Wednesday, January 02, 2013

သမ္မတကတိ ကေအိုင်အေဌာနချုပ်ကို သိမ်းမည်မဟုတ်ဟု ဦးအောင်မင်း ပြော

Posted by drmyochit Wednesday, January 02, 2013, under | No comments

မြ၀တီရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးဖြစ်သော်လည်း ပေါ်ပြူလာဂျာနယ်မှ ဦးလနန် ပြောသည့် အတိုင်းသာ ဖော်ပြ ဆဲပဲ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်တွင် သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည်မဟုတ် ဆို သည့် ဦးအောင်မင်း ပြောစကား ကို ဖော်ပြ ထားသော်လည်း သတင်း တစ်ပုဒ်လုံးတွင် ကေအိုင်အေမှ ဦးလနန် ပြောသည့် စကားများကို ဖော်ပြထားတာ တွေ့ရပါတယ်။



တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အကြောင်းကြားခဲ့စဉ်က မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ခဲ့သော ဦးအောင်မင်းအား ဒီဇင်ဘာ ၂၇ ရက်နေ့ အန်အယ်လ်ဒီပွဲတွင် တွေ့ ရပုံ======================================================

ကေအိုင်အေဌာနချုပ် လိုင်ဇာကို တိုက်ခိုက်သိမ်းပိုက်မည်မဟုတ်ဟု သမ္မတကိုယ်တိုင် ပြောထားပြီး ဖြစ်ေ ကြာင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော သည်။

”လိုင်ဇာကို သိမ်းဖို့ မရှိပါဘူး။ သမ္မတကြီးက ကတိပေးပြီးသားပဲ။ သမ္မတကြီးပေးတဲ့ ကတိက လူကြီး ပေးတဲ့ ကတိပဲ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ လက် ရှိ တွင် လိုင်ဇာနှင့်အနီးတစ်ဝိုက် ၌ ဒီဇင်ဘာ ၂၈ ရက် မှ စ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိခိုက်မှု လည်းပိုများကြောင်း၊ အနီးကပ်တိုက်ပွဲ ဖြစ်ေ သာေ ကြာင့် ပခုံး ထမ်းလောင်ချာ များ အသုံးပြုကာ တိုက်နေကြကြောင်း ကေအိုင်အေမှ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က ပြောသည်။

”အဓိက ကတော့ လဂျားယန်နား တစ်ဝိုက်ကိုပေါ့။ အဓိက ပစ်မှတ်ထားပြီး ပစ်တဲ့ ပုံစံမျိုးပါ။ ဗုံးကြဲလာ တာ မျိုး လည်း ရှိတယ်” ဟု ၄င်းက ပြောသည်။ ”စစ်အရှိန် မြှင့်ပြီးလိုင်ဇာကို တိုက် တာဖြစ်လာတယ် ဆိုရင် ကချင်လူထု ကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ ပိုဖြစ် လာနိုင်တယ်။ လိုင်ဇာရဲ့ အနေအထား ကိုကြည့်တော့ အပြင် စည်း ပတ်ပတ် လည်မှာ ဒုက္ခသည်စခန်းတွေ၊ ဒီဒုက္ခသည်စခန်း တွေခံနေတဲ့ အပေါ်မှာ စစ်ဆင်ရေး လုပ်ရင် ဒီလူတွေ အများကြီး သွားထိခိုက်နိုင်တယ်” ဟု ၄င်းက ပြော သည်။

ဒီဇင်ဘာ ၂၃ ရက်မှစ၍ ကွတ်ခိုင်မြို့ပေါ်သို့ ဂါလွိန်၊ နားချမ် စသည်တို့မှ ဒုက္ခသည် ၂၉ဝ ကျော်ရောက် ရှိ လာပြီး ကွတ်ခိုင် ဃ့ကမခ့ တွင် ခိုလှုံနေကြကြောင်း၊ နောက်ထပ် လည်း စစ်ပြေးဒုက္ခသည် များ ထပ်ရောက် လာရန် ရှိေ ကြာင်း ကချင်ဒေသခံတစ်ဦးက ပြော သည်။” မနေ့က (ဒီဇင်ဘာ ၃ဝ) မှာ လေးကြိမ် ပစ်တယ်။ အခုလည်း ပစ် နေတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင် ဒုက္ခ သည် စခန်း အနီးကို လက်နက်ကြီးများနှင့် ပစ်ခတ်မှု မရှိသေးသော်လည်း ဒုက္ခ သည် စခန်းပေါ်မှ ပျံသန်း ကာ ပစ်မှတ်ကိုရှာခြင်းမျိုး ဖြစ်၍ ဒေသခံ များ အထိ တ်တလန့် ဖြစ်နေကြ သည် ဟု ဦးလနန် က ပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသခံတစ်ဦးက ”ထိုးစစ် မဆင်ဘူးလို့ ပြော ထား တယ်ဗျာ၊ ဒါပေမဲ့ လေ ယာဉ်ပျံတွေ သုံးထား တယ်၊ ဖားကန့်ဘက်မှာလည်း ဖြစ်နေတယ်။ နိုင်ငံရေး ဘက်မှာ လုပ်နေကြတဲ့သူတွေ အာရုံစိုက် သင့်ပြီ။ ၈၈ မျိုးဆက်တို့ လွှတ် တော်တို့က တာဝန်ရှိသူတွေ ကွင်း ဆင်းလေ့လာသင့်တယ်” ဟု ၄င်း ၏ အမြင်ကို ပြောသည်။

