Wednesday, January 02, 2013

အိန္ဒိယ၌ ၄၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးထပ်မံ အဓမ္မပြုကျင့်အသတ်ခံရ

Posted by drmyochit Wednesday, January 02, 2013, under | No comments


အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌အသက် ၄၂ နှစ် အရွယ် အမျိုး သမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့် သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ ဖြစ်ပေါ် နေချိန် အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြား ချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါ ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံ ရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။


မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်