Monday, November 12, 2012

မြန်မာပြည်တွင် ငလျင် ၂ ခါ လှုပ်၊ ၁၂ ဦး သေဆုံး၊ လူတွေ ကြောက်လန့်နေကြ

Posted by drmyochit Monday, November 12, 2012, under | No comments

“မန္တလေးမှာ တော်တော်လေးတော့ လှုပ်သွားတယ် ဗျ။ နှစ်ခါ လှုပ်တာ၊ မနက်နဲ့ ညနေနဲ့ လေ။ မနက် ၈ နာရီမတ်တင်းလောက်က တခေါက်၊ ညနေ ၅ နာရီကျော်ကျော်လောက်က တခေါက်၊ ကျွန်တော်တို့ အရပ်ထဲမှာတော့ ဘာမှ အပျက်အစီး မရှိဘူး ပေါ့။ ကြားတာတွေကတော့ ဘုရားကြီးဘက်မှာ တိုင်တလုံးက နှစ်ခြမ်းကွဲသွားတယ် တို့၊ ဈေးချို မန်းမြန်မာပလာဇာကြီးက ၅ လက်မ နိမ့်ဝင်သွားတယ်လို့လည်း ပြောကြတယ်။ ဒီနေ့ ဈေးမထွက်ရဘူး ဆိုတာတော့ ဟုတ်တယ်။ ဈေးပိတ်လိုက်တယ်လို့ ပြောတယ်။ ငလျင်ကြီး ည ၁ နာရီမှာ ငလျင်လှုပ်မယ်လို့လည်း ပြောနေကြတယ်။ လူတွေကတော့ ကြောက်နေတယ် ဗျ။ ညကို အထပ်မြင့်တွေမှာ မအိပ်ကြဘဲ အောက်မှာ အိပ်ကြမယ်လို့...

ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည်

Posted by drmyochit Monday, November 12, 2012, under | No comments

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယ နိုင်ငံရောက် မြန်မာများအား မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ မြန်မာဒုက္ခသည်များအား နယူးဒေလီမြို့ Vikaspuri ရပ် Oxford ကျောင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံမည် ဖြစ်ကြောင်း ၁၉၉ဝ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဒေါက်တာတင့်ဆွေ က ပြောသည်။ “နိုဝင်ဘာ ၁၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် တခြား အစီအစဉ်တွေ ရှိပါမယ်။ Community (အသိုင်းအဝိုင်း)နဲ့တွေ့ဖို့ ဒီ Oxford ကျောင်းကို လာမှာပါ။ အချိန် နာရီဝက်လောက် ရမယ်လို့...

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည်

Posted by drmyochit Monday, November 12, 2012, under | No comments

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့က လှိုင်မြို့နယ် မြန်မာ အင်ဖိုတတ်တွင် ပြုလုပ်သည့် “လူမှုဘဝ လုံခြုံမှု ပေးစွမ်းနိုင်မည့် ခြေလှမ်း” ခေါင်းစဉ်နှင့် ဆွေးနွေးပွဲက ဆိုသည်။ “လူမှုရေးအရ အကာအကွယ်ပေးမှုဆိုရာမှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုရေးခံစားခွင့်တွေ ချို့တဲ့နေသူတွေ၊ စီးပွားရေးအရရော လူမှုရေး ခံစားခွင့်တွေ ချို့တဲ့နေရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတင်မကဘဲ ဆိုးကျိုးတွေလျော့သွားစေဖို့၊ ပပျောက်စေဖို့ ရည်ရွယ်ပြီး အကောင်အထည် ဖော်သွားမှာပါ” ဟု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ...

ရွေ့လျားကျောင်းများ ဖွင့်လှစ်ပေးထားဟု ဒု-ဝန်ကြီး ဆို

Posted by drmyochit Monday, November 12, 2012, under | No comments

မြန်မာ့ပညာရေး ကဏ္ဍတွင် ဟန်ချက်ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် ရှိရေးအတွက် ကျေးရွာ အတည်တကျမရှိသော ဒေသများ၌ ရွေ့လျား ကျောင်းများအဖြစ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။ “မြို့ပေါ်ရပ်ကွက်များတွင် အလယ်တန်း၊ အထက်တန်းအဆင့် တတ်ရောက်မည့် ကျောင်းသား ဦးရေနှင့် ခရီးအကွာအဝေး တို့အပေါ် မူတည်ပြီး (မူ၊ လယ်၊ ထက်) ကျောင်းတွေ စီစဉ်ဖွင့်လှစ် ပေးထားပြီးပါပြီ။ ကျေးရွာအတည် တကျမရှိတဲ့ ဒေသတွေမှာ ရွေ့လျားကျောင်းတွေ အဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်” ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူ က ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း မကွေးတိုင်း...

