်ပိုင်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင် ရွက်နိုင် မှု မရှိခဲ့ပါ။

ဆွေးနွေးပွဲ ပြုလုပ်စဉ် အတွင်း၌လည်း ၂၉-၈-၂၀၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ် ဝေအောင်ကမ္ဘာ ကုမ္ပဏီ အခြေစိုက်ရာ တောင်ကုန်းရှိ ကျောက်ထုတ်လုပ်မှု လုပ်ငန်းနှင့် စက်ယန္တရားများအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီး နေကြောင်း သတင်းအရ တပ်မတော်မှ ဝင်ရောက် ရှင်းလင်းရာတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ထောင်ချောက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပါသည်။ ၁၈-၁၂-၂၀၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရဲစခန်းအား ကေအိုအေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ကျဆုံးလျက် လက်နက်များ ဆုံးရှုံးခဲ့ပါသည်။



၂၁-၁၂-၂၀၁၂ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် မန္တလေး-မြစ်ကြီးနား ကုန်ရထားအား အကြောင်းမဲ့မိုင်းခွဲ တိုက်ခိုက် ခဲ့သဖြင့် ရထားသံလမ်းပျက်စီး၊ ကုန်တွဲများ တိမ်းမှောက်၍ ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ပါသည်။

ပြည်တွင်း သတင်းဂျာနယ် NEWSWEEK မှ တရုတ်ဘက် ရွှေ့ပြောင်းသွားတဲ့ ကေအိုင်အေ ဆွေမျိုးများ သတင်း

Posted by drmyochit Wednesday, January 02, 2013, under | No comments

The Voice ဂျာနယ်မှ ကေအိုင်အေမှ မိုင်းခွဲပါသည်ဟု ၀န်ခံပြီးချိန်ထိ ကေအိုင်အေကို ဆက်သွယ်မေးမြန်း နေချိန်၊ Eleven ဂျာနယ်မှ ပြည်တွင်း ဆူပူမှုများကို သတင်းလိုက်ယူ နေချိန်တွင် ပြည်သူဘက်က၊ တပ်မတော် သည် နိုင်ငံအတွက် ဆိုတာကို လက်ခံယုံကြည်သည့် သတင်းဂျာနယ် NewsWeek မှ ကေအိုင်အေ ဆွေမျိုးများ တရုတ်ဘက်ထွက်ပြေးသည့် သတင်းကို ဖော်ပြခဲ့သည်။

ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်

Posted by drmyochit Wednesday, January 02, 2013, under | No comments

ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊ နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုေ ပါင်း ၂၀၂ ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ လည်းေ ကာင်း၊ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၇၉ ဦး၊ မ ၉၅ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရားကျောင်းဝင်း အတွင်း၌ လည်းကောင်း စစ်ဘေး တိမ်းရှောင် ရန် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်