Peace Center မှ ပဋိပက္ခ ဖြေရှင်းရေးပညာရှင် ဒေါက်တာ မင်းဇော်ဦးက တိုက်ပွဲ များ ပြင်းထန် လာပါက အနည်းနှင့် အများ ပြည် သူကို ထိခိုက်နိုင်သည့်အတွက် ပြည်သူများကို အကာအကွယ်ပေး နိုင်ရေး နှစ်ဖက် စလုံးက ဆောင် ရွက်ရန် လိုကြောင်း ပြောသည်။ တိုက်ပွဲများ ပြင်းထန် လာပါက ငြိမ်းချမ်းရေး သဘာဝများ လျော့ ကျသွားသည့် သဘောရှိကြောင်း၊ မည်သည့်ဘက်က မှားသည် မှန် သည်ကို အဖြေ ထုတ်နေမည့် အစား တိုက်ပွဲများ ပြင်းထန်လာ သည့် အကြောင်းရင်းကို သိရန် လို အပ်ကြောင်း ၄င်းကပြော သည်။” တိုက်ပွဲချက်ချင်း ရပ်ဆိုင်းဖို့ ဆိုရင် ဒီလိုအချိန်မှာ ကေအိုင်အို ဘက်က တပ်မှူးတွေနဲ့ တပ်မတော် ဘက် က တပ်မှူးေ တွ စားပွဲဝိုင်းပေါ် တက် မြေပုံချပြီး ဆွေးနွေးမှပဲ ရတော့မယ်” ဟု ၄င်းကပြော သည်။

လိုင်ဇာကို တိုက်သည့်အခြေ အနေ ဖြစ်လာပါက အစိုးရမှ တွေ့ဆုံဖြေရှင်းသည့် ပုံသဏ္ဌာန် မကျင့်သုံး ဘဲ စစ်ရေးအရ ဖြေရှင်း သည့်ပုံသဏ္ဌာန်ကျင့်သုံးသည့် ပုံရိပ်မျိုးဖြစ် လာနိုင်ကြောင်း ၄င်းက ပြော သည်။ လိုင် ဇာနှင့် ၁ဝ မိုင်ဝန်းကျင် တွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၃ဝ ရက်တိုက် ပွဲတွင် ကေအိုင်အေ ဘက်မှ ၄ ဦးကျပြီး ထိခိုက်ဒဏ်ရာ ရသူ ၅ ဦးခန့် ရှိကြောင်း၊ လက် နက်ကြီး (၈၄-မမ) ထိမှန်သူ ၃ဝ ဦးခန့်ရှိကြောင်းဦးလနန်က ပြော သည်။

”စစ်တပ်ဘက်မှာလည်း ထိ ခိုက်မှုတော့ များမယ်ထင်တယ်။ ဦးရေတော့ တိတိကျကျ ပြောလို့ မရနိုင်ဘူး။ မနေ့ ကဆို ကိုက် ၅ဝ အကွာမှာ ပစ်ကြတာ ဆိုတော့ သူတို့ဘက်ကလည်း ထိခိုက်မှာ တော့ အမှန်ပဲ” ဟု ၄င်း က ပြောသည်။သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ၂ဝ၁၃ ခုနှစ် အတွင်းUNFC အပါ အဝင် ကေအိုင်အိုနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန် အဟုန်မြှင့် ဆောင်ရွက် သွား မည်ဟု ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။

Popular .News
Posted by AF in ပြည်တွင်းသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်