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

Posted by drmyochit Monday, November 12, 2012, under | No comments

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှုဖြစ်ပွား ခဲ့သောကြောင့် သေဆုံးသူ ၆ဦး ရှိခဲ့သည်။ ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦးတွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။ သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူ...

သမ္မတ အိုဘားမား ခရီးစဉ်ကို ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်မှု ရှိခဲ့

Posted by drmyochit Monday, November 12, 2012, under | No comments

မေရိကန် သမ္မတ ဘားရက် အိုဘားမား၏ လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင် လာရောက် လည်ပတ်မည့် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကနဦး သဘောမတူမှု၊ စိုးရိမ်မှုတချို့ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စိုးရိမ်မှုများထဲမှ တခုတွင် သမ္မတ အိုဘားမားအနေဖြင့် နေပြည်တော်သို့ သွားရောက်လည်ပတ်မည့် ကိစ္စလည်း ပါဝင်ကြောင်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းတွင် Josh Rogin ရေးသားသည့် သတင်းတပုဒ် အဆိုအရ သိရှိရသည်။ သို့သော် သမ္မတ...

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် NLD ပါတီအား မကျေနပ်သဖြင့် ၀င်ရောက်တိုက်ခိုက်

Posted by drmyochit Monday, November 12, 2012, under | No comments

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ကျေးရွာ  ရုံးတစ်ရုံးတိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်မီးရှို့ ဖျက်ဆီး ခံရကြောင်းသိ ရရှိသည်။ “ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက ရွာသားတစ်ဦးက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ...

ခေတ်မှီသူတိုင်း အဖွဲ့အစည်းများ ဤသို့ဖွဲ့ကြသည်(ပေးစာ - ၂၁၁)

Posted by drmyochit Monday, November 12, 2012, under | No comments

၉၉ မျိုးဆက်ဟောင်း မူကြိုကျောင်းသားအိုသမဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ အဖွဲ့ဝင်များ ဖိတ်ခေါ်ခြင်း စည်းကမ်းချက်များ ၁။ မူကြို၂နှစ်ဆက်တိုက်တက်ရောက်ခဲ့ကြောင်းထောက်ခံချက်။အသက်၅နှစ်ထက်မကြီးရ။ ၂။  ဆရာမများအားဆန္ဒပြဘူးသူဖြစ်ရမည်။ ၃။ ဆရာမများအားဆန္ဒပြမှုဖြင့်အရိုက်ခံဘူးသူဖြစ်ရမည်။ ၄။  မူကြိုတွင်မိုက်ကိုင်ဘူးသူဖြစ်ရမည်။ ၅။  နောက်ပေါက်ကျောင်းသားမျာအားမဟုတ်တာကိုအဟုတ်ပြောတတ်ရမည်။ ၆။  လူ၅ဦးစုသောနေရာမှန်သမျှအမြန်ရောက်အောင်သွားနိုင်သူဖြစ်ရမည်။ ၇။  ရန်ပုံငွေအား...

ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး လေကြောင်းဝန်ထမ်း မြန်မာအမျိုးသားကို လည်ပင်းညှစ်

Posted by drmyochit Monday, November 12, 2012, under | No comments

ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကြီးတစ်ဦးက Air Asia လေကြောင်းမှ မြန်မာဝန်ထမ်းအမျိုးသားတစ်ဦးအား လည်ပင်းညှစ်သည့်ဖြစ် ရပ်တစ်ခု မတ် ၄ ရက်က ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ “မတ် ၂၀ ရက် ပြန်မယ့်လက်မှတ်ကို စောပြီးပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေရတာ ကြာတယ်ဆိုပြီး လည်ပင်းညှစ်တာ”ဟု အဆိုပါ လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်းညှစ်သော အမျိုးသမီးကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည်တောင်းပန်သောကြောင့်...

