Wednesday, January 02, 2013

ဘွမ်လွိ တောင်ကုန်းစခန်းအား တပ်မတော်ထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် KIA,ထိုးစစ်ဆင်

Posted by drmyochit Wednesday, January 02, 2013, under | No comments

KIA, တပ်မဟာ (၅)၊ တပ်ရင်း (၂၃)၏ ရှေ့တန်းလုံခြုံရေး တောင်ကုန်းစခန်း တစ်ခု ဖြစ်သော "ဘွမ်လွိ"(Bum Lwi) Post အား တပ်မတော် က (၂၈၊ ၁၂၊ ၂၀၁၂)ရက်နေ့ မှ စ၍ လက်နက်ကြီးများ၊ လေကြောင်းမှ အကူအညီများဖြင့် တိုက်ခိုက်၍ ၄င်းတောင်ကုန်းစခန်းအား (30/12/2012) ရက်နေ့ တွင် သိမ်းယူရ ရှိခဲ့သည်။ ယခုအခါ KIA, မှ ၄င်းတို့ လက်လွှတ်လိုက်သော အဆိုပါ စခန်းအား တက်မတော်ထံမှ ပြန်လည် သိမ်းပိုက် နိုင်ရန်အတွက် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရာမှ နှစ်ဘက် စစ်အင်အား အလုံး အရင်းဖြင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွား ပြီး (1/1/2013) ရက်နေ့ တွင် KIA, ဘက်မှ (၂)ဦးကျဆုံး ကာ တပ်ဘက်မှ လည်းအများအပြား ထိခိုက်ကျဆုံးကြောင်း KIA, ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်ဟု အွန်လိုင်း ကေအိုင်အေများက ဖော်ပြထားသည်။


(lachid kachin)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်