ဆန်ဈေး ကျလာသော်လည်း အခြား စားသုံးကုန်များ ဈေးတက်နေဆဲ ပူတာအို

Posted by drmyochit Monday, November 12, 2012, under | No comments

လက်ရှိအချိန်တွင် ကောက်သစ်စပါးများ ပေါ်ချိန်ဖြစ်၍ ဆန်အတွက် ယခင်ကဲ့ စိတ်ပူစရာမလိုသော်လည်း ကျန်စားသုံးကုန်ဈေးနှုန်းများမှာ အလွန်မြင့်တက် လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။ “အရင်လတွေတုန်းက ဆန်နို့ဆီတစ်ဘူးကို ငါးရာပေးရတယ်၊ အခု တစ်ထောင်ဖိုး နို့ဆီဘူး ငါးလုံးဆိုတော့ မဆိုးဘူးလို့ပြောရ မှာပေါ့၊ ဒါပေမဲ့အခြားစားသောက်ကုန်ပစ္စည်းတွေက အဆမတန်ဈေးတက်နေတယ်” ဟု ပူတာအို NLDပါတီမှ ဦးရောစီက ပြောသည်။ မြစ်ကြီးနားနှင့်ပူတာအိုသို့ ဆက်သွယ်ထားသော လမ်းတံတားများအား...

ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆက်ကြေးကောက်နေတဲ့ KIA

Posted by drmyochit Monday, November 12, 2012, under | No comments

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်မှ စတင်ပြီး KIA အဖွဲ့သည် စနက်ချောင်းနှင့် နှစ်သစ်ကူး ကျွန်းအနီး တစ်ဝိုက်တွင် ရွှေတူးဖော် လုပ်ကိုင်နေသူများနှင့် မှော်အတွင်း ၀င်/ထွက် သွားလာနေသူများ ထံမှ ဆက်ကြေးများကောက် ခံလျှက်ရှိပါသည်- (၁)     တစ်လုံးထိုး ရွှေစက်ဆိုင်း တစ်ဆိုင်းလျှင် လစဉ်ကြေးအဖြစ်ရွှေ (၄၀) ရွေး။ (၂)     မှော်အတွင်း ၀င်/ထွက်သွားလာသူများထံမှ အ၀င်/အထွက် တစ်ဦးလျှင် ၁၀၀၀ ကျပ်။ (၃)     မှော်အတွင်း ဧည့်စာရင်းတိုင်ကြေးအဖြစ်...

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KIA မှ လက်မခံသည့်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

Posted by drmyochit Monday, November 12, 2012, under | No comments

ကချင်ပြည်နယ်အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက် နေကြပါသည်။ KIO အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်း မရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများ...

ရွှေကူတွင် မှောင်ခိုနွားများဖမ်းဆီးရမိ

Posted by drmyochit Monday, November 12, 2012, under | No comments

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် တရားမ၀င် မောင်းနှင်လာသော နွား အကောင် ၄၀ ပါ နွားအုပ်အား ဖမ်းဆီးရမိခဲ့ပါသည်။ ဖြစ်စဉ်မှာ မြို့လှ ရဲစခန်းမှ ရဲအုပ် ခင်မောင်ဝင်း ပါဝင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကျောင်းကုန်း ကျေးရွာ၏ အနောက်ဘက် ၀က်မစား ကုန်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်ဘက်မှ ကသာ - ဗန်းမော် မီးရတားလမ်းအတိုင်း ခွင့်ပြုချက်...

မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်

Posted by drmyochit Monday, November 12, 2012, under | No comments

ပြီးခဲ့တဲ့ တလလောက်က တာလီဘန်တွေရဲ့ ပစ်ခတ်တာ ခံရပြီးဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင်(Malala Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စနေနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ရှေ့ထွက်ပြောဆိုခဲ့တဲ့ မာလာလာ ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက်၊ စနေနေ့ကို မာလာလာ နေ့ အဖြစ် ကုလသမဂ္ဂကလည်း သတ်မှတ်လိုက်ပါတယ်။ အပြည့်စုံ သိရအောင် မခင်ဖြူထွေးက တင်ပြထားပါတယ်။တာလီဘန်အဖွဲ့တွေရဲ့...

မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် အိမ် ၁၇ လုံး ပြိုကျပျက်စီး

Posted by drmyochit Monday, November 12, 2012, under | No comments

နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်သောကြောင့်နှင့် ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ဘောလုံးကွင်းတွင် ယာယီစခန်းထိုး၍ နေထိုင်နေကြသော ဒေသခံများ။ မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအများဆုံး ကျေးရွာများတွင် ပါဝင်ပြီး တစ်ရွာတည်းမှာပင် အိမ် ၁၇ လုံး ပြိုကျပျက်စီးခဲ့သည်။ နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်သောကြောင့်နှင့် ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော...

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော် ကျောင်းလွှတ်ပူဇာ ရေစက်ချ အလှူတော်မင်္ဂလာနှင့် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်း

Posted by drmyochit Monday, November 12, 2012, under | No comments

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရီမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ သိမ်ကျောင်းဝင်းအတွင်းရှိ သိမ်ကျောင်းတော် ကျောင်းလွှတ်ပူဇာ ရေစက်ချ အလှူတော်မင်္ဂလာနှင့် ရှေးဟောင်းစေ တီတော်များ၊ သာသနိက အဆောက် အအုံများ ပြုပြင်မွမ်းမံရေးအတွက် အလှူတော်ငွေပေးအပ် ဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီ (၂) မိနစ်တွင် ပုဗ္ဗသီရီမြို့နယ် သိမ်ကျောင်းဝင်းအတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် ကြည်ညို၍ အလှူငွေများပေး အပ်လှူဒါန်းသည်။ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ...

ယနေ့လူပ်ခတ်ခဲ့သော ငလျင်နောက်ဆက်တွဲသတင်း

Posted by drmyochit Monday, November 12, 2012, under | No comments

ယနေ့နံနက်တွင် ဖြစ်ပေါ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ပျက်စီးမှုအချို့နဲ့ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့ကြောင်း သိရှိရပါတယ်။ ငလျင်လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော်ဘုရား စိန်ဖူးတော်တိုင် အနည်းငယ် တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရား ထီးတော်ထိပ်မှ ဖန်သီးအချို့ပြုတ်ကျခြင်း၊...

ငလျင်ဒါဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများအား အစိုးရ နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အရင်ဆုံး စတင်လုပ်ဆောင်

Posted by drmyochit Monday, November 12, 2012, under | No comments

 ငလျင်ဒါဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းတာဝန်ခံ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ သူရဦးအေးမြင့်တို့ သွားရောက် စစ်ကိုင်း-နိဝင်ဘာ၁၁ ယနေ့နံနက် ၇း၄၅ အချိန်က လှုပ်ခတ်သွားသော ငလျင်ဒါဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းတာဝန်ခံ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ သူရဦးအေးမြင့်နှင့် တာဝန်ရှိသူများ သွားရောက်ဆောင်ရွက်လျှက် ရှိါသည်။အရေးကြီး...

နောက်ဆုံးရ ငလျင်သတင်း နှင့် ဓာတ်ပုံများ (၂)

Posted by drmyochit Monday, November 12, 2012, under | No comments

ရွှေဘိုမြို့တွင်ငလျင်ထပ်လှုပ် ..................................................................................... ရွှေဘိုမြို့၌ ယနေ့ ၅နာရီ ၂၅ မိနစ်တွင် ၈စက္ကန့်ခန့် ငလျင် ထပ်မံလှုပ် သွားကြောင်း ယင်းမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ စစ်ကိုင်းမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ငလျင်ထပ်လှုပ်လို့ ခြေထောက်တောင် တုန်နေတယ်” ဟု The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။   အမရပူရမြို့မှ ပုထိုးတော်ကြီး...

မနက်ပိုင်း ငလျင်လှုပ်ရာ ဒေသများသို့ ညနေပိုင်းအရောက်သွားသည့် ၅၈ နှစ်အရွယ် ဒုသမ္မတ ဦးဥာဏ်ထွန်း

Posted by drmyochit Monday, November 12, 2012, under | No comments

မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။  စစ်ကိုင်းပြတ်ရွေ့ ကြောပေါ်ရှိ ရွှေဘိုမြို့အနီး ယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူ...

ပြည်ထောင်စုဝန်ကြီး စစ်ကိုင်း တက္ကသိုလ် ဆောက်လုပ်ရေး လုပ်ငန်းခွင် စစ်ဆေး

Posted by drmyochit Monday, November 12, 2012, under | No comments

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးသည် နိုဝင်ဘာ ၁ဝ နေ့ နံနက် ၇ နာရီခွဲတွင် စစ်ကိုင်း တက္ကသိုလ် သိပ္ပံ(၁)၊ သိပ္ပံ(၂)၊ ဝိဇ္ဇာ(၁) နှစ်ထပ် စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာနှင့် ဆရာ၊ ဆရာမ အဆောင်များကို ကြည့် ရှုစစ်ဆေးခဲ့သည်။  ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ထမ်းအိမ်ရာ ခန်းမ၌ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။  Myanmar Express ...

အစိုးရမှ တရားဝင်ထုတ်ပြန်သည့် ငလျင်သတင်း နှင့် ပျက်ဆီးမှုများ

Posted by drmyochit Monday, November 12, 2012, under | No comments

စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ (News Release-1) ယနေ့ နံနက်ကလှုပ်ရှားခဲ့သော ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရစစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆)ခန်းတွဲ (၂)ထပ်မှ အခန်း(၃)ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ ကျောက်မြောင်းမြို့နယ်...

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ

Posted by drmyochit Monday, November 12, 2012, under | No comments

ငလျင်မလှုပ်မီဆောင်ရွက်ရန် - အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ သို့မဟုတ် တိုင် တံခါးဘောင်အောက်စသော လုံခြုံသော နေရာများကို သိအောင်လုပ်ထားရန် - ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန်လေ့ကျင့်ထားရန် - ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနုင်သောနေရာများကိုသိထားရန် - အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊ အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက်စီးနိုင်သောအရာများနှင့် ဝေးသော...

မြေငလျင်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလာဟလများကိုမယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား

Posted by drmyochit Monday, November 12, 2012, under | No comments

 (၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မိနစ်၊ ၃၈ စက္ကန့်)အချိန်ကမြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။ အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။ မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြော အပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက်...

ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်

Posted by drmyochit Monday, November 12, 2012, under | No comments

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာတော့မည်ဟု ထိုင်းကာကွယ်ရေး ၀န်ကြီးဌာနမှ သတင်းရင်းမြစ် တစ်ခုကယနေ့ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဒုတိယသမ္မတ သက်တမ်းအတွက် ရွေးကောက်တင်မြောက် ခံရပြီး နောက် ယခုကဲ့သို့ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာအား ဖိတ်ခေါ်ရန် ဆုံးဖြတ် အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ အထက်ပါ သတင်းရင်းမြစ် ၏အဆိုအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအား...

ဧရာဝတီတံတား (မလွန်) တည်ဆောက်ရေးစီမံကိန်း (၈၇)ရာခိုင်နှုန်းပြီးစီး

Posted by drmyochit Monday, November 12, 2012, under | No comments

ဧရာဝတီတံတား(မလွန်)သည် မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲ-ပဌန ဂိုရ်ကားလမ်းတွင် ဧရာဝတီ မြစ်ကိုဖြတ် ကူး၍ မင်းလှမြို့နယ် မလွန်ဘက်ကမ်းနှင့် ဆက်သွယ်သော တံတားဖြစ်ပြီး တံတားအရှည်မှာ ပင်မတံတား (၃၂၁၅) ပေ၊ ချဉ်းကပ်တံတား ကားလမ်းမှာ မိကျောင်းရဲ ဘက်ကမ်း (၁၃၁၂)ပေ၊ မလွန်ဘက်ကမ်း (၁၃၁၂)ပေ၊ ချဉ်းကပ် တံတား ရထားလမ်းမှာ မိကျောင်းရဲ ဘက်ကမ်း (၁၉၂၇)ပေ၊ မလွန်ဘက် ကမ်း (၂ဝ၁၂)ပေ၊ တံတားအကျယ်ကား လမ်း(၂၈)ပေ၊ ရထားလမ်း(၁ဝ)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီ ပါရှိသည်။ တံတား...

အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက်များ ထုတ်ပြန်

Posted by drmyochit Monday, November 12, 2012, under | No comments

 ပြည်တွင်းရဲ့ နိုင်ငံပိုင် သတင်းများကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ရာမှာ လိုအပ်တဲ့ မူဝါဒများ၊ ကျင့်ဝတ် များနဲ့ အယ်ဒီတာမျာအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ဖို့ အတွက် သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ကို ယခုနှစ် အောက်တိုဘာ လအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များကို အချက် ၁၆ ချက်ဖြင့် ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ  ပြဋ္ဌာန်းချက်ထဲ...

မထင်မှတ်သော ငလျင်လူပ်ခတ်မူကြောင့် မြန်မာပြည်သူများ သေကြေ/ ဒဏ်ရာရသော်လည်း ပြည်သူတွေကို အရမ်းချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသွားမည့်ခရီးစဉ် မရွှေ့ဆိုင်း

Posted by drmyochit Monday, November 12, 2012, under | No comments

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်လူပ်မူကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ ပြည်သူအချို့ သေဆုံးဒဏ်ရာ ရခဲ့မူများဖြစ်ပေါ်ခဲ့ သော်လည်းဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တစ်စုံတစ်ရာမျှ လုပ်ဆောင်ပေးခြင်း မရှိဘဲအိန္ဒိယ နိုင်ငံသို့သွားရောက်မည့်ခရီးစဉ် ကိုသာအလေးထား ဦးစားပေးလုပ်ဆောင်ခဲ့သည်။   '' နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းမှာ အိန္ဒိယ ၀န်ကြီးချုပ်မန်မို ဟန်ဆင်းနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ညနေပိုင်း...

အွန်လိုင်း ခေါ်ဆိုမှုများအတွက် Skype နှင့် Microsoft Messenger ပူးပေါင်းဝန်ဆောင်မည်

Posted by drmyochit Monday, November 12, 2012, under | No comments

Microsoft မှ Skype ကို အမေရိကန်ဒေါ်လာ ၈သန်းခွဲဖြင့် လွန်ခဲ့သည့်နှစ်က ၀ယ်ယူခဲ့ပြီးနောက် အင်တာနက်တွင် နေရာယူ လွှမ်းမိုးထားသည့် Google နှင့် Facebook တို့နည်းတူ လူကြိုက်များလာစေရန် အဆင့်မြှင့်တင် လျက်ရှိသည်။ ယခုအခါ skype အနေဖြင့် သူ၏အွန်လိုင်းစကားပြော ၀န်ဆောင်မှုအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း “skype နှင့် Messenger သည် အတူတကွလာမည်” ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ skype ကို အဆင့်မြှင့်လိုက်ခြင်းအားဖြင့်...

လက်ဖက်ရည်ကြမ်းက ဆေးလိပ်သောက်၍ ဖြစ်သည့် အဆုတ်ကင်ဆာ အပေါ် ကောင်းနိုင်ဟုဆို

Posted by drmyochit Monday, November 12, 2012, under | No comments

တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံကအမေရိကန်ပြည်ထောင်စု၊ ကင်ဆာသုတေသန အသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြ ထားပါတယ်။ တိုင်ဝမ်းဆေးတက္က သိုလ်က ဒေါက်တာလင်က “ အဆုတ်ကင်ဆာဆိုတာ တရုတ်okw( တိုင်ပေ) မှာ သေနှုန်းများတဲ့ ရောဂါဖြစ်ပါတယ်၊ လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊ သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာ ကိုတားတယ် ”လို့ ဆိုပါတယ်။ ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး...

ကမ္ဘာ့နေရာအနှံ့အပြားမှာ ခေါ်တောဘင်္ဂလီ ဦးရေ တိုးပွားနေတာ ဘာကြောင့်လဲ?

Posted by drmyochit Monday, November 12, 2012, under | No comments

 ရိုဟင်ဂျာအမည်ခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် လာလျှောက်တာကို ကြုံဖူးတယ်လို့ အသိတစ်ယောက်က ပြောဖူးတယ်။ အဲဒီအကြောင်းကို ပြီးခဲ့သောနှစ်က ထည့်ရေးဖူးပါတယ်။ တခြား ကျနော်တို့မသိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဘယ်လောက်များ ရှိအုံးမလဲလို့ စဉ်းစားမိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ က မြုပ်သွားတဲ့ ဘုတ်ပေါ်က လူတွေကိုပဲ ကြည့်လေ။ အများစုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ။ လူမှောင်ခိုဂိုဏ်းတွေက မြန်မာပြည်အခြေအနေကို အခွင့်ကောင်းယူပြီး...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်